Monday, December 31, 2007

နိဂုံး

နှစ်တနှစ် အဆုံးသတ်
နိဂုံးချုပ်မယ့် ရက်ဟာ
သုံးဆယ့်တစ် ဒီဇင်ဘာ။

ဒီနေ့ ဒီရက်မှာ ...
လိုလားရာဆုများ
ပြည့်စုံပါစေသားလို့
မြတ်ဘုရားထံပါး
ဝပ်တွားခယ
ဆုတောင်းလိုက်ပါရစေ ... ။

တောင်းတဲ့ ဆုတွေ ...
များရင်လည်း များနေမယ်
မှားရင်လည်း မှားနေမယ် ...
ဒါပေမဲ့ ...
နောက်ဆုံး အနေနဲ့ ဖြစ်ဖြစ်
ဆုတောင်းရစ်ခဲ့ပါတယ် ... ။

မျက်ရည်တွေရဲ့ နိဂုံး
ကြေကွဲခြင်းများရဲ့ နိဂုံး ...

မုန်းတီးမှုတွေရဲ့ နိဂုံး
ခါးသီးမှုတွေရဲ့ နိဂုံး ...

ရှုံးနိမ့်မှုတွေရဲ့ နိဂုံး
နာကြည်းမှုတွေရဲ့ နိဂုံး ...

ကျူးကျော်မှုတွေရဲ့ နိဂုံး
စော်ကားမှုတွေရဲ့ နိဂုံး ...

တိုက်ခိုက်မှုတွေရဲ့ နိဂုံး
ဖိနှိပ်မှုတွေရဲ့ နိဂုံး ...

အမှောင်တိုက်ရဲ့ နိဂုံး
လောင်မြိုက်ခြင်းရဲ့ နိဂုံး

မနာလိုခြင်းတွေရဲ့ နိဂုံး
ဝန်တိုခြင်းတွေရဲ့ နိဂုံး ...

ရက်စက်ခြင်းတွေရဲ့ နိဂုံး
သတ်ဖြတ်ခြင်းတွေရဲ့ နိဂုံး ...

ရန်စများရဲ့ နိဂုံး
စစ်ပွဲများရဲ့ နိဂုံး ...

မတရားမှုတွေရဲ့ နိဂုံး
စကားအတုတွေရဲ့ နိဂုံး ...

ဟန်ဆောင်ခြင်းများရဲ့ နိဂုံး
မာန်ထောင်ခြင်းများရဲ့ နိဂုံး ...

ုညည်းတွားမှုတွေရဲ့ နိဂုံး
စည်းခြားမှုတွေရဲ့ နိဂုံး ...

ငတ်မွတ်ခြင်းတွေရဲ့ နိဂုံး
လောဘ ရမက်များရဲ့ နိဂုံး ...

ဒေါသ အမျက်များရဲ့ နိဂုံး
သောက ရတက်များရဲ့ နိဂုံး ...

နောက်ဆုံး ... နောက်ဆုံး ...
ဒုက္ခခပ်သိမ်းရဲ့ နိဂုံး
ဒီနေ့ရက်မှာ အဆုံးသတ်ပါစေ ...
တောင်းတဲ့ဆု မပြည့်နိုင်ပေမယ့်
အကြိမ်ကြိမ်အခါခါ
ငါ .... ဆုတောင်း နေဦးမှာ
နှစ်သစ် မင်္ဂလာ
ငြိမ်းချမ်းသာယာ ပါစေသား ...
ရှင်တော်မြတ် ဘုရား ... ။ ... ။
***
မေဓာဝီ
၃၁၊ ဒီဇင်ဘာ၊ ၂၀၀၇
၁၀း၃၃ နာရီ

5 comments:

မြရွက်ဝေ said...

ဆုတောင်းတွေပြည့်နိုင်မယ့် နှစ်သစ်ဖြစ်ပါစေ မမမေ။

Thet Oo said...

နိဂုံး ဆိုတော့ ဘလော့မရေးတော့ဘူးလားလို့ထင်ပြီး ဘာများဖြစ်ပြန်ပလဲဟ ဆိုပြီး လန့်တောင်သွားတယ်။

hana san said...

so cool.

Anonymous said...

မင်္ဂလာနှစ်သစ်ပါ မမေ ရေ..

ယူဆဂိ said...

happy new year 2008