Monday, January 29, 2007

စကားလက်ဆောင် ...

မနေ့ညက ကျမဆီ ဖုန်းလာပါတယ်။ အင်္ဂလန်ကတဲ့ … ။ ကျမက တခြားဖုန်းတခု ပြောနေလို့ နည်းနည်းကြာမှ သွားကိုင်လိုက်တော့ ဖုန်းက ကျသွားပါပြီ။ ခနနေတော့ ထပ်ခေါ်ပါတယ်၊ ဖုန်းဆက်သူကတော့ တခြားမဟုတ် ပါဘူး။ စနေပါ။
“မမေ စိတ်မကောင်းမဖြစ်နဲ့ နော်၊ စနေ ဘာမှမဖြစ်ဘူး” လို့ စနေက တွေ့တွေ့ချင်း ကျမကိုပြောပါတယ်။ ကျမ ပို့စ်မှာ ကွန်မန့် ရေးထားကြောင်းလည်း ပြောပါတယ်။

စနေ ဘာမှမဖြစ်တဲ့အတွက် ကျမ၀မ်းသာပါတယ်။ ကျမ စိတ်မကောင်းတာက ပုဂ္ဂိုလ်ရေးတွေ ပါလာတာကိုပါ။ ဘေးတီးသူတွေ အစထောင်သူတွေ ရိုက်ချသူတွေနဲ့ ကျမ မလိုလားတဲ့ ပြဿနာတွေဖြစ်လာတော့ စနေက စိတ်မကောင်းမဖြစ်နဲ့ ပြောပေမဲ့ စိတ်ထဲ နည်းနည်းမှ မကောင်းဘူး။ ကျမ ရည်ရွယ်ချက်တွေလည်း ပျောက်ကုန်သလိုပဲ ခံစားရတယ်။

ဒါနဲ့ပဲ စနေနဲ့ ဖုန်းပြောအပြီး အင်တာနက်ဖွင့်ကာ ကျမကိုရေးတဲ့ ကွန်မန့်ဖတ်ပါတယ်။ စနေ သင်ခန်းစာရသလို ကျမလည်းပဲ သင်ခန်းစာရမိပါတယ်။ ကိုယ့်အမြင်ကို နောက်ဆို ဖွင့်ဟ မရေးရဲအောင် လက်တွန့်နေမိပြီ။ တခုခုဆို ဝေဖန် အကြံပေး ထောက်ပြဆွေးနွေးဖို့ မ၀ံ့ရဲအောင် ဖြစ်နေမိပြီ။ ကိုယ့်ကိုယ်ကို ဆင်ခြင်ရမယ်လို့လည်း စိတ်ထဲ တွေးနေမိပါတယ်။

ပြီးတော့ ထုံးစံအတိုင်း စနေ့ဘလော့လေး ၀င်ဖတ်မိတယ်၊ စနေဟာ အရေးအသားကောင်းသူတယောက်ပါ။ အတွေးနဲ့ပတ်သက်လို့တော့ ဘာသာပြန်တာကများတာမို့ တခါတရံ ကွန်မန့်ပေးချင်ပေမဲ့ မပေးဖြစ်ခဲ့ပါဘူး။ ဒီ အလိုအပ်ဆုံး ကျမှ ရေးလိုက်မိတာပါ။ စနေ့ဘလော့ဝင်ဖတ်တော့ စနေရေးထားတဲ့
“ကျမဟာ” ဆိုတဲ့ စာကို ဖတ်မိတယ်၊ ဖတ်ပြီး ပိုလို့ စိတ်မကောင်းဖြစ်ရပြန်တယ်။ ဒါကြောင့် ဒီစာကိုရေးမိတာပါပဲ။
စနေ့အတွက် စကားလက်ဆောင် ဆိုပါတော့ … ။
***
စနေအတွက် စကားလက်ဆောင် …
***
စနေဟာ ဗုံးတလုံးမဟုတ်သလို …
ဗုံးတလုံးလည်း မဖြစ်ချင်ပါနဲ့ စနေ …
ဗုံးဆိုတာ လူသတ်လက်နက်ပါ
အကြင်နာ မေတ္တာတွေ ရှိပါလျက် …
ဗုံးကိုပွေ့ဖက်ချင်သူ …
ဘယ်သူများ ရှိနိုင်မှာလဲ စနေ ..။
လိုအပ်တဲ့အခါ အလင်းရောင်ဖြစ်စေဖို့
မီးခြစ်ဆံကလေးဘ၀က ပိုလှပါတယ် စနေ … ။
အပြစ်မြင်သူတွေကို လစ်လျူရှု
ဥပေက္ခာပြုနိုင်ရင် အကောင်းဆုံးပါစနေ … ။
မြေသြဇာပက်တိုင်း မရှင်သန်နိုင်တာ
တရားခံဟာ ဘာကြောင့်လဲ စဉ်းစားပါစနေ …
ရေခံ မြေခံကြောင့်လေလား …
ပက်ကျွေးတဲ့မြေသြဇာရဲ့ အဆိပ်သင့်မှုကြောင့်လေလား …
အဓိက တရားခံကို သိရင်
ဒီအပင် ရှင်သန်နိုင်အောင် ကြိုးစားကြပါစို့လား စနေ … ။
ပိုးသတ်ဆေးနဲ့ ဖြန်းသတ်ရတဲ့ပိုးမျိုး
အကျိုးမဲ့သူတယောက် မဖြစ်ချင်ပါနဲ့စနေ …
ပိုးဆိုတာမျိုးဟာ လောကကို အကျိုးမပြုတာမို့
တကယ်လို့ ပိုးဖြစ်ချင်ရင်တောင်
ပိုးစာလို ချည်မျှင်ထုတ်တဲ့
ပိုးကောင်ကလေးအဖြစ်သာ ရှင်သန်နေပါ စနေ … ။
အသီးတွေကို ဝေငှတဲ့ စနေအတွက်
ကျေးဇူးတင်လျက်ပါစနေ …
သို့ပေမဲ့ ဒီအသီးတလုံးတလေထဲ …
မစားကောင်းတဲ့အသီးများ မပါစေဖို့တော့
အထူးသတိပြုပေးပါ စနေ … ။
အုတ်ကြားထဲပေါက်တဲ့မြက် …
နွားစားကျက်က မြက်တခင်းလို ..
ကိုယ့်ကိုယ်ကို မသတ်မှတ်ပါနဲ့ စနေ …
ခိုနားသူကို အရိပ်ပေး ..
မွှေးသောပန်း မနွမ်းသောအသီးတွေနဲ့
အများကို ပိုမို အကျိုးပြုစေဖို့
ရည်မှန်းချက် ကြီးကြီးထားပေးပါ စနေ … ။
စနေ့ရဲ့ ချွန်စက်ကလေး
ထက်မြက်အောင် အမြဲသွေးနေပါ …
အားပေးနေမှာပါ စနေ … ။
တကယ်တမ်းတော့
လူ့ဘ၀တလျှောက် …
ကိုယ့်လမ်းကိုယ် လျှောက်ကြတယ်ဆိုပေမဲ့
ဘ၀ဆိုတာ တိုတိုလေး …
ကိုယ့်သမိုင်းကိုယ် လှအောင်ရေးကြရမယ် စနေ … ။
လူမသေခင် နာမည်အရင် မသေစေဖို့
လူသေသည့်တိုင် နာမည်ခိုင်မာစေဖို့
တို့တတွေ ကြိုးစားကြရအောင်လား စနေ…။
***
မေတ္တာဖြင့် ….

မေဓာဝီ
29.1.07
12:44 pm

(ဖုန်းဆက်တာကို ကျေးဇူးတင်တယ်စနေ … နားလည်ပေးတာလဲ ကျေးဇူးအထူးပါ … )

10 comments:

Anonymous said...

ကျေးဇူး....ကျေးဇူး...မမေ
အဖိုးမဖြတ်နိုင်တဲ့ စကားလက်ဆောင်တွေပါ
စနေမှတ်ထားပါတယ်။
မမေ...တခါခါတော့လဲ ဘေးတီးတွေ မပါရင် ပွဲမစည်တတ်ဘူး...
ကြက်တိုက်ရင်တောင်မှ ဘေးကနေ လက်ခုပ်ဝိုင်းတီး ၀ိုင်းအော်
ပေးကြသေးတာပဲ....ဆွေးနွေးပွဲ ဘာပွဲညာပွဲ ဘေးတီးတွေပါရင်
ပိုပျော်ဖို့ကောင်းတယ်...စတိတ်ရှိုးတွေမှာ အဆိုတော် တယောက်တက်
လာရင် မကြိုက်တဲ့လူက ဆင်း...ဆင်း..လို့အော်ကြတယ်။ တချို့က သူ့
သီချင်းတွေလိုက်ဆိုပြီး လိုက်ကကြတယ်။ အတီးတွေစုံတော့ ကရတာ
ပိုမြူးတာပေါ့...ဟီး..ဟီး...အဲ ဒါပေမဲ့ လူများက နေတုန်း တီးနေတုန်း
ပွဲလန့်တုန်းမှာ ဖျာဝင်ခင်းတာတော့ မကောင်းဘူးပေါ့နော်...ဟဲ...ဟဲ
ကျေးဇူး...ကျေးဇူး....မမေ

Anonymous said...

