ခရစ်စမတ်နဲ့ နှစ်သစ်ကူး ကျောင်းရက်ရှည် ပိတ်မှာမို့ ကျောင်းတော်ကြီးကို နှုတ်ဆက်ပြီး ကျမ အိမ်ပြန်ဖို့ စီစဉ်ရပါတယ်။ တကယ်တမ်း ကျောင်းက ၂၁ ရက် နေ့မှ ပိတ်မှာပေမဲ့ ကျမက ကိုယ့်သဘောနဲ့ကိုယ် ၁၉ ရက်နေ့ကတည်း က ပြန်ဖို့ ဆုံးဖြတ်ပြီး ဆရာ ဆရာမတွေကို ပြောခဲ့တယ်။ ၂၀ ရက်နေ့ဆို တခြား တမြို့က ဦးရီးတော်ဆီ သွားရမှာမို့ပါ။ ကျောင်းကို ခွဲရတော့မယ် ဆိုမှ ကျောင်းကြီးက လှနေသလိုလို… ။ ဒီကနေ့က နေသာပြီး ရာသီဥတု သာသာ ယာယာ ရှိတာနဲ့ ကျောင်းထဲမှာ ဓာတ်ပုံ လျှောက်ရိုက်ဖြစ်တယ်။
 အဲဒါက ကျောင်းရဲ့ ပင်မအဆောက်အဦး ကြီးပေါ့။ ခရစ် သက္ကရာဇ် ၁၇၀၀ ကျော် လောက်က ဆောက်ခဲ့တဲ့ အဆောက်အဦးလို့ ဆိုပါတယ်။
အဲဒါက ကျောင်းရဲ့ ပင်မအဆောက်အဦး ကြီးပေါ့။ ခရစ် သက္ကရာဇ် ၁၇၀၀ ကျော် လောက်က ဆောက်ခဲ့တဲ့ အဆောက်အဦးလို့ ဆိုပါတယ်။ ဒီအဆောက်အဦးတွေကတော့ Mozambique, Chinese Embassy, Malawi လို့ အမည်ပေးထားတဲ့ အဆောက်အဦးတွေပါ။ ကျမနေတဲ့ Malawi က ဟိုးနောက်ဆုံးမှာ။
ဒီအဆောက်အဦးတွေကတော့ Mozambique, Chinese Embassy, Malawi လို့ အမည်ပေးထားတဲ့ အဆောက်အဦးတွေပါ။ ကျမနေတဲ့ Malawi က ဟိုးနောက်ဆုံးမှာ။ အဆောင်တွေနောက်က သစ်ပင်တန်း … လွမ်းမယ်ဆို လွမ်းချင်စရာပေါ့ … ။
အဆောင်တွေနောက်က သစ်ပင်တန်း … လွမ်းမယ်ဆို လွမ်းချင်စရာပေါ့ … ။ ကျမတို့ ဖြတ်သန်း နေကျ ကွန်ကရစ်လမ်းကလေး နဲ့ မြက်ခင်းပြင်ကြီး။ ဟိုတလောက ငိုနေတဲ့ မြက်ကလေးတွေ … ခုတော့လည်း … ။
ကျမတို့ ဖြတ်သန်း နေကျ ကွန်ကရစ်လမ်းကလေး နဲ့ မြက်ခင်းပြင်ကြီး။ ဟိုတလောက ငိုနေတဲ့ မြက်ကလေးတွေ … ခုတော့လည်း … ။ သူ့နာမည်က “ဆာရှာ” တဲ့။ တခါတခါ သူနဲ့ ဘောလုံး ပစ်တမ်း ကစားကြတယ်။
သူ့နာမည်က “ဆာရှာ” တဲ့။ တခါတခါ သူနဲ့ ဘောလုံး ပစ်တမ်း ကစားကြတယ်။If you want to change the world, we need to change ourselves first!!! တဲ့။
နောက်တခုက …
ပြန်လာတဲ့အခါ … ကြိုနေပါ … အခုတော့ ခဏ တာ့တာ … ။
***
မေဓာဝီ
၁၉၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၄၅ မိနစ်
***
ဖြည့်စွက်ချက် …
