Monday, October 02, 2006

song 3


မကြားရတာကြာပြီဖြစ်တဲ့ မွန်းအောင်ရဲ့ သီချင်းတွေလိုက်စုဆောင်းရင်း မမျှော်လင့်ဘဲ ဒီသီချင်းလေးကို ရခဲ့ပါတယ်။ သံစဉ်က ခင်မောင်တိုး ဆိုခဲ့တဲ့ ‘လွန်ခဲ့သောနေ့’ သီချင်းသံစဉ်ဖြစ်ပြီး စာသားနည်းနည်း ပြောင်းထားတာကိုတွေ့ရပါတယ်။ မွန်းအောင်ရဲ့ အသံ မွန်းအောင်ရဲ့ ဆိုဟန်နဲ့ သီချင်းသံစဉ် စာသား အားလုံးကို သဘောကျလို့ တင်လိုက်ပါတယ်။
***

ငြိမ်းချမ်းရေးတိုက်ပွဲ
***
အေးအေးငြိမ့် စိမ့်ရေစီးတဲ့ မြကန်
တိုးတိုးလေးဖွဲ့ဆို တေးချင်းတပုဒ်ကို
မှေးစက်မဲ့ ဆိတ်ငြိမ်ညတို့ရှိစေ
နီတဲ့သွေး ရဲရင့်လို့ ခြေကိုလှမ်း ရှေ့ကိုချီတက်ခဲ့ပြီ .. ။

ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
ကိုယ့်ဘက်ကအလှည့်ကိုရောက်မှ မနွဲ့သာ
စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်
အခါတိုင်ပြီ လက်မလွှတ်နဲ့ မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ .. ။

*မိုးမခပင်တွေ .. တို့သက်သေတည်
စိမ်းရင့်သော အေးမြကန်သာမြေ
ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ ငြိမ်းချမ်းစေ*

စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ်
ခင်းထားတဲ့ လမ်းဟာ တို့ရဲ့ သစ္စာ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်
နီတဲ့သွေး ရဲ့ရင့်လို့ ရန်ကိုနင်း(?)ရှေ့ကို ချီတက်ခဲ့ပြီ .. ။

5 comments:

မေဓာဝီ said...

u can download the following links

audio file
http://www.moethaukkye.com/

vcd file
http://www.absdf8888.org

Anonymous said...

I feel younger while i seen that song. I belong to this tape (Nyein Chan Yay Tide Pwe) last 14 years ago in Malayasia.
Thanks for wake me up.

မေဓာဝီ said...

i can't download these 2 songs

ThuHninSee said...

မမေေ၇..

မွန်ဆီမှာ မွန်းအောင်၇ဲ့သီချင်းတွေပဲကူးထားတဲ့ စီဒီတစ်ချပ်၇ှိတယ်..
စင်ကာပူမှာ ၃ဒေါ်လာနဲ့ဝယ်လာတာပါ..
ကွာလတီလဲမဆိုးဘူး
ဒီစီဒီဘ၀ကလဲ ၇င်နင့်စ၇ာ
ဝယ်မယ့်သူမ၇ှိလို့တဲ့
ဆိုင်ကboxတစ်ခုထဲက
အစုတ်အပြတ်တိတ်ခွေတွေထဲထည့်ထားတာ.
မွန်လဲ သွားတွေ့ေ၇ာ ၀မ်းသာအား၇ ခုန်ပေါက်ဝယ်တာ..
ဆိုင်ကလူတွေက တအံ့တသြ..ငေးကြည့်နေကြတယ်..
အေ၇ာင်းစာေ၇းမလေးက အဲဒီအဆိုတော်က ကောင်းလားဟင်...ဘယ်တုန်းကပေါ်တာလဲတဲ့
မေး၇က်ပါဘိနော်..
သြော်..အသက်၂၀အ၇ွယ်တွေအတွက် မွန်းအောင်ဟာ
လူစိမ်းတယောက်ပဲလား..
သူ့ကိုမေ့၇က်ကြပြီလား

Anonymous said...

မမေ
အဲ့ဒီဖိုင်ကိုအရင်ဖွင့်လိုက်လေ ပလေးမှာ အစိမ်းရောင်တန်းလေး အရင်ဆုံးပြီးသွားရင် File ထဲက Save As နဲ့သိမ်းချင်တဲ့ Folder ကိုဝင်ပြီးသိမ်းလိုက်ရုံပဲ။