Tuesday, May 15, 2007

အပိန် အပဲ့ ...နောက်ဆက်တွဲ

PISI said...
ငယ်ငယ်လေး ကတည်းက ကျွန်တော့အဖေ့ ကသေသေခြာခြာ ကွဲပြားအောင် စလုံး နဲ့ ဆလိမ် အသံကို ထွက်ပြပြီး အသံထွက်ပြင်ပေးပါတယ်..ကျွန်တော်ကိုယ်တိုင်က အဖေ့အသံကိုကွဲပြားအောင် နားမထောင်နိုင်ဘူး.. အကြိမ်ကြိမ် ကြိုးစားကြည့်ပါတယ်...အခုထက်ထိ ပါပဲ .. ဘယ်သူ့ကိုသွားမေး သူတို့ရဲ့အသံကို အတူတူသာကြားပါတယ်.. နောက်ဆုံးကောက်ချက်ချလိုက်ရတာကတော့ ကွဲပြားအောင်နားမထောင်နိုင်လို့ ပြန်ပြောတဲ့အခါမှာလည်းကွဲပြားအောင် မပြောနိုင်တာလို့ထင်ပါတယ်...ကျွန်တော့အထင်တော့ ကျွန်တော်တို့ဗမာစာလုံးတွေက ရှုပ်ပါတယ်.. စလုံးရှိနေရင်... ဘာလို့အသံထွက်တူတဲ့ ဆလိမ်ကို ရှုပ်အောင်ထည့်ပေးလိုက်ရတာလဲ..နကြီးရှိတယ် နငယ် ရှိတယ်၊ ဂကြီးရှိတယ် ဂငယ်ရှိတယ်၊ ဘာလို့ က ကြီး ရှိပြီး ကငယ် မရှိတာလဲ..ဘကို ကုန်းလို့တစ်မျိုး ဘကို အထက်ကချိုင့်လို့တဖုံ..ဒဒွေး(တွေး)နောက်ပြီး ဒအောက်ချိုင့်(ဓ)သရှိတယ်၊ သကြီး... (အက္ခရာ ၃၃ လုံးထဲမပါဘူး)ရ ကို ပဲ ကောက်လိုက်၊ ယကို ပက်လက်လုပ်လိုက်နဲ့ဇကွဲ ကို ဇမျင်(မြင်၊ မျဉ်း)ဇွဲ(ဆွဲ)... ဒါမှမဟုတ် စလုံး ရပင့်လား (သဝေထိုး စလုံး ရပင့် ဝေးစနှစ်လုံးပေါက် -ဈေး။ သဝေထိုး ဇမျဉ်ဇွဲ ဝေးစနှစ်လုံးပေါက် - ဈေး)ရှုပ်ကို ရှုပ်ပါတယ်.. လမ်းဂွေ့ရှ်တွေမှာ အရေးကြီးတာ က ဆိုလိုရင်းကို အဓိပါယ်ပေါ်လွင်အောင် ဖော်ပြနိုင်ရင် ပြီးတာပဲ..ဆင်ပလီဖိုင်းဖြစ်သင့်တယ်လို့ထင်တယ်..
5/14/2007 1:08 PM
***
PISI said...
အင်း...နောက်တစ်ခု စဉ်းစား မိလို့...စာတို့ စကားတို့ ဆိုတာက တဖြည်းဖြည်း နဲ့ အချိန်ကာလကြာရှည်စွာ ပြောင်းလဲဖြစ်ပေါ်လာကြတာပဲ... အင်းအခုကြမှ အတင်းအကျပ် မပြောင်းလဲနဲ့ ပြောင်းလဲရင်မှားတယ် ဆို .. စဉ်းစားစရာပါ...ဘယ်လောက်မြန်မြန် အများစုက လက်ခံနိုင်မယ်ဆိုတာတော့ ခေတ်ကာလ အခြေအနေပေါ်မှာမူတည် မယ်နဲ့တူတယ်..အများစု ကလက်ခံနိုင်သွားရင် တော့ မှန်သွားမယ်လို့ ယူဆပါတယ်..
5/14/2007 4:45 PM

***
ပိစိရဲ့ အထက်ပါ ကွန်မန့်ကို ဖတ်ပြီး .. ကျမ အီလည်လည် ဖြစ်သွားတယ်။
ဘာပြောလို့ ပြောရမှန်း မသိအောင် နှုတ်ဆွံ့သွားတယ်။ အဲ … မဟုတ်ဘူး … ဘာရေးလို့ ရေးရမှန်း မသိအောင် လက်တွန့်သွားတာ။ နောက်တော့ … အင်း …. ဟုတ်လည်း ဟုတ်ပါတယ် လို့သာ ကျမ ဖြေတွေးလိုက်တယ်။ ပိစိ စဉ်းစားလည်း စဉ်းစားချင်စရာပေါ့။ ဒီလို စဉ်းစားတာကို ကြိုဆိုပါတယ်။ (ဒါမှလည်း ရှင်းပြခွင့်ရမယ်လေ။)

ဒါတွေဟာ အကြောင်းမဲ့ ဖြစ်လာရတာတော့ မဟုတ်ပါဘူး ။ ကျမ လေ့လာမိသလောက် ပြောရမယ်ဆိုရင်
ထုံးစံအတိုင်း ရှည်ရှည်ဝေးဝေး ပြောမှ ဖြစ်မှာမို့ … ဖတ်သူများကို အားတော့နာပါရဲ့။ သို့ပေသိ တတ်နိုင်ဘူး။ ဖတ်ထားသည့်စာ မနေသာတော့လည်း ဟိုသည် ကိုးကားပြီး ရေးလိုက်ရပြန်ပြီပေါ့။
***
“ဝေါဟာရ အစ အသံက”
ဝေါဟာရစကား ဖြစ်လာပုံဟာ သဒ္ဒ လို့ ခေါ်တဲ့ “အသံ” ကြောင့်ပါတဲ့။
အသံဖြစ်ကြောင်း ၄-မျိုး ရှိပါတယ်။
စိတ်ကြောင့်ဖြစ်တဲ့ အသံ၊ ဥတုကြောင့်ဖြစ်တဲ့အသံ၊ စိတ်ရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့အသံ နဲ့ ဥတုရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့အသံ ရယ်လို့ ၄-မျိုးရှိတယ်။

ကျမတို့ နေ့စဉ် စကားပြော နေကြတဲ့ အသံဟာ စိတ်ကြောင့် ဖြစ်တဲ့ အသံပေါ့။ မိုးခြိမ်းသံ လေတိုက်သံ တို့ကတော့ ဥတုကြောင့်၊ စောင်းသံ, ပုလွေသံ စတာတွေကတော့ စိတ်ရဲ့ အထောက်အပံ့ကြောင့်ဖြစ်ပြီး လေတိုက်ခတ်လို့ သစ်ရွက်အချင်းချင်း ထိခတ် မြည်တဲ့အသံကတော့ ဥတုရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့ အသံတွေ အသီးသီး ဖြစ်ကြပါသတဲ့။

“အက္ခရာ ဆိုတာ …”
အဲဒီလို ဖြစ်လာတဲ့ အသံတွေ မပျောက်မပျက် တည်နေရအောင် ၀ါးပေါ်မှာ၊ ဖယောင်းပေါ်မှာ၊ သားရေပေါ်မှာ၊ ကြေးပြား ရွှေပြားတွေပေါ်မှာ၊ အုတ်ခွက်,ပေ, ပရပိုက် စတဲ့ ပစ္စည်းတွေပေါ်မှာ အမှတ်သညာ ရေးထိုး ထားကြပါတယ်။ ဒီအသံတွေကို ရေးထားတဲ့ သညာ အမှတ်အသားကိုပဲ အက္ခရာလို့ ခေါ်ခြင်းဖြစ်ပါတယ်။

အက္ခရာ ဆိုတာ “မကုန်ခမ်းနိုင်သော” .. လို့ အနက်အဓိပ္ပါယ်ရပါတယ်။ ဘယ်လို မကုန်ခမ်းနိုင်တာလဲ … ဆိုရင် ခုန ပြောခဲ့တဲ့ အသံတွေ စကားတွေ၊ လောကမှာ ရှိရှိသမျှ အရာဝတ္ထု အစုစုတွေကို ရေးမှတ်သော်လည်း မကုန်ခမ်း နိုင်ဘူးတဲ့။

“ဗျည်း နဲ့ သရ”
ဗျည်းကို သရနဲ့ ပေါင်းမှ အသံထွက်ပါတယ်။ က+အ = က့ ဆိုတဲ့ အသံထွက်တယ်။
က + အာ = ကာ .. စသဖြင့်ပါ။ ဗျည်းတခုတည်းရဲ့ အသံက တိုလွန်းလို့ မပီသပါဘူး။ မထင်ရှားဘူး။ ဒါကြောင့် သရနဲ့ တွဲရပါတယ်။

“က-ခ နှင့် အခြားဘာသာစကား”
ကကြီး-ခကွေး-ဂငယ်ဆိုပြီး (ကြီး၊ ကွေး၊ ငယ် လို့ ထည့်သွင်း) ရွတ်ဖတ်ခြင်းကတော့ မြန်မာဘာသာ မှာသာ ဖြစ်ပါတယ်။
ပါဠိမှာ … က၊ ခ၊ ဂ၊ ဃ၊ င လို့သာ ရွတ်ဖတ်ပြီး သီဟိုဠ်မှာတော့ ကယာန၊ ခယာန၊ ဂယာန လို့ရွတ်တယ်လို့ သိရတယ်။ တမိလ် ဘာသာမှာဆိုရင် ကနာ၊ ခနာ၊ ဂနာ .. တဲ့။ ဗင်္ဂါလီဘာသာမှာကတော့ ကော၊ ခေါ၊ ဂေါ .. လို့ ရွတ်ဖတ်ပြီး မွန်ဘာသာမှာတော့ ကဲ့၊ ခဲ့၊ ဂဲ့ စသည်ဖြင့် ရွတ်ဖတ်ကြပါသတဲ့။ ထိုင်းမှာတော့ ကောကိုင်၊ ခေါခိုင် လို့ ရွတ်ဖတ်တယ်လို့ ကိုသက်ဦးက ကွန်မန့်ထဲမှာပြောဖူးတယ်။

“က-ကြီး လို့ ဘာကြောင့်ခေါ်”
က-ကြီးလို့ ဘာလို့ ခေါ်ရတယ် ဆိုတာတွေကို “ကျမနှင့်ကကြီး ခကွေး ပို့စ်” မှာ ရေးခဲ့ပြီးပါပြီ။ အခု ထပ်ပြောပါဦးမယ်။ ဂငယ် နဲ့ ဃကြီးမှာ ငယ်ခြင်း ကြီးခြင်းဟာ အရွယ်အစားကို ပြောတာ ဖြစ်ပေမယ့် ကကြီးမှာတော့ အရွယ်အစားကြီးခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဦးဆုံးစာလုံး (ဦးဆောင်သူ)ဖြစ်တဲ့အတွက် “ကြီး” ဆိုတဲ့ ၀ိသေသန ထည့်ဆိုခြင်း ဖြစ်ပါသတဲ့။ ဥပမာ - ရပ်ကွက်ထဲမှာ အရာရာ ဦးဆောင်သူကို ရပ်ကွက်လူကြီး ခေါ်သလိုပေါ့။ ရပ်ကွက်လူကြီး ခေါ်တိုင်း အသက်/အရွယ် ကြီးချင်မှလည်း ကြီးမယ် မဟုတ်လား။

“အသံကို အက္ခရာဖြင့် သရုပ်ဖော်ခြင်း”
ဒီတော့ အစကို ပြန်ကောက်ရရင် … အမျိုးမျိုးသော အသံတွေကို စာနဲ့ပုံဖော်တဲ့အခါမှာ နားလည်အောင် ရေးပြဖို့အတွက် အက္ခရာတွေကို တီထွင် လာကြတာပါ။ ခေါ်ဝေါ်ပြောဆို နေကြတဲ့ အသံတွေကို မှီအောင် ဒီဗျည်းတွေ သရတွေနဲ့ ရုပ်လုံးဖော်ကြတယ်။

“ကွာခြားပုံ”
အသံမှာ အရှည်-အတို၊ အလေး-အပေါ့၊ အလျော့-အတင်း .. စသဖြင့် (၁၀) ပါး ရှိပါသေးတယ်။ ဒီနေရာမှာ အားလုံးကို မပြောတော့ဘဲ … အလျော့-အတင်း ဆိုတာကိုပဲ ကြည့်ရအောင်။
တချို့ အက္ခရာတွေရဲ့ အသံကို မာမာတင်းတင်း ရွတ်ဖတ်ရပါမယ်။
ဘယ်အက္ခရာတွေလဲ ဆိုတော့ …
(၁၊ ၂၊ ၃၊ ၄၊ ၅)
က၊ ခ၊ ဂ၊ ဃ၊ င
စ၊ ဆ၊ ဇ၊ ဈ၊ ည (စသည်ဖြင့် စီတန်းရေးတဲ့အခါ နံပါတ် ၂ နဲ့ နံပါတ် ၄ အက္ခရာတွေဖြစ်တဲ့) ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ တို့ပါပဲ။

သံဃာတော်တွေ ကမ္မ၀ါဖတ်တဲ့အခါ သတိထား နားထောင်ကြည့်ရင် …. “သံဃော” ဆိုတဲ့နေရာမှာ ဃော ကို မာမာတင်းတင်း ရွတ်ဖတ်လေ့ရှိပါတယ်။ ဒီလိုပဲ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .. မှာလည်း .. ဗုဒ်ဓမ် (ဓမ်ကိုတင်း) သရဏံ ဂစ်ဆာမိ (ဆာ ကိုတင်း)ပြီး ရွတ်ဖတ် တာကို ကြားနိုင်ပါတယ်။
ကျန်အက္ခရာတွေကို ဖတ်ရာမှာတော့ သံလျော့ နဲ့ ဖတ်ရပါမယ်။ ကျန်အက္ခရာ ဆိုတော့ နံပါတ် ၁၊ ၃၊ ၅ ခုမြောက် အက္ခရာတွေ ဖြစ်တဲ့ က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ တို့ပါပဲ။

ဒါကို ကြည့်မယ်ဆိုရင် … ဂ ငယ်နဲ့ ဃကြီး၊ စလုံး နဲ့ ဆလိမ် အသံထွက်ပုံ ကွာခြားချက်ကို သိနိုင်ပါပြီ။ ဆဋ္ဌသင်္ဂါယနာ ဆိုတဲ့နေရာမှာ သင်္ဂါကို သံဃာ လို ဃကြီးသံနဲ့ ဖတ်ဖို့မလိုပါဘူး။
“ဒီမှာစား” ဆိုတာနဲ့ “ဒီမှာ ဆား” ဆိုတာနဲ့လည်း အဓိပ္ပါယ်ချင်း မတူသလို အသံထွက်ချင်းလည်း မတူပါဘူး။

နောက်တခါ အက္ခရာ ဖို မ ဆိုပြီးလည်း ရှိပါသေးတယ်။
ခုနကလို နံပါတ်နဲ့ ပြောမယ်ဆိုရင် အက္ခရာ နံပါတ် ၁၊ ၃၊ ၅ က ဖိုဖြစ်ပြီး ၂ နဲ့ ၄ က မ-ဖြစ်ပါတယ်။
က၊ ခ၊ ဂ၊ ဃ၊ င (က၊ ဂ၊ င = ဖို) (ခ၊ ဃ = မ) ကျန်အက္ခရာတွေ အဲဒီအတိုင်းပါပဲ။
စာလုံးပါဌ်ဆင့်တွေ ဆင့်တဲ့အခါမှာ ….
* ဖို အချင်းချင်း ဆင့်ခွင့်ရှိတယ်။ မ-အချင်းချင်း ဆင့်လို့မရပါ။
ဥပမာ - က္က၊ ဂ္ဂ (က ၂-လုံးဆင့်၊ ဂ ၂-လုံးဆင့်) ခ နဲ့ ဃ ကို ၂-လုံးဆင့်လို့ မရပါဘူး။ နောက်ဆုံး င-ကတော့ အားလုံးပေါ်မှာ ဆင့်လို့ရပါတယ်။ ဆင့်တဲ့အခါ -င်္ (ကင်းစီး) အနေနဲ့ အသွင်ပြောင်းပြီး ဆင့်ပါတယ်။ ၀င်္ကပါ၊ သင်္ခါရ၊ အင်္ဂါ .. စသည်။
* မ-က ဖိုရဲ့ အောက်မှာ သွားဆင့်ရတယ်။ ဆင့်တဲ့အခါမှာ ၁-အောက်မှာ ၂-သာဆင့်ရတယ်၊ ၃-အောက်မှာ ၄- သာ ဆင့်ရပါတယ်။
ဥပမာ .. အက္ခရာ၊ အနဂ္ဃ .. စသည်။

ဒါကိုကြည့်ခြင်းဖြင့် ဃကြီး ဏကြီး စသည်တို့ဟာ အပိုသက်သက် ထည့်ထားခြင်း မဟုတ်ဘူး၊ တခုနဲ့ တခု ကွာခြားတယ် ဆိုတာ သိနိုင်ပါတယ်။

သကြီး “ဿ” ဆိုတာကတော့ သ နှစ်လုံးကို ဆင့်ထားတဲ့ ပါဌ်ဆင့်ဖြစ်တယ်။ သူက အက္ခရာ မဟုတ်တဲ့အတွက် ဒါကြောင့် ဗျည်း ၃၃ လုံး ထဲ မပါရခြင်း ဖြစ်ပါတယ်။ ဒီလောက်ဆို ပိစိ သဘောပေါက် မလား၊ ပိုပြီးတော့ပဲ ရှုပ်ထွေးသွားမလား မပြောတတ်ပါဘူး။ တကယ်ဆို ဒီ့ထက် ရှည်ရှည်ဝေးဝေး ရှင်းပြချင်ပါတယ်။ အချိန်မရတာက တကြောင်း၊ ဖတ်ရတာ ငြီးငွေ့ မှာစိုးတာက တကြောင်းမို့ ပိစိရဲ့ ကွန်မန့်နဲ့ အနီးစပ်ဆုံး လောက်သာ ဆွဲယူရှင်းပြထားတာပါ။ ဒါတောင် တော်တော် ရှည်လှပြီ။

တလက်စတည်း … ဒီနေရာမှာ … စာဖတ်ခြင်း စာရေးခြင်းနဲ့ ပတ်သက်ပြီး ဆရာမင်းသုဝဏ်ရဲ့ ဟောပြောချက်ကို ကိုးကားပါရစေဦး။
***
ရှေးရှေးအခါက အက္ခရာ အရေးအသား၊ စာအရေးအသား မပေါ်သေးလေတော့ တယောက်နဲ့ တယောက် နားလည်မှုအတွက် နှုတ်ပြောစကားသံဟာ အရေးကြီးခဲ့မှာပါပဲ။ ကိုယ်ပြောလိုတာကို ပီပီသသနဲ့ ပြောနိုင်မှ တဖက်သားက နားလည်မှာပဲ။

နောက် အက္ခရာ အရေးအသား ပေါ်လာတဲ့အခါ ဘယ်ဟာကို ဘယ်လိုရေးရမယ်ဆိုတဲ့ ရေးထုံးစည်းမျဉ်းတွေ ပေါ်လာရပါတယ်။ အဲဒီရေးထုံး စည်းမျဉ်းတွေ သတ်ပုံအတိုင်း ရေးပါမှ လိုရာအနက် ပေါက်ပြီး တဖက်သားက နားလည်မှာပါပဲ။ ဥပမာ မြို့ဝန်ကို နသတ်ရေးရမှာ သေးသေးတင်နဲ့ ရေးရင် မြို့ဝန် မဖြစ်တော့ဘဲ တောက ၀ံသတ္တ၀ါ ဖြစ်ရမှာပါပဲ။

အဲဒီတော့ အက္ခရာပေါ်တဲ့ ခေတ်ကျတော့ တဦးနဲ့ တဦး ဆက်ဆံရာမှာရော အတွေးအခေါ် အကြံဉာဏ်တွေကို ဖလှယ်ကြရာမှာရော နှုတ်မြွက်စကားကိုချည်း မသုံးဘဲ အရေးအသားနဲ့လည်း ကိစ္စပြီးနိုင်တာမို့ ရေးထုံးဥပဒေတွေကို အလွန်ပဲ အလေးပြု ဂရုစိုက် ကြရပါတယ်။
ဥပမာ ပိဋကတ် သုံးပုံဟာ မြန်မာပြည်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေကို ပျံ့နှံ့လာရာမှာ နှုတ်ပြော စကားကြောင့် သက်သက်မဟုတ် အက္ခရာ အရေးအသားကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတော့ အက္ခရာကို မှန်မှန်ကန်ကန် ရေးတတ်ကြဖို့ ရှေးက အလွန်ပဲ ကြိုးစားအားထုတ် ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပါဠိသဒ္ဒါ ကျမ်းတွေ အမျိုးမျိုး ပေါ်ခဲ့ရတာပါပဲ။

နောက် ကျွန်တော်တို့ခေတ် ရောက်လာတော့ ပုံနှိပ်စာလုံးနဲ့ ပုံနှိပ်စက်က ရှိလေတော့ အရေးအသားဟာ သိပ်ပြီး တိုးတက်များပြား လာပါတယ်။ ရေဒီယို အသံလွှင့်နည်း အသံဖမ်းနည်းတွေ ထွန်းကားလာပြန်တော့ ဟောချက် ပြောချက် သတင်းလွှင့်ချက် ဆိုတဲ့ နှုတ်ပြော အသံတွေဟာလည်း တနေ့လုံးလိုလို လေထဲမှာ ပျံ့နှံ့နေပါတယ်။ အဲဒီတော့ အခုခေတ်မှာ ရေးထုံးမူမှန်သာ အရေးကြီးတာ မဟုတ်ပါဘူး။ ပြောထုံးမူမှန်ဟာလည်း အရေး အလွန်ကြီးလာပါတယ်။

အခုခေတ် အင်္ဂလိပ်စကားနဲ့ အသံလွှင့်တာကို ကြည့်ပါဦး။ ဘီဘီစီကလည်း လွှင့်ပါတယ်။ နယူးဒေလီကလည်း လွှင့်ပါတယ်။ ဘီဘီအက်စ်ကလည်း လွှင့်ပါတယ်။ တခြားနေရာ အများကလည်း လွှင့်ပါတယ်။ အဲဒီလွှင့်တဲ့ လူတွေဟာ ဘီဘီစီက စံပြအသံကို နမူနာထားပြီး မတူတူအောင် ကြိုးစားပြောဆိုကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အသံထွက်ချင်း မတူရင် လူနားအလည် လွဲမှာစိုးလို့ပါပဲ။ အဲဒါကြောင့် ပြောထုံးမူမှန်ဟာ အခု အထူးအရေးကြီး လာပါတယ်။ အခု ပြည်ထောင်စု မြန်မာနိုင်ငံမှာလည်း မြန်မာစကားဟာ ရုံးသုံးစကား ဖြစ်တဲ့အတိုင်း လွှတ်တော်၊ ရုံးတော်၊ ကျောင်းကြီး ကျောင်းငယ်များမှ စပြီး အသုံးပြုနေရတဲ့ စကားဖြစ်လေတော့ ပီပီသသ ဌာန် ကရိုဏ်းကျကျ ဆိုတတ်၊ ပြောတတ်၊ ရွတ်တတ်၊ ဖတ်တတ်ပါမှ လိုရာအကျိုး ပြီးစီးနိုင်ပါလိမ့်မယ်။
***
ဒီတော့ ပိစိရဲ့ ကွန်မန့်ကို ပြန်ကောက်ရမယ်ဆိုရင် … ပိစိ ဘာကြောင့် အဲဒီလို စဉ်းစားမိတာလဲ … ။ အားမနာတမ်း ပြောရရင်တော့ မူလ ဘူတ အခြေခံကို မသိလို့ စဉ်းစားမိတယ်လို့သာ ပြောပါရစေတော့။ မသိလို့ ဆိုတာကတော့ အကြောင်းမဟုတ်ပါဘူး။ မသိရင် သိအောင် လေ့လာလို့ ရပါတယ်။ (သိလျက်နဲ့တော့ ခုလို မပြောတန်ကောင်းဘူး ထင်ပါရဲ့)

