ကြယ်တွေ လတွေ မြင်တိုင်း ကြည်နူးစရာမဟုတ်ဘူး
ငါ့ဦးခေါင်းကို အပြင်းထန်ဆုံး ရိုက်နှက်ခံရလို့ … ။
အပြာရောင်ဆိုတိုင်း ငြိမ်းချမ်းတာ မဟုတ်ဘူး
ငါ့မျက်လုံးတွေ ပြာဝေ မှုန်ရီလို့ … ။
လွတ်ငြိမ်းတိုင်း ချမ်းသာတာ မဟုတ်ဘူး
ငါ့ယုံကြည်ခြင်းတွေ ပိတ်လှောင်နေဆဲမို့ … ။
***
မေဓာဝီ
၃၊ ဇန်န၀ါရီ၊ ၂၀၁၂
၀၁း၃၇ နာရီ
Subscribe to:
Post Comments (Atom)
18 comments:
ဟုတ်တယ် မမေ၊ လွတ်ငြိမ်းတိုင်း ချမ်းသာတာ မဟုတ်ဘူး ဆိုတာ တကယ်မှန်တဲ့ စကားပါပဲ၊ အဲဒီ ယုံကြည်ခြင်းတွေက မြစ်လိုမပြတ်တမ်း သွင်သွင်စီးနေမှာ သေချာပေမယ့် လွတ်လပ်ကျယ်ပြောစွာ စီးဆင်းကြတာ မြင်ချင်မိတယ်၊ အထူးသဖြင့် လားရာတူကို စီးဆင်းကြတဲ့ မြစ်အသွယ်သွယ် ဖြစ်လို့ တော်တော်ကို စိတ်မကောင်း ဖြစ်မိတယ်ဗျာ...။
အင်းး မအေးကိုဘယ်လိုပြောရပါ့း)
အခုတလော အထင်နဲ့အမြင်တော်တော်လွဲနေတယ်ဗျာ့
ထင်တဲ့အတိုင်း ဖြစ်မလာတာတွေများတယ်
ဒီကြားထဲ အထင်အမြင်လွဲမှားမှုတွေကြုံရသေး
မောင်ဘကြိုင်
ကောင်းလိုက်တဲ့ကဗျာလေး....ဟုတ်ပါ့ဗျာ...လွတ်ငြိမ်း
တိုင်းချမ်းသာတာမဟုတ်....ဟူး.......:(
ကဗျာကောင်းလေးတွေ ခဏခဏ ရေးပေးပါ ကြီးမေရေ ....ကြီးမေ ရေ အပြာရောင်တိုင်း မငြိမ်းချမ်းပါဘူး ဟုတ်တယ်နော
သုံးပိုဒ်ထဲနဲ့ ထိထိမိမိ ရေးထားတဲ့ ကဗျာလေးကို ထိထိမိမိဖတ်ပြီး ခံစားသွားတယ် ကြီးမေရေ။ ဟုတ်တယ်...လွတ်ငြိမ်းတိုင်း ချမ်းသာတာ မဟုတ်ဘူး...။
အဓိပ္ပါယ် အပြည့်ပါလား မမေရယ်
ကဗျာလေးက တိုပေမဲ့ ပြောချင်တာတွေ အားလုံး ပါသွားပြီ
သိပ်ကောင်းတာဘဲ
ပကတိ ပို သတိဖြစ်ကြည့်တတ်ပါစေ။
http://united-mt.blogspot.com/2012/01/blog-post.html
လက်ဆင့် ပြန်ကမ်းပေးပါ အမရေ
မမေရေ မတွေ့ဖြစ်တာကြာပေါ့။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံချမ်းမြေ့ပါစေနော်။း))
ကဗျာလေးအရမ်းသဘောကျတယ်။ ထင်တိုင်းလဲမဟုတ် မြင်တိုင်းလဲမယုံဖြစ်နေခဲ့တာ ကြာပါပကော။ အပြစ်ခံနေရသူတွေထဲ အပစ်ခံထားရသူတွေမှာက အပြစ်မရှိတော့ ဘယ်လိုလုပ် အပြစ်လျှော့လို့ရပါ့မလဲလေ။း(
ဒါဆို အထင် နဲ့ အမြင်တွေ လွဲမှားနေတာပေါ့ ။
မနက်ဖြန်ကိုတောင် သံသယစိတ်နဲ့ တစ်ဝက်ပဲ မျှော်လင့်ရဲတော့တယ်..။
ခင်မင်သော သတိုး
ယုံကြည်ရမှာတွေလည်း ယုံကြည်ဖို့တောင် မကောင်းတော့ဘူး။
တိုတို တုတ်တုတ်နဲ့  ထိတဲ့ ကဗျာပေပဲ..
ဟုတ်ပါ့ မမေရေ လွတ်ငြိမ်းတိုင်း ချမ်းသာတာမှ မဟုတ်တာ..မရဲတရဲ ယုံကြည်ရတဲ့ ဘဝ..
တိုတိုနဲ့ တကယ်ထိတယ်...
လွတ်လပ်မှုကိုတွေးမိမှ တကယ်မလွတ်လပ်တော့ဘူး...
အရမ်းမိုက်တယ်..
အရမ်းမိုက်တယ်
Post a Comment