Wednesday, October 11, 2006

poem 4

RC-2 အလွမ်းပြေ .. .. ..
***
‘ကြိုဆိုပါသည်’

လာခဲ့လေ .. ..
တို့မြေစခန်း
အရောက်လှမ်းခဲ့
အပမ်းလဲပြေ
အနွမ်းပြေဖို့
စိမ်းညို့သွယ်တန်း
ကုက္ကိုလမ်းနဲ့
စိန်ပန်းပွင့်နီ
စီရရီနဲ့
တေးသီငှက်များ
ဆိုစကားဖွဲ့
တကယ့်အလှ
သဘာဝတွေ
သာစွမြေမှာ
တခါတခေါက်
လာရောက်ခိုနား
တို့များကြိုဆို
ရွှေအိုရောင် တက္ကသိုလ်မှ … ။


အာစီတူး(ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) မှာကျောင်းတက်ခဲ့စဉ်က ရေးခဲ့တဲ့ကဗျာလေးပါ။
တက္ကသိုလ်တက်ခဲ့ရတဲ့ ၅ နှစ်တာ သက်တမ်းတလျှောက် အာစီတူးမှာကျောင်းတက်ရခဲ့တဲ့ ၂ နှစ်ဟာ ပျော်စရာ အကောင်းဆုံးပါပဲ။ ကိုယ်ကလည်း ဆယ်တန်းအောင်ခါစ ငယ်သေးတဲ့အရွယ်၊ ကျောင်းမှာလည်း လူတွေကအများကြီး တရုန်းရုန်း တ၀ုန်းဝုန်းနဲ့၊ စာသင်ခန်းထဲမှာလဲ လူအပြည့်၊ အပြင်မှာလဲ အပြည့်၊ ကန်တင်းတွေမှာလဲအပြည့်၊ သင်တဲ့ဆရာတွေကလည်း အထက်တန်းကျောင်းတုန်းကလို မျက်နှာထားတည်တည်ကြီးတွေနဲ့ ကြိမ်လုံးတွေပြ ခြိမ်းခြောက်တာမျိုးမရှိဘဲ သူငယ်ချင်းပေါင်းပေါင်းပြီး တရင်းတနှီးနွေးထွေးမှုတွေပေးလို့။
မနက်စောစောဆို အလယ်ကန်တင်းမှာ ထမင်းကြော်နဲ့ ဘလက်ကော်ဖီသောက်၊ နေ့ခင်းဆို အဆောင်ကန်တင်းမှာ ပသျှူးထမင်းကြော် ဒါမှမဟုတ် ထမင်းပေါင်းစား၊ ညနေကျတော့ လူငယ်ကန်တင်းမှာ ဖယ်ရီစောင့်ရင်း ထိုင်၊ တခါတလေတော့လဲ ကန်စပ်မှာ ၀က်သားဒုတ်ထိုးစား၊
ပိုက်ဆံမရှိတဲ့နေ့တွေကျတော့လဲ အိမ်ကယူလာတဲ့ထမင်းဘူးလေးဖွင့်ပြီး သူငယ်ချင်းတစုနဲ့အတူ ကန်စပ်မှာထိုင်စား၊ ပိုတဲ့ ထမင်းလုံးလေးတွေကို ကန်ထဲက ငါးလေးတွေကိုကျွေး၊ ပြီးရင် ပုဇွန်ပေါက်စနလေးတွေကိုပြန်ဖမ်းကြ၊ ပျော်စရာအရမ်းကောင်းတဲ့ဘ၀ပြန်စဉ်းစားကြည့်ရင် လွမ်းမိတယ်။
အခုတော့ .. .. ..
ရွှေအိုရောင်တက္ကသိုလ်လို့ တင်စားခေါ်ဆိုခဲ့ကြတဲ့
ကိုယ်တို့ချစ်သော အာစီတူးသည် .. .. ..
.. .. .. .. ..
.. .. .. .. ..
.. .. .. .. ..
***

10 comments:

Myanmar Blues said...

I miss RC2 so much too.. remember the Youth canteen, Main canteen inside the campus, Harmony at the entrance gate, and street vendors (Pork).. and last but not the least>>> Pretty Girls of RC2 :D.

Maydarwii said...

ကျမတို့တုန်းက ဟာမိုနီ မရှိသေးဘူး။ ကောင်မလေးတွေပေါပေမဲ့ အရမ်းခေတ်ဆန်ဆန်တွေသိပ်မ၀တ်ကြသေးဘူး။ အတန်းထဲမှာ ဘောင်းဘီဝတ် ပြီးကျောင်းတဲ့ တဲ့ကောင်မလေးတယောက်ပဲရှိတယ်။ ဆံရစ်ဝိုင်းနဲ့တက်တဲ့ကောင်မလေး တယောက်လဲရှိတယ်။ သူတို့ ၂ ယောက်ကတော့ တော်တော်အကြည့်ခံရတာပဲ။

seinmyoutmyout said...

ah ma tot pae pyaw tot byar.kyun taw ga bel lo lwan ya mhan taung ma thi woo.kyaung mha ma tet lite ya der koe.:(

TZA said...

အာရ်စီတူး မတက်ဖူးပေမယ့် စော်တွေ မိုက်တာကိုတော့ သိတယ်။ လွမ်းတယ်ဂျာ...

Peter said...

RC2 student life is the best part of my life and I really deeply miss RC2.
I will never forget RC2 in rest of my life.
Sadly we can’t go back to those times we spent.
Thanks for your poem.

Tesla said...

I also remember HARMONY, 'coz of KhineThinKyi: :P guys, seeee? who remember this case?

Maydarwii said...

ခိုင်သင်းကြည်ကိစ္စကြားလိုက်မိပါတယ်။ အဲဒီအချိန် ကျမက အာစီတူးမှာမရှိတော့ပေမဲ့ မောင်လေးတွေတက်နေတဲ့အချိန်မို့ အဲဒီသတင်းကိုသိရတယ်။ တော်တော်လေးဟိုးလေးတကျော် ဖြစ်သွားတာပဲ။

sisain said...

ဒီပို့စ်လေးတော့ကြိုက်တယ် မမေ-ရေ၊ ကျနော်လည်းပဲ (၂)နှစ်ထဲတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက္ကသိုလ်ဆိုတဲ့အရသာအနေနဲ့ အမြဲတသသဖြစ်ရတာပါ။ အဲဒီအချိန်တွေက (ခုထက်တော့) အများကြီး ပို ရိုး သား ဖြူ စင် ခဲ့ရပါတယ်။ ကျေးဇူးဗျာ။

nyalay said...

အာရ်စီတူးတဲ့ သူများတွေပြောသံ၊ အစ်မကြီးတွေ၊
အစ်ကိုကြီးတွေရဲ့ပြောသံနဲ့တင် တက်ချင်နေမိတာ၊
ငါများ ဆယ်တန်းအောင်လို့ကတော့
မတက်ရမရှိအောင်ဆိုပြီး ငယ်တည်းက စိတ်ကူးယဉ်ပြီး ရူးခဲ့တာ၊
ဆယ်တန်းလဲအောင်ရော ဓါတ်ပုံသွားရိုက်ဖြစ်တယ် အစ်မနဲ့
ခုတော့လဲခြောက်ကပ်ကပ်နဲ့

နောက်တော့ ရောက်သွားပါတယ်
“တာဝ”ဆိုတဲ့ ခေတ်သစ်အာရ်စီတူးကိုလေ။
“ဘေးပတ်လည် ကာရံထားတဲ့
လယ်ကွင်းများရဲ့ကြားက
လေးဆောင်သောကျောင်းတော်မဟာမှာ
တက်ခွင့်ရ သုံးနှစ်တာ
တက်ရရက်ကယ် တစ်ပါတ်တွင်နှစ်ရက်
တစ်လလုံးရေမှ လေးရက်ရယ်မို့
သုံးနှစ်သာ ကုန်သွား
ငါ၏စိတ်တွင်း
ခုချိန်ထိ မှတ်မိနေသည်မှာတော့
ဘတ်စ်ကားရယ် ကြပ်လိုက်သည့်ဖြစ်ခြင်း....”

နောက်ပြီး ပထမနှစ်ကနေနောက်ဆုံးနှစ်ထိ
အောင်စာရင်းကို အာရ်စီတူးမှာ သွားကြည့်ရတယ်
အဲ သုံးကြိမ်ထက်မနည်းတော့ရောက်ခဲ့တာပေါ့လေ
တော်သေးတာပေါ့ ဘွဲ့ယူတော့ မိန်းထဲသွားယူရလို့
ဘွဲ့နှင်းသဘင်ခန်းမထဲ တစ်ဘ၀မှာ တစ်ကြိမ်တော့ ရောက်ဖူးသွားပါတယ် :)

Mhu Darye said...

RC-2 တည်းကို ၂ခါပဲ ရောက်ဖူးတယ်။ ကျောင်းတက်ဖို့တော့ အခွင့်မသာခဲ့ဖူး...။