ဒါကြောင့် မြန်မာစာ ရေးဖတ်နေကြတဲ့ သူတိုင်းဟာ မြန်မာစာပေရဲ့ အခြေခံဖြစ်တဲ့ ကကြီး ခကွေး အက္ခရာတွေကို သေချာစွာ လေ့လာသင့်တယ်လို့ ထင်ပါတယ်။
ဒါ့အပြင် ယပင့်၊ ရရစ်၊ ၀ဆွဲ၊ ဟထိုး .. အဲဒါတွေကိုလည်း ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ သိသင့်တယ်။ တော်တော်များများ မှားရေးတတ်ကြတာ ခဏခဏ ဖတ်နေရလို့ပါ။ ရပင့်၊ ရရစ်၊ ၀က်ဆွဲ၊ ဟတ်ထိုး တဲ့။
အဲဒီလိုတွေ ရေးကြ ပြောကြတဲ့သူတွေကို ကြည့်လိုက်ရင် ပညာတတ်တွေချည်း ပါပဲ။ ဒီတော့ ဒါတွေဟာ အမှားကြာရင် အမှန်ဖြစ်သွားမှာလား။ ပညာတတ် အများစုက လက်ခံတာနဲ့ အမှန်ဖြစ်သွားရောလား။

ဆရာမ မစန္ဒာ ရဲ့ ၀တ္ထုထဲကလို မြန်မာစာကို ဖျက်သူဟာ မြန်မာတွေ မဖြစ်စေချင်ပါဘူး။ ခေတ်အဆက်ဆက် မပျက်ယွင်းရအောင် တယောက်တလက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ကျမတို့ရဲ့ မြန်မာစာပေဟာ စည်းကမ်းကြီးတဲ့ စာပေ ဖြစ်ပါတယ်။ သေးသိမ်နုတ်ညံ့တဲ့ စာပေ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်အောင်လည်း ပြောင်းလဲ မပစ်ကြပါနဲ့။ စာတို့ စကားတို့ဟာ အချိန်ကြာလာသည်နဲ့အမျှ ပြောင်းလဲတတ်တယ် ဆိုတာ မှန်ပါတယ်။ ပြောင်းလဲရာမှာ မူရင်း မပျောက်ပျက် စေဖို့နဲ့ ကောင်းသော ပြောင်းလဲခြင်းသာ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာစာပေ မြင့်မားအောင် မလုပ်ဆောင်ချင် နေပါ၊ ပျက်စီးအောင်တော့ မဖျက်ဆီးပစ်ကြပါနဲ့လို့ ကျမ တောင်းပန်ရင်း … ဒဂုန်ဦးစန်းငွေရဲ့ စာပိုဒ်လေးနဲ့ နိဂုံးချုပ်ပါရစေ … ။

“မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား ဟု ဆိုကုန် ကြွေးကြော်ကြကုန်သည်။ နီတိ ဆောင်ပုဒ် ထုတ်ကြကုန်သည်။ ထိုဆောင်ပုဒ်နှင့် ညီအောင် မင်္ဂလာကျက်သရေ တင့်ဖြိုးဝေလှသော တို့စာ၏ ရေးထုံး ရင်းမြစ်ကိုလည်းကောင်း၊ ပြောထုံး ဖတ်ထုံး ရင်းမြစ်ကိုလည်းကောင်း စနစ်တကျ သိရှိကျွမ်းကျင်အောင် ကြိုးစား၍ လေ့လာဆည်းပူး အားထုတ်အပ်၏။”
***
မေတ္တာဖြင့်
မေဓာဝီ
14th May, 2007
11:35 pm
***
ကိုးကား
(၁) ဒဂုန်ဦးစန်းငွေ၏ သဒ္ဒါကိုလေ့လာခြင်း။
(၂) ဟံသာဝတီဦးဘရင်၏ မြန်မာစာအခြေပြ။
(၃) မင်းသုဝဏ်၏ ပန်းနှင့်ပင်စည်။

(၄) ကိုသက်ဦး၏ ကွန်မန့်။

58 comments:

Anonymous said...

it is the first time I heard about the sound difference between similar words. I think I have never been able to differentiate between these. Anyway it is really great and valuable post. love it.

Anonymous said...

စောင့်နေရတာ နေ့တစ်ဝက်လောက်ရှိသွားပြီ.. အခုတော့ သိချင်တာတွေတစွန်းတစ သိလို့ရပြီ... ကျေးဇူးတင်ပါတယ်..

ဝန်ခံပါတယ် ကျွန်တော် မူလဘူတ အခြေခံကို မသိပါဘူး.. လေ့လာချင် ပါတယ်.. ဒါပေမယ့် အချိန်ကုန်ခံ လေ့လာပြီး (ကျွန်တော့အတွက်) အသုံး သိပ်မတည့်မှာစိုးလို့ပါ..

မမေဓါဝီ ဘလော့ကို ဖတ်တာ.. ဗဟုသုတရလို့ပါ.. ရေးသားထားတာ အားစိုတ်ထားလို့ ရှင်းလင်းလို့ပါ... (တခြားဘလော့တွေ စာအုပ်တွေလဲ ဒီလိုပါပဲ) စာလုံးပေါင်းမှန်လို့မဟုတ်ပါဘူး..(စာလုံးပေါင်းမှန်တာက ၅ ရာခိုင်နှုံးလောက်ပဲပါပါ့မယ်)

ကျွန်တော်ဆိုလိုတာက မြန်မာ(ဗမာ)စာ က ရှုပ်ထွေးလို့၊ ဒွိဟဖြစ်စေလို့ ပါ.. ရေးရတာကော အသံထွက်ရတာကော..လေ့လာရတာကော..ဥပမာ - (မြို့) ၀န် - ရှိနေ ရင် နောက် ထပ် ၀ံ နဲ့ ရှုပ်ထွေးအောင် မလုပ်ခဲ့ရင် မကောင်းဘူးလား (စဉ်းစားမိတာပါ) -- အတွေးက နဲနဲတော့ ကလေးဆန် လိမ့်မယ်.

တတ်နိုင်သလောက်တော့ မိမိရဲ့ အမျိုး(လူ)၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရမှာ ပါ.. ဘုရားတရားတော်တွေတောင် အခုအခါမှာ တေးသွားအဖြစ်နဲ့ ပူဇော်နေကြ ပြီပဲ .. အချိန်ကြာလာတော့လဲ ....

ဟိုးအရင်တုန်းကရေးတဲ့ စာအုပ်တစ်အုပ်(သေသေခြာခြာ ဘယ်ခေတ် ဆိုတာကိုတော့မမှတ်မိပါ) ထဲမှာတွေ့ဖူးတာ... ဒီကနေ့စာလုံးပေါင်းတွေနဲ့မတူဘူး..
မမေဓါဝီ တွေ့ဖူးလား..

Anonymous said...

မေဓါဝီ ရေ..ကျမ ဆိုတဲ့ စာလုံးပေါင်း အစား ကျွန်မ လို့  ပေါင်းပါ တယ်..ရေးတော့အမှန် ဖတ်တော့ အသံ တဲ့ ..စာရေးနေတဲ့ သူ တစ်ယောက်အနေနဲ့ သတိထား သင့်တယ်ထင်လို့ ပါ..

ကလိုစေးထူး said...

ကိုပိစိနဲ့ မမေဓာဝီရဲ့ အမေးအဖြေကို ဖတ်ရတာဟာ ပညာလဲရပါပေတယ်။ ဟိုစာတပုဒ်ကိုတောင် သတိရမိတယ်။ ဆရာသိပ္ပံမောင်ဝ ရေးခဲ့တဲ့ `နှိုက်နှိုက်ချွတ်ချွတ်´ ဆိုတဲ့ စာပါ။

မြန်မာစာကို အချိန်ကုန်ခံလေ့လာပြီး အသုံးသိပ်မတည့်မှာ စိုးလို့ပါဆိုတာကို ဖတ်လိုက်ရတာ တခြားလူတွေတော့ မသိပါဘူး။ ကျနော်ကတော့ ရင်ဘတ်ထဲတောင် အောင့်သွားတယ်ပြောရမလားပါပဲ။ အသုံးတည့်မတည့်တော့ မသိပေမယ့် အခုလို ကိုပိစိ မေးမြန်းနိုင်နေတာကိုက လေ့လာခဲ့ခြင်းရဲ့ အကျိုးဆက်မဟုတ်ပေဘူးလား။ ဒီထက်ပို လေ့လာလေ ဒီထက်ပိုသိလာလေ ဒီလိုနဲ့ ကိုပိစိရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်မယ်။ ဒီလိုပဲ တဆင့်တဆင့်နဲ့ ကျနော်တို့ရဲ့ ဘာသာစကားကို စောင့်ထိန်းသွားရမှာပါပဲ။

တကယ့်တကယ်တမ်းပြောရရင် မြန်မာစာကမှ ရှုပ်ထွေးတာမဟုတ်ပါဘူး။ ဘယ်ဘာသာစကားမဆို သူ့စည်း သူ့ကမ်းနဲ့ ရှိနေကြတာပါ။ မလိုအပ်ဘဲနဲ့လဲ ဘယ်စကားလုံးကိုမှ အသစ်ထွင်ခဲ့မယ်လို့ ကျနော်တော့ မထင်ပါဘူး။
ကိုပိစိပြောတဲ့ နာမည်မမှတ်မိတဲ့ ဟိုးရှေးတုန်းက စာအုပ်ဆိုတာနဲ့ အခုလက်ရှိသုံးနေကြတဲ့ စာအုပ်က သတ်ပုံတွေ မတူကြတာကလဲ ရှင်းပါတယ်။ မြန်မာစာအဖွဲ့က လိုအပ်ချက်အရ ယနေ့ခေတ်နဲ့ လျော်ညီတဲ့ သတ်ပုံသတ်ညွှန်းတွေကို သုတေသနပြုပြီး ပြင်ဆင်ပြောင်းလဲထားလို့ပါပဲ။ (ချွင်းချက် သတ်ပုံတွေတော့ရှိပါတယ်။ ဒါကို ရှေ့ကပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ)

အဲဒီတော့.. မြန်မာစာသတ်ပုံတွေ၊ အသံထွက်တွေကို မှန်နိုင်သမျှမှန်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းတာဟာ ကျနော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အသုံးတည့်နေလို့တော့ မဟုတ်ပါဘူး။ မိမိတတ်နိုင်သလောက် မိမိဘာသာကို ထိန်းသိမ်းနေကြတာပါဗျာ။

Anonymous said...

ပိစိ ရှင့် ..
ဘာသာရပ်တခုကို လေ့လာလို့ အကျိုးမဲ့တော့ မဖြစ်ပါဘူး။ လတ်တလော အသုံးမတည့်သည့် တိုင်အောင် အနည်းဆုံးတော့ ကိုယ့်ဘာသာစကား အကြောင်းကို နားလည်သွားမယ်မဟုတ်လား။ ဒီလိုဆိုရင် ခုနကလို အတွေးမျိုး အရေးမျိုးတွေ ရေးမိတော့မှာ မဟုတ်ဘူးပေါ့။ ကျမလည်း ငယ်ငယ်တုန်းကတော့ ပိစိလို အတွေးမျိုးတွေ တွေးခဲ့မိပါတယ်။ မသိတော့ တွေးမိတယ် ..တွေးမိရာက သိချင်လာတယ်။ သိချင်တော့ … စူးစမ်းမိတယ်၊ ဒီလိုနဲ့ လေ့လာဖြစ်သွားပါတယ်။ လေ့လာရင်းနဲ့ မြန်မာစာကို ပိုပြီး ချစ်မြတ်နိုးလာမိတယ်။ ကျမလည်း လေ့လာဆဲမျှသာ ဖြစ်ပါတယ်။ ပညာရှင် မဟုတ်လို့ သိပ်မသိပါဘူး။ ဒါကြောင့် ကျမရေးတဲ့ထဲမှာ မှားယွင်းမှုတွေ ချို့ယွင်းမှုတွေ ပါကောင်းပါနိုင်ပါတယ်။

စာလုံးပေါင်း သတ်ပုံနဲ့ ပတ်သက်ပြီး က၀ိလက္ခဏာသတ်ပုံကျမ်းထဲက နိဒါန်းလေးကို ကိုးကားပါရစေအုံး။
“မြန်မာစာ အရေးအသားအရာ၌ သံတူ ပင့်ရစ်ကွဲ အရေးအသား, သံတူ သတ်ကွဲ အရေးအသားနှင့် သံတူ အက္ခရာကွဲ အရေးအသားများသည် ခက်ခဲ နက်နဲသော နည်းစံနစ်များ ဖြစ်နေပေသည်။ ရှေးရှေးကာလက အပင့် အရစ် အသံခွဲ၍ ရွတ်သဖြင့်လည်းကောင်း၊ အသတ်အတွက် အစွန်းအက္ခရာသံ ထင်ထင်ရွတ်ဆိုခဲ့ဖွယ် ရှိသဖြင့် လည်းကောင်း၊ သိထိလ ဓနိတ (သံလျော့-သံတင်း) အက္ခရာများနှင့် ဌာန်ကွဲ အက္ခရာများကို ပီပီသသ ခွဲခြား ရွတ်ဆိုခဲ့သဖြင့် လည်းကောင်း၊ သတ်ပုံရေးထုံးအတွက် ခက်ခဲဖွယ်ရာ မရှိခဲ့သော်လည်း ပုဂံခေတ်လောက်မှ စ၍ အက္ခရာနှင့် အပင့်-အရစ်-အသတ်များကို ရွတ်ဆိုသံများ ပြောင်းလဲ လာခဲ့သဖြင့် သတ်ပုံကျမ်းများဖြင့် အရေးအသားကို စံနစ် တညီတညွတ်တည်း ကျန၍ မူရင်း ဗျုပ္ပတ် အဓိပ္ပါယ် မတိမ်းမယိမ်း စေရန် ထိန်းသိမ်း ပဲ့ကိုင် ပေးခဲ့ရပေသည်။ ပညာရှိ တဆူ ဖြစ်လိုသူတိုင်းသည်လည်း သတ်ပုံကို လေးစားလေ့ကျက်ကြရပေသည်၊ ကဗျာလင်္ကာ ဆရာတို့သည်လည်း သတ်ပုံကို စောင့်ငဲ့ လိုက်နာကြရပေသည်၊ သတ်ပုံကျမ်းသည် စာပေ၏ ပင်မ ဖြစ်ခဲ့ရပေသည်။”

ဒါဆို သတ်ပုံတွေ အရင်ခေတ် အခုခေတ် ကွဲပြားရခြင်းကို သိလောက်ပါပြီ။ ကွဲပြားတာကိုလည်း ပညာရှင်တွေက တတ်နိုင်သလောက် ညှိနှိုင်း ပြင်ဆင်ကြပါတယ်။ ဒီခေတ်မှာတော့ ကိုကလိုစေးထူး ပြောသလိုပဲ ခေတ်နဲ့လျော်ညီတဲ့ သတ်ပုံတွေကို ပညာရှင်တွေ ပြဋ္ဌာန်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

u mg ..ပြောတာ ဟုတ်ပါတယ်။ စာလုံးပေါင်း အမှန်က ကျွန်မ၊ ကျွန်တော်၊ ကျွန်ုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစာလုံးတွေကို ကျမ မသုံးချင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီစာလုံးတွေရဲ့ မူလဇစ်မြစ်ကို သိနေလို့ အဓိပ္ပါယ်ကို မကြိုက်လို့ပါပဲ။ ဒါဟာ ကျမရဲ့ ကိုယ်ပိုင် အယူအဆဖြစ်ပါတယ်။ အများလိုက်သုံးရမယ် လို့ မဆိုလိုပါ။
အဲဒါနဲ့ ပတ်သက်ပြီး “သတ်ပုံများနှင့် ကျမ” http://maydar-wii.blogspot.com/2006/10/blog-post_28.html ဆိုတဲ့ ပို့စ်မှာ ရေးထားခဲ့ပြီးပါပြီ။
သတ်ပုံနဲ့ ပတ်သက်လို့ အရင့်အရင် ကျမရေးခဲ့တဲ့ စာတွေကတော့ အောက်ပါ လင့်ခ်များမှာ ရှိပါတယ်။

http://maydar-wii.blogspot.com/2006/11/blog-post_26.html
http://maydar-wii.blogspot.com/2006/10/blog-post_30.html

ကွန်မန့် အားလုံးအတွက် ကျေးဇူးအထူးပါရှင်။

Anonymous said...

မြန်မာစာ မြန်မာစကား အကြောင်း ဆွေးနွေးကြသူများ မင်္ဂလာပါခင်ဗျာ-
၁။ ကိုပိစိ ကပြောတယ်။ မြန်မာ(ဗမာ)စာက ရှုပ်ထွေးလို့ ဒွိဟဖြစ်စေလို့ပါ တဲ့။
ဟုတ်ကဲ့၊ မေးပါရစေ။ ကမ္ဘာပေါ်မှာ မရှုပ်မထွေး ရှင်းလင်းတယ်ဆိုတဲ့ ဘာသာစကား ဘယ်ဟာများ ရှိပါသလဲ။ ရှိရင် တခုလောက် ပြောပြပါ။
၂။ ယနေ့ကာလမှာကိုပဲ စကားသာရှိပြီး ကိုယ်ပိုင်အက္ခရာ (အရေးအသား) မရှိတဲ့ ဘာသာစကားတွေ၊ အက္ခရာ (အရေးအသား) ရှိသော်လည်း စာပေမရှိတဲ့ ဘာသာစကားတွေ အများကြီးရှိနေသေးတယ် ဆိုတာ သတိပြုသင့်ပါတယ်။
၃။ မြန်မာဆိုတာ စကားရော၊ အက္ခရာ(အရေးအသား)ရော၊ စာပေရော အခိုင်အခံ့ရှိတဲ့ သာသာစကား ဖြစ်ပါတယ်။ အဲသလို ဖြစ်ထွန်းလာဖို့ နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီပြီး တည်ဆောက်လာခဲ့ရတာပါ။ သာသာစာပေတခု ဖြစ်ထွန်းရှင်သန်လာဖို့ ဆိုတာ စည်းစနစ်ကျတဲ့ ဖွဲ့စည်းမှု ရှိလို့သာ ဖြစ်ပါတယ်။ မြန်မာဘာသာစကားဟာ စနစ်ကျတယ်၊ ခိုင်ခံ့တယ်။ စနစ်ကို သိရင် မရှုပ်နိုင်ပါ။
၎။ စကား၊ အက္ခရာနဲ့ စာပေ ဆိုတာ တခုကိုတခု အမှီပြု ရပ်တည်ရင်း ဖွံ့ဖြိုးရတာ ဖြစ်ပါတယ်။ စကားသံတွေက အပြောင်းအလဲ မြန်ပြီး၊ အရေးအသားက အပြောင်းအလဲ နှေးပါတယ်။ စကား နဲ့ အရေး ကြားမှာ ကွာဟချက် ဆိုတာ ရှိစမြဲပါ။ ကြောင်းတူသံကွဲ၊ သံတူကြောင်းကွဲ၊ ရေးတူနက်ကွဲ၊ နက်တူရေးကွဲ ဆိုတာ ဘာသာစကားတိုင်းမှာ ရှိပါတယ်။
၅။ စကားပြောတာ၊ စာရေးတာမှာ နားလည်ဖို့သာ အဓိက ဆိုတဲ့ အယူအဆဟာ ဘာသာဗေဒ လေ့လာမှုမှာ သီအိုရီတခုမက ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။
၆။ မြန်မာသင်ပုန်းကြီးထဲမှာပါတဲ့ ဃ၊ ဈ၊ ဉ ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ တွေဟာ ပါဠိဘာသာ အတွက် အဓိက ဖြစ်ပါတယ်။ မြန်မာက အိန္ဒိယအက္ခရာတွေနဲ့ ရေးထားတဲ့ ပါဠိစာပေ တွေကို လေ့လာပြီး မြန်မာစာအရေးစနစ် တီထွင်ရတာမို့ ဒီအက္ခရာတွေကိုလည်း မြန်မာသင်ပုန်းကြီးမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ နောက်တကြောင်းက ရှေးက စာပေသင်ကြားရာမှာ ပါဠိစာပေကို အဓိကထား သင်ကြားတာကြောင့်လည်း ဖြစ်ပါတယ်။ မြန်မာသင်ပုန်းကြီးကို ဒီလိုလုပ်ခဲ့တဲ့အတွက် စာသင်သားတယောက်ဟာ သင်ပုန်းကြီးကုန်ရင် မြန်မာစာရော ပါဠိစာကိုပါ ဖတ်တတ်သွားပါတယ်။ အိန္ဒိယ ရှေးဟောင်းအက္ခရာနဲ့ ပါဠိ/သက္ကတ သင်ပုန်းကြီးကို အမှီပြု တီထွင်ခဲ့ကြတဲ့ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာ၊ ရှမ်း၊ မွန်၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား အားလုံး ဒီအခြေခံအတိုင်း ရှိကြပါတယ်။
မှတ်ချက်အရှည်ကြီး ရေးမိတာကို ခွင့်လွှတ်ပါ။
မိုးထက်

Anonymous said...

မမေရေ
အကွန့်တက်တယ်လို့တော့ မထင်ပါနဲ့။ မမေတို့ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင်တတ်ပြီးတော့ ကျွန်တော်တို့ကို ပြောပြပေးတာ အများကြီးဗဟုသုတရပါတယ်။ တ(စ်)ဖက်မှာကလဲ မြန်မာစာကို သေသေချာချာမသင်ခဲ့ရတယ့် ကျွန်တော်တို့အဖို့မှာတော့ တော်တော် စိတ်တိုစရာကောင်းသလိုဖြစ်နေပါတယ်။ မမေတို့ကိုတော့ အပြစ်တင်တာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ပဲ ညံ့လှချည်ရဲ့လို့ ဖြစ်နေပါတယ်။ ဆက်ပြောပါဦးမယ် သေသေချာချာမသင်ခဲ့လဲ မြန်မာပြည်မှာလေ့လာစရာတွေ ပေါသမို့လေ့လာရင် ရရောပေါ့ဆိုပြီးတော့ ချေပစရာတော့ရှိပါတယ်။ သတ်ပုံသတ်ညွန်းမှန်မှပဲကောင်းတာထက် ပေးချင်တယ့် အချက်အလက်ကို ( ကိုပိစိပြောသလိုပဲ) ရိုးရှင်းလင်းပြီး ပြတ်ပြတ်သားသားဖြစ်တာ ပိုပြီးဦးစားမပေးသင့်ဘူးလား။ မြန်မာစာပေ အဆင့်အတန်းကို နှိမ့်ချင်လို့မဟုတ်ပါဘူး။ လူအများဆီကို လွယ်လင့်တစ်ကူရောက်စေချင်လို့ပါ။ အသံထွက်ဆိုလို့ပါ ထပ်ပြီးအကွန့်တက်ပါရစေဦး။ ကျွန်တော်ဆိုရင် မွေးကတည်းက ရန်ကုန်သူရန်ကုန်သားများ ပြောတယ့် အသံထွက်မျိုးသုံးနှုန်းတယ့်နေရာမှာမွေးခဲ့တာ မဟုတ်တော့ ခုထက်ထိကိုပဲ အသံထွက် ထွက်ရာမှာ တော်တော်လေး ကသောင်းကနင်းနိုင်ပါသေးတယ်။ တောသံလို့ပဲ ဆိုပရစေတော့။ အဲ့လိုလူတွေကျတော့လဲ အသံထွက်အမှန်ကို ထွက်နိုင်ဖို့ဆိုတာ တော်တော်လေးခဲယဉ်းပါတယ်။ နင်တို့ ပျင်းလို့ လျှာထူနေသကိုးဆိုရင်တော့လဲ မတတ်နိုင်တော့ပါ။ အဲ့လို လူတွေအတွက်ကျတော့ အသံထွက် မမှန်တယ့် အကြောင်းကို မြင်ရတိုင်း နဲနဲတော့ စိတ်ထဲ ကသိကအောင့်ဖြစ်ရပါတယ်။ မွေးကတည်းက မြန်မာအသံတွေထဲမှာ စံစကားသံလို့ပြောလို့တယ့် ရန်ကုန် တို့မှာမွေးတယ့်လူတွေအတွက်ကျတော့ သိပ်မသိသာလှပေမယ့် အင်းလေးတို့ ထားဝယ်တို့ မြိတ်တို့ တစ်ခြားတိုင်းရင်းသားတွေ အဖို့တော့ အသံထွက်အမှန်ကို ကြီးမှ တကုးတကန့်လိုက်ပြင်ရတယ်ဆိုရင် တော်တော် စိတ်ညစ်ဖို့ကောင်းပါတယ်။

ကိုဖြိုး said...

