Friday, April 16, 2010

ကွဲကြေသွားတဲ့ ကြေကွဲသင်္ကြန်

မွှေးလို့မှ မဝ
လှလို့မှ မဆုံးခင်
ပျက်သုဉ်းခဲ့ရတဲ့ ပိတောက်တွေရယ် …
... … … … … … …
... … … … … … …
... … … … … … …

ပျော်လို့မှ မဆုံး
ပြုံးလို့မှ မ၀ခင်
နေ၀င်သွားရတဲ့ ဘ၀တွေရယ် …
... … … … … … …
... … … … … … …
... … … … … … …

မျက်ရည်စတွေရောယှက်
သင်္ကြန်ကတော့ နှုတ်ဆက်သွားခဲ့ပြီ …
ဒီနှစ်ကူးမှာ …
တေးသံတွေလဲ မသာတော့ဘူး …
ပိတောက်တွေလဲ မ၀ါတော့ဘူး … တဲ့ …
ငှက်ကလေးတွေတောင် နှုတ်ဆိတ်လို့
တိတ်တိတ်ကလေး ပူဆွေးနေကြတယ်… ။

ဒီနှစ်ဆန်းမှာ …
ရွှင်လန်းကြစေသားလို့
ဘယ်နှလုံးသားနဲ့ ဆုတောင်းရမလဲ …
မတည်မြဲခြင်းတွေအတွက်
ကြေကွဲခြင်းများသာ ကြွင်းကျန်ရစ် …
မင်္ဂလာနှစ်သစ် …
မင်္ဂလာနှစ်သစ် …
မင်္ဂလာနှစ်သစ် ….
... … … … … … …
... … … … … … …
... … … … … … …
အမှန်စင်စစ် …
ဖြစ် …. ရ …. ပါ …. လို …. ၏ …. ။
***
မေဓာဝီ
၁၆ ဧပြီ၊ ၂၀၁၀
မဟာသင်္ကြန်အတက်နေ့
၁၅း၁၄ နာရီ။

စောင့်လေမျိုးနွယ်

14 comments:

ကိုအောင် said...

တကယ့်ကို ကြေကွဲစရာပါ။

Anonymous said...

အမရယ်..ဟုတ်တယ်...
ဖတ်ရင်းနဲ့ကြေကွဲ...
ဘယ်လိုအင်အားနဲ့ နှစ်သစ်ကိုကြိုရမလဲ...
ဆွံအသွားတဲ့ နုတ်အစုံနဲ့..
မြန်မာနှစ်သစ်ကို....နှစ်သစ်ကို..ဆုတောင်းးးးးတောင်းး



ညီမ

သက်ဝေ said...

တကယ်ကို စိတ်ထိခိုက်မိတယ်...
မင်္ဂလာ နှစ်သစ် အမှန် စင်စစ် ဖြစ်ရပါလို၏ လို့ ညီမနဲ့ ထပ်တူ ဆုတောင်းပါတယ်...

ဏီလင်းညို said...

မမေရယ်....
ဟုတ်တယ်ဗျာ....။
ကြားရတာ ရင်ထဲမကောင်းတာတော့အမှန်ပါပဲ...။
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်ဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

ဧပရယ်လ်ပူး@ပူးတေ said...

ဟုတ်ပါတယ်မမရေ ဖတ်ရင်းနဲ့ ဝမ်းနည်းမိပါတယ်။ အပြင်လူတွေတောင် ဒီလောက်ဝမ်းနည်းနေရင် မိသားစုတွေဆို ဘယ်လောက်များနေမလဲနော်... သင်္ကြန်က နှစ်တိုင်းကို ခြောက်လှန့်နေတော့မှာပါပဲ....

စုချစ် said...

မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

SHWE ZIN U said...

မမေဓါဝီ ရဲ့ ကဗျာလေး က ကျေကွဲစရာ ကောင်းလိုက်တာ...

ဒါတွေရှိသမျှတော့ အမြဲတန်း ဒီလိုဘဲ ဖြစ်နေမယ်ထင်တယ်...

ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာ

ရွှေစင်

sosegado said...

ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ။

Unknown said...

မေရေ
ကဗျာလေးက အရမ်းအသက်ဝင်လွန်းလို့ facebook မှာတင်လိုက်မယ်နော်

ညလင်းအိမ် said...

ကဗျာလေးက အသက်ဝင်လွန်းတော့ စိတ်ထဲ ပိုမကောင်းဖြစ်သွားတယ် ...

ကိုလူထွေး said...

ပိတောက်ဝါဝါတွေကို သွေးစွန်းစေခဲ့ပြန်ပြီကိုး...

Anonymous said...

လာဆုတောင်းတာတောင်နောက်ကျနေပြီ တီတီရေ့။

နှစ်သစ်မင်္ဂလာပါ။ စိတ်ချမ်းမြေ့ပါစေ။

မေ့သမီး said...

မမရေ
ကွဲကြေသွားတဲ့ သင်္ကြန်အတွက်စိတ်မကောင်း ဖြစ်ရပါတယ်။ ဘယ်လိုလူစားမျိုးတွေပဲ ဆုံးပါးသွားတာ ဖြစ်ဖြစ် ကျေနပ်သင့်တဲ့ကိစ္စမှမဟုတ်တာ။

နောက်ကျနေပေမယ့် မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အားလုံးအဆင်ပြေပါစေ။

kiki said...

ရက်စက်သူတွေ ရှိနေသမျှ ကြေကွဲစရာတွေ ရှိနေအုံးမှာပါပဲ မမေဓာဝီ ရေ ....

မတောင်းတဲ့ ဆုတွေပဲ လာ လာ ပြည့်နေတတ်ကြတဲ့ ကိုယ့်လူမျိုး တွေ အတွက် ဘယ်လိုဆုမျိုး တောင်းရမလည်း လို့တောင် မသိတော့ လို့ ....