ဟေ့ မင်းတို့ တစ်တွေက အင်တာနက်ပေါ်မှာ ဟိုဟာမကောင်းဘူး ဒီဟာကောင်းတယ်။ ဟိုလိုမရေးရဘူး ဒီလိုရေးရတယ်။ အတင်းကြီးသူများရေးတာကို ၀င်စွတ်ဖက်ပြီး ဆရာကြီးလိုက်လုပ်နေကြပါလား။ သူဟာသူ လွတ်လွတ်လပ်လပ် ရေးချင်တာရေးမှာပေါ့ မင်းတို့  ဆရာကြီးလုပ်ပြီး လိုက်ဆုံးမနေစရာမလိုပါဘူး။ မင်းတို့ က ဟိုဟာကန့်သတ်ချင် ဒီဟာကန့်သတ်ချင်နဲ့ သူများရေးတဲ့ စာကို လိုက်စွတ်ဖက်နေရအောင် နေစမ်းပါဦး မင်တို့ တွေက မြန်မာပြည်က စာပေစီစစ်ရေးက ကောင်တွေလား. ဘာလဲ အင်တာနက်ပေါ်တက်ပြီး သူများရေးတဲ့ စာကို စာပေစီစစ်ရေးလုပ်ချင်နေကြတာလား။ သူများရေးတဲ့ စာကို ဟိုလိုမရေးရဘူး ဒီလိုရေးရတယ်၊ ဒီဟာ မကောင်းပါဘူး မှားပါတယ်ဆိုပြီး အတင်းဝန်ခံခိုင်းနေတဲ့ လုပ်ရပ်ဟာ သင့်တော်ရဲ့လားလို့  မင်းတို့ တွေးမိရဲ့လား။ သူ့ ဟာသူ စာလွတ်လွတ်လပ်လပ်ရေးမှာပေါ့၊ မကြိုက်ရင် မဖတ်နဲ့ ပေါ့။ နေရာတကာ ဆရာကြီး ၀င်မလုပ်ချင်ကြစမ်းပါနဲ့ ။

ဟနစံ မင်းကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရှေ့တမ်းတင်ပြီး အင်တာနက်ပေါ်တက်ပြီး သူမျာကို လိုက်အပုတ်ချနေတာ ကောင်းတဲ့ လုပ်ရပ်အဟုတ်ဘူးကွ။ မင်းရှက်ကော ရှက်တတ်ရဲ့လား။ သူများအပုတ်ချရမယ်ဆိုရင် ထိပ်ဆုံးက ကိုယ့်သိက္ခာလေး ကိုယ်ထိန်းပြီးနေစမ်းပါဦး။ ယဉ်ကျေးသိမ့်မွေ့ လှပါတယ်ဆိုတဲ့ မြန်မာ မိန်းကလေးရယ်..

Anonymous said...