သြော် မြန်မာစာ အကြောင်းဆွေးနွေးနေကြတာပဲ ပညာရှင်တွေထင်ပါရဲ့

ကိုဖြိုး said...

ဗျို့ အမကြီး စကားမစပ် ဇော်ဇော်အောင်ရဲ့ မရမ်းကုန်းစစ်တမ်းကိုဖတ်ဖူးလားဗျ

Anonymous said...

မေဓါဝီရေ..
ကျွန်မ၊ ကျွန်တော်၊ ကျွန်ုပ် ရဲ့  ဇစ်မြစ် ဟာ ကျွန် ဆိုတဲ့ စကားက ဆင်းသက်တယ်လို့  ယူဆထားပုံရ ပါတယ်၊ ကျွန်တော့် အမြင် အရ တော့ ကျွန်တော်ကျွန်မ ဆိုတာ ကျွန်ဆိုတဲ့ လူတန်းစား တစ်ရပ်ကို ခေါ်ဝေါ်တဲ့ အသုံးက လာတာ မဟုတ်ပဲ..အကျွန် ဆိုတဲ့ စကားလုံး ရင်းမြစ်က လာတယ်ထင်ပါတယ်၊ မြန်မာကျောက်စာတွေမှာ အလှုရှင် ဘုရင်တွေကိုယ်တိုင် အကျွန်၏ ဤအလှု..ဆိုတဲ့ အထောက်အထားတွေကို ကြည့် ရင် ဘုရင်အပါအ၀င်လူတန်းစား မရွေး အကျွန် ဆိုတဲ့ စကားကို ကျေကျေနပ်ကျေနပ် သုံးစွဲခဲ့တာပါ။ ဘာသာဗေဒပညာရှင်တွေက တော့ ဒိထက်လေးလေးနက်နက် ဆွေးနွေးနိုင်မှာပါ..
ကျွန်ဆိုတာ ဒီနေရာမှာ မိမိကိုယ်ကိုနှိမ့်ချပြီး နားထောင်ကိုဖတ်သူကို လေးစားမှူပြတဲ့ အသုံးအနှုန်း တစ်ခုပါပဲ..(polite) ဖြစ်တယ်ပေါ့..မြန်မာစကား လုံးတွေမှာ သံတူကြောင်းကွဲ စာလုံးပေါင်းတူပေမယ့် အနက် တွေကွဲတတ်သလို..ကျွန်မှာလဲ ဒီလို အနက်နှစ်ခွထွက်စေတာတွေ့  ရမှာပါ..အကျွန်က ဆင်းသက်တဲ့ အနက်ကို ယူသင့်တယ်ထင်ပါတယ်.. စာရေးသူတစ်ယောက် အနေ နဲ့  မိမိ သဘောကျ စာလုံးပေါင်းတွေကို ပြင်ခွင့် မရှိဘူးထင်ပါတယ်..မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ရဲ့ အနှစ်သာရ က ကျွန်တော် တို့  ကိုယ်ပိုင် ဘာသာစကား ကို စံတစ်ခုထားပြီး ခိုင်မာတဲ့ ဘာသာစကား တစ်ခုမတိမ်ကောအောင်ထိန်းသိမ်းဖို့  ပြုစုထားတာပါ..အထူးသဖြင့် ကိုယ်ရေးတဲ့ စာကို ဖတ်သူရှိလာ တဲ့ မေဓါဝီလို စာရေးသူတွေ အထူး သတိထား သင့်ပါထယ်.. ဟုတ်ကဲ့ ဆက်သုံးမသုံး ကတော့ မေဓါဝီ သဘောနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ပါ.. ဒါပေမယ့် ..ကျမဆိုတဲ့ စာလုံးပေါင်းကို နာမ်စား တစ်ခု အနေနဲ့  မဟုတ် ပဲ တစ်ခြားဘက်က အနက်ဖွင့်ကြည့်တော့ ကျနေတာကြီးကို မ ထားရ သူလို့  အနက် ထွက်နေမှာပါ... မေဓါဝီ့ စာလေး တွေ (ဒီနော့မှာ စာလေး ဟာ..ငှက်မဟုတ်ပါ) ကောင်းပါတယ်.အားပေးလျက်..

Anonymous said...

ကို ကလိုစေထူး၊ မ မေဓါဝီ...
ကျွန်တော်က မေးသူ နွားကျောင်းသား ပါ..
အသုံးသိပ်မတည့်မှာစိုးလို့ဆိုတာ တသီးပုဂ္ဂလခံစားချက်နဲ့ လက်ရှိအခြေအနေအရ ပြောတာပါ.. စော်ကားနိမ့်ချ လိုတဲ့ ရည်ရွယ်ချက်မပါ ပါ..
ဟုတ်ပါတယ် ကျွန်တော်သာ မြန်မာ(ဗမာ) စာ၊စကား မတောက်တခေါက်မတတ် ရင်ဘယ်လို မှဒီလိုမေးမြန်းစူးစမ်းလို့ရမှာမဟုတ်ဘူ...ဘုရားစာ.. တရားစာ..တွေကို လွယ်လွယ်ကူကူ ဘယ်လေ့လာနိုင်တော့မလဲ...

ကိုမိုးထက် (သို့) မမိုးထက်
၁။ အထက်မှာ ပြောခဲ့ကြသလို မသိရင် ရှုပ်ထွေးပါတယ်.. သိအောင်လုပ်ဖို့ လွယ်ကူသလား ခက်ခဲသလား၊ ဘယ်လေက်လွယ်ကူသလဲ ဘယ်လောက်ခက်ခဲသလဲ လို့ဆိုလိုတာပါ..
၂။ သတိပြုမိပါတယ်.. ထပ်ဆင့်သတိပေးသည်ကို ကျေးဇူးတင်ပါတယ်.
၃။ အချက် ၁ ကိုပြန် ရည်ညွန်းပါတယ်
၎။ လက်ခံပါတယ်... နဲနဲ ရှိတာနဲ့ များများရှိတာ ကွာခြားပါလိမ့်မယ်..
၅။ ဘက်စုံထောင့်စုံက ကြည့်တတ်အောင် အကြံပေးတာ လက်ခံပါတယ်..
၆။ ဒီအချက် က ပိုပြီး ထိရောက်တဲ့ လိုချင်နေတဲ့ အဖြေမျိုးဖြစ်ပါတယ်..ကျေးဇူး..

ကျွန်တော်လဲ တီ(Tee) ပြောတဲ့ "လူအများဆီကို လွယ်လင့်တစ်ကူရောက်စေချင်လို့ပါ။" ဆိုတဲ့ဘက်ကနေ သွားတွေးနေမိလို့ပါ..

ဗျို့ ကိုဖြိုး....
မမေဓါဝီကို အမကြီး လို့ ခေါ်ရမလား အစ်မကြီးလို့ ခေါ်ရမလား...
ကျွန်တော်တို့ကတော့ အမကြီး ကို မကြိုက်ဘူ... အစ်မကြီး ဆိုရင် ပိုပြီး ရင်းနှီးကျွမ်းဝင်ပုံရတယ်လို့ထင်တယ်..
(စာလုံးပေါင်းမှားရင် ထပ်ပြီးမှား ရင် ပြင်ပေးကြပါဦး...)

Anonymous said...

စာလုံးပေါင်း တွေရဲ့  တစ်ခြား အနက်တွေကို အတွေးခေါင် ပြီး ကိုယ်လိုသလို ပြောင်း ပေါင်း နေ မယ့်  အစား အားလုံး စံသတ်မှတ်ထား တဲ့ သတ်ပုံ ကို သုံးရင် မရှူပ်ပါဘူး..

အမ ဆို ရင် အ နေ တာ ကြီး ကို မ ထား တာဖြစ်နေပြန်ပြီ..
အစ်မ ကို တစ်လွဲ ဘာသာ ပြန် ပြန် တော့ လဲ အစ် နေ တာ ကြီး မ ထား တဲ့ သူ ဖြစ်နေ ပြန်ရော..ဒီတော့ Female gender အတွက် စံသတ် ပုံ အစ်မ ဆို အစ်မ ပေါင်း ပေါ့ဗျာ..ရှင်းနေတာ ရှူပ် ကုန်မယ်.. အတွန့် တက်ပြီး ကိုယ်စိတ်တိုင်းကျ သတ်ပုံထွင်ချင်ရင် ကိုယ်ပိုင် ဘာသာစကား တစ်ခု အရင် ထွင် ပေါ့ဗျာ..ဟူး..စာရေးပြီးသတ်ပုံ spelling မမှန် ရင် တော့ မြန်မာ စာ တင်မက နိုင်ငံတ ကာ စာရေး သူ တွေ အတွက် လဲ အင်မတန် ရှက်ဖို့ ကောင်း တဲ့ အချက်ဖြစ်ကြောင်း ပါ..ဘယ် ဘာသာ မဆို ကိုယ်မှန် တယ် ထင်ပြီး သတ်ပုံမှား တွေနဲ့ ရေး နေတာ မျိုး မရှိပါဘူး … Spelling ကို သူမူရင်း ဇစ်မြစ် အနက် မှား နေတယ်ထင် လို့ Spelain လို့ စမ်း ပေါင်းကြည့်ပါဦး..

Anonymous said...

ပထမဆုံး ပြောချင်တာကတော့ ကျမရဲ့ အဓိက ရည်ရွယ်ချက်ဟာ “အပိန်နှင့် အပဲ့တို့၏ သမိုင်း”ဆိုတဲ့ မစန္ဒာ ၀တ္ထုကို မျှဝေချင်တာပါ။ ၀တ္ထုမှာပါတဲ့ အဓိက အချက်က မြန်မာတွေ မြန်မာစကားကို ပီသအောင် မထွက်နိုင် သဒ္ဒါမှန်အောင် မရေးနိုင်ကြဘူး ဆိုတဲ့အချက်ပါ။ ဒါကို ကျမ ထောက်ခံတယ်။ ဘာလို့လည်း ဆိုတော့ ကျမကိုယ်တိုင်လည်း စလုံး ဆလိမ် ကွဲပြားအောင် မထွက်နိုင်လို့ပါပဲ။ သဒ္ဒါလည်း တခါတလေ မှားယွင်း ရေးသားမိပါတယ်။ ဒါကို မပြင်မိဘဲ လူနားလည်ရင် ပြီးရောလို့ ပေါ့ပေါ့လျော့လျော့ ထားမိပေါင်းလည်း များပါပြီ။ အခု ဒီဝတ္ထုမှာ ရေးထားတော့မှ ကျမတို့ဟာ ကိုယ့်စာ ကိုယ့်စကားကို မဖျက်ဆီးသင့်ဘူး ဆိုတာ သဘောပေါက်မိတယ်။ ဒါကြောင့် ဒီဝတ္ထုကို အားလုံးအတွက် မျှဝေခဲ့တာပါ။

စကားမပီဘူး၊ ပီသအောင် မထွက်နိုင်ဘူး ဆိုတာ တိုင်းရင်းသားတွေ လူမျိုးခြားတွေရဲ့ လေယူလေသိမ်း ၀ဲခြင်း မပီသခြင်းကို မဆိုလိုပါဘူး။ ဒေသအသီးသီး ကွဲပြားတဲ့အလျောက် အသံအမျိုးမျိုးထွက်မှာပါပဲ။ မွန်၊ ကရင်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေ .. တရုပ်၊ အိန္ဒိယ စတဲ့ လူမျိုးခြားတွေ … ကျမတို့ ဗမာစကားကို ဘယ်လို ပီသအောင် ထွက်နိုင်မလဲ။ အထက်အညာ လေသံ၊ အောက်ပြည် အောက်ရွာက လေသံ မတူဘူး ဆိုတာလည်း ကျမနားလည်ပါတယ်။ ဒီလို မပီသတာ လေယူလေသိမ်း ၀ဲတာကို လိုက်ပြင် လိုက်ညှိချင်တာ မဟုတ်ပါဘူး။
ဒါပေမဲ့ မြန်မာပြည် တနံတလျားက သံဃာတော်များရဲ့ ရွတ်ဖတ်မှုကို ကြည့်မယ်ဆိုရင် စ-လုံး ဆ-လိမ် ကွဲပြားစွာ ရွတ်ဖတ်တာကို ကြားနိုင်ပါတယ်။

ပိစိရဲ့ ပထမ ကွန်မန့်ကို ပြန်ရေးရခြင်းဟာ … ကကြီးရှိရင် ဘာကြောင့် က-ငယ်မရှိတာလဲ … စသဖြင့် ပိစိအနေနဲ့ စဉ်းစားစရာတွေ ဖြစ်နေလို့ ကျမ သိသလောက် ပြန်ပြောပြခြင်းဖြစ်ပါတယ်။

ကျမ မှတ်သားမိသလောက်ကတော့ ကျွန်တော် (တော်သောကျွန်)၊ ကျွန်ုပ် (နုပ်သောကျွန်)၊ ရှင် (အရှင်)၊ ခင်ဗျား (သခင်ဘုရား) ဆိုတဲ့ စကားတွေကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင် တပါးဟာ သူ့လက်အောက် ငယ်သားကို ကျွန်တော်က … လို့ မသုံးနှုန်းပါဘူး။ ငါကိုယ်တော်မြတ်က … လို့သာ သုံးနှုန်းတယ် မဟုတ်လား။ ဒါပေမဲ့ ဘုရင်ကိုယ်တိုင်က အလှူတခုခုအတွက် ကျောက်စာရေးထိုးတဲ့ အခါမှာတော့ ဘုရားကို ဦးတည်တဲ့အတွက် ဘုရားဟာ သူ့အတွက် အရှင်သခင်၊ သူဟာ ကျွန်နေရာက ဖြစ်သွားပြီး အကျွန် လို့ သုံးနှုန်းတာ ဖြစ်ဟန်တူပါတယ်။

ကျမ ဝေါဟာရတွေကို ပြင်လိုခြင်း မရှိသလို ထွင်လိုခြင်းလည်း မရှိပါဘူး။ ကျမအရင် ပို့စ်တခုမှာ ရေးဖူးသလို ကျမ ဘယ်နေရာမှာ ဘယ်လိုပဲ (တမင်မှားခြင်း၊ မတော်တဆမှားခြင်း၊ မမှားချင်ဘဲ မှားရခြင်း … မျိုးနဲ့) မှားယွင်းပြီးရေးရေး မဂ္ဂဇင်း၊ ဂျာနယ်မှာ ရေးသားတဲ့အခါမှာတော့ ဒီခေတ် ပြဋ္ဌာန်းထားတဲ့ စာလုံးပေါင်း သတ်ပုံကျမ်းကို လွန်ဆန်နိုင်ခြင်း မရှိပါဘူး။

နောက်ဆုံးပြောချင်တာကတော့ ကျမဟာ ပညာရှင် မဟုတ်ပါဘူး။ (အထက်မှာလည်း ရေးခဲ့ပြီးပါပြီ။) ၀ါသနာအရ လေ့လာသူ တဦးမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမ မှားကောင်း မှားနိုင်ပါတယ်။ ကျမရဲ့ အမှားအယွင်းများကို ပညာရှင်များ ထောက်ပြပေးနိုင်ပါတယ်။

ဝိုင်းဝန်း ဆွေးနွေးကြသူများအား လေးစားစွာဖြင့် …

မေဓာဝီ
၁၆၊ မေ၊ ၂၀၀၇
နံနက် ၁၀ နာရီ

Anonymous said...

ကျွန်မ ကို မကြိုက်လို့  ကျနေတဲ့ မ လို့  ပြင်ရေး ပါပြီ တဲ့ ..မေဓါဝီ စာ ရေး ရင့်  ကျွန်တော် ကိုရော ကျတော် လို့  ပေါင်းမှာ လား..ငါးပါးမှောက်ကုန်မယ်ထင်တယ်..ကျွန်မ ကို ဘယ် မြန်မာ လူမျိုးမှ ကျွန် မ လို့  ကျွန် အနက် ထွက် အောင် ပီပီ သသ ကြီး မဖတ် ပါ ဘူး ၊ အပြင်မှာ လဲ မပြော ပါ ဘူး.. ကျမ လို့ ပဲ အသံထွက် ကြ ဖတ်ကြတာ ပါ..ဘာမှ အတွေးခေါင် ပြီး စိတ်ပူ မနေသင့်ပါ ဘူး..ရှေးထုံး လဲ မပါယ်နဲ့  ရေး ထုံးလဲ မပါယ်နဲ့  ဆို သကိုး.. ကျမ လို့  ရေး မှ ကျ မ လို့ အသံမှား ထွက် နိုင် ပါတယ်…အထက်က မေဓါဝီ့ ကိုယ်တိုင်တင်ထားတဲ့ မှတ်ချက်လေး လဲ ပြန် ကြည့်ပါဦး..ဘာတဲ့.. ပညာရှိ တဆူ ဖြစ်လိုသူတိုင်းသည်လည်း သတ်ပုံကို လေးစားလေ့ကျက်ကြရပေသည်၊ ကဗျာလင်္ကာ ဆရာတို့သည်လည်း သတ်ပုံကို စောင့်ငဲ့ လိုက်နာကြရပေသည်၊ သတ်ပုံကျမ်းသည် စာပေ၏ ပင်မ ဖြစ်ခဲ့ရပေသည်။”
မနေနိုင်လို့ ဝေဖန်မိတာ အမှားပါရင် ခွင့်လွှတ်ပါ..

Anonymous said...

ရှေးခေတ် ကို ထား ပါ ..ခုခေတ် မှာ ငါဆရာ အသျှင် က လို့  ဘယ် university ဘယ်ကျောင်း က ဆရာ တွေများ သူတို့ တပည့် တွေကို သုံး ပါ သလဲ…ကျွန်တော် ကျွန်မ ပဲ ရေး လို့  ပြော လို့  မေဓါဝီ တွေး သလို များ ဆို ဆရာ ဆရာ မ များ ခမျာ….တော်သောနုပ်သော ဟိုအမျိုးတွေ ဖြစ် ကုန်ပါရော လား.ဘုရား ဘုရား..

Anonymous said...

မမေရေ...
မမေပြောမှ စလုံးနဲ့ ဆလိမ် အသံထွက်မတူမှန်းသိရလို့ ကျေးဇူးအရမ်းတင်ပါတယ်...
မိမိဘာသာစကားကို လေးစားတဲ့အနေနဲ့ မြန်မာစာသတ်ပုံတွေ၊ အသံထွက်တွေကို မှန်နိုင်သမျှမှန်အောင် တတ်နိုင်သလောက် ထိန်းသိမ်းချင်ပေမဲ့ သေချာစွာ လေ့လာခွင့်မရသေးတဲ့ ညီမအတွက်တော့ မမေရဲ့ပို့စ်တွေက တော်တော်အကျိုးရှိပါတယ်...

စကားမစပ် ကျွန်တော်ကို ကျွန်တော်လို့ မသုံးချင်သူတွေက ကျနော်လို့ စာလုံးပေါင်းကြပါတယ်...
ကျတော်လို့တော့ ဘယ်သူမှ မပေါင်းပါဘူး...
ဒါပေမဲ့ ဒီလိုပေါင်းတာက အမှန်ပါလို့ စာရေးသားသူကိုယ်တိုင်ကလည်း မပြောပါရှင်...
ဒါနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျနော်၊ ကျမ လို့ ရေးခဲ့၊ သုံးခဲ့ကြတာ ဟိုအရင်ခေတ်က ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေထဲမှာ မြင်ဖူးကြပါလိမ့်မယ်...
ဒီိပို့စ်မှာ ရေးထားတာကလည်း လူအများစု သတိမပြုမိတာကို ဗဟုသုတအလို့ငှာ ရေးထားတာပဲ...
ခုလို ဝေမျှပေးတဲ့စေတနာကို ကျေးဇူးတင်ရမယ့်အစား ကိုယ့်အယူအဆနဲ့ကိုယ် ကျမ လို့ရေးတဲ့ အားနည်းချက်ကို လိုက်ဖိပြောနေတာတော့ မကောင်းဘူးထင်ပါတယ်...
ဒီပို့စ်မှာ စလုံး၊ ဆလိမ် အသံထွက်မတူတဲ့ အကြောင်းကိုပဲ ရေးထားတာလေ...
အဲ့ဒီတော့ ဝေဖန်မယ်ဆိုရင်လည်း ဒီအကြောင်းအရာနဲ့ ပတ်သက်တာပဲ ပြောသင့်တာပေါ့ မဟုတ်ဘူးလား...

Anonymous said...

ဟို အရင်ခေတ် က ထင်သလို ပုံနှိပ် ရေးသား ခဲ့ ကြ တာ အမှားတွေ များ လာ တာ မို့  မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်း ကြီး ကိုပညာရှင်များ ၀ိုင်းပြုစုခဲ့တာ ပါ..ဟိုအရင်ခေတ် က ကျနော် ပေါင်း ထား တာ အမှန်မှမဟုတ်တာ..အနော် လို့ လဲ အပြောင် ပြောခဲ့ ကြပါသေးတယ်..
ထားပါတော့ အပိန် နဲ့ အပဲ က main subject ဆို ပေမယ့် မေဓါဝီ က …
…. မြန်မာစာကို ဖျက်သူဟာ မြန်မာတွေ မဖြစ်စေချင်ပါဘူး။ ခေတ်အဆက်ဆက် မပျက်ယွင်းရအောင် တယောက်တလက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ကျမတို့ရဲ့ မြန်မာစာပေဟာ စည်းကမ်းကြီးတဲ့ စာပေ ဖြစ်ပါတယ်။ သေးသိမ်နုတ်ညံ့တဲ့ စာပေ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်အောင်လည်း ပြောင်းလဲ မပစ်ကြပါနဲ့။ စာတို့ စကားတို့ဟာ အချိန်ကြာလာသည်နဲ့အမျှ ပြောင်းလဲတတ်တယ် ဆိုတာ မှန်ပါတယ်။ ပြောင်းလဲရာမှာ မူရင်း မပျောက်ပျက် စေဖို့နဲ့ ကောင်းသော ပြောင်းလဲခြင်းသာ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာစာပေ မြင့်မားအောင် မလုပ်ဆောင်ချင် နေပါ၊ ပျက်စီးအောင်တော့ မဖျက်ဆီးပစ်ကြပါနဲ့လို့ ကျမ တောင်းပန်ရင်း … ဒဂုန်ဦးစန်းငွေရဲ့ စာပိုဒ်လေးနဲ့ နိဂုံးချုပ်ပါရစေ … ။…
လို့ ရေးထား လို့  အဟုတ်များ လား လို့ …အဲဒိ ကျမ ကျမ ကြီး ကတော်တော်ကြီး မှားနေ လို့  မြန်မာစာသတ်ပုံ ဖျက်ဆီးရာ ရောက်နေလို့  ပြင်ရေးမလား ထင်ပြီး ဝေဖန်မိ တာပါ..တစ်ယူသန် စိတ်ကြီး တော့ လဲ ကျမ ကြီး နဲ့ ပဲ ဆက်မှားနေဆဲ ကိုး…

Anonymous said...

