ဆုတောင်း …
(၁) လက်ရှိဆောင်ရွက်နေဆဲတာဝန်ကို အန္တရာယ်ကင်းစွာ ထမ်းဆောင်နိုင်ပါစေ …။
(၂) လိုချင်သောပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ပါစေ။
(၃) ချစ်သောသူများနှင့် အတူနေထိုင်ခွင့် အမြန်ဆုံးရရှိနိုင်ပါစေ ... ။
(၄)ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ … ။
***
လက်ဆောင်
***

မွေးနေ့ရှင်ဟာ သူ့မွေးနေ့ဘယ်နေ့ဆိုတာလဲ သူကိုယ်တိုင် သေချာမသိပါဘူး။ စက်တင်ဘာလိုလို အောက်တိုဘာလိုလိုနဲ့ ၂၀ ရက်လား ၂၃ ရက်လားလဲ ဇဝေဇ၀ါနဲ့။ အလုပ်အတွက် တကယ်အရေးကြီးတဲ့ နေ့တွေအားလုံး သူမှတ်မိတတ်ပေမဲ့ သူ့မွေးနေ့ကို သူ မှတ်မထားပါဘူး။ သူ့ဘ၀မှာ သူ့အလုပ်ကိစ္စသည်သာ ပထမ လို့ အမြဲပြောလေ့ရှိတယ်။ သူ့ကိုယ်သူထက် အလုပ်ကို ပိုဦးစားပေးပြီး အန္တရာယ်တွင်းရဲ့ နှုတ်ခမ်းဝမှာ လမ်းလျှောက်နေတဲ့ .. သူ့ရဲ့မွေးနေ့ကို လေးစားစွာ ဂုဏ်ပြုရင်း ဦးထုတ်လေးတလုံး လက်ဆောင်ပေး လိုက်ပါတယ်။
1 comment:
သူပြောဖူးခဲ့တဲ့ စကားတခွန်းကို ကျနော်လက်ဆင့်ကမ်းပါရစေ.... ညကြီးအချိန်မတော် အိမ်တံခါးလာခေါက်သူဟာ.. အလည်လွန်နေတဲ့ အမေရဲ့ သားပဲဖြစ်ပါစေ... အမေ့ရင်ခွင်ထဲက သားကို လာဆွဲထုတ်သွားတဲ့လူ မဖြစ်ပါစေနဲ့တော့တဲ့..
Post a Comment