ဒီနေ့မနက် မိုးလေကင်းစင်ပြီး ရာသီဥတုသာယာတာနဲ့ မနက် ၆ နာရီခွဲသာသာလောက်မှာ မှော်ဘီမြို့နယ် ၀ါးနက်ချောင်းကျေးရွာစု အပိုင် ပန်းတပွင့်တောင် ဘုရားဆီ သွားဖို့ ကျမတို့ မိသားတစု အိမ်ကထွက်ခဲ့ကြပါတယ်။ ပန်းတပွင့်တောင်ဆိုတာ မှော်ဘီမြို့အ၀င်ကနေ လေထီးတပ်ဘက်ကိုသွားတဲ့ လမ်းခွဲအတိုင်း တော်တော်လေး ၀င်ရပါတယ်။ သားငါးးယူလို့မရဘူး သက်သတ်လွတ်ပဲ စားလို့ရတာကြောင့် မနက်ကတည်းက ကောက်ညှင်းပေါင်း နဲ့ နှမ်းထောင်း၊ ပဲပြုတ်နဲ့ အကြော်၊ မြေပဲကြော်၊ ပဲပုတ်ကြော်စတဲ့ စားသောက်စရာတွေ သယ်သွားကြတယ်။
မိုးရာသီပေမယ့် မိုးသိပ်မကြီးသေးတဲ့ အချိန်မို့ လမ်းက သာပါတယ်။ မိုးသိပ်ကြီးရင် လမ်းတွေပျက်ပြီး ကားသေး သွားမရဘူး။ သူက ဖူးကြီးရေလှောင်တမံ အနားမှာပါ။

ဒါက ပန်းတပွင့်တောင် ဘုရားကို တက်ရမယ့် အ၀င် မုခ်ဦးပေါ့။

ဆရာတော်ရဲ့ စံကျောင်းပါ။ ဆရာတော်ကို လှူဖွယ်ဝတ္ထုတွေနဲ့ ဦးခိုက်ကန်တော့ပြီး တောင်ပေါ်က ဘုရားဆီ တက်ခဲ့ကြတယ်။
အခုတော့ ဒီဘုရားက ထီးတင်ပြီးပါပြီ။ ဒီပုံက ထီးတော် မတင်ခင်က ရိုက်ထားတဲ့ပုံ။
တောင်တိုင်းမှာ ခုလို စေတီတဆူစီ ရှိပါတယ်။
တောင်တက်လမ်းက အဲဒီလို မြေလမ်း။ တောင်တက်လမ်းမှာ ကားက ပြန်လျှောကျလို့ လူတ၀က်ဆင်းပြီး လမ်းလျှောက်တက်ရတယ်။

တောင်ပေါ်ကဘုရားတွေအတွက် ပြင်ဆင်နေကြပုံပါ။

ဟိုဘက်တောင်ပေါ်က နဂါးရုံဘုရားကို ပန်းတပွင့်တောင်ပေါ်ကနေ လှမ်းမြင်ရတဲ့ပုံ။

နဂါးရုံဘုရား ပကတိမြင်ကွင်း။ ဒီတခေါက်တော့ ကားနဲ့ တောင်ပေါ်ကို တက်လို့မရခဲ့ဘူး။ လမ်းတ၀က်မှာ ကားက သစ်ငုတ်နဲ့ငြိပြီး ပြန်ဆင်းမရလို့ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ရသေးတယ်။

တောင်ပေါ်က စေတီရဲ့ မုခ်လေးမုခ်မှာ ကျမတို့ လှူထားတဲ့ ကျောက်ဆင်းတု ရုပ်ပွားတော်။

ပန်းတပွင့်တောင် ဆရာတော်က အနီးအနားရွာက ကလေးတွေကို အခမဲ့ပညာ သင်ကြားပေးပါတယ်။ ခုကတည်းက ကျောင်းဖွင့်နေပြီ။ စာအံသံတွေ ဝေေ၀ဆာဆာနဲ့။ ဒီနှစ် ကျောင်းသူ ကျောင်းသား ၇၀၀ကျော် ရှိမယ်လို့ ဆရာတော်မိန့်ကြားခဲ့တယ်။
မုခ်လေးမုခ်က ရုပ်ပွားတော်တွေကို ပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ရေချမ်းကပ်၊ လမ်းက၀ယ်လာတဲ့ ပန်းတွေနဲ့ ဖယောင်းတိုင် အမွှေးတိုင်တွေ ကပ်လှူပူဇော်ပြီး ကျမတို့လည်း ဘုရားရှိခိုး ခဏတဖြုတ် နားနားနေနေ နေပြီးနောက် ပြန်လာခဲ့ကြပါတယ်။
***
ပြန်ရောက်ရောက်ချင်း နားတောင် မနားဘဲ ဘလော့မှာ အမြန်လာတင်လိုက်တာပါ။ ဒီကနေ့ ပြုခဲ့တဲ့ ကုသိုလ် ကောင်းမှု အဖို့ဘာဂကို ကျမဘလော့ဖတ်သူ အပေါင်းအား အမျှပေးဝေပါတယ်ရှင်။
***
မေဓာဝီ
၂၉၊ မေ၊ ၂၀၀၇
နေ့လည် ၁ နာရီ ၃၀
11 comments:
ma may,
thar du, thar du, thar du
မမေရေ...
သာဓုလည်း ခေါ်တယ်...
ပုံတွေ ကြည့်ပြီး ရောက်ဖူးချင်စိတ်လည်း တဖွားဖွားပေါ်တယ်...
ကြုံရင် လိုက်ပို့ပေးမလား...
ပန်းတပွင့်တောင်တဲ့လား။ နာမည်က ဆန်းတယ်နော်။ အလှူရေစက် လက်နဲ့မကွာ ၀မ်းသာကြည်နူးရပါတယ်ဗျာ။
hello mamaydarwi
i call THARDU 3 times. ijust know another monastic school for poor childern.by the way, why people can not eat " MEAT ' there? if u dont' mine
thanks
jimmy
မမေ မှော်ဘီသွားတာ ရေးစရာ တခုရလာတယ်ပေါ့..။ :)
ကျနော်တခု စဉ်းစားမိတယ်။ ဟိုးတခါလည်း ဂျစ်တူးက သူမြန်မာပြည်မှာ ခရီးသွားရတော့ ပုံလေးတွေနဲ့ အတူ ဆောင်းပါးရေးတယ်။ အခု မမေလဲ မှော်ဘီရောက်တဲ့အခိုက် ပုံလေးတွေနဲ့ စာတွဲတင်တယ်။ တခြားသော တချို့တွေလဲ တင်တာ တွေ့မိတယ်။ အဲလိုပဲ တခြားသော ကျနော်တို့ ဘလော့ဂါမိတ်ဆွေများလည်း (ကင်မရာပါခဲ့တဲ့အခိုက်ပေါ့) ရောက်တဲ့ အရပ်မှာ ပုံလေးတွေနဲ့ မှတ်တမ်းတင်လို့ ပို့စ်လေးတွေ တင်ပေးရင် ဘလော့ဂ်တွေ လိုက်လည်တာက ကမ္ဘာအနှံ့က ပုံလေးတွေနဲ့ အဲဒီကို ရောက်နေကြသူတွေရဲ့ ကိုယ်စီအတွေးခံစားချက်တွေကို သူတို့နဲ့အတူတူ ခံစားမှာပဲ ဆိုတဲ့ စဉ်းစားချက်ပါ။
မမေရဲ့ ကုသိုလ်အဖို့ဘာဂကို သာဓုခေါ်ပါတယ်။
thanks for this post.
သာဓု.. သာဓု.. သာဓု.. ပါခင်ဗျာ..
အစ်မရေ..၊ဘုန်းဘုန်း အရှင်ဆေကိန္ဒ ရဲ့ ဓမ္မဒူတကျောင်း နဲ့ များ နီး မ လား လို့ မေး ချင် လို့ ပါ..။
ကွန်မန့်တွေအတွက် ကျေးဇူးပါ။
ညီမလေး sowha1 … သွားချင်ရင် မမေ လိုက်ပို့ပေးပါမယ်။
ghost07 .. သက်သတ်လွတ်စားခြင်းဖြင့် အဲဒီဒေသတ၀ိုက်က သတ္တ၀ါတွေကို ဇီဝိတဒါန ပြုရာ ရောက်ပါတယ်။ ပြီးတော့ ဆရာတော်အနေနဲ့ သတ္တ၀ါတွေကို မေတ္တာပွားနေတာမို့ သူကိုယ်တိုင်နဲ့တကွ ကျောင်းကို လာရောက်သူ၊ နေထိုင်သူ အားလုံး သက်သတ်လွတ်စားစေတာ လို့ ကျမကတော့ ထင်တာပါပဲ။
AZURE … အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတကျောင်းက နေဆက်ဝင်သွားရပါသေးတယ်။ နာရီဝက်လောက် ဆက်သွားရမယ် မှတ်တယ်။ ပန်းတပွင့်တောင်က အတွင်းပိုင်း တော်တော်ကျပါတယ်။ အရင်က အဲဒီနေရာမှာ စစ်သားတွေ လက်နက်နဲ့လေ့ကျင့်တဲ့ နေရာလို့ ဆရာတော် အမိန့်ရှိခဲ့ဖူးတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
သာဓုလဲ ခေါ်ပါတယ် မေးထားတဲ့ ကွန့်မန့် တွေကို ဖြေပေးထားတာလဲ ကျေးဇူးတင်ပါတယ်။
လာလည်ဖြစ်ပေမဲ့ ဆီဗုံးမရှိတော့ ခုမှပဲ ကွန့် မန့် ထဲ ၀င်ရေးဖြစ်တာပါ။
ဒီနေ့ ၁၆.၉.၂၀၁၃ ဆရာတော်ကိုဖူးမြော်ရမယ်တဲ့။ဝမ်းသာလိုက်တာ။ဆရာတော်က ရေနီ ကြွမှာပါ။ရွေကြာပင် ရပ်ကွက်ထဲကအစ်ကိုတစ်ယောက် အိမ်မှာ နေ့ဆွမ်းဘုန်းပေးမယ်ဆိုလို့သွားဖူးမှာပါ။
Post a Comment