ဟုတ်ကဲ့ အစ်ကိုရေ...
အခု ဝေဖန်နေတဲ့ အစ်ကို ကိုယ်တိုင်လည်း စားလုံးပေါင်းတွေမှားနေပါတယ်...
တစ်ယူသန် မဟုတ်ပါရှင်...တယူသန်ပါ...
တစ်ယူသန်လို့သာ ဆက်ပေါင်း နေမယ်ဆိုရင် နှစ်ယူသန်ဆိုတာလည်း ရှိမယ်လို့
ညီမ တွေးမိပါလိမ့်မယ်...
ပြီးတော့ တစ်လွဲ ဘာသာပြန်တာ မဟုတ်ပါရှင်...တလွဲ ပါ...နှစ်လွဲဆိုတာ မရှိဘူးလို့ ယုံကြည်မိပါတယ်...
မေဓာဝီ ဖြစ်ပါတယ်ရှင်...-ါ နဲ့ ပေါင်းရမှာ မဟုတ်ပါဘူး...ခ-င-ဂ-ဒ-ပ-၀ ကိုသာ -ါ သုံးရတယ်လို့ မှတ်သားဖူးပါတယ်...
အစ်ကိုက မမေကိုပဲ ဇွတ်ဝေဖန်ပြီး ကိုယ့်စားလုံးပေါင်းကိုယ် မဆန်းစစ်မိဘူးထင်လို့ ညီမက ပြန်ဝေဖန်ပေးတာပါရှင်...

Anonymous said...

မမေဓာဝီရေ…

မမေ ရေးတင်သမျှ စာတွေကတော့ အနှစ်တွေ ချည်းပါပဲ။ ‘စ’ လုံးသံနဲ့ ‘ဆ’ လိမ်သံကို ကျွန်တော်လည်း ငယ်စဉ်က မပီပါ၊ မိဘဘိုးဘွားများက ခဏခဏ ဆိုဆုံးမကြလို့ ပြင်ရင်း ပြင်ရင်းကနေ၊ အခုတော့ ငယ်ငယ်ကလောက် မဆိုးတော့ပါ၊ တင်းပြည့် ကျပ်ပြည့် မှန်အောင်တော့ ကြိုးစားဆဲပါပဲ။ စာလုံးပေါင်း သတ်ပုံကိုလည်း တတ်နိုင်သမျှ ဂရုထားပြီး ရေးနေရပါတယ်။ စာလုံးပေါင်း သတ်ပုံကျမ်းကို ကြည့်ကြည့်နေရတုန်းပဲ။ အခုတော့ အင်တာနက်ပေါ်မှာ စာလုံးပေါင်း သတ်ပုံ ရှာလို့ရလို့ အဆင်ပြေနေပါတယ်။

စာလုံးပေါင်း သတ်ပုံကို ပေါင်းချင်သလိုပေါင်း၊ ရေးသူ၊ ဖတ်သူ နားလည်ရင် ပြီးတာပဲ ဆိုတဲ့ သူတွေအတွက်ကတော့ “ဟုတ်ပါတယ်ဗျာ” လို့ပဲ ပြောရမလားမသိ၊ ‘အိမ်’ ပဲဗျာ၊ ‘အိန်’ လို့ ပေါင်းပေါင်း၊ ‘အိမ်’ လို့ ပေါင်းပေါင်း၊ ဘယ်သူမှ ‘ကျောင်း’ လို့ မဖတ်ဘူး မဟုတ်လား။ အဲ… ဒါဆိုရင် ပေါင်းချင်သလိုသာ ပေါင်းကြပေရော့။ တစ်ခုပဲဗျာ… လက်တွေ့ နားလည်ဖို့က အရေးကြီးတယ်လို့ ပြောကြသူများ… ဟိုတလောကတော့ ကျွန်တော်က လက်တွေ့ ကို ပြဿနာတက်သွားတာဗျ။ ၀က်ဘ်ပေါ်တင်ဖို့ ဗမာလိုရေးထားတဲ့ စာမျက်နှာတစ်ခုကို ကျွန်တော် တည်းဖြတ်ရတယ်။ ရေးသူက အိုး၊ အိမ် လို့ ပုဒ်ကလေးခံပြီး ရေးထားတဲ့ နေရာတိုင်းကို အိုးအိမ်လို့ ပြင်ချင်တယ်၊ အဲဒီအခါမှာ search and replace feature သုံးတယ်။ တကယ်လို့သာ ရေးသူက အိုးအိမ်ဆိုတာကို စာလုံးပေါင်း ဂရုမစိုက်ဘဲ အိန် တွေရော၊ အိမ် တွေရော၊ ပေါင်းချင်သလို ပေါင်းထားမယ် ဆိုရင်၊ ကျွန်တော့်လို တည်းဖြတ်ရသူတော့ ဂွကျတော့မှာပဲ။ စာတစ်လုံးအတွက် ဖြစ်နိုင်တဲ့ စာလုံးပေါင်း မျိုးစုံကို စဉ်းစား ရိုက်သွင်းပြီး တည်းဖြတ်ရတော့မှာပေါ့။ လက်တွေ့နော်၊ လက်တွေ့။ (အခုလို စာလုံးပေါင်း မှန်အောင် ရိုက်ထားတာတောင် ပြဿနာက တက်သေးသဗျ။ ကျွန်တော်က ‘အိုး’ ကို လုံးကြီးတင် အရင်ရိုက်ပြီးမှ တစ်ချောင်းငင်ကို ရိုက်တယ်၊ မူရင်းရေးသူက တစ်ချောင်ငင်ပြီးမှ လုံးကြီးတင်ကို ရိုက်တယ်၊ မျက်စိရှေ့မှာတင် ‘အိုး’ ဆိုတာတွေကို မြင်နေရက်သားနဲ့ search result ကျတော့ none found ဆိုပြီး ထွက်လာရော။ နောက်မှ စဉ်းစားမိပြီး ပြင်လိုက်လို့… ဟူး…)

အဲဒီတော့ ချုပ်ရရင်၊ ဗမာစာ၊ ဗမာစကားက ရှုပ်ပြီးသားဆိုတာ လုံးဝ လက်ခံတယ်၊ အင်္ဂလိပ်စာမှာလို letter တွေ ဘေးချင်းယှဉ်ပြီး ရေးရုံနဲ့ word မဖြစ်ဘူး။ အဲဒီတော့ ရှုပ်ပြီးသား ဗမာစာကို ထပ်ရှုပ်အောင် မလုပ်သင့်ဘူးဆိုတာ ကတော့ အမှန်ပဲ၊ သဘောတူတယ်။ ဒါပေမယ့် ရှင်းပုံ ရှင်းနည်းက မှန်ဖို့၊ လက်တွေ့ကျဖို့ လိုတယ်။ စာလုံးပေါင်း ဂရုစိုက်မနေနဲ့ကွာ ဆိုရင် ရှုပ်ပြီးသားကနေ ရှင်းမရတဲ့ သပွတ်အူ ဖြစ်သွားမယ်။ ကျွန်တော့် အမြင်အရ၊ ရှင်းပုံ ရှင်းနည်း အမှန်ကတော့ မျှတတဲ့ စံ standard မျိုး ထားခြင်းပဲ။ နေရာတကာ လိုက်ပြီး ‘တစ်’ ခိုင်း၊ ‘တို့’ ခိုင်းတာမျိုးကို ပြောတာမဟုတ်ဘူး၊ ခြွင်းချက်ဆိုတာတော့ အနည်းငယ်တော့ ရှိနိုင်တယ်၊ ဒါပေမယ့် များလို့မကောင်းဘူး၊ (ဘယ်လောက်က နည်းလို့၊ ဘယ်လောက်က များသလဲ ဆိုတာ ပညာရှင်များနဲ့ သေချာတိုင်ပင် ဆုံးဖြတ်ကြပေါ့။) အဲ… ပညာရှင်အများစု သဘောတူညီတဲ့ စံ ထွက်လာပြီဆိုရင်တော့ (အခုဆို စာလုံးပေါင်း တော်တော်များများဟာ သဘောတူပြီးသား စံ တွေ ဖြစ်နေပြီ၊ သတ်ပုံကျမ်း ကျေးဇူးကြောင့်) အားလုံးက လိုက်နာသင့်တယ်။ ဘာလို့လဲဆိုတော့ ဗမာစာဟာ အခု လက်ရှိနေရာမှာတင် ရပ်နေမှာ မဟုတ်ဘူး၊ ရပ်ပြီးလည်း မနေသင့်ဘူး၊ နောက်ထပ် naturalization အဆင့်တွေ အများကြီး ကျန်သေးတယ်၊ ယနေ့ခေတ် ကမ္ဘာထဲကို ထိုးဖောက်ရဦးမယ်၊ အဲဒီလို ဆက်သွားနေတဲ့ အခါမှာ လူချင်းတူတူ၊ သူချင်းမျှမျှ ဘာသာစကား၊ စာပေ တစ်ခု ဖြစ်ဖို့က အရေးကြီးတယ်၊ အဲဒီအတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်၊ စာလုံးပေါင်း သတ်ပုံကျမ်းဆိုတာ စာအုပ်ပဲရှိပြီး ဘယ်သူကမှ ဟုတ်တိ ပတ်တိ မလိုက်နာတဲ့ ဘာသာစကားတစ်ခုကိုတော့ ကမ္ဘာမှာ ဘယ်သူကမှ လေးစားမှာ မဟုတ်ဘူး။ ဒါပါပဲ…

Anonymous said...

s0wha1...
မေဓာဝီ ပြင်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။
တစ်ယူသန် စာလုံးပေါင်း မှန်ပါတယ်။ တယူသန် မဟုတ်ပါ။ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်း စာမျက်နှာ ၁၀၃ ကို ကြည့်ပါ..

(ယွှင်လမ်း ခြမ်းမျေ့ ပါ ဆေ..
ချမ်း ဆို တာ အေး သလို ခံစား ရ ပြီး
စေ ဆို တာ ကြီး က ခိုင်း သလို ခံစား ရလို့  ပြောင်းရေး ကြည့် တာ ပါ..)
Just kidding.. Thanks for all of your comments…
ကျတော်ဆာယေးသူ ကျတော်

Anonymous said...

ဟုတ်ပါ့ရှင်...သူများ ဝေဖန်ဖို့ပဲ သိပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်မိတဲ့ သဘောပါပဲ...
သတ်ပုံကျမ်းမှာ တဇောက်ကန်းလို့ စာလုံးပေါင်းရတော့ တစ်ယူသန်ကိုလည်း စ် ပါတယ် မထင်မိဘူးဖြစ်သွားတယ်...
တလွဲ မှာတော့ စ် မပါဘူးနော်...
ဦးနေ၀င်းလက်ထက်မှာ တခု၊ တကောင်၊ တယောက် ကို စ် တွေ လိုက်ထည့်ပြီး ပေါင်းလိုက်တာ ဒီလိုမျိုး အမှတ်မှားမိတဲ့ ဘ၀ကို ရောက်ရော...
ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်ရှင်...

Anonymous said...

မမေအပါအ၀င် ကျန်တယ့်comment ပေးသူအားလုံးတို့ကို စိတ်ညစ်စေချင်လို့တော့ မဟုတ်သလို အလုပ်မရှိအလုပ်ရှာ လိပ်သန်းရှာပြီးပြောနေတယ်ဆိုပြီးတော့လဲ မမှတ်ယူစေလိုပါ။ ကျွန်တော်ကတော့ မြန်မာစာကို နှိမ့်ချချင်လို့လဲ မဟုတ်သလို မြန်မာစာသတ်ပုံ သတ်ညွှန်းမှာ ကွန့်ပြီးတော့ အသစ်ထွင်လိုတာလဲ မဟုတ်ပါ။ ကျွန်တော်တို့ မြန်မာလိုရေးကြတယ့်အခါ သတ်ပုံသတ်ညွှန်းကို အဓိကထားရတယ့်အခါ လိုရာခရီးကို မြန်မြန်မရောက်နိုင်သလိုဖြစ်လို့ အားမလိုအားမရဖြစ်တာက တ(စ်)ကြောင်း ပေးချင်တယ့် အချက်အလက်များကို စိတ်ရှိတုန်းချရေးလိုက်ပြီး တင်ချင်တာကြောင့်တ(စ်)ကြောင်း ရေးကြတယ်ထင်ပါတယ်။ ပြီးပြီးရော လာလေရော့ မြန်မာစာကို ပျက်စေဟ ဆိုတယ့်သဘောဆိုးနဲ့တော့ လုပ်ကြတယ်မထင်ပါ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြန်မာလို လက်ကွက်ကို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်တယ့်လူ အလွန်အင်မတန်ရှားပါတယ်။ ကျွန်တော် ကျင်လယ်ရတယ့် ၀န်းကျင်ကို သတိထားမိသလောက်ပြောတာပါ။ ငါတို့ ပတ်ဝန်းကျင်မှာတော့ ပေါသဟ ဆိုလဲ ကန့်ကွက်စရာတော့ သိပ်မရှိပါ။ မြန်မာလူမျိုး မြန်မာလက်ကွက်ကိုသုံးပြီး မြန်မာစကားကို အသုံးပြုပြီး ရေးသမို့ ရ ၇ ရ ကိုအမှားမျိုးကအစ မမှားဆိုရတာကတော့ သိပ်ပြီးတော့ draconian rule ဆန်ပါတယ်။ နောက်ပြီး ကျွန်တော်ကို ရေးတယ့်အခါကျရင် ကျွ နဲ့ ကျွ ယှဉ်ကြည့်ရင် အမှန်က အနောက်ကဟာလို့သိပေမယ့်လဲ လူတော်တော်များများက တ(စ်)ကူးတ(စ်)ကန့် လက်ကွက်ရှာပြီး လိုက်ရိုက်နေကြတာ အတော်ရှားပါတယ်။ ခက်တာတ(စ်)ခု မြန်မာစာသတ်ပုံ ကိစ္စကို ပြောတိုင်း အစွန်းရောက်တယ့် ဥပမာတွေကို နှစ်ဖက်လုံးက ယူဆောင်လာတတ်တာကြောင့် အတော်လေး ညှိုနှိုင်းရခက်ပါတယ်။ ဘယ်သူမှတော့ ကိုပုထုစဉ်ပြောသလို အိမ်နဲ့ အိန် ကိုတော့ တမင်သက်သက်ရည်ရွယ်ပြီး ရေးမယ်မထင်ပါ။ ကျွန်တော် အခုပြောချင်တယ့် အဓိက လိုရင်းကတော့ တော်ရုံမှားတာကို မြင်တိုင်းမြင်တိုင်းထောက်ပြ ကြတယ့်အခါ ကြာလာတော့ လာပြန်ပြီ ဒီပတ်ပျိုး ဆိုသလို ဖြစ်နေမှာစိုးလိုပါ။ ဆေးဆိုတာတောင် ကြာကြာစွဲသောက်တယ့်အခါ အကျိုးအာနိသင်လျှော့တယ်မို့လား။ ဒီတော့ အကြီးအကျယ်မှားတာနဲ့ တော်ရုံအမှားမျိုး ယှဉ်လာတယ့်အခါ အသေးကို လျစ်လျူရှုပေးပြီးတော့ ကြိုစားအားထုတ်မှုလေးတွေကို အသိအမှတ်ပြုစေချင်တာပါ။ တဖြည်းဖြည်းနဲ့ အမှားအကြီးကနေ အသေးကို သွားသင့်တယ်ထင်ပါတယ်။ ကြိုစားပမ်းစားရေးထားတာကို အားပေးရမယ့်အစား နင်တို့က တယ်ဖျင်းသကိုးလို့ အပြောခံရမယ်ဆိုရင် အခံရခက်လှချည့်ပါ။ အဲ့လို ကြိုးစားပမ်းစား ရေးမယ့်လူတွေ မရှိမှသာ မြန်မာစာပေ ပျက်ဖို့ ကိန်းပိုဆိုက်လာမယ်ထင်ပါတယ်။ လိုလိုလားလား အသုံးပြုသူတွေကို မသုံးစွဲရဲစေတယ့် အခြေအနေတ(စ်)ရပ်ကို ဆိုက်ရောက်သွားမှာကိုတော့ အားလုံးပဲ မလိုလားကြဘူးထင်ပါတယ်။ လူဆိုတာ ကိုယ်တတ်တယ့် ပညာအပေါ်မာန်မာန တက်ကြစမြဲပါပဲ။ ဒါကလဲ သဘာဝကျသမို့ ပြောစရာမရှိပါဘူး။ ပညာမာန်ဆိုတာ ချိုးနှိမ်ရခက်ပါတယ်။ ဒါကြောင့်လဲ ဘုန်းကြီးများပြောလေ့ရှိသလို အရှင်ဘုရားက စာခံ နေသကိုးလို့တောင် အဆိုရှိတယ်မဟုတ်လားဗျာ။ ကျွန်တော်ဆိုလဲ မြန်မာစာကိုသာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့ရင် သာလို့တောင်ဆိုးပါဦးမယ်။ ခု comment လဲတော်တော်ရှည်နေပါပြီ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရေးတယ့်အထဲမှာ ရွတ်သလိုဖြစ်နေခဲ့ရင်လဲ စိတ်မဆိုးဖို့ပြောချင်ပါတယ်ဗျာ။

Hteink Min said...

it is very good to read such comment, yahooo..i like it very much..it taught me alot !!

Anonymous said...

ကျမရဲ့ စာကို ၀ိုင်းဝန်း ဆွေးနွေးကြသူများရှိတဲ့အတွက် အထူးပဲ ၀မ်းသာမိပါတယ်။
တီး ပြောသလို ကျမ စိတ်လည်း မညစ်ပါဘူး။ ကျမစာကို တကူးတကဖတ်ပြီး ကျမကို အရေးတယူ ကွန်မန့်ပေးတာဟာ ကျမအတွက်တော့ ၀မ်းမြောက် ဂုဏ်ယူစရာပါပဲ။
ကျမရဲ့ အဓိက ဆိုလိုရင်း ပျောက်သွားမှာစိုးလို့ ဒီကွန်မန့်ကို ထပ်ရေးရခြင်းပါ။ စိတ်ညစ် စိတ်ဆိုးလို့ မဟုတ်ပါဘူး။
ကျမ ဒီပို့စ်ကို ရေးရခြင်းက ဒီပို့စ်ရဲ့ ဦးဆုံးနေရာမှာ တင်ထားတဲ့ ပိစိရဲ့ ကွန်မန့်ကြောင့် ဆိုတာ ထပ်ပြောပါရစေ။
ပိစိ ဒီလို စဉ်းစားတာကို အပြစ်မြင်လို့လည်း မဟုတ်ပါဘူး။ ကျမကိုယ်တိုင်လည်း မသိခင်က စဉ်းစားခဲ့ဖူးတယ် လို့ ရေးခဲ့ပြီးပါပြီ။

ပိစိက စလုံးရှိလျက် ဘာလို့ ဆလိမ်ထည့်တာလဲ၊ ဈမျဉ်းဆွဲလား စလုံးယပင့်လား … ဒါတွေ ဒီလို ကွဲပြားနေတာ ရှုပ်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ တကယ်ပဲ ရှုပ်ပါသလား။ ရှုပ်တယ်လို့ အားလုံးက ယူဆ လက်ခံပြီး ဖြုတ်လိုက်ကြမှာလား။ အဲဒီလိုသာ အားလုံးတွေးမိမယ် ဆိုရင် ….. ။
ကျမ ဒီပို့စ်ရဲ့ နောက်ဆုံးမှာ “ဒါကြောင့် မြန်မာစာပေ မြင့်မားအောင် မလုပ်ဆောင်ချင် နေပါ၊ ပျက်စီးအောင်တော့ မဖျက်ဆီးပစ်ကြပါနဲ့လို့” ရေးခဲ့ပါတယ်။
ဒါ့ပြင် ယပင့်၊ ရရစ် အသုံးမှား အရေးမှားတွေကို ကျမရေးခဲ့ပါတယ်။ ခဏခဏ ကြုံနေရလို့ ရေးခဲ့မိတာပါ။ ဒီလို အမြင်မှား အရေးမှားတွေကို တွေ့နေရတဲ့အတွက် ကျမ ပြောမိပါတယ်။ ဒါဟာ မတော်တဆ သတ်ပုံ မှားခြင်းမဟုတ်ပါ။ ယပင့်ကို ရပင့်၊ ဟ-ထိုးကို ဟတ်ထိုး စသဖြင့် ရေးသူတယောက်ဟာ ဒီ ယပင့်တွေ ဟထိုးတွေရဲ့ မူလဇစ်မြစ်ကို မသိလို့ အဲဒီလို ရေးခြင်း မဟုတ်ပါလား။

ကျမဆိုတဲ့ စာလုံးပေါင်း မှားတယ်ဆိုတာ ကျမ လက်ခံပါတယ်။ ကျမ ရဲ့ စာဟောင်းတွေထဲမှာ (လင့်ခ်ပေးထားပြီး) ရေးခဲ့ဖူးသလို အထက်က ကွန်မန့်မှာလည်း ရေးခဲ့ပါတယ်။ ကျမက အဲဒီအဓိပ္ပါယ်ကို မကြိုက်ဘူး။ စကားပြောတော့ ကျမ (ကျ့ မ့-အသံထွက် မဟုတ်) လို့ ပြောပါတယ်။ စာရေးတဲ့အခါ ကိုယ့်ကိုယ်ကို “ကျွန်” လို့ (နှိမ့်ချပြီး) မသုံးလိုတဲ့အတွက် အသံထွက်အတိုင်း ကျမ လို့သာ ရေးခဲ့တာပါ။ လွတ်လပ်စွာ ရေးသားခွင့်ရှိတဲ့ (စာပေစိစစ်ရေးက လွတ်ကင်းနေတဲ့) ကျမရဲ့ နေ့စဉ် မှတ်တမ်းနဲ့တူတဲ့ အင်တာနက်က ဘလော့ စာမျက်နှာပေါ်မှာ ကျမနှစ်သက်တဲ့ စာလုံးပေါင်း တချို့ကို ခေါင်းမာစွာ (တယူသန်စွာ) မှားမှန်း သိလျက်နဲ့ သုံးနေခဲ့ပါတယ်။
ဒါပေမဲ့ ခဏခဏ ပြောခဲ့ပြီး ဖြစ်သလို မဂ္ဂဇင်း၊ ဂျာနယ်များအတွက် ရေးရင်တော့ ကျွန်တော်/ ကျွန်မ လို့သာ ရေးပါတယ်။ ကျမရဲ့ ဘလော့မှာ “ကျမ” ဆိုတဲ့ စာလုံးပေါင်းအမှားနဲ့ ရေးသားတဲ့အတွက် ကျမဟာ မြန်မာစာပေကို ဖျက်ဆီးသူ တယောက် ဖြစ်လာမှာလားရှင် … ။

“သတ်ပုံကို လေးစားရတယ်” ဆိုတဲ့ ကျမရဲ့ ကိုးကားချက်ကို ပြန်ထောက်ပြတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။ ကျမက ခုခေတ် သတ်ပုံကျမ်း တခုထဲ လေ့လာခဲ့တာတော့ မဟုတ်ပါဘူး။ ဒီဝေါဟာရတွေ စကားလုံးတွေကို စိတ်ဝင်စားလို့ ခေတ်အဆက်ဆက် သတ်ပုံကျမ်းတွေ၊ ဝေါဟာရနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် လေ့လာခဲ့ပါတယ်။ ဒီအခါမှာ ဘာကို သတိထားမိသလဲ ဆိုရင် ပညာရှင်ဟာ အာဏာရှင်အလိုကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။

နောက်တခုက … လေးစား လိုက်နာတယ် ဆိုတဲ့နေရာမှာလည်း ချွင်းချက် ရှိပါတယ်။
နေရာတကာ စာလုံးပေါင်း သတ်ပုံကျမ်းကြီး တကိုင်ကိုင် လိုက်ထောက်ပြ နေတာမျိုးကိုလည်း ကျမ လက်မခံနိုင်ပါဘူး။
ဥပမာ - ကျမ ရေးခဲ့တဲ့ “ကဗျာ-အသံ-ကာရန်-သတ်ပုံ” ဆိုတဲ့ ပို့စ် (လင့်ခ်ပေးပြီး) မှာ
ဆရာဇော်ဂျီရေးခဲ့တဲ့ ဗေဒါလမ်းကဗျာကို ကိုးကားပြီး ရေးထားပါတယ်။
“မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလဲ
ညဥ့်ဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနဲ…”
စာလုံးပေါင်း အမှန်ဆို “နည်း” ပါ။ ကာရန်ကို ငဲ့ပြီး ဆရာဇော်ဂျီက “နဲ” လို့သုံးပါတယ်။
အဲဒါမျိုး ချွင်းချက်တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါတွေကို ကျမ လက်ခံပါတယ်။

နောက်ပြီး လယ်တီဆရာတော်ဘုရားကြီးရဲ့ ခုနစ်နေ့ ဘုရားရှိခိုးမှာ
“၀ါဆိုလပြေ့ - ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ ….”
အဲဒီနေရာမှာ ဆရာတော်က လပြည့်လို့ မပေါင်းဘဲ လပြေ့ လို့ ပေါင်းပါတယ်။
ဘာကြောင့်လဲ။ ဒါဟာ သတ်ပုံကို မလေးစားလို့လား။ အမှန်ကို မသိလို့လား။ မဟုတ်ပါဘူး။
ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ဟာ လူအများ နားလည်လွယ်ဖို့၊ လူအများ မျက်စိထဲ နားထဲ လျှောကနဲ ရောက်စေဖို့ ခုလို သုံးနှုန်းရေးသား ခဲ့တာပါပဲ။

ဒါတွေကို ဖတ်ပြီးတော့ သတ်ပုံအမှန်ကို လေးစားလိုက်နာတယ်ဆိုတဲ့ နေရာမှာ အမှန်ကိုသိသော်လည်း ချွင်းချက်အနေနဲ့ (တခုခုကို ငဲ့ပြီး) ပြင်သင့်ရင် ပြင်ရတယ်ဆိုတဲ့ အချက်ကို ကျမ သဘောပေါက် ထားပါတယ်။
အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာကြီး မင်းသုဝဏ်က “ရပ်သံ ရွာသံ စည်းချရန်” ဆိုပြီး ဆောင်းပါး တပုဒ် ရေးခဲ့ပါတယ်။ အားရင် အစ အဆုံး ရိုက်ပြီး တင်ပေးပါမယ်။

ဒီတော့ ကျမ နောက်ဆုံး ပြောချင်တာက စာလုံးပေါင်း မှားသူများကို မြန်မာစာ ဖျက်ဆီးသူများလို့ ကျမ ဆိုလိုခြင်း မဟုတ်ပါဘူး။ ကျမသည်လည်း စာလုံးပေါင်းတွေ မှားမြဲ မှားနေဆဲပါ။ ကျမပြောချင်တဲ့ ဆိုလိုရင်းနဲ့ ကျမစေတနာကို ကျမစာတွေ သေသေချာချာ ဖတ်ရင် သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်ရှင်။

အားလုံးကို ကျေးဇူးတင်စွာဖြင့် …

မေဓာဝီ
၁၆၊ မေ၊ ၂၀၀၇
ညနေ ၅ နာရီ ၄၅

ကလိုစေးထူး said...

ကျနော့်ကို အနည်းငယ်လောက် ၀င်ပြောခွင့်ပြုပါ။
ကျနော်တို့တတွေ ဘလော့ဂ်ရေးကြတယ်။ ဘာတပြားသားမှ မရပါဘူး။ အချိန်၊ ငွေ၊ ကုန်တယ်။ ဒါပေမယ့် ကျေနပ်စွာနဲ့ ဘလော့ဂ်ရေးကြတယ်။ ဘာကိုလိုချင်လို့ ရေးနေကြတယ် ထင်ပါသလဲ။ ကိုယ်ရေးတဲ့ စာကို အကဲဖြတ်စေချင်တာ၊ ကိုယ်သိတာကို မျှဝေချင်တာ၊ ကိုယ်မသိတာကို (တခြားသော ဘလော့ဂါတွေဆီက) သင်ယူလိုတာကြောင့် ဖြစ်ပါတယ်။

ဘလော့ဂ်တွေရဲ့ သဘောသဘာဝဟာ လွတ်လပ်ပါတယ်။ မိမိကိုယ်ပိုင် အယူအဆကို (တားဆီးသူမရှိ) ပွင့်လင်းစွာ ပြောနိုင်ပါတယ်။ စာဖတ်သူရဲ့ response ကိုလည်း ချက်ချင်း ပြန်ရစေတဲ့အတွက် တခြားသော ပုံနှိပ်စာစောင်တွေထက် ထူးခြားမှု တခုရှိပါတယ်။

ကဲ.၊ ဟုတ်ပြီ။ စကားလမ်းကြောင်း ပြန်တည့်ရအောင်ခင်ဗျာ။ အခု မမေဓာဝီက ဆရာမစန္ဒာရဲ့ ၀တ္ထုတပုဒ်ကို မျှဝချင်တဲ့ ဆန္ဒနဲ့ တင်ပေးတယ်။ သူဘယ်လောက်အားထုတ်ထားလဲ ဆိုတာ သေချာကြည့်ရင် သိနိုင်ပါတယ်။ တကယ်ဆိုရင် သူက မှားနေတယ်ထားဦး။ အပြုသဘောဆန်ဆန် ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။ အခုတော့ဗျာ။ မှားကွက်ကို ရှာကြံထောက်နေသလို ဖြစ်နေတယ်လို့ မြင်မိတယ်။ ဒီဘလော့ဂ်မှာ ဖြစ်လို့ သူ့ရဲ့ လွတ်လပ်ခွင့်နဲ့သူ ကျမ လို့ရေးတာဖြစ်ပါတယ်။ အမှန်က ကျွန်တော်၊ ကျွန်မက အမှန်ပါလို့ ၀န်ခံပြီးပြီပဲဗျာ။ ဘာများထပ်လိုချင်နေကြသေးတာလဲ စဉ်းစားလို့ မရပါဘူး။ သူတင်ထားပြီးတဲ့ ပို့စ်တွေကို ဖြုတ်ပေးစေချင်တာလား။

ပိစိက မေးလိုက်တာ တခွန်းနှစ်ခွန်းပါ။ ဒါကို မမေဓာဝီက ပြန်ဖြေနိုင်ဖို့အတွက် အကိုးအကား စာအုပ်တွေများစွာနဲ့ စနစ်တကျ ဖြေပေးတာကို ကြည့်ရင် သူ့ရဲ့ စာဖတ်သူအပေါ်ထားတဲ့ စေတနာကို မြင်နိုင်ပါတယ်။ အဲဒါကို အသိအမှတ်မပြုအားဘဲ ကျမ လို့ သုံးနေတာကိုပဲ ထပ်တလဲလဲ ထောက်ပြနေတာကတော့ ဘလော့ဂါအပေါ် စေတနာနဲ့ ဝေဖန်တယ်လို့ မမြင်ပါဘူး။ ပွဲမဆူဆူအောင် လာဖွနေသလားတောင် ထင်မှတ်မှားမိပါတယ်။

ကျနော်တို့ သတ်ပုံတွေ အကြောင်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ရေးခဲ့တဲ့ ရည်ရွယ်ချက်တွေမှာ သတ်ပုံတွေ မှားနေရကောင်းလား ဆိုတဲ့ အပြစ်တင်စောကြောလိုတဲ့ ဝေဖန်ချက် မပါဝင်ပါဘူး။ ဒီလိုလေးဆိုရင်တော့ ကောင်းမှာပဲ ဆိုတဲ့ သဘောဆန်ဆန် ဆွေးနွေးမှုကို ချဉ်းကပ်ရေးသားပါတယ်။ အခုတော့ ၀င်ရိလိုက်ဦးမှဆိုတဲ့ ပုံစံမျိုး၊ သူတော့ မှားနေပြီ ငါဝင်ဖဲ့လိုက်ဦးမှ ဆိုတဲ့ ပုံစံမျိုး အမှားထောက် ကွန်မန့်တွေကို ဖတ်ရတာ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ၀င်ရိတယ်လို့ အသားလွတ် စွပ်စွဲတယ်လို့ မထင်ပါနဲ့။ `ဆာယေးသူ´ ဆိုတာ မြန်မာသတ်ပုံမှာ မရှိပါဘူး။

Anonymous said...

ကလိုစေးထူး
ဆာယေးသူက ကျွန်တော့်နာမည် ပါ..စာ (စာကလေး ထင်မှာဆိုးလို့ ) ဆိုတာနဲ့  ရေး (အော်ဟစ်သံထင်မှာစိုးလို့ ) နဲ့ ပေါင်းရမှာ မကြိုက်လို့  ဆာယေးသူလို့ ထွင်ပေါင်းကြည့်တာပါ..သတ်ပုံကျမ်း က ဒီနာမည် ကို ထဲ့ပုံနှိပ်မယ်မထင်ပါ..ကလိုစေးထူး နာမည်ရော တွေ့ မိ ပါသေးလား..

မေဓာဝီ ရေ..
ဘာရယ် မဟုတ်ပါဘူး..ဦးမောင် ကို ၀င်ထောက်ခံ လိုက်တာပါ..ကျွန်တော့် အမြင်အရ တော့ မြန်မာ ဘလော့ဂါထဲမှာ ဒီလောက်မြန်မာ စာ ကို နှံ့ စပ်ကျွမ်းကျင်ပြီး အင်မတန် တော်တဲ့ စာရေး ကောင်း ကလောင် ထက် နေ တဲ့ စာရေး သူတစ်ယောက်ကို တွေ့  လိုက်ရတော့ ၀မ်းလည်း သာ တယ်..တန်ဖိုးမရှိဖူးထင်ရင် ဘလော့(ခ) ဖတ်သူကလဲ နောက်တစ်ကြိမ်ထပ်မ၀င်ပါဘူး..ကျွန်တော်ခဏခဏတက်နေ တာ ကောင်းလွန်း တန်ဖိုးရှိလွန်းလို့ ပါ.. အားလုံး ပြီး ပြည့် စုံအောင် ကောင်းနေတဲ့ ရေးသားမှု..တန်ဖိုးရှိတဲ့ စာပေ ဝေမျှ မှူတွေ ထဲ က အဲဒိ ကျမ လေးကို သတ်ပုံအတိုင်း လေးရေး လိုက်ရင် ပို ပြီး perfect ဖြစ်သွားမှာ ပဲဆိုတဲ့စေတနာနဲ့ ပါ..ကလောင်သွားထက်တဲ့ စာရေးသူ တွေနောက်မှာ လိုက် အတုယူနည်းနာ ယူမယ့် စာဖတ် ပရိတ်သတ်က ထုနဲ့ ထည်နဲ့ ရှိ နေ စမြဲပါ..တစ်ယူသန် စာရေးသူရဲ့ စာလုံး ပေါင်း အမှား ကို လိုက်အတုယူရေး မယ့် စာဖတ်ပရိသတ် မေဓာဝီမှာ ရှိနေ ရင် ..
စံသတ်ပုံကျမ်း က မှားနေတယ်ဆိုရင်လဲ ကျမ်းပြု ပညာရှင်တွေ လိုအပ်ချက်ပေါ့နော..
အငြင်းပွါးတာတွေတော်လောက်ပါပြီ..

အားပေးလျက်ပါ..
cheers!

Anonymous said...

ကိုင်းမထူးပါဘူး ရှည်တလက်စနဲ့ ထပ်ပြီးရှည်ပရစေဦး။ ခွင့်လွတ်ကြပါ။

ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးနှင့် ဝေဖန်မှုအပေါ်တုံ့ပြန်မှု
comment ထဲမှာ တစ်ခါရေးပြီးတယ့် အတိုင်းပါပဲ။ ညံ့နေတယ့် လူတစ်ယောက်ကို နင်ဒါလုပ်တာ မဟုတ်ဖူး။ ဟိုဟာ လုပ်တာ မှားတယ်။ ဒီဟာလုပ်တာ လိုတယ် စသည်ဖြင့် တစ်ယောက်ကနေ တစ်ယောက် အကြိမ်ဖန်များစွာ ပြောကြတယ့်အခါ နာခံရသူအဖို့မှာ ခက်ပါတယ်။ နာခံလွယ်သူမဟုတ် လို့ဆိုရင်တော့ ခံယုံမှတစ်ပါး အခြားမရှိပါ။ ကလေးတွေကို ထိတွေ့ဆက်ဆံခဲ့ဖူးတယ့် လူတွေဆိုပိုပြီးသိသာမှာပါ။ သားသားမီးမီးတို့ တော်လိုက်တာ နောက် ဒီလိုမျိုးဆက်ကြိုးစား ဆိုတယ့် စကားလေးတစ်ခွန်းမှာ ဒါလေးတော့ မှားနေတယ် နောက်ဆို မမှားအောင် သတိထားလိုက်ပါလား ဆိုတာနဲ့။ နောင် နင်ဒါမျိုးမှားရင် ဘယ်လိုဖြစ်မယ် ဘာညာဖြစ်မယ်ဆိုတာ ဘယ်လိုကွာခြားတယ့် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိပြီးသားပါ။
တစ်ချို့သောလူတွေမှာ ခုလိုဒုတိယမြောက် မှတ်ချက်မျိုးရတယ့် အခါ မခံချင်တယ့် စိတ်နဲ့ အပြင်းအပျ ကျိုးစားပီး တိုးတက်သွားကြသလို။ မိမိရယ့် ပင်ကိုယ်စိတ်က မကြံ့ခိုင်တယ့်အခါကျရင် အားငယ်ငုတ်လျှိုးသွားတတ်ကြစမြဲပါ။ ဒါကြောင့် စာလုံးပေါင်းသတ်ပုံ ညံ့နေသော လူနုပ်တွေထဲက လူနုပ်တစ်ဦး အနေနဲ့ ပဲ တင်ပြထားတာပါ။ blog ရေးသားနေတယ့် မည်သူ့ကိုမဆို အငုပ်စိတ်မ၀င်စေချင်ပါ။ လူတိုင်းကိုယ်စီ အတွက် ကိုယ့်ထက်တော်တယ့် တတ်တယ်သူများ အားပေး ချီးမွမ်းကြတယ့်အခါ အဖိုးမဖြတ်နိုင်တယ့် အားဆေးတစ်ခွက်ပါ။ မရှက်မကြောက် ပြောကြစတမ်းဆိုရင် လူတိုင်းလဲ တောင့်ကြပါတယ်။ ခုချိန်မှာ အောင်မြင်တယ် ဆိုတယ့်လူတွေဟာ မအောင်မြင်ခင်က တောင့်တကြခဲ့မှာပါ။ ခုကြိုးစားနေဆဲ လူတွေကလဲ ဒီလိုတောင့်တမှုမျိုးကို ရှိနေကြမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ပွင့်လင်းစကားပဲ ပြောပရစေ။ စိတ်ရောကိုပါ ချီးမွမ်းတိုက်တွန်းလိုက်ကြပါ။ ဘယ်လောက်ပဲဝေးနေပါစေ သမ္ဘာရင့်ဆိုသူတွေရယ့် ရင်ထဲက ချီးမွမ်းသံတွေကို သူတို့ အမြဲကျေးဇူးတင်နေမှာပါ။ ငါနှင့်ငါသာ နှိုင်းစရာ ဆိုပြီး စိတ်နှလုံးသွင်းထားမယ်ဆိုရင်တော့ ပြောစရာမရှိပါ။
လက်သုံးစကား အမှန်တရား
အမှန်တရားဆိုတာ အချိန်နဲ့လိုက်ပြီးပြောင်းလဲ နေတတ်ကြတယ့် သဘောတရားတစ်ခုပါ။ ကျွန်တော် နောက်ထပ်တစ်ခု အမှန်တရားဆိုတာနဲ့ ပတ်သက်ပြီးတော့ တင်ပြချင်တာပါ။ ကျွန်တော်တို့ ခုချိန်မှာ ရာနှုန်းပြည့်မှန်တယ်ဆိုတယ့် အရာတစ်ခုကို နှစ် ၁၀၀ စီလောက် ရှေ့နောက် ရွေ့ပြီး စဉ်းစားကြည့်ပါ။ မတူညီတယ့် အချိန်ကလာ အပိုင်းအခြားတွေမှာ အပြောင်းအလဲ အရှိမှန်ပါ့မလား။ ဒီလိုပါပဲ လူတစ်ယောက်ကို မှန်၏မှား၏ ဆိုတာ သူလက်တွေ့ ဘ၀မှာ ရင်ဆိုင် ကြုံတွေ့ရတယ့် အတွေ့အကြုံ စာပေဗဟုသုတကနေ အချိန်ကြာလာတာနဲ့ အမျှ တဖြည်းဖြည်းသင်ယူသွားပါလိမ့်မယ်။ ဒီတော့ ဒီလိုလူတွေကနေပြီးတော့ အတိုင်းအတာ အကန့်အသတ်တစ်ခုအတွင်းမှာ ရနိုင်ကြတယ့် ဗဟုသုတအပေါ် အခြေခံပြီး မှန်၏ မှား၏ ပြောတာဟာ ရှက်စရာမကောင်းသလို တွန့်ဆုတ်စရာ အလုပ်တစ်ခုလဲမဟုတ်ပါဘူး။ အရှင်းဆုံး ဥပမာ ကတော့ အလင်းကို မတူညီတယ့် အချိန်ကလ တွေမှာ wave nature လား particle nature လားဆိုပြီးတော့ ခေတ်အဆက်ဆက်က ပညာရှင်တွေဟာ သူတို့ပြောရရှိနိုင်တယ့် အချက်အလက်တွေကို အခြေခံပြီးပြောရဲသေးတာပဲ နောက်ဆုံးမှာ( ခုလက် ရှိအနေအထား အတွကိမှာတော့) အမှန်တရားဆိုတာကြီးက နှစ်မျိုးလုံးပါတယ့်။ အပြုသဘော အဖျက်သဘောဆိုတာတော့ ပြောစရာတောင်မလိုပါဘူး။ ဝေဖန်ထောက်ပြတယ်ဆိုတာ အပြုသဘောပါပြီးသားလို့ မှတ်ယူပါရစေ။ အဖျက်သဘောပါတယ့်ဝေဖန်ရေးဆိုတာ ရှိကိုမရှိလို့ပါ။ မကောင်းပြောတာသာ ဖြစ်ပါလိမ့်မယ်။ အပြစ်တင်စောကြောနေတာလဲ မဟုတ်သလို။ အပြစ်တွေချည်း တွင်တွင်ရေးနေကြတာလဲ မဟုတ်ပါဘူး။
ဝေဖန်ထောက်ပြတာနဲ့ ချီးမွမ်းပြောဆိုတာ ယှဉ်ကြည့်မယ်ဆိုရင် လူတိုင်း ကိုယ်စီ ချီးမွမ်းပြောဆိုတာ ခံယူချင်ကြမှာပေါ့။ လူတိုင်းကလဲ မြင်းထိန်း ငတာ ချီးမွမ်းခန်းလိုတော့ ဘယ်လိုချင်ကြပါ့မလဲ။ ပညာရှိအချင်းချင်း ချီးမွမ်းတာဟာ အတိုင်းထက်အလွန်ပေါ့။ အသိသညာနဲတွေက ချီးမွမ်းချင်း မခံစားထိုက် ဝေဖန်ထောက်ပြခြင်းနှင့်သာ ထိုက်တန်၏ ဆိုတယ့် သဘောမျိုးတော့ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒီနေရာမှာ ထပ်ပြီး ကွန့်ပရစေဦး။
မြန်မာ blog တွေမှာ ရေးထားတယ့် သတ်ပုံသတ်ညွှန်းနဲ့ ပတ်သက်တယ့် ပို့စ် ( အများစုဟာ)ုမှာ ဤဘလော့ခ်များသည် ကောင်း၏ အိုင်ဒီယာများမှာ ကောင်း၏ ပြီးတော့ ဘာလာပါဦးမလဲ သတ်ပုံမှားသော စာဖြစ်၏။ အဲ့လို ရေးမယ့်အစား ထိထိရောက်ရောက်ရေးကြတယ့်အခါ ပိုပြီးမကောင်းဘုးလား။ ဓါတ်ပုံ တစ်ပုံကို ရိုက်ယူလာတယ့်အခါ ကောင်းတယ့် ပုံလဲရှိမပေါ့။ မကောင်းတယ့် အခါများမှာလဲ တည်းဖြတ်ပြင်ဆင် သန့်စင်တယ့်အခါ အဆင့်ဆင့် လုပ်ဆောင်ကြရပါတယ်။ ဟောဆို ပြီး တစ်ချက်ထည်းနဲ့ ပုံလှလှထွက်စေဆိုတာတော့ မဖြစ်နိုင်ပါ။ ဒီလိုပဲ စာကောင်းပေသန့်တွေ ပေါ်များလာဖို့လုပ်တယ့် အခါမှာလဲ အမှားကြီးငယ်ကို တန်းတူမယူပဲ လျှော့တန်လျှော့ ပေါ့တန်ပေါ့ ဂရုပြုတန်ပြုတာ ပိုပြီးတော့ မသင့်လျော်ဘူးလားဗျာ။ မင်ရည်စက်တိုင်းမှာ ကီးဘုတ်ရိုက်ချက်တိုင်းမှာ စာကောင်းပေသန့်များ ထွက်လာမယ်ဆိုရင်တော့လဲ လူတွေအကုန် စာရေးစားကြပြီးတော့ စာရေးဆရာဆိုတယ့် အသက်မွေးမှုတောင် ပျောက်ပျက်သွားပါဦးမယ်။
ထပ်ပြီးတော့ ရေးခွင့်ပြုပါဦး။ မြန်မာစာ သတ်ပုံသတ်ညွန်းမှားတယ့် blog တွေကလဲ မှားတယ်လို့ပဲ ပြောကြပါတယ်။ မှားနေတာကို မှန်တယ်လို့ ပြောတယ့် blog မတွေ့ဖူးပါ။ ရေးချင်စိတ်တစ်ခုတည်းနဲ့ပဲ အားသွန်ခွန်စိုက် အားထုတ်မှု ဒါမှမဟုတ် blog ရေးသားသူတွေရယ့် တန်ဖိုးရှိလှတယ့် အရည်အသွေးကို ကျော်လွန်ပြီးတော့မှ ရလာဒ်တစ်ခုဖြစ်တယ့် blog ပေါ်တက်လာတယ့် စာလုံးတွေကိုပဲ မြင်မယ်ဆိုရင်တော့ အပြစ်တင်စရာမရှိပြန်ပါဘူး။ လူတွေမှာ အားနည်းချက်ကိုယ်စီ ရှိကြပါလိမ့်မယ်။ ဘာသာစကား အသိပညာ အတတ်ပညာ တစ်ခုခုမှာ ကိုယ်စီထူးချွန်ချက် ကလေးတွေ ရှိကြပါတယ်။ သူတို့ရယ့် ဖြန့်ဖြူးမှု သူတို့ရယ့်နောက်ခံ ဘ၀ပေးအခြေအနေတွေက ရရှိထားတယ့် အတွေ့အကြုံတွေဟာ စာတစ်မျက်နှာပေါ်က စာလုံးပေါင်းအမှားတွေထက် အများကြီး တန်ဖိုးကြီးမားပါတယ်။
မမေကိုလဲ မြန်မာချက်ကတည်းက စပြီးသိကျွမ်းခဲ့ရသူမို့ လေးစားလျက်ပါ။ ဘာသာစကား စာပေတတ်ကျွမ်းသူများဟာ အဖိုးမဖြတ်နိုင်တယ့် ရတနာတွေပါ။ ဘာလို့ဆိုတော့ သူတို့ကို မူတည်ပြီးတော့မှ ဘာသာစကားတစ်ခုရယ့် တိုးတက်မှု ဆုတ်ယုတ်မှုကို တိတိပပပြောနိုင်မယ်ထင်လို့ပါ။ ကျန်တယ့် သဘောထားကွဲပြားတယ့် C&C ပေးသူအားလုံးကိုလဲ အတိုက်အခံဖြစ်ဖို့ရာ ရည်ရွယ်ချက်မရှိပါ။

ကိုဖြိုး said...

