Saturday, May 26, 2007

ခေါင်းစဉ် မရှိတဲ့ ကဗျာ

…. …. ……
***
မျှော်လင့်ချက် …
ပျက်ပြီလား ?????

ကြားရတဲ့သတင်း
နားသာပင်းလိုက်ချင်ပါရဲ့ …
တကယ့်ကို ဆိုးဝါး
ရိုးသားသူကိုမှ အပြစ်ပေး
ညစ်ထေးသူတွေက အနိုင်ယူ
မပြိုင်သူကို ဖိနင်း …
ဒင်း တို့တတွေ …
…. ….. …...

အားလုံးရဲ့ ရင်ထဲ
ကြေကွဲနေကြပြီ
ဖြေဆည်လို့မရ
ဒေါသတွေထွက်လိုထွက်
တက်ခေါက်လိုခေါက်
“ … …. …. ”

နောက်ဆုံးမှာတော့
သက်ပြင်းကိုအသာချ
ဘ၀ဆိုတာ ဒီလိုပဲလား …
ပြုသူများက အသစ် …
ဖြစ်သူများက အဟောင်းတဲ့ …
မကောင်းခြင်းတွေ ကင်းစေဖို့
ငါတို့ ဆုတောင်းကြပါစို့လား …

အားလုံး ရင်ထဲကဆုတောင်း …
ကောင်းတဲ့အမှု ပြုသူများအတွက်
တောင်းတဲ့ဆု ပြည့်ပါစေသား … ။
တောက်ပတဲ့ ကြယ်တစင်း
ထာဝစဉ် လင်းလက်စေသား … ။
အေးမြတဲ့ လတမင်း
ကမ္ဘာကို ထွန်းလင်းစေသား … ။
ငြိမ်းချမ်းရေး နတ်သမီး
အပူမီးများ ဝေးစေသား … ။
.… .… …. …. ….
.… .… …. …. ….
.… .… …. …. ….
***
စိတ်ထဲမှာ ခံစားမှုတွေ ရောထွေးနေလို့ ညက စာလည်း မရေးနိုင်ခဲ့ဘူး၊
မနက်မိုးလင်းမှ ဒီ ခပ်ချာချာ ကဗျာလေးတပုဒ်ကိုပဲ ရင်နာနာနဲ့ ရေးဖွဲ့လိုက်ပါတယ်။
ခေါင်းစဉ်လည်း မတပ်ချင် … အဆုံးလည်း မသတ်ချင် …
.… .… …. …. ….
.… .… …. …. ….
.… .… …. …. ….

၂၆၊ မေ၊ ၂၀၀၇
နံနက် ၉ နာရီ ၂၅

9 comments:

Anonymous said...

ရင်ထဲက ခံစားချက်ကို ဘယ်လို ပြောပြရမှန်း မသိတော့ဘူး...
ကိုကြီးကလိုစေးထူး စကားကို ယူသုံးရရင် စကားလုံးမဲ့ ၀မ်းနည်းနေမိတယ်လို့ပဲ...

Anonymous said...

mamay,
..............
............
..............
.................
with love,
hana

Anonymous said...

မမေ
တစ်ခါမှ ၀င်မရေးဖူးပါဘူး။ အခုတော့
တနေ့လုံးတင်းထားခဲ့တဲ့ စိတ် မမေ ကဗျာကိုဖတ်ပြီး အရည်ပျော်သွားခဲ့တယ်။
အခုတော့ ငိုရပြန်ပြီ။ ပျော့ညံ့တယ်ပြောပြော၊ မျက်ရည်လွယ်တယ်ဆိုဆို ဖြစ်နိုင်ရင် မျက်ရည်မကျချင်တာတော့ အမှန်ပါ။

ကလိုစေးထူး said...

ကျနော်လဲ အတူတူပဲဗျာ။ အဲဒီ သတင်းကိုကြားရတော့ စိတ်ထဲမှာ ဘာမှ မပြောချင်လောက်အောင်ကို ဟာသွားတယ်။ ခံပြင်းစိတ်တွေ၊ မကျေနပ်စိတ်တွေနဲ့ ပြည့်နေတော့ နဂိုက ရေးမယ်လို့ စဉ်းစားထားတဲ့ တခြားအကြောင်းအရာတွေတောင် ဘယ်လိုမှ ရေးလို့မရတော့ဘူး။ ဒီကြားထဲ တီးရှော့ဖိုရမ်ကို ရောက်သွားမိတော့ အန်တီစုကို စော်ကားထားကြတာကို တွေ့တော့ အသားတောင် တုန်တယ်။ နောက်ဆုံးတော့ သူတို့တွေဟာ မိမိလက်ရှိရနေတဲ့ အခွင့်အရေး လက်တဆုပ်စာလေးကို လက်လွတ်ရမှာကို စိုးရိမ်နေတဲ့ အတ္တစိတ် တခုတည်းနဲ့ လူတယောက်မှာ ရှိသင့်ရှိအပ်တဲ့ လူစိတ်တွေပျောက်ကုန်ပါလားလို့ပဲ စိတ်မသက်မသာ တွေးလိုက်မိတော့တယ်

Hteink Min said...

မမေ ဟုတ်တယ်ဗျို့ ကျွန်တော်လည်း ဘာပြောရမှန်းကို မသိတာ. လောကကြီးကိုပဲ အပြစ်တင်ချင်ပါတော့တယ်ဗျာ.. လူမဆန်တဲ့ လုပ်ရပ်တွေ ဘာလို့ ဆက်လုပ်နေကြတာလဲဗျာ

Naung Lay said...

Ya.. Stupid Junta.

Anonymous said...

အမှန်ပဲ မမေရေ... ကဗျာရှည်ကြီး မပြီးဆုံးသေးပါ၊ ပြီးတဲ့ အချိန်က လာတော့ လာပါလိမ့်မယ်။ ဒါပေမယ့် ရက်ချိန်းကတော့ ပေးလို့ မဖြစ်ဘူး ထင်ပါတယ်။

Anonymous said...

တစ်ခါမရေးဘူးလို့စမ်းတာ
ရရင်ပြောပါ

Anonymous said...

ညီညွတ်ရေးနြဲိ့ငမ်းရေးနေ့ကို ဖတ်ဖြစ်ပါတယ်။
ငါက ပညာနဲပီး ဗဟုသုတတွေ များများလိုချင်နေတော့
နင့်စာတွေက ငါ့အတွက် ဗဟုသုတများများ ရတာပေါ့ဟာ
နိုင်ငံရေးလို စာမျုးတွေ ငါမဖတ်ပေမဲ့ ခုလို စာမျိုးလေးတွေ များများ ရေးစမ်းပါဟာ..ငါလဲ ဖတ်ပီး သူများတွေကို ပြန်ပီး ဖျောက်သည်ပေးချင်လို့ပါ(သူများတွေဆိုတာ ငါ့လို ပညာနဲသောသူများကို ဆိုလိုသည်။)