ဘလော့ခ်တွေ မလာဖြစ်တာကြာလို့ မျက်ခြေပြတ်သွားတယ်... ဘာတွေဘာတွေများလဲလို့ မစနေ၊ မမေနဲ့ ကိုသံလွင်တို့ဘလော့ခ်တွေခြေရာကောက်လိုက်ဖတ်ကြည့်တော့ ဘာမဟုတ်တာလေးကနေ ဖြစ်နေကြတာကိုး... ဘာနဲ့တူနေသလဲဆိုတော့ နောက်နားတုန်းက အင်္ဂလန်မှာ Reality TV show တခုဖြစ်တဲ့ Big Brother House ကအဖြစ်မျိုးလိုပဲ... Bollywood actress indian မင်းသမီးလေးနဲ့ အင်္ဂလန်က Celebrities တွေနဲ့ စကားများရာကနေစတာပါ...အဲ့ဒါကို Media တွေက တခုတ်တရ သတင်းလုပ်ကာ Bullying လား Racism လားဆိုပြီး ခြွလိုက်..ဖွလိုက်ကြတာများ အိန္ဒိယကနေ့စဉ်ထုတ် သတင်းစာတိုင်းမှာလဲဒီအကြောင်း... အင်္ဂလန်ထုတ်သတင်းစာတိုင်းမှာလဲ ရှေ့မျက်နှာဖုံးတိုင်းမှာ စာလုံးကြီးကြီး၊ ဓါတ်ပုံကြီးကြီးတွေနဲ့ပေါ့... မိန်းခလေးအချင်းချင်း ဘာမဟုတ်တာလေးနဲ့ဖြစ်တဲ့ရန်ပွဲ Bickering Row ကနေ Diplomatic Level ရောက်လာပြီး ဗြိတိသျှ ပါလီမန်မှာ ထည့်သွင်းဆွေးနွေးရတဲ့အဆင့်ထိကို ရောက်သွားပါရောလား... နောက်ဆုံးအမြတ်ရသူတွေကတော့ ပျင်းစရာအကောင်းဆုံး TV show တခုကို ရန်ပွဲကိုစိတ်ဝင်စားလို့လူတွေသန်းနဲ့ချီပြီးပြန်ကြည့်လာသလို စာစောင်တွေ ရောင်းအားကောင်းခဲ့တာပေါ့... အခုမမေတို့ဆီမှာလည်း Anonymous အမည်ခံတဲ့ Media လိုလူတွေက ခြွလိုက်ဖွလိုက်နဲ့မြှောက်ထိုးပင့်ကော်လုပ်ရာကနေ ဘလော့ခ်ကာ ကြီးတွေအချင်းချင်း အမြင်မကြည်လင်အောင်ဖြစ်ကုန်ကြတယ်...မမမေတို့ ရတဲ့အမြတ်ကြီးက မမိုက်ပါဘူးဗျာ...ဒီတော့ Anonymous အန္တရာယ်ကို သတိထားကြဖို့လိုပါလိမ့်မယ်... တကယ်တော့ မြန်မာဘလော့ခ်စာပေဟာ လူနည်းစုအတွက်မျှသာရယ်ပါ... ကွန်ပျူတာအသုံးပြုသူအများစု teenager တွေဟာ သူတို့ကျောင်းစာ.. entertainment website နဲ့ chat room တွေလောက်သာ အာရုံရှိတာပါ... ဒီလိုအတွေးအခေါ် အယူအဆ ဖလှယ်ကြတဲ့နေရာမျိုးကိုစာဖတ်ဝါသနာ အတော်အတန်ရှိရုံနဲ့ရောက်မလာတတ်ပါဘူး... ဒီတော့ ဒါမျိုးဘလော့ခ်တွေ ရေးနေ၊ ဖတ်နေသူတွေဟာ ခလေးတွေမဟုတ်လောက်ဘူး... စာပေဗဟုသုတရော..အတွေးအခေါ်ပိုင်းပါ မနိမ့်ပါးလှတဲ့သူတွေဖြစ်ပါလိမ့်မယ်... တဦးရဲ့ သဘောထားကို တဦးရဲ့အမြင်နဲ့ ရင်းနှီးဖော်ရွေစွာ ဆွေးနွေးဖလှယ်ကြတာမျိုးဟာ အင်မတန်အကျိုးများပြီး ဗဟုသုတတိုးပွားစေပါတယ်... ဒီနေရာမှာ သတိချပ်ရမှာက ဆွေးနွေးမှုပုံစံသာဖြစ်ပါတယ်...မိလိန္ဒမင်းကြီးကို ရှင်နာဂသေန တောင်းဆိုသလိုမျိုး ပညာရှိတို့ဆွေးနွေးခြင်း ပုံစံသာဖြစ်သင့်ပါတယ်... ငါ့စကားနွားရ..ငါနိုင်ရင်ပီးရော..မနိုင်ရင် နိုင်တာနဲ့ချမယ်ဆိုပြီး သူတထူးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပုဂ္ဂိုလ်ရေးထိပါးပြီး ထုတ်ဖော်ပြောဆိုတာမျိုးကျတော့လည်း ဝေဖန်ရေးအသွင်ကနေ၊ အတင်းအဖျင်းသဏ္ဍာန်နဲ့ အောက်တန်းကျသွားပြန်ပါတယ်...ဒါမျိုးလဲမဖြစ်သင့်ဘူးပေါ့လေ အားလုံးကိုခြုံပြောရရင်...မမမေရဲ့ဘလော့ခ်က သာလျံဇရပ်လိုပဲ အရပ်လေးမျက်နှာက လူတွေ မခေါ်ပဲနဲ့လာသလို မနှင်ပဲနဲ့ပြန်သွားကြမှာပါ... တချို့ကမမရဲ့ဇရပ်ကို သန့်ရှင်းပေး သွားကြသလို တချို့ကလဲ အညစ်အကြေးတွေစွန့်သွားကြလိမ့်မယ်... ဇရပ်ရယ်လို့ဖြစ်လာမှ တော့ဒါမျိုးတွေခံယူရမှာ ဓမ္မတာပါပဲ...ခန္ဒီပါရမီနဲ့ ဥပေက္ခာပါရမီကိုလက်ကိုင်ထားရမှာပေါ့..
ကိုယ်နှစ်သက်ရာကိုသာ ဆက်လက်ဖန်တီးပါ မမမေ...ဘလော့ခ်စာပေ အဓွန့်ရှည်စေရန် အလို့ငှာ အကျိုးမျှော်၍ နိုးဆော်ကာလျှာရှည်မိပါကြောင်း.... သြော်...ဒါနဲ့စကားမစပ် ”ကိုပြူးကျယ်သို့ပေးစာ ၂ ”မှာ ကျနော့တောင်းဆိုချက်လေး မမတတ်နိုင်ရင် ကူညီပေးပါအုံးနော်.....
ခင်မင်လေးစားလျက်...
Philtre

မေဓာဝီ said...

ကိုပါလေရာလား မပါလေရာလားရှင် …
ကျမတခုပြောပါရစေ ..
ကို (သို့) မ ပါလေရာရဲ့ ကွန်မန့်ဟာ ဒီပို့စ်နဲ့ လုံးဝမသက်ဆိုင်ပါဘူးရှင်။ ဒါပေမဲ့လည်း လွတ်လပ်စွာ ရေးသားခွင့်ကို ကျမ မကန့်သတ်ပါဘူး။
ဒါပေမဲ့ .. ဟနစံ ဆိုပြီး နာမည်တပ်ရေးတာ တော့ဖြင့် သိပ်မဟုတ်လှဘူးလို့ ထင်ပါတယ်။ ကျမက ဟနစံ မဟုတ်ပါဘူး။ ဟနစံဟာလည်း သူ့အီးမေးလ်လိပ်စာကို ကွန်မန့်တခုမှာ ပေးထားပါတယ်။
အဲဒီလို ပါစင်နယ် ပြောချင်ရင်တော့ သူ့ဆီမေးလ်ပို့ပါရှင်။

နောက်တခုက ဒီကိစ္စမှာ ဆရာကြီးဝင်လုပ်တယ်လို့ ထင်တဲ့အတွက်တော့ စိတ်မကောင်းပါ။ နိုင်းနိုင်းစနေရဲ့ ပို့စ်ကို ဖတ်ပြီး ကျမ မြင်တဲ့အမြင်ကို ရေးခြင်းမျှသာပါ။ နိုင်းနိုင်းစနေကိုယ်တိုင်လည်း ကျမရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ပါတယ်။
ဟိုလို မရေးရ ဒီလို မရေးရ လို့လည်း ကျမမပြောခဲ့ဖူးလို့ထင်ပါတယ်။ မှားပါတယ်လို့လည်း ဘယ်သူ့ကိုမှ ၀န်မခံခိုင်းခဲ့ဖူးပါဘူး။ အဲဒီလိုမျိုး အဓိပ္ပါယ်သက်ရောက်စေတဲ့ စကားများ အမှတ်တမဲ့ ပြောခဲ့မိရင်လည်း တောင်းပန်ပါတယ်။ ပြဿနာဖြစ်ပွားစေမယ့် ဒီစာတပုဒ်ကို ရေးမိတဲ့ ကိုယ့်ကိုယ်ကို အလွန် နောင်တရမိပါတယ်။
ကိုယ့်ကိုယ်ကို ဆင်ခြင်ရမယ် လို့လည်း ကျမ ဒီပို့စ်မှာ ပြောခဲ့ပြီးပါပြီ။ နောက်ထပ် ကျမ ဘာကိုမှ ထပ်ပြီး မပြောလိုတော့ပါ .. တိုက်ခိုက်များ ရပ်တံ့စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေပါရစေတော့ရှင်။

Anonymous said...