ကိုရင်ပိစိရေ … ကျွန်တော်က အမကြီးလို့ခေါ်တာက ကျွန်တော့် အစ်မတစ်ယောက်အနေနဲ့ မဟုတ်ပါဘူး။ ၀ါသနာရှင်လူငယ်လူရွယ်လေးတွေအတွက် စာသံပေသံကြီးတွေနဲ့ " မ " နေတယ်ထင်လို့ အမကြီးလို့ခေါ်တာပါ။ ဟားဟား ခင်ဗျားပြောသလို အစ်မကြီးဆိုရင် ပိုရင်းနှီးကျွမ်းဝင်မယ် မကျွမ်းဝင်ဖူးတော့ မသိဘူး။ တစ်ခုခုများ အစ်နေလို့လားဆိုပြီးတွေးမိမှာ စိုးလို့ပါ။ ခင်ဗျားတို့မို့ဗျာ အားအားယားယား ကတုံးခေါင်းသန်းရှာနေတယ်။ ဦးဖေမောင်တင်နောက်တစ်ယောက်ပေါ်လာမယ် မှတ်လို့လား။
(မေဓာဝီ။ ။ ကျမတို့ဟာ ကိုယ့်စာ ကိုယ့်စကားကို မဖျက်ဆီးသင့်ဘူး ဆိုတာ သဘောပေါက်မိတယ်။ )
အဲဒါလေးမြင်မိတော့ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းတော့ ခံပြင်းသွားတယ်။ မသိရင်ပဲ ကျွန်တော်တို့က ကိုယ့်စာ ကိုယ့်စကားကို ဖျက်ဆီးနေသလိုပဲ။ ၀ါသနာရှင်လူငယ်တွေဟာ ကိုယ့်စာကိုယ့်စကားကို ဖျက်ဆီးနေသလိုပဲ။
(မေဓာဝီ။ ။ “သတ်ပုံကို လေးစားရတယ်” ဆိုတဲ့ ကျမရဲ့ ကိုးကားချက်ကို ပြန်ထောက်ပြတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။ ကျမက ခုခေတ် သတ်ပုံကျမ်း တခုထဲ လေ့လာခဲ့တာတော့ မဟုတ်ပါဘူး။ ဒီဝေါဟာရတွေ စကားလုံးတွေကို စိတ်ဝင်စားလို့ ခေတ်အဆက်ဆက် သတ်ပုံကျမ်းတွေ၊ ဝေါဟာရနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် လေ့လာခဲ့ပါတယ်။ ဒီအခါမှာ ဘာကို သတိထားမိသလဲ ဆိုရင် ပညာရှင်ဟာ အာဏာရှင်အလိုကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။)
ကျွန်တော်သိထားတဲ့ ပညာရှင်တွေကတော့ အာဏာရှင်မကလို့ သူ့ဘကြီးပဲလာလာ ကိုယ့်ပညာအတွက် အသက်တောင်အသေခံခဲ့ကြတာချည်းပဲဗျ။ မယုံရင် ဆိုကရေးတီးဆီလိုက်မေးကြည့်။ (အင်း … သူက အဆိပ်ဆိုလား ဘာဆိုလား သောက်သေသွားတာဆိုတော့) ဘားနတ်ရှောဆီလိုက်မေးကြည့်။ အချုပ်တန်းက မောင်ဖေဆီလိုက်မေးကြည့်။
(မေဓာဝီ။ ။ နောက်တခုက … လေးစား လိုက်နာတယ် ဆိုတဲ့နေရာမှာလည်း ချွင်းချက် ရှိပါတယ်။
နေရာတကာ စာလုံးပေါင်း သတ်ပုံကျမ်းကြီး တကိုင်ကိုင် လိုက်ထောက်ပြ နေတာမျိုးကိုလည်း ကျမ လက်မခံနိုင်ပါဘူး။
ဥပမာ - ကျမ ရေးခဲ့တဲ့ “ကဗျာ-အသံ-ကာရန်-သတ်ပုံ” ဆိုတဲ့ ပို့စ် (လင့်ခ်ပေးပြီး) မှာ
ဆရာဇော်ဂျီရေးခဲ့တဲ့ ဗေဒါလမ်းကဗျာကို ကိုးကားပြီး ရေးထားပါတယ်။
“မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလဲ
ညဥ့်ဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနဲ…”
စာလုံးပေါင်း အမှန်ဆို “နည်း” ပါ။ ကာရန်ကို ငဲ့ပြီး ဆရာဇော်ဂျီက “နဲ” လို့သုံးပါတယ်။
အဲဒါမျိုး ချွင်းချက်တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါတွေကို ကျမ လက်ခံပါတယ်။
နောက်ပြီး လယ်တီဆရာတော်ဘုရားကြီးရဲ့ ခုနစ်နေ့ ဘုရားရှိခိုးမှာ
“၀ါဆိုလပြေ့ - ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ ….”
အဲဒီနေရာမှာ ဆရာတော်က လပြည့်လို့ မပေါင်းဘဲ လပြေ့ လို့ ပေါင်းပါတယ်။
ဘာကြောင့်လဲ။ ဒါဟာ သတ်ပုံကို မလေးစားလို့လား။ အမှန်ကို မသိလို့လား။ မဟုတ်ပါဘူး။
ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ဟာ လူအများ နားလည်လွယ်ဖို့၊ လူအများ မျက်စိထဲ နားထဲ လျှောကနဲ ရောက်စေဖို့ ခုလို သုံးနှုန်းရေးသား ခဲ့တာပါပဲ။)
ဆရာဇော်ဂျီကို ကျွန်တော်တို့လည်း လေ့လာမှတ်သားဖူးခဲ့ပါတယ်။ ထိုကဗျာ အပိုင်းအစကလေးထဲမှာပင် " မနက်က တက်တဲ့ ဒီ " ဆိုသည်မှာလည်း ငဲ့ထားဟန်တူပါတယ်။ ရေးတော့ အမှန်ဖတ်တော့ အသံ ဆိုသလို မနက်က တက်သည့် ဒီ အစား မနက်က တက်တဲ့ဒီ ဟု အသံအတိုင်းယူထားခြင်းကိုလည်း တွေ့ရပါတယ်။ ကဗျာဆိုသည်မှာ အနုပညာပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အနုပညာသမားမှာ လွတ်လပ်မှုရှိပါတယ်။ ငဲ့ကွက်မှုအတွက်တော့ မိမိ၏ အနုပညာကို ပေါ့လျော့သွားစေလိုစိတ် ဆရာ့မှာ မရှိနိုင်ပါ။ ကဗျာရွတ်ဆိုသူ ဖတ်သူ၏ ရွတ်ရလွယ်ကူစေလိုသော စေတနာအရ (စေတနာဟု သုံးစွဲခဲ့ပါသည်။) ရေးသားခဲ့ဟန်တူသည်ဟုသာ မှတ်ချက်ပြုလိုပါသည်။ လယ်တီဆရာတော်ကြီး၏ ဘုရာရှိခိုးလည်း ထိုနည်းလည်းကောင်း ယူဆရန်သင့်၏။
(ကလိုစေးထူး။ ။ အခု မမေဓာဝီက ဆရာမစန္ဒာရဲ့ ၀တ္ထုတပုဒ်ကို မျှဝချင်တဲ့ ဆန္ဒနဲ့ တင်ပေးတယ်။ သူဘယ်လောက်အားထုတ်ထားလဲ ဆိုတာ သေချာကြည့်ရင် သိနိုင်ပါတယ်။ တကယ်ဆိုရင် သူက မှားနေတယ်ထားဦး။ အပြုသဘောဆန်ဆန် ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။ အခုတော့ဗျာ။ မှားကွက်ကို ရှာကြံထောက်နေသလို ဖြစ်နေတယ်လို့ မြင်မိတယ်။ ဒီဘလော့ဂ်မှာ ဖြစ်လို့ သူ့ရဲ့ လွတ်လပ်ခွင့်နဲ့သူ ကျမ လို့ရေးတာဖြစ်ပါတယ်။ အမှန်က ကျွန်တော်၊ ကျွန်မက အမှန်ပါလို့ ၀န်ခံပြီးပြီပဲဗျာ။ ဘာများထပ်လိုချင်နေကြသေးတာလဲ စဉ်းစားလို့ မရပါဘူး။ သူတင်ထားပြီးတဲ့ ပို့စ်တွေကို ဖြုတ်ပေးစေချင်တာလား။)
ကလိုစေးထူးကိုပြောချင်တာကတော့ မမေဓာဝီကို အပြုသဘော ဆန်ဆန်ဆွေးနွေးသင့်တယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် အပြုသဘောဆန်ဆန်ဆွေးနွေးသင့်တယ်ဆိုတာကိုတော့ သိပ်နားမလည်ပါ။ ဆရာမစန္ဒာရဲ့ ၀တ္ထုတပုဒ်ကို မျှဝေချင်တဲ့ ဆန္ဒနဲ့ တင်ပေးတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ တင်ချင်ရင်လဲ ဘ၀အိပ်မက်ပန်းအိပ်မက်လို စာအုပ်မျိုးကိုလည်း မျှဝေသင့်တယ်လို့တိုက်တွန်းလိုက်ပါတယ်။ ဆရာမစန္ဒာရဲ့ ၀တ္ထုတပုဒ်ကို မျှဝချင်တဲ့ ဆန္ဒနဲ့ တင်ပေးတယ်။ မျှဝဆိုတာကိုတော့ ကျွန်တော်နားမလည်ပါ။ ကျမရေးရေး ကျွန်မရေးရေး ကျွန်တော့်အလုပ်လည်းမဟုတ်ပါ။ သူ့ Blog မှာ သူရေးချင်ရာရေး ဘယ်ပို့စ်ကိုမှလည်း မဖြုတ်စေချင်ပါ။ တစ်ခုတော့ရှိတာပေါ့လေ။ စာပေအနုပညာနဲ့ စာပေယဉ်ကျေးမှုကို ကွဲပြားစွာဖော်ပြစေချင်ပါတယ်။ ၀ါသနာရှင်လူငယ်များရဲ့ အတွေးတွေလွတ်လပ်မှုတွေကို စည်းကမ်းတွေနဲ့ မွန်းကြပ်မနေစေဖို့ ဆန္ဒပြုလိုက်ပါတယ်။
(ကလိုစေးထူး။ ။ ကျနော်တို့ သတ်ပုံတွေ အကြောင်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ရေးခဲ့တဲ့ ရည်ရွယ်ချက်တွေမှာ သတ်ပုံတွေ မှားနေရကောင်းလား ဆိုတဲ့ အပြစ်တင်စောကြောလိုတဲ့ ဝေဖန်ချက် မပါဝင်ပါဘူး။ ဒီလိုလေးဆိုရင်တော့ ကောင်းမှာပဲ ဆိုတဲ့ သဘောဆန်ဆန် ဆွေးနွေးမှုကို ချဉ်းကပ်ရေးသားပါတယ်။ အခုတော့ ၀င်ရိလိုက်ဦးမှဆိုတဲ့ ပုံစံမျိုး၊ သူတော့ မှားနေပြီ ငါဝင်ဖဲ့လိုက်ဦးမှ ဆိုတဲ့ ပုံစံမျိုး အမှားထောက် ကွန်မန့်တွေကို ဖတ်ရတာ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ၀င်ရိတယ်လို့ အသားလွတ် စွပ်စွဲတယ်လို့ မထင်ပါနဲ့။ `ဆာယေးသူ´ ဆိုတာ မြန်မာသတ်ပုံမှာ မရှိပါဘူး။)
သတ်ပုံတွေရေးတယ်ဆိုလို့ မြန်မာစာဌာနက ထုတ်ထားတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းက မလုံလောက်လို့လားဗျာ။ ဆာယေးသူဆိုတာ မရှိပါဘူးဆိုတာကို လက်ခံပါတယ်။ မြန်မာစာသတ်ပုံမှာ ဒါပေမယ့် မိမိရင်ထဲကလာတဲ့ အသံထဲမှာတော့ ရှိချင်ရှိနေမှာ ဖြစ်ပါတယ်။ ကလိုစေးထူးပြောသလို (မိမိကိုယ်ပိုင် အယူအဆကို (တားဆီးသူမရှိ) ပွင့်လင်းစွာ ပြောနိုင်ပါတယ်) ဆိုတဲ့အတိုင်း သူကြိုက်တဲ့ နာမည်သူ့ဟာသူပေးတာကို သတ်ပုံရှိတယ် မရှိဘူးပြောနေတာကတော့ သူများကလေး နာမည်ပေးတာကို မေးငေါ့သလိုဖြစ်နေပြီဗျ။
သတ်ပုံသတ်ညွှန်းအကြောင်းအသာထားကာ သတ်ပုံ၏ မွေးသမိခင် ဘာသာစကားအကြောင်း အနည်းငယ်မျှဖော်ပြချင်ပါသည်။
ကမျူးကပြောဖူးသည် ကျွန်တော်တို့၏ အတိကျဆုံး စကားလုံးတွေ၊ အအောင်မြင်ဆုံးရေးသားဖော်ပြချက်တွေ (Our Most Successful Cries) သည်ပင်လျှင်အဓိပ္ပာယ်ကင်းမဲ့နေသည်လား၊ မနေဘူးလား မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။ နောက်ဆုံးအနေနှင့် တိတ်ဆိတ်ငြိမ်သက်နေသော (အသံမဲ့) ဤလောကတွင် လူသား၏ အဆုံးစွန်သော အထီးကျန်မှုကို ဘာသာစကားက ဖော်ပြနိုင်ခြင်းမရှိ။ တဲ့။
ဆရာဇော်ဇော်အောင်၏ ၆.၀၁ တွင်
စာပေအနုပညာပစ္စည်းတစ်ခု ပြုလုပ်ဖန်တီးရာတွင် ဘာသာစကားသည် (မရှိမဖြစ်၊ ရှိမပြည့်စုံ)။ ဘာသာစကား၏ မပြည့်စုံမှုအကြောင်းကို ပြောခဲ့ကြသည်မှာ သမိုင်းသက်တမ်း ကြာလှပြီ။ ပလေတိုက စသည်။ (SEVENTH EPISTLE ကြည့်ပါ။ ဇော်ဂျီ/ပလေတိုနိဒါန်း၊ ပါရဂူ/ပလေတို ကြည့်ပါ။ ဒေါက်တာဂျွန်ဆင်/အဘိဓာန်နိဒါန်း၊ ရှယ်လီ/PROMETHEUS UNBOUND၊ အဲလရော့/ FOUR QUARTETS:EAST COKER၊ ဂိုထေ့(သ)/GOETHE/FAUST၊ ဘိုင်ရွန်/DONJUAN၊ ဒိုင်လင်တောမတ် DYLAN THOMAS/OUT OF SIGHS တို့ကိုဖတ်ပါ။) ထိုမျှမက ကျမ်းအစောင်စောင်များလှ၏။ ဟုဖော်ပြခဲ့ဖူးသည်။
ထိုမျှဆိုလျှင် မူရင်းနဂိုကပင်အားနည်းနေသော ဘာသာစကားအကြောင်းစိုးစဉ်းမျှမဟပဲ သူကမွေးမှ သူ့သားလောက်ရှိသော သတ်ပုံသတ်ညွှန်း အကြောင်းပြောနေကြသည်မှာ အနည်းငယ်ထူးဆန်းလှပေသည်ဟု မှတ်ချက်ပြုလိုက်ရပါသည်။
ဤ Comment အား ကျွန်တော့် Blog တွင်လည်း ပြန်လည်ဖော်ပြလိုစိတ်ဖြစ်ပေါ်လာပါက ပြန်လည်ဖော်ပြသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ရပါသည်။

ကလိုစေးထူး said...

ကိုဖြိုးကို ပထမဦးဆုံး မေတ္တာရပ်ခံချင်တာကတော့ မယဉ်ကျေးချင်နေပါဗျာ။ သိပ်တော့ မရိုင်းစေချင်ဘူး။ မမေဓာဝီရဲ့ ရပ်တည်ချက်ကို သူ့စာတွေ ဟိုးအစကနေ အခုအချိန်အထိ တောက်လျှောက် ဖတ်လာတဲ့ ကျနော် အသိဆုံးပါ။ သူ့မှာ ခင်ဗျားပြောသလို ၀ါသနာရှင် လူငယ်၊ လူရွယ်လေးတွေကို `မ´ လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်သဘောမရှိဘူးဆိုတာ ခင်ဗျားကိုယ်တိုင်လည်း သူရေးတဲ့ စာတွေကို တောက်လျှောက်ဖတ်ဖူးဖြစ်ခဲ့ရင် သတိထားမိလာမှာပါ။ `မ´ တယ်ဆိုရင်တောင် စိတ်ရင်းစေတနာ ကောင်းကောင်းနဲ့ `မ´ တာဖြစ်ပါလိမ့်မယ်။ သူ့စာထဲမှာ နားလည်မှု လွဲစေတဲ့ တချို့သော အသုံးအနှုံးရှိခဲ့တယ် ထားအုံး။ မောင်နဲ့နှမ စိတ်အပြန်အလှန်ထားလို့ `အစ်မကြီးရေ၊ ဒါလေးကတော့ဖြင့် ဒီလိုမရေးသင့်ဘူး၊ ဒီလိုသဘောဖြစ်နေတယ်´ လို့ အေးအေးဆေးဆေး ပြောလိုက်မယ်ဆိုရင် မမေဓာဝီအတွက်တင်သာမက ဒီဘလော့ဂ်ကို လာဖတ်ကြတဲ့ တခြားသောသူတွေအားလုံး အတွက်ပါ ပိုပြီး အကျိုး မရှိပေဘူးလားဗျာ။

အခုဟာက ခင်ဗျားက ဆွေးနွေးချက် မဆန်ဘဲနဲ့ ရင့်သီးတယ်လို့ မြင်မိတယ်။ မပြောစေချင်ဘူးဗျာ။ ကျနော်တို့တွေ ဘလော့ဂ်ရေးနေတာ ရန်ဖြစ်ဖို့မှ မဟုတ်ဘဲ။ တယောက်နဲ့ တယောက်အမြင်မတူတာတွေ ရှိကြရင်တောင် ကိုယ့်အမြင်ကို တဖက်သား နားဝင်အောင် သိမ်မွေ့တဲ့ နည်းနဲ့ ချဉ်းကပ်ဆွေးနွေးတော့ ပိုမကောင်းပေဘူးလားဗျာ။ ဒီလို ပြောလိုက်လို့ ကျနော့်ကိုလည်း `မ´ နေတယ်လို့ ပြောချင်သေးသပ ဆိုလည်း ပြောနိုင်ပါတယ်။

စာသံပေသံ ဆိုတာကို ကျနော်နည်းနည်းဆွေးနွေးပါမယ်။ စာရေးတဲ့လူက စာသံပေသံ ပြောတာ ဆန်းသလားဗျာ။ ငါးစိမ်းရောင်းနေကြတာမှ မဟုတ်တာဘဲ။ လိုအပ်တဲ့ အကိုးအကား အထောက်အထား စာအုပ်စာတမ်းတွေကို မှီငြမ်းလို့ ကိုယ့်ဘလာ့ဂ်ကို လာလည်သူတွေ ဖတ်ချင်စဖွယ်ဖြစ်အောင် တန်ဆာဆင် ရေးသားတာကို စာသံပေသံနဲ့ `မ´ နေတယ် လို့ ပုတ်ခတ်ပစ်လိုက်တာကလည်း အတော်စိတ်မကောင်းဖြစ်စရာပါပဲ။ ကိုဖြိုးကိုယ်တိုင်တောင်မှ အခုလို ကျနော်တို့နဲ့ ဆွေးနွေးဖို့ကို ဆရာဇော်ဇော်အောင်ရဲ့ စာကို ကိုးကားလို့ စာသံပေသံနဲ့ ပြောရသေးတာပဲဗျာ။

အခုတော့ ကိုဖြိုးပြောပုံအတိုင်းသာ ဆိုရင် ဘလော့ဂ်ရေးတာကို စိတ်ပါလက်ပါနဲ့ အားထည့်ရေးသားနေကြတဲ့ ကျနော်တို့တတွေပါ စာသံပေသံပါမယ့် အရေးအသားမျိုးကို ရှောင်ကြဉ်ရတော့မလို ဖြစ်နေပါပြီ။

ကိုဖြိုးထောက်ပြတဲ့ ကျနော့်ကွန်မန့်က သတ်ပုံအမှားတွေက ဟုတ်ပါတယ်။ ကျနော်မနက်က ရေးသွားတဲ့ ကွန်မန့်က အလုပ်မသွားမီ ကမန်းကတန်း ရေးလိုက်ရတဲ့ အတွက် စာစီစာရိုက်မှာ စာလုံးအကျအပေါက်လေးတွေ ပါသွားတာပါ။ ပုံမှန်အတိုင်းဆိုရင်တော့ စာကို မတင်မီမှာ ထပ်စစ်လေ့ရှိပါတယ်။ မနက်ကတော့ မစစ်မိတာပါ။ ကျေးဇူးတင်ပါတယ်။ နောက်တွေ့ရင်လည်း ကျနော့် အမှားတွေ ထောက်ပြပါ။ ဒီလိုပဲ တယောက်လိုအပ်ချက်ကို တယောက် အပြုသဘောနဲ့ အပြန်အလှန်ပြောပြကြရင်းနဲ့ ပိုကောင်းလာအောင် ကြိုးစားရမှာပေါ့ဗျာ။

ဆာယေးသူ ဆိုတာကတော့ ဒီလိုပါ။ ကျနော် တတိယနှစ်က ထင်ပါတယ်။ သင်ခဲ့ရတာ တခုရှိတယ်။ ပျော်စရာလဲ တမျိုးကောင်းပါတယ်။ အဲဒါကတော့ သတ်ပုံအမှန်တွေနဲ့ စာကြောင်းတွေကို အပြင်မှာ စကားပြောကြတဲ့ အသံထွက်အမှန်အတိုင်း ရေးရတဲ့ သင်ခန်းစာပါ။ ဥပမာ-

ဆရာသည် ကျောက်သင်ပုန်းပေါ်တွင် စာတန်းတခုကို ရေးလိုက်သည်။

အဲဒါကို အသံထွက်အတိုင်း ပြန်ရေးကြတာက-

ဆယာသည် ကျောက်သင်ဘုံးဘော်ဒွင် စာဒန်း တခုဂို ယေးလိုက်သည်။

အဲဒီတော့ ကျနော့်စိတ်ထဲမှာ `ဆာယေးသူ´ ဆိုတာက `စာရေးသူ´ ဆိုတဲ့ စာလုံးကို အသံထွက်အတိုင်း ရေးလေသလားလို့ မှန်းဆကြည့်လိုက်မိတာပါ။ အဲဒါကြောင့် `ဆာယေးသူ´ ဆိုတာ သတ်ပုံကျမ်းမှာ မရှိဘူးလို့ ပြောခဲ့တာပါ။ အဲဒီနာမည်ကို ဘယ်လိုသဘောနဲ့ အသုံးပြုလဲ ဆိုတာကတော့ အမည်ပိုင်ရှင် ကာယကံရှင်သာလျှင် အသိဆုံးနေမှာပါ။

ကိုဖြိုးရေ..

