Saturday, June 16, 2007

မွန်းကျပ်တဲ့ည ... (၁)


မွန်းကျပ်တဲ့ည

အမြင်အာရုံတွေ ဖောက်ပြား
ရုတ်တရက် …
အမှောင်ကျသွားတယ် … ။
အကြားအာရုံတွေေ၀၀ါး
အသံတွေအားလုံး
တိတ်ဆိတ်သွားတယ် … ။
တစုံတရာ လာထိသလား …
အသိတရားပျောက်ကွယ်
နှလုံးသားမှာ ထုံနေတယ် … ။
အသက်ရှူလို့မရ
မွန်းကျပ်လှချေရဲ့ …
အိုဘယ့် … မိုးညလယ် … ။
ကဲ … ကွယ် …
နောက်ဆုံးရွေးချယ်ခွင့်
လမ်းဖွင့်ပေးထားမယ် …
သေချာစွာ ဆုံးဖြတ် …
နှုတ်ဆက်လိုက-ဆက် …
လက်ပြလိုက-ပြ …
မင်းရဲ့ သဘောကျပါပဲကွယ် … ။ … ။
***
၂၇၊ မေ၊ ၂၀၀၇
(ညဥ့်ဦးယံ)
***
အဲဒီညကပေါ့ … ။
ဆုတောင်းတခု ရခဲ့တယ်။
“အကောင်းဆုံးတွေက သင့်အတွက် ဖြစ်ပါစေ” တဲ့ … ။
“ဖြစ်သမျှကို အကောင်းစိတ်နဲ့ ခံယူနိုင်အောင် ကြိုးစားပါမယ်” … လို့ ….
ပြန်ပြီး ပြောခဲ့မိတယ်။
အကောင်းဆုံးက ကိုယ်နဲ့ တန်လို့လား။
အကောင်းဆုံးကိုလည်း မလိုချင် …
အကောင်းဆုံးကိုလည်း မမက်မော …
ကိုယ်နဲ့ ထိုက်တန်သလောက် …
ကိုယ်ရပိုင်ခွင့်ရှိသလောက်သာ
ရမှာပဲမဟုတ်လား … ။
***
မေဓာဝီ
(အဲဒီည - သန်းခေါင်ယံ)
သရုပ်ဖော်ပုံကို “ဒီနေရာမှ” ယူထားပါတယ်။

6 comments:

မေငြိမ်း said...

ဟုတ်ပ မေရေ..
မွန်းကျပ်စရာ အကောင်းဆုံးက
အဲလို မတင်မကျအခြေအနေမှာပဲ။
ခု အမတို့ နိုင်ငံလိုပဲပေါ့။

Hteink Min said...

ဟုတ်တယ်မမေရေ. ကိုယ်တွေမွန်းကျပ်နေသလိုပဲ.. သူတို့လည်း မွန်းကျပ်နေကြပါပြီ.. ကြည့်ကြသေးတာပေါ့..ဘယ်သူကြာကြာ မွန်းကျပ်ခံနိုင်သလဲ ဆိုတာ..

ဆရာမ ဦးသွားပြီ.. မဆိုးဝှတ် လာသေးဘူး..၀ါးကားကား.. မမဆိုးဝှတ်ရေ.. တတ်တာဗျာ .. နောက်ကနေ အမှီ ပြေးလိုက်ခဲ့ပေတော့..ဟဲ..ဦးတုန်းလေး ပြောထားဦးမှး)

Anonymous said...

မမေ.. ညီမကြိုက်တဲ့ ညကို ရေးထားတဲ့ ညအကြောင်းကဗျာလေး သိပ်ကြိုက်သွားပြီး)

s0wha1 said...

နေ့လည်က အိပ်နေတာနဲ့ ကွန်မန့်မှာ ဘိတ်ဆုံးဖြစ်နေပြီ...ကဗျာနဲ့ ပတ်သက်လို့တော့ ဘာမှ ပြောတော့ပါဘူး...ပြောစရာမလိုအောင် ကြိုက်ပြီးသားဆိုတာ သိတယ်ဟုတ်...:P

pandora said...

အာ.. တကယ်မွန်းကျပ်သွားတယ် ဖတ်ရတာ.. မမေဆိုးတယ်။

Anonymous said...

မမေ.. စာပေအိုးတွက် ယူသွားတယ်နော်း)