Sunday, May 14, 2017

အမေ …



အမေက ကောင်းကင်
ဖြစ်လိုက်ချင် ကြယ်တစင်း
မေ့ကောင်းကင် ရင်ခွင်ထဲမှာ...
အမြဲသာ လင်း။
.
အမေက သစ်ပင်
ဖြစ်နေချင် ငှက်ကလေး
သစ်ပင်ပျို ရွက်ကြိုကြားမှာ
ခိုနားချင်သေး။
.
အမေက မြစ်ပြင်ကျယ်
ဖြစ်ချင်တယ် ဗေဒါပန်း
မြစ်ရေမှာ စုန်ကာမျော
မမောတဲ့ လမ်း။
.
အမေက မြင်းမိုရ်တောင်
နှိုင်းယှဉ်တောင်မရ
ကျေးဇူးစုံ ဂုဏ်ပြည့်လွှမ်း
ဖြည့်စွမ်းနိုင်ပ။
***
 
မေဓာဝီ
၁၄ မေ ၂၀၁၇
၁၇း၅၅ နာရီ

No comments: