ကောင်းကင်က အနီရောင်
မြေပြင်မှာ မှောင်လို့
သန်းခေါင်ကျော်တဲ့ညက
အလင်းမဲ့။
အကာလ … လမိုက်ညတဲ့ …
မိုက်မဲလိုက်တဲ့ လတစင်း
နေမင်းကို အန်တုလို့များ ..
ဒဏ်ခတ် ခံရလေရော့သလား …။
လမင်းရေ …
မိုက်လို့မလင်းလည်း ရှိပါစေတော့
သူ့ကြမ္မာနဲ့သူပေါ့ … ။
ကဲပါလေ …
ဝန်းကျင် အလင်းရောင်ရစေဖို့
မီးအိမ်ကလေးကို အတူထွန်းညှိစို့လား …
ကြိုးစားကြရအောင် …
ဒီလိုနဲ့ …
အလင်းလေး မသဲ့တသဲ့
ခပ်ယဲ့ယဲ့ ဖြာနေဆဲ
လေအထန် မိုးအသည်း
မီးအိမ်လေး ဖြတ်ခနဲကွဲ …
… … … …
… … … …
… … … …
သေချာပါတယ် …
အပိုင်းပိုင်း အစိတ်စိတ်
ကွဲကြေသွားခဲ့ပြီ
ပြန်ဆက်မရတော့တဲ့ အရာတွေ
တစစီ .. တစစီ။
***
မေဓာဝီ
8th May, 07
00:30 am
Subscribe to:
Post Comments (Atom)
5 comments:
ဒီကဗျာလေး ကောင်းတယ် အစ်မး)
အင်းးး
လူ နဲ့ ပ ရစ် ဒါ ကွာ တာ ဘဲ
ချစ် သူ ငယ် ချင်း ရယ် က
ငို လိုက် ဘို့  အ ဆို တင်
ဒီ လော ကီ ဘုံ အ နှမ်း မှာ လ
လော က ဓံ သူ မွှေ တိုင်း
သူ ငယ် ချင်း ရေ
ငို ရ ရင် ဖြင့်  ငို ချင်း ရှည်
ရံ တ ခါ
အား လုံး မေ့  လို့  ရယ်
ဖေါ် သ ဟာ နဲ့  ပျော် ရွှင် စွာ
နေ ပါ ဦး လို့ 
တိုက် တွန်း ပါ ရ
မီးအိမ်တွေ တလုံးပြီး တလုံးကွဲနေတယ် မမေရယ်။
ကဗျာလေးကအရမ်းကောင်းတာပဲ...
အဲ့ဒီထက်ပိုမပြောတတ်တော့ဘူး...တစ်ခုခုပြောလိုက်ရင်လေးနက်တဲ့အဓိပ္ပါယ်တွေပေါ့ပျက်သွားမှာစိုးလို့လေ..
သိမ်းထားပြီးသူငယ်ချင်းတွေကိုဝေငှမယ်နော်..
Post a Comment