အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီ။ မိုးလည်း တိတ်ပြီပေါ့။ စာလည်း မရေးချင်ဘူး။ ဘလော့လည်း မဖတ်ချင်ဘူး။ ညစ်တစ်တစ်နဲ့ နေနေရာက … ဟိုဟိုဒီဒီ လျှောက်သွားရင်း ကိုပုထုဇဉ်ရဲ့ “မေလနိဒါန်း” ကဗျာကို ဖတ်လိုက်မိတယ်။ သူ့ကဗျာက အားမာန်အပြည့်ပဲ။
ကျမက အားနည်းနေတယ်။ စိတ်ဓာတ်တွေ ယိမ်းယိုင် မခိုင်မာချင်တော့ဘူး။ ဒါနဲ့ပဲ … ဒီကဗျာတပုဒ် ရေးဖြစ်သွားတယ်။ သူက နိဒါန်းပဲ ရှိသေး .. ကျမက နိဂုံးချုပ်လိုက်ပြီပေါ့။
***
မေ၏ နိဂုံး
သုံးဆယ့်တစ် …မေ
အရှုံးအတွက် ဖြစ်လေသလား
အမုန်းအတွက် ဖြစ်နေသလား
အဆုံးသတ်ရစ်ပေတော့ …မေ … ။
အစကတည်းက
မကောင်းခဲ့တဲ့ဘဝ
အနှောင်းကျမှ သေချာချင်နေလို့
ရဦးမတဲ့လား … ။
ဘ၀ဆုံးခါမှ
အပူလုံးတကြွကြွ
ယူကျုံးမရဖြစ်လိုဖြစ်
နောင်တနွံထဲ နစ်လိုနစ်
ကဲ …
ဖြစ်ချင်ရာဖြစ် … ဆိုပြီး
လေနှင်ရာခရီး
တကိုယ်တည်း သွားခဲ့ခိုက်
လိုက်လို့ရွာတဲ့ မိုးတွေထဲ
တကိုယ်လုံးလည်း ရွှဲရွှဲစို
မတ်တပ်ရပ်လို့ လမ်းမှာ မငိုမိပေမဲ့
မိုးသည်းသည်းအောက်မှာ
လမ်းစ ပျောက်ခဲ့ရပြန်ပြီလေ။
မေ …
နေခဲ့ပေတော့ …
အဆုံးသတ်မှာ
အမုန်းအတွက်ဖြစ်ဖြစ်
အရှုံးဆက်နစ်နစ်
ပြုံးလျက်သာ လမ်းခွဲရစ်ပါရစေ
သုံးဆယ့်တစ် …မေ … ။
***
မေဓာဝီ
၃၁၊ မေ၊ ၂၀၀၇
ည ၈ နာရီ ၃၀ မိနစ်
အရှုံးအတွက် ဖြစ်လေသလား
အမုန်းအတွက် ဖြစ်နေသလား
အဆုံးသတ်ရစ်ပေတော့ …မေ … ။
အစကတည်းက
မကောင်းခဲ့တဲ့ဘဝ
အနှောင်းကျမှ သေချာချင်နေလို့
ရဦးမတဲ့လား … ။
ဘ၀ဆုံးခါမှ
အပူလုံးတကြွကြွ
ယူကျုံးမရဖြစ်လိုဖြစ်
နောင်တနွံထဲ နစ်လိုနစ်
ကဲ …
ဖြစ်ချင်ရာဖြစ် … ဆိုပြီး
လေနှင်ရာခရီး
တကိုယ်တည်း သွားခဲ့ခိုက်
လိုက်လို့ရွာတဲ့ မိုးတွေထဲ
တကိုယ်လုံးလည်း ရွှဲရွှဲစို
မတ်တပ်ရပ်လို့ လမ်းမှာ မငိုမိပေမဲ့
မိုးသည်းသည်းအောက်မှာ
လမ်းစ ပျောက်ခဲ့ရပြန်ပြီလေ။
မေ …
နေခဲ့ပေတော့ …
အဆုံးသတ်မှာ
အမုန်းအတွက်ဖြစ်ဖြစ်
အရှုံးဆက်နစ်နစ်
ပြုံးလျက်သာ လမ်းခွဲရစ်ပါရစေ
သုံးဆယ့်တစ် …မေ … ။
***
မေဓာဝီ
၃၁၊ မေ၊ ၂၀၀၇
ည ၈ နာရီ ၃၀ မိနစ်
(သရုပ်ဖော်ပုံကလေးကို “ဒီနေရာ” က ယူသုံးထားမိပါတယ်။)
5 comments:
အလုပ်က ပြန်ရောက်ရောက်ခြင်းမှာ ဒီကဗျာကို ဖတ်လိုက်ရတယ်။ ကျနော့် စိတ်ထဲမှာ နင့်သွားတယ်။ မေရဲ့ နိဂုံးမဟုတ်ပါဘူး။ မေလရဲ့ နှစ်တခုအတွက် အဆုံးသတ်ပါ။ ဒါပေမယ့် မေက မဆုံးသေးပါဘူး။ နောက်နှစ်ပေါင်းများစွာမှာ မေက ထာဝရ ရှင်သန်နေမှာပါ။ ……………………………………………..
……………..။
0ုတ် ဒယ်.. 0ုတ် ဒယ်.. ကိုစေးထူး ပြောဒါ... :D
ရေတွေညစ်ပတ်တာကတော့ မပြောပါနဲ့တော့... တော့တော့ကို စိတ်ပျက်ဖို့ကောင်းတာ..
tzm
ကဗျာလေးက စိတ်ညစ်သံပါပေမဲ့ လှတယ်။
ဒါမဲ့..မေလကုန်ပေမဲ့ မိုးမကုန်သေးပါဘူး..ညီမလေးရယ်..
လောကကို အေးမြစေမယ့် မိုးတွေ လာဦးမှာပါ..
ဇွန်မိုးအေးတွေအတွက် ကြိုတဲ့ကဗျာရေးပါဦး..
ဇွန်မိုးတွေထဲမှာ အန်တီစုကို မွေးခဲ့တယ်..
ချီဂွေးဗရားကို မွေးခဲ့တယ်..
ဒေါ်နယ်ထရမ့်ကိုမွေးခဲ့တယ်..
မေငြိမ်းကို မွေးခဲ့တယ်..(ဟဲဟဲ)
(ကိုယ်ကသာ ဘာမှ မဟုတ်တာ..
အမက ချီ ရယ်.. ထရမ့်ရယ်နဲ့ မွေးနေ့တူတော့..သိလား)
ဒီတော့ အေးမြမယ့် ဇွန်မိုးတွေအကြောင်းရေးပေးဦးနော်..ဟုတ်လား..
ချစ်တဲ့-အမ
မမေ...
ဧပရယ်ပြီးရင် မေ ဆိုတာ ရောက်လာစမြဲပါ...
ဒီနှစ်မှာ မေ၏ နိဂုံး ၃၁ က နောက်နှစ် မေ၏ နိဒါန်း ၁ ရက်နေ့အတွက်လေ...
:D ပြတ်ကရောပဲ၊ စ ရုံ ရှိသေး၊ ဆုံး သွားပြီ။ :D ညစ်နေတယ်ဆိုလို့ စ တာပါ ခင်ဗျာ။ မမေဓာဝီရေ… ဆရာမ ပြောသလို ကဗျာလေးက လှပါပေတယ်ဗျာ။ ဒီလိုပေါ့ဗျာ… စိတ်ဆိုတာ နိမ့်တခါ မြင့်တလှည့်ပေါ့။
Post a Comment