Sunday, January 07, 2007

ပန်းတိုင်ပျောက်ဆုံးသွားခြင်း

ဝေဒနာတွေ ဖွင့်ဟဖို့ခက်
သက်ပြင်းသာ ချမိတယ် … ။
ဒဏ်ရာတွေ ကုသဖို့တွက်
မျက်ရည်သာ ကျမိတယ် … ။
ဘ၀အမောနဲ့ သောကတွေကို
ပြောပြရင်လည်း မောလျရုံပဲမို့
ကိုယ့်အပူကို နှုတ်ဆိတ်
ကြိတ်မှိတ်လို့သာ ခံပါတော့မယ် … ။
အဖန်တရာမက ဒဏ်ရာတွေရခဲ့တော့
ခေါင်းမော့လို့လည်း မပြုံးနိုင် …
အဆုံးတိုင် လျှောက်ရမယ့်လမ်းအတွက်
ခြေလှမ်းတွေက တွန့်ဆုတ်လျက် …။
ခက်ခဲမှုတွေကြား အားပေးသူမရှိတော့
သတ္တိလည်းပျော့ … အားလည်းလျော့ခမ်း
စိတ်နွမ်းကိုယ်ယိုင် …
ပန်းတိုင် ပျောက်နေခဲ့ပါပြီ …. ။ ။
***
မေဓာဝီ
7.1.07
4:44 pm

7 comments:

ကလိုစေးထူး said...

ဖတ်ရတာ စိတ်မသက်သာလိုက်တာဗျာ.. အားလျှော့နေပြီလား.. တွန့်ဆုတ်နေပြီလား.. ပန်းတိုင်ဆိုတာကရော တကယ်ပဲ ပျောက်နေပြီလား

Anonymous said...

အဲဒါသင်ခန်းစာပါပဲ..
ဘ၀ခရီးလမ်းကြမ်းကြီးကိုလျှောက်လှမ်းဖို့အတွက် ကူညီအားပေး မဲ့သူ
လက်တွဲဖေါ် ဆိုတာ လိုအပ်တယ် ဆိုတာ ထင်ရှားပါတယ်။
သိတော့ သိတယ်ဗျာ..
သိလို့လည်းရှာတယ်.
ရှာတော့လည်းတွေ့တယ်။
တွေ့တော့လည်း ယုံတယ်လေ။
ယုံကြည်မှုနှင့်အတူ မျှော်လင့်ချက်တွေ
ရင်မှာ ပိုက်ပြီး ကိုယ်ဘ၀ အမှန်ကို ဖွင့်ဟ ပြောကြားလိုက်တော့
လူစင်စစ်က နေ ပင်လယ်ထဲက ငါးမုတ်တစ်ကောင် ဖြစ်သွားရပြန်ပါတော့တယ်....

Anonymous said...

a ma yay
That's exactly how I'm feeling at this moment.
It's a pleasure to read ur blog.
Please keep on writing and creating.
ARR Payy tal naw a ma.
BTW, I'd love to be friend with you.
May I have your email address?

Anonymous said...

အိမ်မက်ကတဆင့် ဒီ blog ကိုရောက်၊ စာအချို့ဖတ်ကြည့်ပြီး သိပ်ကိုလေးစား မိပါတယ်။ ဒီကဗျာလေးက တဆင့် ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်လည်ရရှိပါစေ။ From time to time, I write poem to get my strength back too.

m

Anonymous said...

hope it's not too late to find this website..

please keep it up.

cheers! :)

TKLinn said...

ကဗျာလေးကို ကြိုက်တယ်..
တစ်ခါတစ်လေ..အဲလို ခံစားနေရတယ်..
ပျော်ရွှင်ချမ်းမြေ့ပါစေ..

Anonymous said...

i love this poem
:)