မြန်မာနိုင်ငံမှာ အာဏာရှင်ကို ပညာရှင်က လွန်ဆန်နိုင်ခြင်း ရှိမရှိဆိုတာကတော့ ဦးနေ၀င်းက အပြောင်းခိုင်းခဲ့တဲ့ `တစ်´ သတ်ပုံက သက်သေပါ။ ကျနော်လဲ ကျနော့်ဘလော့ဂ်မှာ အဲဒီသတ်ပုံအကြောင်း တစွန်းတစ ရေးဖူးပါတယ်။ ပညာရှင် ဆရာကြီး ဦးတင်မိုးက ဒါနဲ့ပတ်သက်လို့ ပြောဖူးတာ ရှိပါတယ်။ ကိုဖြိုးနားထောင်ချင်တယ်ဆိုရင် ကျနော်ပြန်ရှာပေးပါမယ်။

ကဲ.. ရေးတာ နည်းနည်းရှည်ပြီဗျာ။ မနေ့ကပဲ ကျနော့်ဘလော့ဂ်က ပို့စ်တခုမှာ စာတကြောင်း ထည့်ရေးမိသေးတယ်။ `ဒီနေ့ ဆွေးနွေးတာဟာ မနက်ဖြန် ငြင်းဖို့ မဟုတ်ဘူး´ လို့။ ကျနော် အခုရေးခဲ့တဲ့ ကွန်မန့်မှာ စာလုံး အကျအပေါက်လေးတွေ ရှိရင်လည်း ထောက်ပြပါဦး။

ကလိုစေးထူး

Anonymous said...

ကျမလဲ ၀င်မရေးတော့ဘူးလို့ နေတာပဲ။
ဒါပေမဲ့ မမေဓာဝီက စေတနာလေးနဲ့ ရေးတာကို
တချို့က ပေါ့ပျက်ပျက်ဆန်ဆန် ပြန်ရေးနေတာတွေ့လို့
ဝင်ရေးဖြစ်တာပါ။ တကယ်တော့
စာလုံးပေါင်းအသံထွက် အမှားကြောင့်ဒုက္ခတောင် ရောက်နိုင်တာ မျိုးပါ။ ပြီးတော့ အဓိပ္ပါယ်လွဲသွားနိုင်တာမျိုးတွေ ရှိသလိုပဲ
ကိုယ့်စာရဲ့ မတည်ငြိမ်မှုကြောင့် တန်ဖိုးဂုဏ်ရည်ကျသွားတာမျိုးလဲ ရှိတာပါ။အဲလို အမှားပြဿနာတွေ အများကြီးရှိတဲ့ထဲက တချို့ကို ရေးပြပါရစေ။
သွားရည်ကျ - သရေကျ
ဆုံဆည်းရာ - စုံစီးရာ
စေ့စေ့စပ်စပ် - စိစိစတ်စတ်
ဆီးစစ်ရန် - စီးဆစ်ရန်
စုံစမ်းပါ - ဆုံဆမ်းပါ
စုပေါင်း - ဆုပေါင်း
ပုံတိုပတ်စ - ပုံဒိုပတ်ဆ
ချစ်ရေး ချစ်ရာ - ခြစ်ရေးခြစ်ရာ
တို့စရာ - တို့ဆရာ

နောက် ကျမ ကျနော် အသုံးဟာလဲ နာမ်စားအနေနဲ့ သုံးတာမို့ သုံးခွင့် ရှိပါတယ်။ ဥပမာ-ညလေး၊ကိုဂြီး ဆိုတာမျိုးပေါ့။
တစ်- စာလုံးပေါင်းကတော့ ကျမလဲ ဦးနေ၀င်းက အဓိပ္ပါယ်မဲ့ ပြောခဲ့တာမို့ ဂရုမစိုက်ချင်ပါဘူး။
သူ့ဘာသာသူ အဓိပ္ပါယ်ရှိပြီးသားကို အပိုလုပ်တာလို့ပဲ ထင်ပါတယ်။
ပိုဆိုးတာက မလိုအပ်ဘဲ ရှုပ်ထွေးသွားစေတာပါပဲ။
ဥပမာ- အသားတစ်တတစ်..ဟုတ်နေတာပဲ။ဒါကို သူပြောသလို ပြင်လိုက်မှ အသားတစ်တစ်တစ်……ဆိုတော့
ပိုမဆိုးသွားဘူးလား..အဲဒါပါ။
တကယ် ပြောချင်တာကတော့
စာလုံးပေါင်း အသံထွက် စည်းကမ်းတွေဟာ လူမျိုးတိုင်း ဘာသာစကားတိုင်းအတွက် သတ်သတ်မှတ်မှတ် မှန်မှန်ကန်ကန် ရှိဖို့ အရေးကြီးပါတယ်။ဒါဟာ အရေးကြီးတဲ့ ဆက်သွယ်မှု ကြားခံပစ္စည်းဖြစ်လို့ပါပဲ။နားလည်မှုလွဲတာဟာ အင်မတန်မှ ပြဿနာကြီးတဲ့ကိစ္စပါ။
ဒါ့ကြောင့် စာလုံးပေါင်းသတ်ပုံကို ဂရုမစိုက်နိုင်ဘူးဆိုရင်တောင် ပစ္စလက္ခတ်တော့ မတုံ့ပြန်သင့်ဘူးလို့ထင်ပါတယ်။
ပြီးတော့ မမေ ဆွေးနွေးတာကလဲ အပြုသဘောစေတနာနဲ့ ဆွေးနွေးတာမို့ ကျမတို့အနေနဲ့ ကြိုဆို မှတ်သားသင့်တာပါ…

လေးစားစွာ…
မေငြိမ်း

Anonymous said...

ကိုဖြိုး ရေး -
ထိုမျှဆိုလျှင် မူရင်းနဂိုကပင်အားနည်းနေသော ဘာသာစကားအကြောင်းစိုးစဉ်းမျှမဟပဲ သူကမွေးမှ သူ့သားလောက်ရှိသော သတ်ပုံသတ်ညွှန်း အကြောင်းပြောနေကြသည်မှာ အနည်းငယ်ထူးဆန်းလှပေသည်ဟု မှတ်ချက်ပြုလိုက်ရပါသည်။

ထိုသို့ပြောခြင်းကို သဘောမတူနိုင်ပါ။
(သူကမွေးမှ သူ့သားလောက်) ပင် ဖြစ်စေကာမှု ပြောရန်လိုအပ်ပါက ပြောရမည်ပင်ဖြစ်သည်။

Anonymous said...

ထပ်ရေးပြန်ရင်လဲ ရေးပြန်ပြီလို့ ဖြစ်ဦးမယ် မတတ်ဘူးဗျို့ ရေးပါရစေဦးဗျာ။ ခုလိုဆွေးနွေးကြတယ့်အခါ နင်ရိုင်းတယ် ငါပျတယ် ဆိုပြီး ပြောနေမယ်ဆိုရင် လိုရင်းရောက်မယ်မထင်တော့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ် ဆိုရင် ပြောပါစေ။ ကျွန်တော်တို့ ကိုယ်တိုင်ကကော အခြေအတင်ပြောမိကြတယ့်အခါ ဆွေးနွေးမိကြတယ့်အခါ စကားကျွံမိတတ်ကြမှာပါ။ ဒါဟာလဲ သဘာဝကျပါတယ်။ မဟုတ်ရင်တော့လဲ မျက်နှာဖုံးအရေခွံအထပ်ထပ်ခြုံထားတယ့် သံတမန်ဝန်းကျင်မှာ ကျင်လယ်နေကြတော့မှာပေါ့ဗျာ။ သံတမန်ဝန်းကျင်မှာပဲ နေကြဖို့သာရှိပါတယ် ပျားသကာလို စကားချိုတာမှ ကြားချင်သပဆိုရင်တော့။ စကားသံချိုတာ မချိုတာထက် ပြောဆိုတယ့် စကားအပေါ် တည်ကြည်တယ့် စိတ်သဘောထား ရှင်းလင်းပြတ်သားမှုကိုသာ အရေးပေးကြတယ်မဟုတ်ဘူးလား။ ဒီနေရာမှာ ကျွန်တော့်ကို ပြန်ချေစရာ ရှိပါတယ်။ အစတုန်းက ခင်ဗျားပဲ ပြောတော့ သတ်ပုံမှားထောက်ပြတယ့်အခါ ချိုချိုအေးအေး ပြောဆိုပြီးတော့။ ခုကျပြန်တော့ တစ်မျိုးပါလား ဆိုသလိုဖြစ်နေပါဦးမယ်။ ဒီတော့ ရှင်းပရစေဦး ကျွန်တော်တို့ဟာ ချိုသာအေးယဉ်တယ့် အဆင့်ကို ကျော်သွားပါပြီ ခုဆွေးနွေးနေကြတယ့်အထဲမှာ။ ဒါဟာ ရှက်စရာလဲ မကောင်းသလို ရှက်စရာလို့လဲ မထင်ပါဘူး။ ပြောစရာရှိတာ ပြောကြပြီ မဟုတ်လား။ နောက်တစ်ခုက သူများအမည်နာမကို ထူးတလည်ပြောနေဖို့မလိုပါဘူး နာမည်တိုင်းဟာ အနက်ဖွင့်ဆိုချက်ရှိရမယ် ရှိသင့်တယ်လို့ ဘယ်က၀ိကနေပြီးတော့မှ လာပြီးတော့ ပညက်ထားတယ်မထင်ပါ။ ကိုယ့်သဘောတစ်ခုနဲ့ကိုယ် အနက်ဖွင့်ကြတယ်ဆိုရင်လဲ ပြောစရာမရှိပါဘူး။ ကိုယ့်သမီးရုပ်ဘယ်လောက်ဆိုးဆိုး ကိုယ့် သမီးနာမည်ကို လှဦးမယ် လှဦးမယ် ဆိုပြီးတော့ နာမယ်ပေးတတ်ကြတယ်မဟုတ်လား။ ဒီတော့ နာမည်မှာ သတ်မှတ်ချက် တစ်ခုရှိသင့်တယ်။ နာမည်နဲ့ အနက်ဖွင့်ဆိုချက် ရှိသင့်တယ် လို့တော့မထင်ပါဘူး။ နောက်တစ်ခုက မမေဟာ ပညာရှိဖြစ်တယ့်အတွက်ကြောင့် ဘာသာစကားကို လေ့လာလိုက်စားသင်ယူထားတယ့် တတ်ကျွမ်းတယ့် ပညာရှင်တစ်ဦး အနေနဲ့ပဲမြင်ပါတယ်။ ပညာရှင်( ယောက်ျား မိန်းမ) သဘောမပါဝင်ပါ။ ဒီတော့ ယောက်ျားနဲ့ မိန်းမတွေ ငြင်းခုံကြတယ့်အခါ။ (မိန်းမ)ပညာရှင်တစ်ယောက်ကို ခင်ဗျားတို့ ယောက်ျား (အရင့်အမကြီး)တွေက လာပြီးငြင်းနေရသလားဆိုတယ့် အနက်ထွက်တယ့် စကားလုံးတွေဖြစ်ဖြစ် စကားစုတွေက ဖြစ်ဖြစ်မအပ်စပ်ပါဘူး။ ဒီလို ယောက်ျား မိန်းမ ဆိုတယ့် စည်းသတ်မှတ်ချက်နောက်ကို ဆွေးနွေးနေတယ့် လူတွေကို နောက်ဆုတ်နေရာယူခိုင်းတာဟာ ပွင့်လင်းတယ့်ဆွေးနွေးမှု တစ်ခုကို ဦးမတည်စေနိုင်ပါ။ နောက်တစ်ခုက ကျွန်တော် C&Cတိုင်းကို အလေးအနက် တုန့်ပြန်ရေးသားခဲ့ပါတယ်။ ပေါ့သွမ်းသွေးတယ့် သဘောတစိုးတစိမျှ မရှိခဲ့ရိုး အမှန်ပါ။ ဆွေးနွေးကြပြီဆိုမှ ဖြင့်လဲအပြုသဘော အဖျက်သဘောဆိုတယ့် ကန့်သတ်ချက်နှစ်ခုကိုပဲ ကိုင်စွဲထားပီး ကျွန်တော် ကျွန်မတို့ကဖြင့် အပြုသဘောဆောင်သမို့ ဆိုတော့ ကျန်တယ့်လူကတွေအဖို့ အဖျက်သဘောဆောင်နေတယ့် အနေအထားတစ်ရပ်ကို ဦးနေသလိုပါပဲ။ တောင်တောရယ်သာ ဆိုတော့ မြောက်တောကများ မသာဘူး လို့များ ထင်ယောင်ထင်မှား ဖြစ်နေပါဦးမယ်။ ကျွန်တော်ကတော့ ရှင်းပါတယ် စိတ်အလိုအလျောက်ရှိတယ့် အလျောက်စာအုပ်စာပေများကို ဖတ်ခြင်းက လွဲပြီးတော့ တက္ကသိုလ်အဆင့် မြန်မာစာကိုတော့ မသင်ယူခဲ့ရပါ။ ငယ်စဉ်တောင်ကျေး ဘ၀မှာတုန်းက မပြည့်စုံတယ့် တောမကျ မြို့မကျမှာကြီးပြင်းလာခဲ့ပြီးတော့မှ အလယ်တန်းနဲ့အထက်တန်းကို ရန်ကုန်မှာ သင်ယူခဲ့ရပါတယ်။ ဆယ်တန်းအောင်ပြီးတယ့် အခါကျပြန်တော့လဲ မြန်မာစာဟာ နင်နဲ့ လားလားမျှမဆိုင်ဆိုတယ့် အနေအထားတစ်ရပ်ကို ရောက်သွားခဲ့ပါတယ်။ လေ့လာစရာ စာကြည့်တိုက်လဲ မရှိသလို စာအုပ်ဆိုင်တွေမှာ လိုချင်သမျှကို ဟော တစ်အုပ် ဟော တစ်အုပ် ၀ယ်နိုင်လောက်တယ့် အနေအထားမှာ မရှိခဲ့ပါဘူး။ ခုကျောင်းတက်နေပြန်တော့လဲ မိခင်ဘာသာစကားကို အသုံးပြုပြီးသင်နေရတာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ်မှတ်သိရတယ့် အသိပညာတစ်ချို့ကို ကိုယ့်ရယ့်ထင်မြင်ချက်တစ်ချို့ကို ရေးသားဖို့အတွက် မြန်မာစာကို အသုံးပြုပြီးရေး သားချင်တယ့် စိတ်တစ်ခုတည်းသာ ရှိပါတယ်။ မြန်မာစာဆိုလို့လဲ ထပ်ပြီးတော့ ပြသနာရှာတယ် မထင်ပါနဲ့ မေးခွန်းတစ်ခုလောက်မေးကြည့်ချင်လို့ပါ။ ကျွန်တော်ခုကျောင်းတက်တော့ အင်္ဂလိပ်ဘာသာစကား စာပေမဟုတ်ပဲ တစ်ခြားဘာသာရပ်တစ်ခု ဥပမာ ဗိသုကာပညာရပ်လို ဘာသာရပ်တစ်ခုကိုရေးတယ့်အခါ paper လိုဟာမျိုးရေးတယ့်အခါ ဆရာတွေ ဆရာမတွေက ကိုယ့်ရေးသားချက် စားလုံးသတ်ပုံ အနဲအကျဉ်းလွဲမှားမှု သဒ္ဒါ လွဲမှားမှုလေးတွေကို ခွင့်လွတ်ပေးကြပါတယ်။ ဘာလို့ဆိုတော့ အဲ့တာတွေက လိုရင်းမဟုတ်လို့ပါ ( အရေးမပါဘူးဆို လိုတာမဟုတ်ပါ သဘောသ၀ကိုက အလိုလိုနေရင်း ဒုတိယဦးစားပေး အနေအထားကို သက်လျောသွားလို့ပါ )။ ကျွန်တော်တော်က မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးကို မသင်ခဲ့တော့ မသိပါ။ သိကြသူများ တစ်ချက်ပြောပြပေးစေချင်ပါတယ်။ မြန်မာစာ ကဗျာစာပေရေးသားနေပြီးတော့မှ စာလုံးပေါင်းသတ်ပုံမှားရင်တော့ ရုပ်ဆိုးပါတယ်။ တစ်ဖက်မှာ ခုနကပြောသလို အသိပညာဗဟုသုတာ ရစေနိုင်မယ့် စာမျိုးတွေကိုအထိပါ ချဉ်းနင်းဝင်ရောက်ပြီးတော့မှ တင်းကြပ်တယ့်အခါကျတော့ ခရီးမတွင်ပဲ ဖြစ်နေကြပါဦးမယ်ဗျာ။ နောက်တစ်ခုက စာလုံးပေါင်းသတ်ပုံ မှန်တယ့်အခါမှ စာရေးသူတစ်ယောက်ရယ့် ရေးသားတယ့် ရည်ရွယ်ချက် ပေါက်မြောက်တယ်ဆိုတာ လက်မခံချင်ပါဘူး။ လူတိုင်းကိုယ်စီ ဦးဖိုးကျားရယ့် မင်းကတော် ဆိုတယ့် ၀ထ္ထုလေးကို တစ်ခေါက်ဖြစ်ဖြစ် ဖတ်ဖူးကြမှာပါ။ လူတိုင်းလဲ ဗူးသည်ကြော်သည် အမေကြီး ရေးတယ့် စာလေးကိုလဲ တခုတ်ရ ဖတ်ဖူးကြမှာပါ။
ကျွန်တော် ခုချိန်ထိ နောက်ဆုံးစာလေး တစ်ကြောင်းကို မျက်စိထဲက မထွက်သလို ဖတ်တယ့်အခါတိုင်းလဲ နက်နက်နဲနဲ ခံစားရပါတယ် “……..မေမေ ၀မ်းမျောက် ပါဘိ” (မှားနေရင်ပြောပြပေးကြပါ) ဆိုပြီးတော့ ရေးထားတာလေးပါ ဘူးသီးကြော်သည် အမေကြီးရယ့် စေတနာနဲ့ စိတ်ရင်းက စာလုံးပေါင်း သတ်ပုံ မှားချင်တိုင်းမှားနေတယ့် စာတိုလေးပေါ်မှာ ထင်းကနဲပါပဲ။ စာလုံးပေါင်းသတ်ပုံကျမ်းပေါင်း တစ်ထောင်နဲ့ အဖန်တစ်ရာတိုက်ပြီးစစ်ထားလဲ ရေးသူရယ့် စေတနာမပါတယ့် ဘယ်လိုစာမျိုးမဆို အထမြောက်တယ်လို့တော့ မခံယူပါရစေနဲ့လားဗျာ။ ကျွန်တော်မှားကောင်းမှားပါလိမ့်မယ်။ တစ်ခါတစ်လေတော့လဲ ပညာတတ်များဟာ ပညာတတ်သိပ်ဆန်လွန်းနေ သလားလို့ပဲ ပြောလိုက်ချင်ပါတယ်။

tint said...

ခက် ဖို့  ရယ် ကြုံ
လက် နက် ကယ် စုံ အ ညီ နဲ့ 
ရင် ဆိုင် ကာ ၀ိုင်းး
စာ ဆို မှာ ခက် ပါ ဘိ
မ ရေး ၀ံ့  ပါ ပြီ
ရေး ပါ သော် မှား ရင် ဖြင့် 
ဖန် တရာ ၀ိုင်း ကာ ဖဲ့  မှာ မို့ 
ကြောက် လှ ပါ ပြီ

သို့  လဲ လေ
အ မှား ပြင် တာ တော့ 
ကျေး ဇူး တော် ဖန် ဖန် တင် ပါ ရဲ့ 
စာ ကို စီ ရေး ကာ ဖွဲ့  ရာ မှာ
ဦး နှောက် သာ မ က ရင်း ပါ လို့ 
နှလုံး ကို တခါ ရင်း ရ တာ ကြောင့် 
ရံ ခါ မှာ ချစ် ဆွေ များ နဲ့ 
ကွဲ ရ မိ ပေ

အ မှန် စစ် ရင တော့ 
အား လုံး ချစ် ဆွေ ဖေါ် တို့ 
စေ တနာ တကယ် အ ရင်းပေ မို့ 
အား လုံးကို တဲ့  မေတ္တာ ၀င်
ဝေ ဖန် တာ တော် လောက် ပြီ မို့ 
သ ဘော မ တူ မျှ တာ ကို
လက် ခံ လို့  ငြိမ်း ချမ်း စွာ
ခွဲ ခွာ ကြ ပါ စို့  လို့ 
အ မျက် ပြေ စာ နှင်းးးး

Anonymous said...

ဝင်မပြောချင်ပေမဲ့လည်း ပြောလိုက်ဦးမယ်...
ဒါပေမဲ့ ကျမကတော့ စာသံ၊ ပေသံ၊ အကိုးအကားတွေနဲ့ ပြောနိုင်မှာ မဟုတ်ဘူး...
ပြောရလောက်အောင်လည်း ပညာရှင်မဟုတ်ပေဘူး...

ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး...
ဒါကြောင့်လည်း " ကျွန်တော်သိထားတဲ့ ပညာရှင်တွေကတော့ အာဏာရှင်မကလို့ သူ့ဘကြီးပဲလာလာ ကိုယ့်ပညာအတွက် အသက်တောင်အသေခံခဲ့ကြတာချည်းပဲဗျ။ မယုံရင် ဆိုကရေးတီးဆီလိုက်မေးကြည့်။ (အင်း … သူက အဆိပ်ဆိုလား ဘာဆိုလား သောက်သေသွားတာဆိုတော့) ဘားနတ်ရှောဆီလိုက်မေးကြည့်။ အချုပ်တန်းက မောင်ဖေဆီလိုက်မေးကြည့်။ " လို့ ပြောခဲ့တာ ဖြစ်မယ်...
ဟုတ်ကဲ့...ရှင် ပြောတဲ့လူတွေက အတိတ်မှာ ကျန်ခဲ့ပြီ ဆိုတာ သတိပြုပါဦး...
ခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ကြည့်ခြင်းအားဖြင့် ပညာရှင်ဟာ အာဏာရှင်အလိုကို မလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီး တွေ့နိုင်ပါလိမ့်မယ်...ရှင် မြင်အောင် ကြည့်တတ်ရင်ပေါ့...

