Bilbrook railway station, Staffordshire, England |
တောဘူတာကလေး
***
ဥသြမဆွဲအလံလည်း မချိုး
ခိုနားစရာ -
အမိုးအကာ တကိုယ်စာသာသာနဲ့
ခပ်ယဲ့ယဲ့ တောဘူတာကလေး။
.
မျဉ်းပြိုင်သံလမ်းတွေနံဘေး
ပလက်ဖောင်းလေး လဲလျောင်းရင်း
လိုက်ပါ စီးနင်းမယ့် သူတွေကို ကြို
အလင်းတိုင် အိုကလေးကို ထမ်းလို့။
.
သစ်ပင်တွေ မြက်ရိုင်းတွေကြား
ရထားကြီး ခုတ်မောင်းလာပြီ
ဒီတခါ ဒီမှာ ရပ်နိုးနိုး
မျှော်ကိုးရပေါင်းလည်း များခဲ့
ခပ်ယဲ့ယဲ့ ဘူတာလေးက
ခပ်မဲ့မဲ့ပြုံးရင်း
သက်ပြင်းတွေ ခဏခဏချ လို့ ... တဲ့။
***
မေဓာဝီ
15.10.17
22.07
1 comment:
လာလည်သွားတယ်နော် အကုန်ဖတ်သွားပြီ ဗျို့
Post a Comment