Friday, July 19, 2019

အမေ ... သို့ ...

အမေ ... သို့ ... 


 လက်ဆယ်ဖြာမိုး
ဦးနှိမ်ချိုး၍
ရှိခိုးနေသော
အမေအို ... ။
.
ဖခင်ကိုယ်စား
တိုင်းပြည်အားကို
ညည်းတွားခြင်းကင်း
ထမ်းဆောင်ခြင်းဖြင့်
လက်ကမ်းဆင့်သည့် အမေအို။
.
အမေ့ရင်ထဲ
သောကဖွဲမီး
ဖိစီးတောက်လောင် နေမည်လော။
.
မငြိမ်းချမ်းသေး
တိုင်းပြည်ရေးတွက်
ရတက်မအေး နေသလော။
.
တိုင်းပြည့်ကြမ္မာ
ကိုယ့်ကြမ္မာဟု
ခံကာ ခါးစီး
အားမာန်ကြီးသည့်
တိုင်းပြည့်အမေ
တွေ့မြင်လေတိုင်း
ကြမ္မာရိုင်းကို
အတိုင်းမသိ မုန်းမိသည်။
***

 မေဓာဝီ
19.07.19
11.12

Read More...