ဦးရီးတော် အိမ်မှာ အင်တာနက် သုံးဖို့လည်း မသေချာလို့ … ဘလော့ ဖတ်သူ အပေါင်းကို ဒီပို့စ်လေးနဲ့ ခဏ တာ့တာ လုပ်ပါရစေ … ။ အကယ်၍ … အကယ်၍ ပေါ့လေ … ဒီနှစ်ပတ် အတွင်း အင်တာနက် သုံးစွဲခွင့်ရခဲ့ရင်တော့ စာတွေ တင်ဖြစ်မယ် ထင်ပါတယ်။ မရခဲ့ရင်တော့ … … …. :(
***
 
 
 
9 comments:
ပုံတွေက မိုက်တယ်ဗျို့။ နည်းနည်းလေး ခပ်မှိုင်းမှိုင်းဖြစ်နေတာကိုက လွမ်းဆွေးဆွေးပုံစံလိုလို။ စာတမ်းလေးတွေလဲ သဘောကျတယ်။ ဒါပေမယ့် လမ်းကလေးကတော့ ကျနော့်လမ်းလောက် မလှရှာဘူး။ :P
မမေရေ အနော့ဆီဗုံးမှာ X'mas wish လုပ်သွားတာတွေ့လို့
Same to you naw
Merry Chritsmas & Have a most happy and prosperous New Year 2008
စက်ဘီးလေးဝယ်ထားပါလား။ တနေရာနဲ့ တနေရာ ဝေးလိုက်တာ တခေါ်တမျှော်ကြီး။ ကလူသစ်သာဆို အဲ့လိုကျောင်းမျိုး တက်ဘူး။ ပင်ပန်းလို့ သွားရလာရတာ ဟဲ
ပျော်ရွှင်ဖွယ်ခရီးလေးဖြစ်ပါစေနော်အစ်မရေ။
ဒီပုံတွေမြင်မှပဲ ဘာဖြစ်လို့မမေဓာဝီတစ်ယောက်လွမ်းတဲ့ ဆွေးတဲ့အကြောင်းတွေတခါတခါရေးတာလဲဆိုတာ ပိုပြီး သိလာတယ်ဗျို့၊ နောက်ခံရာသီဥတုနဲ့..အဆောက် အဦးတွေရဲ့ Architecture ကိုကြည့်ရင်အင်္ဂလန်လို့ ထင် ရတယ်၊
မမရေ..
ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့အတူ နှစ်သစ်မှာလည်း ပျော်ရွှင်နိုင်ပါစေ...
ကိုစေးထူးက လမ်းအလှပြိုင်နေသေးတယ်။ ကျမရဲ့ လမ်းလည်း လှပါတယ်။ ဒါက ကျောင်းထဲက လမ်းမို့။ ဘတ်စ်ကားမှတ်တိုင် ကနေ ကျောင်းကို လာတဲ့ လမ်းကလေးရှိသေးတယ်။ နောက်ကြုံမှ တင်တော့မယ်။
ညီမလေး မယ်လိုဒီမောင်ရေ .. ကျေးဇူးပါ .. ။
ကလူသစ်ပြောသလို နောက်ဆို စက်ဘီးဝယ်မှ ဖြစ်မယ်ထင်တယ်။
ဝင်္ကပါရေ ... ဆုတောင်းပေးတာ ကျေးဇူးပါနော် ... ။
ကိုညီလင်းသစ် မှန်းတာ တော်သားပဲ။
ထပ်တူ ထပ်မျှ ဖြစ်ပါစေ ... ပြည့်စုံ ... ။
အားလုံးကို ကျေးဇူးတင်ပါတယ် ... ။
Hi
Which university is that? Where?
အဲဒီပုံတွေက အင်္ဂလန်က ဟုတ်ဘူး။ ဗြိတိသျှ တွေ ပိုင်တဲ့ ယူနိုက်တတ် ကင်းဒန်း.. မမေက အခု ဘရိတိန်မှာ နေနေတာလေဗျာ. ဘယ်က အင်္ဂလန်လဲ။ မမေ ပြီးရင် ဘိလပ်ကို သွားမယ်လည်း သတင်းရတယ်။ ဟက်ဟက်ဟက်
Post a Comment