Tuesday, July 03, 2007

နော ဧက နော

တရက် ညီလင်းဆက် ကျမအိမ်ကိုရောက်လာပြီး စကားစမြည်ပြောရင်းနဲ့ “နောဧကနော” ကို သိသလား လို့ မေးလာပါတယ်။
“အင်း … ကိုးတလီကိုး ကို ပါဠိလို ပြောတာမဟုတ်လား” လို့ ကျမက ပြန်ဖြေတော့ သူက ဟုတ်တယ်ဆိုပြီး အဲဒီ ပါဠိအလီကို လိုချင်ပါသတဲ့။ ဒါနဲ့ကျမလည်း ရှာပေးမယ်လို့ ပြောခဲ့လိုက်တယ်၊ အဖေ့အားကိုးနဲ့ပေါ့။ ဒါပေမဲ့ အဖေ့မေးတော့ အဖေကလည်း မသိပါဘူး။ ဘုန်းကြီးကျောင်း နေခဲ့ဖူးတာမှ မဟုတ်ဘဲကိုး။ အဖေက သူမသိပေမဲ့ သူ့ဆရာကို မေးပေးမယ်လို့ ပြောခဲ့တယ်။

ဒီလိုနဲ့ အဖေ့ဆရာကြီး ပါဠိပါရဂူဦးမြင့်စိုးကို မေးတော့ ဆရာကြီးကလည်း အစအဆုံး မမှတ်မိတော့ပါဘူး၊ ဗေဒင်ဆရာတွေဆို သိနိုင်မယ်ထင်တယ် …မေးကြည့် … လို့ လမ်းစကလေး ထပ်ပေးပြန်ပါတယ်။ ကျမနဲ့ ရင်းနှီးတဲ့ ဗေဒင် ဆရာဆီရောက်ပြီး သူ့ကိုတခါမေးရပြန်ပါရော။ ဒါပေမဲ့ ဗေဒင်ဆရာကြီးကလည်း ခေတ်သစ် ဗေဒင်ဆရာဆိုတော့ကာ နောဧကနောကို မသိပါဘူး။ ဒီလိုနဲ့ ကျမ လည်း နောဧကနောကို လက်လျှော့ပြီး မေ့မေ့လျော့လျော့ နေခဲ့လိုက်မိပါတယ်။

နောဧကနော ဆိုတဲ့စကားလုံးကို ကိုးတလီကိုး လို့ မသိခဲ့စဉ်တုန်းက …
“ဒီလောက်ကတော့ …နောဧကနော ပဲဟေ့ …”
ဆိုပြီးသုံးခဲ့ကြတာ ကြားဖူးပါတယ်။
ဒါ့အပြင် “နောကြေတယ်” ဆိုပြီးတော့ သုံးကြတာလည်း ကြားဖူးပါတယ်။ ကျွမ်းကျင်တယ် … အကုန်အစင်သိတယ် … နားလည်တယ် ဆိုတဲ့ အဓိပ္ပါယ် များလားတော့ သေချာမပြောတတ်ပါဘူး။

မနေ့ကတော့ အဖေသင်တန်းကအပြန် ဆရာဦးမြင့်စိုးက နောဧကနော ရေးထား တဲ့ စာရွက်ကလေးတရွက် ပေးလိုက်တယ်ဆိုပြီး ၀မ်းသာအားရ ပြပါတယ်။ ဖတ်ကြည့်တော့ နှစ်အလီကနေပြီး ကိုးအလီထိ ပါဠိလို ရေးထားတာ တွေ့ရ ပါတယ်။ ဒါနဲ့ပဲ … ဗဟုသုတ အလို့ငှာ ကျမဘလော့မှာ တင်လိုက်ပါတယ်။ လင်းဆက်နှင့်တကွ … သိလိုသူများ အားလုံးအတွက် ရည်ရွယ်ပါတယ်ရှင်။
***
ကိုးကြောင်းလင်္ကာ

နှစ်အလီ
ဒွေး ဧက ဒွေး၊ ဒွေး ဒွေး စာရ (ဇယ)၊ ဒွေး တြိ ဆ၊ ဒွေး စာလီ အဌ်၊ ဒွေး ပဉ္စ သုဉ်ဒသ၊ ဒွေး သော ဒွါဒသ၊ ဒွေး သတ္တာ စတုရာဒသ၊ ဒွေး အဋ္ဌ သောဠသ၊ ဒွေး န၀ါ အဋ္ဌာရသ။ (အဋ္ဌာဒသ)

သုံးအလီ
တြိ ဧက တြိ၊ တြိ ဒွေး ဆ၊ တြိ တြ နော၊ တြိ စရက (ဇယ) ဒွါဒသ၊ တြိ ပဉ္စ ပဉ္စဒသ၊ တြိ သော အဋ္ဌာရသ (အဋ္ဌာဒသ)၊ တြိ သတ္တာ ဧကာဗီသ၊ တြိ အဋ္ဌ ဇောဗီသ၊ တြိ န၀ါ သတ္တာဗီသ။

လေးအလီ
ဇယ ဧက ဇယ၊ ဇယ ဒွေး အဌ်၊ ဇယ တြိက ဒွါဒသ၊ ဇယ ဇော သောဠသ၊ ဇယ ပဉ္စ သုဉ်ဗီသ၊ ဇယ သော ဇောဗီသ၊ ဇယ သတ္တာ အဋ္ဌာဗီသ၊ ဇယ အဋ္ဌာ ဒွါတြိသ (ဒွါတိံသ)၊ ဇယ န၀ ဆတြိံသ။

ငါးအလီ
ဗျဉ်း (ဗျည်း) ဧက ဗျဉ်း (ဗျည်း)၊ ပဉ္စ ဒွေး သုဉ်ဒသ၊ ပဉ္စ တြိနာ ပဉ္စာဒသ၊ ပဉ္စ ဇယ သုဉ်ဗီသ၊ ပဉ္စ ဗျဉ်းပဉ္စာဗီသ၊ ပဉ္စ သော သုဉ်တြိံသ၊ ပဉ္စ သတ္တာ ပဉ္စာတြိံသ၊ ပဉ္စ အဋ္ဌ သုဉ်စာလီသ၊ ပဉ္စ န၀ါ ပဉ္စာ စာလီသ။

ခြောက်အလီ
သော ဧက သော၊ သော ဒွေး ဒွါဒသ၊ သော တြိနာ အဋ္ဌာဒသ၊ သော ဇယ ဇောဗီသ၊ သော ပဉ္စ သုဉ်တြိံသ၊ သော သော ဆတြိံသ၊ သော သတ္တာ ဒွေး စာလီသ၊ သော အဋ္ဌ အဋ္ဌစာလီသ (အဋ္ဌစတုရ)၊ သော န၀ါ ဇော ပညာသ။

ခုနစ်အလီ
သတ် ဧက သတ်၊ သတ္တ ဒွေး စတုရာဒသ၊ သတ္တ တြိနာ ဧကာဗီသ၊ သတ္တ ဇော အဋ္ဌာဗီသ၊ သတ္တ ပဉ္စ ပဉ္စတြိံသ၊ သတ္တ သော ဗားစာလီသ၊ သတ္တ သတ္တ န၀ စာလီသ၊ သတ္တ အဋ္ဌ ဆပညာသ၊ သတ္တ န၀ တြိံဆ။

ရှစ်အလီ
အဌ် ဧက အဌ်၊ အဋ္ဌ ဒွေး သောဠသ၊ အဋ္ဌ တြိနာ ဇောဗီသ၊ အဋ္ဌ ဇယ ဗားတြိံသ၊ အဋ္ဌ ပဉ္စ သုဉ်စာလီသ၊ အဋ္ဌ သော အဋ္ဌစာလီသ၊ အဋ္ဌ သတ္တာ ဆပညာသ၊ အဋ္ဌ အဋ္ဌ စတုဆ၊ အဋ္ဌ န၀ ဗားသတ်။

