Tuesday, August 07, 2018

အနှစ်​ သုံးဆယ်​လမ်း

အနှစ်​ သုံးဆယ်​လမ်း
***

စခဲ့
ဆက်ခဲ့
အသက်တွေနဲ့ စတေးခဲ့။
...
တွဲထား
မြဲထား
ခွဲသွားသူတွေလည်း ရှိရဲ့။
...
 တင်းထား
ရင်းထား
နင်းသွားတဲ့လမ်းတွေက ကြမ်းခဲ့။
...
လျှောက်ဆဲ
မရောက်လည်း
တယောက်ထဲတော့ အပြစ်ပုံမချနဲ့။
...
မပြီးသေး
မညည်းကြေး
အနီးကလေးသာ လိုတော့သတဲ့။
...
ပန်းတိုင်
လှမ်းကိုင်
မြန်းနိုင်ဖို့ စောင့်နေရခဲ့။
...
သောင်းထု
ပေါင်းစု
ကောင်းမှုနဲ့ တည်ဆောက်ကြစို့ရဲ့။
***

မေဓာဝီ
07.08.18

No comments: