Monday, August 20, 2018

နံရံထက်​က မီးအိမ်​​လေး


***
မှောင်​ချိန်​မှာ အလင်း​ပွင့်​​တွေ လန်းဖြာ
နေသာ​ရင်​ တိတ်​တိတ်​က​လေး အိပ်
သူ့အရိပ်​ သူကြည့်​ရင်း...
သက်​ပြင်းချတဲ့အခါ ချ
နံရံထက်​က သူ့ရဲ့ဘဝ ... ။
***
MDW
20.08.18
10.36
.
ခုတ​လော မီးအိမ်​​ပုံလေး​တွေ ​ရေး​နေမိတယ်​။ ဟို​နေ့က ​ရေးဖြစ်​တာ ငယ်​ငယ်​က သုံးခဲ့ဖူးတဲ့ ​ရေနံဆီ မီးအိမ်​​လေး၊ အခုက​တော့ နံရံထက်​က မီးအိမ်​​လေး။ ​လေ့ကျင့်​တဲ့အ​နေနဲ့ ရှိပြီးသား မူရင်းပုံ​တွေကို ကူး​ရေးတာပါ။ ​တူတာ မတူတာ အပထား နောက်​ထပ်​လည်း မီးအိမ်​​လေး​တွေ ထပ်​ရှာပြီး​ ရေးအုံးမယ်​။ လင်း​နေချိန်​မှာ အသုံးမဝင်​​ပေမဲ့ ​အမှောင်​ထဲမှာ အသုံးဝင်​တဲ့ မီးအိမ်​က​လေး​တွေကို အားကျ​နေမိလို့။

No comments: