Tuesday, December 11, 2007

ခဏလေး ...

ရှည်လျားလွန်းတဲ့ သံသရာနဲ့
နှိုင်းစာကြည့်ရင်
ရရှိထားတဲ့ ဘ၀လေးဟာ ... ခဏလေး ... ။

ဒီဘ၀လေးထဲမှာမှ ...
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ အကြား
ရှင်သန်သွားရချိန်က ... ခဏလေး ... ။

ရှင်သန်နေခိုက်မှာမှ ...
ချစ်သောသူများနဲ့ တွေ့ကြကြုံကြ
ဆုံဆည်းရချိန်က ... ခဏလေး ... ။

တွေ့ကြုံ ဆုံဆည်းချိန်မှာမှ ...
နားလည်မှုများစွာထား ... နှစ်ဦးသားဘဝ
ပျော်ရွှင်ကြရချိန်က ... ခဏလေး ... ။

ဖြစ်နိုင်ရင် ...
ခဏလေးတွေကို စုစည်း
အကြာကြီး ဖြစ်လိုက်ချင်ပါရဲ့ ...
ဒါပေမဲ့ ...
... ... ...
... ... ...
ခဏလေးဆိုတာ ...
တကယ်ကို ခဏလေးပဲမို့
ခဏလေးတွေကို တန်ဖိုးထား
ကြိုးစားပြီး စောင့်ရှောက်
မပျောက်ပျက်စေချင်
အမြဲ ပျော်ရွှင်ရပါစေသား ...
ခဏလေးများရယ် ... ။ ... ။
***
မေဓာဝီ
၁၀၊ ဒီဇင်ဘာ၊ ၂၀၀၇
၂၃ နာရီ ၂၁ မိနစ်

3 comments:

Mintasay said...

ခဏလေးများမှာ ပျော်ရျွင်ပါစေဗျာ

Anonymous said...

အမရေ .. ဟုတ်ကဲ့ .. ဘ၀ဆိုတာ ခဏလေးတွေပေါင်းစပ်ထားတဲ့ ခဏလေးတခုပါပဲ ။

ခဏလေးအားလုံးထဲမှာ အရေးပါတဲ့ ခဏလေးတွေအတွက် လူသားဆန်စွာ တောက်ပသင့်တယ်လို့ ဂျစ်တော့ မြင်မိတယ် ။

ဂျစ်တူး

မေဓာဝီ said...

ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးပါ ကိုမင်းတစေ ... ။

ဒါပေါ့ ဂျစ်ရယ် ... မနုဿတဘာဝေါ ဒုလ္လဘော ... လူအဖြစ်ကို ရခဲတယ် တဲ့ ... ။ ရတောင့် ရခဲ လူ့ဘ၀မှာ လူပီသစွာ ရှင်သန်နေထိုင်ဖို့ အရေးကြီးပါတယ်။ ခက်တာက ကိုယ်ဟာ ပုထုဇဉ်ပဲ ဆိုပြီး ပုထုဇနော ဥမ္မတကော ... သူရော ငါရော ရူးပေါပေါ ဆိုပြီး ကိုယ့်ကိုယ်ကို ရေစုန်မျော နေမိတာလေ ... ။ :)