ကိုးအလီ
နော ဧက နော၊ န၀ ဒွေး အဋ္ဌာဒသ၊ န၀ တြိနာ သတ္တာ ဗီသ၊ နာ ဇယ ဆတြိံသ၊ န၀ ပဉ္စ ပဉ္စ စာလီသ၊ န၀ သော ဇောပညာသ၊ န၀ သတ္တာ တြိံဆ၊ န၀ အဋ္ဌ ဗားသတ်၊ န၀ န၀ါ ဧကာသီတိ မှတ်။
(ဧကာ အသီတိ = အဌ်၊ ဧကာ အာသိ = အဌ်)
***
နှစ် မှ ကိုး အထိ ပါဠိဘာသာအလီ ဤတွင်ရွေ့ ပြီးပါပြီ။
***
ကျမဖြင့် ဒီအလီကို အလွတ်ရအောင် ကျက်ဖို့မပြောနဲ့ ကြည့်ပြီး ရိုက်ရတာ တောင် မူးနောက်နေတာပဲ။ ဒါကြောင့်လားတော့မသိ ဒီ ကိုးကြောင်းဂါထာ လို့ခေါ်တဲ့ ပါဠိအလီတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ သင်တဲ့အခါ ကျောင်းသားတွေ ကိုရင်တွေက တမိုးတွင်းလုံး ကျက်မှတ်မှ နှုတ်တိုက် အလွတ် ရွတ်ဆိုနိုင်ပါသတဲ့။ ဒါကြောင့် “ခရိုင်ကိုးကြောင်း တမိုးအောင်း” လို့ အဆိုရှိ တယ်လို့လည်း မှတ်သားခဲ့ရပါကြောင်း … ။ …. ။
***
မေတ္တာဖြင့် …

မေဓာဝီ
ဇူလိုင် ၂၊ ၂၀၀၇
ည ၉ နာရီ ၄၅

12 comments:

Anonymous said...

a chit hmar taw kya naw ka, naw eka naw pe byo...Ma May thin dan tat chin yin pyaw naw..

Anonymous said...

Thanks , MaMay.
I haven't known it before.
And thanks, my beloved little brother monkey.

မေငြိမ်း said...

ဟီးး..ညီမလေးက စာရိုက်တာ မူး.. အမက ဆုံးအောင်ဖတ်တာတောင်မူး။ ဒါပေမဲ့.. ၇ှားပါးတဲ့ ဗဟုသုတလေးရတာ ကျေးဇူးတင်စရာပါ။

s0wha1 said...

မှတ်သားသွားပါပြီ မမေရေ။ ကျေးဇူးအထူးပါ။

Anonymous said...

pyin nay kya te, a chit kyaung sate nyit nay kya te, a pyo gyi twe ko, pyw aung lote like tar par...

Anonymous said...

hana le thin dan tat chin lar lay..arr lone ko, openly invite like par dal

Hteink Min said...

အဲလို ကျော်ကျော်ဖတ်နေလို့လည်း မင်းမင်းစာလုံးပေါင်းမမှန်တာပေါ့..အဟဲ ပြန်ဖတ်ဦးမှ .. ဖတ်ရင်း ဘယ်ရောက်သွားမှန်းမသိလို့ .. အလီထဲမှာ လယ်သွားတယ်..

Anonymous said...

................................

Moe said...

first of all let me say thanks for all the knowlege in your blog
i really respect your works in the blog.
wish you keep share them to us.

regards
MOE

Unknown said...

Ma May,

Thanks for your sharing.
This is one of the precious things.

I like your blog so much as all contents are good & nice for reader.

NLS said...

Ma May

More than Tnx!
I m trying to expend them.
hehe
alote ma shi
akine ma shi

NLS

Ne Ou said...

မမောဓာဝီရေ
ကျွန်တော့် မှတ်စုအတွက် ကူးသွားပါတယ် ခင်ဗျာ

ကျေးဇူးတင်ပါတယ်