မမေရေ..
တခြားတစ်ယောက်ကိုရည်ညွှန်းရေးတဲ့ ပို့စ်လေးပေမယ့် ဖတ်မိသူအားလုံး နှစ်သက်ပါတယ်။
ပညာရှိပီပီ စကားသိမ်မွေ့စွာ ထိထိမိမိရှိလှပါတယ်။
ကိုယ်လည်းအဲလို ပြောမှသိသူမဖြစ်အောင် နေထိုင်ရမှာပါလားလို့ တွေးမိပါတယ်။
မမေ ဒီပို့လေးက စကားတွေက စေ့စေ့တွေးလေ သဘောပေါက်လေပါပဲ။
ကျေးဇူးတင်ပါတယ်..မမေ။
ဟနစံ နာမည်တပ်ကာ ပြောဆိုသူအတွက် ဟနတောင်းပန်ပါတယ်..မမေ။ မမေဘလော့ဂ်မှာ ဟနကိုအဲလို လာပြောထားတော့ မမေကို အားနားမိပါတယ်။
တခါတခါမှာ ပြန်ပြောဖို့ မလို တာတွေကို ဒီတိုင်းထားလိုက်ရပါတယ်။ အွန်လိုင်းမှာ မြန်မာလူမျိုးတွေရေးသမျှ ဟာ မှတ်တမ်းတင်ထားခြင်းခံရပါတယ်။ ဘယ်သူကဘာတွေရေးခဲ့ပြီး ဘယ်သူက ဘယ်လိုမျိုးလဲဆိုတာ အကုန်လုံးဖိုင်လ်သိမ်းထားသူတွေဆီမှာရှိပါလိမ့်မယ်။ အဲဒီတော့ဟနအွန်လိုင်းမှာ မည်သူတစ်ဦးတစ်ယောက်ကို မဟုတ်တန်းတရားပုတ်ခတ်ပြောဆိုသလားဆိုတာလည်း မှတ်တမ်းရှိပါလိမ့်မယ်။ ခိုင်လုံမှန်ကန်သောအကြောင်းအရာများကိုသာ ဟနကတင်ပြပါတယ်။ ကိုယ့်ကိုပြောနေရင်တောင် ပြန်ဖြေရှင်းဖို့မလိုဘူးထင်တာတွေ ပြန်မဖြေရှင်းပါဘူး။ အခုဟာက စာရေးဆရာကလိုဆေးထူး (ခေါ်) ကိုသူရိန် ကို နှိုင်းယှဉ်စော်ကားလို့ ဟနက စာရေးဆရာကိုစော်ကားရင် ၊ စာဖတ်ပရိသတ်အပေါ်မလိမ့်တပတ်လုပ်ရင် မခံချင်တတ်သူပီပီ အမှန်များကိုသာပြောဆိုမိခဲ့တာပါ။ တစ်ခါဆို ဆိုသလောက်ပါပဲ။ ဟန တစ်ခါမှ သည်လိုမပြောဖူးခဲ့လေတော့ တစ်ခါဆို ဆိုသလောက်ပဲ ဆတ်ဆတ်ခါ နာကုန်ကြလေသတည်း ဟုသာယူဆမိပါတယ်။မမေကိုအလွန်အားနာလှပါတယ်။
ဟန ၇ဲ့ အီးမေးလ်ကိုလည်းပေးထားပါလျက်နှင့် ဟနရေးမိသော ဆောင်းပါးထဲကလိုလူများ မမေ ဘလော့ဂ်မှာလာရောက် နှောင့်ယှက်နေခြင်းကို ဟနနဲ့ ပတ်သက်လို့ဆိုတော့ ဟနကပဲတောင်းပါပန်ပါတယ်..မမေ။
လေးစားချစ်ခင်စွာဖြင့်
ညီမ ဟန

Anonymous said...

maydar-wii.blogspot.com

Anonymous said...

hohoo..Hana, stop ur sweet bitching here.
nobody wants u. know urself.

Anonymous said...

I am not on any other side but I would like to say; could you please stop digging personal things, ma hana .It’s also ugly.

Anonymous said...

sa gar ne, yan se, sa gar myar yan myar

NLS said...

:)
If a man dead, is there his name still exit?. !can be?