***
စိတ်မဆိုးပါနဲ့
တိတ်တခိုးပဲ ပွင့်တော့မယ်။
ဆွတ်ချူသူ အမြင်ခက်အောင်
ကွယ်ဝှက်လို့ရယ်။
အပွင့်က ငယ်ငယ်
အရွယ်က ခပ်သေးသေး။
မမွှေးချင်ပါနဲ့
ဝေးနေရင် သူလွမ်းစေဖို့
လေသင့်ရာ ရနံ့သင်း
ဖြန့်ခင်းလို့ပေး ... ။ ။
***
မေဓာဝီ
17.08.18
4 comments:
မစံပယ်ကစံပယ်ပန်းလေးကိုလာကြည့်မိပါတယ်
ဘာကြောင့်လဲ ပန်းကလေးရယ်...
လောကကကြမ်း နွမ်းရတဲ့ကြား
ပန်းနေသူ နမ်းကျူရအောင်
ပုန်းပါနဲ့လား။
မမမေရဲ့ကဗျာလေးကို ဆန့်ကျင်တာမဟုတ်ပါဘူး၊ လေသင့်ရာပါလာတဲ့ပန်းကလေးရဲ့ရနံ့ကိုရပြီး ရှာကြည့်ပြန်တော့ မတွေ့တဲ့အခါ ပိုလို့တွေ့ချင်လာတာ လူ့သဘာဝမလား။ သို့ပေမယ့် ပန်းကလေးကပုန်းကွယ်နေလို့ ဖွေရှာမိသူခင်မျာ အစောကတည်းက စိတ်နွမ်းလူနွမ်းဖြစ်ပြီးသားမို့ ရှောင်ဖယ်မနေစေလိုပါ ဆိုတဲ့အမြင်နဲ့ သနားခံချင်စိတ်ဖြစ်လာမိလို့ ဒီလိုလေးပြန်ပြောမိတာပါ မမ။ အမှားပါရင် ခွင့်လွှတ်ပါရှင်။
ကျွန်တော်လည်းဖတ်ကြည့်လိုက်သည်
ကောင်းပါ၏
ဖတ်မိလိုက်သည်
Post a Comment