ဦးနေ၀င်းဟာ အဓိပ္ပါယ်မရှိ တခု၊ တကောင်၊ တယောက် ဆိုတဲ့ အရေအတွက်ပြတွေမှာ စ် ထည့်သင့်တယ် ဆိုတာနဲ့ သတ်ပုံကျမ်းမှာပါ ပြဋ္ဌာန်းပြီး အကုန်လုံး စ် တွေလိုက်ထည့်လိုက်တာ...
တယူသန်မှာတောင် တစ်ယူသန်တွေဖြစ်လို့...တစ်ယူဇနာ သန်သောလို့များ အဓိပ္ပါယ် ဖွင့်ဆိုထားသလားတော့ မပြောတတ်ဘူး...
တချို့တွေများ တခါတရံမှာတောင် တစ်ခါတစ်ရံတွေ ထည့်ပေါင်းလို့ပေါင်းနဲ့...

ထားပါတော့လေ...ကျမက ပညာရှင် မဟုတ်တော့ ဒါတွေ ပြောခွင့်မရှိပါဘူး...
ဒါပေမဲ့ ကျမပတ်ဝန်းကျင်ကလူတွေကိုတော့ ပြောလို့ရတယ်မဟုတ်လား...
ဒီလိုပဲပေါ့ မမေကလည်း သူ့ဘလော့ဂ်မှာ သူ့စာဖတ်တဲ့သူတွေကို အမြင်မတော်တဲ့ စာလုံးပေါင်းသတ်ပုံတွေအကြောင်း၊ အသံထွက်တွေ အကြောင်း ပြောပြချင်ရင် ပြောပြခွင့်ရှိတယ်လို့ ကျမ ယူဆပါတယ်...
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ...
ကကြီး၊ ခကွေး အကြောင်းလည်း ဒီလိုပါပဲ...ကျမတို့ ညံ့လို့ပဲပြောပြော၊ လေ့လာမှုအားနည်းတယ်ပဲဆိုဆို မမေရဲ့ကျေးဇူးကြောင့် ဒီလိုမျိုးတွေ သိရတယ်...
ဒီအတွက် ကျေးဇူးတင်တယ်...ရှင်တို့ကရော ဘာလို့ ဒီလိုမမြင်နိုင်တာပါလိမ့်လို့ အံ့ဩမိပါတယ်...

ခုဟာက ရှင်တို့က အပြုသဘောဝေဖန်နေတာထက်စာရင် ပွဲဆူအောင်လုပ်ပြီး ရန်ဖြစ်နေချင်ကြပုံပေါ်ပါတယ်...
ဘာလို့ ဒီလိုပြောရလည်းဆိုတော့ မမေရေးထားတဲ့ပို့စ်ကောင်းလေးတွေမှာဆို ရှင်တို့ရဲ့ ချီးကျူးအားပေးတဲ့ ကွန်မန့်တခုမှ တက်မလာဘဲ ခုလို မမေရဲ့ အမှားလေးနည်းနည်းတွေ့ပြီဆိုတော့မှ အလုံးအရင်းနဲ့ ၀ိုင်းဖဲ့ကြမယ့် ကွန်မန့်တွေအများအပြား တက်လာကြလို့ပါပဲ...
ကျမ အယူအဆမမှားဘူးဆိုတာ ယုံကြည်လို့ ဒီစကားကို ပြောပေမဲ့ ရှင်တို့ကတော့ ကျမပြောတာ မှားတယ်လို့ ပြောခွင့်ရှိပါတယ်...
ကိုကလိုစေးထူးက ကိုဆာယေးသူရဲ့နာမည်ကို ထောက်ပြသလိုပေါ့...ဆာယေးသူဆိုတာ စာရေးသူ ဆိုတဲ့ နာမည်ကို ပေးထားတယ် ထင်လို့ ဒီလိုသတ်ပုံမျိုးမရှိဘူးလို့ သူကပြောခဲ့တာပဲ...ရိုးရိုးနာမည်သက်သက်သာဆိုရင်တော့ ဘာမှ ပြောစရာမရှိပါရှင်...
ကိုဆာယေးသူက သူ့နာမည်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ပေးထားတယ်ဆိုတာ သူသာအသိဆုံးဖြစ်ပါလိမ့်မယ်...

ကိုတီးရှင့် မမေက အမြင်မတော်တာလေးတွေ၊ သူသိတာတွှေကို မျှဝေပေးချင်တာတွေကို သူ့ဘလော့ဂ်မှာ ရေးနေတာပါ...
ဘယ်သူ့ကိုမှ စောင်းမြောင်းလိုခြင်းမရှိပါရှင်...
မြန်မာစာ သတ်ပုံမမှန်လည်း စာရေးလို့ဖြစ်တယ်ဆိုရင် ခု ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက်ဖတ်ချင်စိတ်ဖြစ်လဲဆိုတာ ကျမတို့ မဲ ကောက်ကြည့်ရင် မကောင်းဘူးလား...
တဲ့ကို တယ့်လို့ ရေးခြင်း၊ ရဲ့ကို ရယ့်လို့ရေးခြင်း၊ ကြုံကို ကြုံလို့ရေးထားတာတွေကို ဘယ်လို မျက်လုံးနဲ့မှ ဖတ်လို့ အချိုးမပြေနိုင်ပါရှင်...
ဖတ်လို့မကောင်းတော့ စာထဲမှာ ဘာရေးထားမှန်း ဘယ်သူမှ စိတ်မ၀င်စား၊ စိတ်မ၀င်စားတော့ ဘာတွေရေးထားမှန်း နားမလည်နိုင်အောင်ဖြစ်ရပါတယ်...
ဟုတ်ကဲ့...ကျမ ညံ့လို့လည်း ဖြစ်နိုင်ပါတယ်...

အချုပ်ဆိုရရင် ဒီလောက်တောင်ရန်ဖြစ်ချင်နေတဲ့ ရှင်တို့နဲ့ ကျမက ဒိုင်ခံ ရန်ဖြစ်ပေးပါ့မယ်...
မမေနဲ့ ကိုကလိုစေးထူးတို့ကတော့ ကျမတို့ စာဖတ်သူများကို အားနာသောအားဖြင့် စာများဆက်လက်ရေးပြီး ပို့စ်အသစ်တွေ တင်မြဲတင်ပါ...
ဒီကိစ္စကို ခေါင်းထဲထည့်ပြီး အချိန်ကုန် မခံကြပါနဲ့လို့ ညီမက တောင်းဆိုပါတယ်...

Anonymous said...

ရန်ဖြစ်ချင်လို့ ပြသနာတက်ချင်လို့ လာတယ်ထင်ရင်တော့ မs0wha1 လုံးဝမှားနေပါပြီ။ မမေကို မနေ့တစ်နေ့ကမှ သိတယ့်လူလဲ မဟုတ်ပါဘူး။ ကိုယ့်အစ်မအရွယ်တစ်ယောက်ဖြစ်တယ့် မမေကို မs0wha1 မသိခင်ကတည်းက ခင်မင်ရင်းနှီးတယ်လို့ ယူဆလို့ C&C လာတင်တာသာဖြစ်ပါတယ်။ ကျွန်တော် သိပ်မရင်းနှီးတယ့် ဘလော့ခ်တွေမှာ တကူးတစ်ကန့် လာပြီး ကွန့်နေမယ်မဟုတ်ပါဘူး။ ဟုတ်ကဲ့ ကျွန်တော်ရေးတယ့် ပို့စ်တွေမှာ လူတွေ ဘယ်နှစ်ယောက်ဖတ်ဖို့ဆိုပြီး ပစ်မှတ်မထားခဲ့ပါဘူး။ မs0wha1 က ဒီလို ပြစ်မှတ်ထားပြီးရေးတယ့် စာရေးသူတစ်ဦးဆိုရင်တော့ ပြောစရာမရှိပါဘူးဗျာ။ စာလုံးပေါင်း သတ်ပုံအလုံးတိုင်းကို တိတိကျကျ တစ်ရာနှုန်းပြည့် မှန်ကန်အောင် ရေးနိုင်တယ့် မs0wha1လိုလူမျိုး တွေ အတွက်တော့ ကျွန်တော့်စာက ဖတ်လို့မကောင်းပါဘူး သေချာပါတယ်။ စကတည်းက ပြောပြီးသားပါ။ မှားယွင်းစွာရေးတတ်တယ့် ဘလော့ခ်ရေးသူတစ်ဦးပါဆိုတာ။ စာလုံးပေါင်း သိပ်မသေသပ်တယ့် လူတွေထဲက တစ်ယောက်အနေနဲ့ပဲ လာပြောတာပါ မs0wha1ရေ။
နောက်ဆိုရင်တော့ ရာနှုန်းပြည့်မှန်ကန်အောင်ရေးတတ်တယ့် မs0wha1 လိုလူတွေအတွက်လဲ စာမရေးခင် သတ်ပုံကျမ်းအကိုးအကား ခိုင်ခိုင်နဲ့ ရေးပြီးတင်လိုက်ပါ့မယ်။
မမေရေ ဒီပို့စ်နဲ့ပဲ ဒီမှာ အဆုံးသတ်လိုက်ပါတယ်။ မမေလဲ စိတ်အနှောင့်အယှက်မဖြစ်ဖူးလို့ ထင်ပါတယ်။ ဖြစ်ခဲ့ရင်လဲ တီးကပဲ ၀မ်းနည်းတယ့်အကြောင်းပြောပရစေတော့။

Anonymous said...

ဟုတ်ကဲ့ ကိုတီးရှင့်...ကျမကတော့ ဘယ်လို သဘောနဲ့မှ ရေးလိုက်တာ မဟုတ်ပါဘူး...
ကျမပြောတာ တစုံတရာ လွန်ကြုးသွားရင် တောင်းပန်ပါတယ်...
ဒါပေမဲ့ ကိုတီးသိအောင် တခုတော့ ပြောချင်ပါတယ်...
ကျမက စာရေးသူမဟုတ်ပါရှင်...ဘယ်တော့မှလည်း ရေးဖို့မရည်ရွယ်ပါ...
ကျမက စာဖတ်သူသာဖြစ်ပါတယ်...
ယုတ်စွအဆုံး ကွန်မန့် ရေးသူတောင်မဟုတ်ပါရှင်...
ခုဒီမှာ ပြောနေဆိုနေကြတာတွေကို လက်မခံနိုင်လို့သာ ၀င်ရေးနေတာ...
တော်ရုံတန်ရုံနဲ့တောင် ကျမ ကွန်မန့်ဝင်မရေးတတ်ပါဘူး...
နောက်ပြီး ကျမ ကွန်မန့်ရေးတာ သတ်ပုံကျမ်းကို မကိုးကားပါရှင်...
ကျမ ယုံကြည်ချက်က မြန်မာမှန်ရင် ကိုယ့်မြန်မာစာကိုတော့ သတ်ပုံမှန်အောင် ရေးနိုင်ရမယ်လို့ ငယ်ငယ်ထဲက လက်ခံထားပါတယ်...
အဲ့ဒီအတိုင်းလည်း အတတ်နိုင်ဆုံး ကျမ လိုက်နာ ကျင့်သုံးပါတယ်...
အမှန်အတိုင်းပြောရရင် မြန်မာသတ်ပုံကျမ်းကို ကျမ တခါမှ မဖတ်ဘူးပါရှင်...
သူများပြောတာ၊ ရေးတာတွေကိုသာ လိုက်နာ၊ မှတ်သားရင်း စာလုံးပေါင်း သတ်ပုံမှန်အောင် ကြိုးစားနေရသူ တယောက်သာဖြစ်ပါတယ်...
အင်း...ကိုတီးကတော့ နောက်ဆုံးပိတ်ကွန်မန့်ကိုတင်ပြီး တာ့တာ လုပ်သွားနိုင်ပေမဲ့ ကျမကတော့ နောက်တက်လာမယ့် ကွန်မန့်တွေကို စောင့်ပြီး ရီပလိုင်းလုပ်ဖို့ရှိသေးလို့ ဒီကွန်မန့်က နောက်ဆုံးပါပဲလို့ မပြောနိုင်သေးဘူးရှင်...

Anonymous said...

ဗာဒွေ ပျောဏေ ကျဓါ ဒုံး
ကျဏော် (ကျွန်တော် လို့ ရေးရမှာ ကျွန်စော်နံ လိပ်ပြာမလုံတော့လို ကျေးဇူး မမေ ရေ့) ကဒေါ့ ဦးနေ၀င်း လည်းဂယု မဆိုက် ဖူး…သတ်ပုံကြမ်း ဆာအုပ် လည်း မယှိ ဖူး …
ပညာယှင်ဒွေ ကို အဏိုင် ကြင့် ဒါးမိုး ပျုဆု ထား ဒဲ့ အဲဒိ သတ်ပုံကြမ်း လဲ မရုံ ကြည်ဖူး..
မေငြိမ်း ယော ..မေဓါဝီ ယော ..ထောက်ခံဒယ်..ကျဏော် ရုံ ကျည် သ လို ယေးထား ဒဲ့ ဓီ ဆာ ကို ဆယာ မ ကျီး ဆယာ ကျီး မြား လဲ ဖတ် လို့  နား လည် မှာ ပါ..လက် လဲ လက် ခံ မယ် လို့ ရူစ ပါ ဒယ်..လေးဆားလရက်..တော်ကြတော့နော်..

Anonymous said...

ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...
ဆာယေးသူ...
ဆာယေး သူ ကျ တော် ကျမ...
ဆာယေး သူ ကျ တော်...
မနေတတ် မထိုင်တတ်...
ချီးကျူးတာပဲ ခံလိုသော...
ဤကို ကျွဲဟု ဖတ်သော...
မျိုးစေ့မမှန် ပင်မသန်သော...
နောက်ဘာကျန်သေးလဲ မသိဘူး...

pandora said...

မမေရဲ့ဘလော့ဂ်ကို မ၀င်မိတာ နှစ်ရက်သုံးရက်ပဲရှိသေး။ အယ်.... ဒီလိုတွေ ဆွေးနွေး နေကြသကိုး။ စိတ်ဝင်စားစွာ စောင့်ဖတ်လိုက်ဦးမယ်။

Anonymous said...

သူဒို့  ယုံကျီ သလို ယေးဒေါ့ ပညာရှင် ရဲ့ ခံယူချက် သတ်ပုံ ယုံကြည်ချက် တဲ့..
ဓီ က လည်း ကျဏော် ရုံကျီ သလို ကျဏော် သတ်ပုံ ကျဏော်ပေါင်းယေးဒေါ့ မျိုးစေ့မမှန်ဘူး တဲ့..မေငြိမ်း ကလဲ ညလေး..ကိုဂြီး လို့ ရေးလို့ ယပါဒယ်စိုဏေမှ..အဏော် လဲ ဦးနေ၀င်း ကြီး လုပ်ခိုင်းထားတဲ့ သတ်ပုံ ကျမ်း ကြီး မရုံ ကျီ လို့  ဓီလို ယေးမိ ခါမှပြောဒါ တယား သလားလို့ ..ကျဏော် လို့ ယေး ဒါယော မှန်ယဲ့လား..သုံးလို့ ယသလား..ပျောကျပါအုံး..ဏဂို ကမှ မျန်မာ ဆာ သိပ်မတတ် ယ ဒဲ့ ဂျားထဲ..

Anonymous said...

ကိုတီး (ကျွန်တော်ခုကျောင်းတက်တော့ အင်္ဂလိပ်ဘာသာစကား စာပေမဟုတ်ပဲ တစ်ခြားဘာသာရပ်တစ်ခု ဥပမာ ဗိသုကာပညာရပ်လို ဘာသာရပ်တစ်ခုကိုရေးတယ့်အခါ paper လိုဟာမျိုးရေးတယ့်အခါ ဆရာတွေ ဆရာမတွေက ကိုယ့်ရေးသားချက် စားလုံးသတ်ပုံ အနဲအကျဉ်းလွဲမှားမှု သဒ္ဒါ လွဲမှားမှုလေးတွေကို ခွင့်လွတ်ပေးကြပါတယ်။ ဘာလို့ဆိုတော့ အဲ့တာတွေက လိုရင်းမဟုတ်လို့ပါ ( အရေးမပါဘူးဆို လိုတာမဟုတ်ပါ သဘောသ၀ကိုက အလိုလိုနေရင်း ဒုတိယဦးစားပေး အနေအထားကို သက်လျောသွားလို့ပါ )။ ကျွန်တော်တော်က မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးကို မသင်ခဲ့တော့ မသိပါ။ )

ဒီအေ့ကြာင်းကိုနဲနဲဝင်ပြောပါရစေ။ ကိုတီးတက်နေတဲ့ ကျောင်းတော့မသိပါဘူး။ ချိုကိုအခုနေတဲ့နိုင်ငံကကျောင်းတွေမှာတော့ ပထမနှစ်ကတည်းက Reportတွေ၊ Projectတွေ တင်တဲ့အခါဘယ်လိုရေးရမယ်။ ဘာအချက်တွေလိုတယ်ဆိုတာကို ဘာသာတရပ်အနေနဲ့ သင်ပါတယ်။ ကျောင်းတိုင်းပါ။ ဒါဟာသူတို့စာပေအရေးအသားကို အလေးထားတယ်ဆိုတာပြတာပါ။ ကိုတီးပြောသလိုပါပဲ။ တကယ် Reportတင်တဲ့အခါတော့ ဆရာတွေက အမှတ်သိပ်မလျှော့ကြပါဘူး။ ကျောင်းသားကိုညှာတဲ့သဘောပါ။ ဒါပေမယ့်အဲဒီကျောင်းသား ဂုဏ်ထူးမထွက်ပါဘူး။ Meritမရပါဘူး။ ဒါချိုကို့ ကိုယ်တွေ့ပါ။ ကိုယ်တိုင်ဖြစ်ခဲ့တာပါ။

သူများနိုင်ငံတွေမှာ ငယ်ငယ်ကတည်းက အခြေခံကို ခိုင်အောင်သင်ပေးကြတာပါ။ ချိုကိုတို့နိုင်ငံမှာက အခြေခံဆိုတာရှိခဲ့ရဲ့လားတောင် မသေချာပါဘူး။ ကိုယ်ကမှမထိန်းသိမ်းရင် နောက်ဆိုမြန်မာစာဆိုတာ ဘာလဲဟ လို့ သမိုင်းပြတိုက်သွားကြည့်ရမလိုဖြစ်သွားမှာပေါ့။ ဘာကြောင့်များ မမေဓာဝီရဲ့ စေတနာကို မမြင်ကြပဲ ငါတို့ကိုအပြစ်ပြောနေတယ်လို့ မြင်နေကြလဲမစဉ်းတတ်နိုင်အောင်ပါပဲ။

Anonymous said...

ချိုကို ရဲ့  term paper က သတ်မှတ်တဲ့ စံမမီ လို့ နေမှာ ပါ..
များသော အားဖြင့် Merit က report တစ်ခု ထဲ မကြည့် ပဲ စာမေးပွဲ မှာ ဖြေဆို မှူ က ၅၀-၆၀% အမှတ် ပေးပါတယ်..စာမေးပွဲမှာ မဖြေနိုင်ရင် Merit လဲ မရ ပါ ဘူး
ကျွန်တော်စင်္ကာပူမှာ ME ယူတုံး က report subject ကောင်းလွန်း တဲ့ အတွက် English သတ်ပုံ မှား တာသီးခံ ပြီး professor တွေက Meritယ, credit, A++ ပေးခဲ့ကြောင်း ပါ..

Anonymous said...

တွေးမိတွေးရာကို ရေးမိရေးရာ ရေးပြီး (ဘလော့ပိုင်ရှင်ကို) မေးမိမေးရာ မေးမိတာ ပါ...

အမြင်ချင်းဖလှယ်ချင်ရင် ဖိုရမ်တွေရှိပါတယ်..

ကျေးဇူးတင်ပါတယ်..

Anonymous said...

ချိုကို့ကိုယ်တွေ့ဆိုတာက ဂုဏ်ထူးကိစ္စကိုပြောတာပါ။ ကျောင်းတွေရဲ့ အမှတ်ပေးပုံစံတော့ တူမယ်ထင်ပါတယ်။ ဂုဏ်ထူးကို ကျောင်းသားအားလုံးရဲ့ Top5%ကိုပဲပေးတာပါ။ Reportမှာ ချိုကို့ Grammer,Spellingမှားလို့ အဲဒါအတွက်ထားတဲ့ 10%(ထင်ပါတယ်)အပြည့်မရပါဘူး။ ဒါကြောင့် Top5%မပါလို့ ဂုဏ်ထူးပြုတ်ပါတယ်။ ဒီတသက်အဲဒီကိစ္စကိုတော့ လုံးဝမမေ့ပါဘူး။ Meritကတော့ သူငယ်ချင်းတယောက်ဖြစ်တာပါ။ ချိုကိုမဟုတ်ပါဘူး။ သေချာတာကတော့ အဲဒီအမှားက Top5% honor rollနဲ့လွဲခဲ့ပါတယ်။

Anonymous said...

အမှားပြဿနာတွေ အများကြီးရှိတဲ့ထဲက တချို့ကို ရေးပြပါရစေ။
သွားရည်ကျ - သရေကျ
ဆုံဆည်းရာ - စုံစီးရာ
စေ့စေ့စပ်စပ် - စိစိစတ်စတ်
ဆီးစစ်ရန် - စီးဆစ်ရန်
စုံစမ်းပါ - ဆုံဆမ်းပါ
စုပေါင်း - ဆုပေါင်း
ပုံတိုပတ်စ - ပုံဒိုပတ်ဆ
ချစ်ရေး ချစ်ရာ - ခြစ်ရေးခြစ်ရာ
တို့စရာ - တို့ဆရာ

၃တန်းကလေးတောင် ဒီလိုမမှားနိုင်ဘူးလို့ထင်ပါတယ်။ ဒါကတော့ ချဲ့ထွင်လွန်းတယ်။
အခုဘလော့ခ်ဂါအများ မှားတဲ့စာလုံးပေါင်းတွေဟာလည်း ဒီလိုအသံထွက်တွေနဲ့ မှားကြတာမဟုတ်ပါဘူး။
အပြင်မှာပြောတဲ့စကားသာ မပီရင်နေမယ် ရေးတဲ့အချိန်မှာ လူတိုင်းကတော့ အတတ်နိုင်ဆုံး အမှန်ဖြစ်
အောင်ရေးနေကြတာပဲ။ ဘယ်သူကမှ အမှားကိုများသထက်များအောင် လုပ်ချင်ကြမှာမဟုတ်ဘူး။
ကျမ ကျနော် တ(စ်) ဒါတွေကို ဦးနေ၀င်းက အဓိပ္ပါယ်မဲ့ ပြောခဲ့တာမို့ ဂရုမစိုက်ချင်ပါဘူးဆိုပြီး ကိုယ့်အယူ
အဆနဲ့ကိုယ်သုံးသလို တစ်ခြားလူတွေကလည်း သူ့အယူအဆနဲ့သူသုံးနိုင်တယ်လို့ထင်ပါတယ်

Anonymous said...

မ s0wha1

ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက်ဖတ်ချင်စိတ်ဖြစ်လဲဆိုတာ ကျမတို့ မဲ ကောက်ကြည့်ရင် မကောင်းဘူးလား...
တဲ့ကို တယ့်လို့ ရေးခြင်း၊ ရဲ့ကို ရယ့်လို့ရေးခြင်း၊ ကြုံကို ကြုံလို့ရေးထားတာတွေကို ဘယ်လို မျက်လုံးနဲ့မှ ဖတ်လို့ အချိုးမပြေနိုင်ပါရှင်...

ဆရာမ ခင်ခင်ထူးရေးထားတဲ့ “အညာသူ အညာသား ကျွန်မဆွေမျိုးများ” စာအုပ်ကို ဖတ်ဖူးပါသလား

Anonymous said...

ကို/မ အမည်မသိရေ...ဖတ်ဖူးပါ့ရှင်...ဆရာမ ခင်ခင်ထူးက အကြိုက်ဆုံးစာရေးဆရာထဲမှာတောင် ပါသေးတာပဲ...
သူရေးထားတာ သေချာဖတ်ပါလေ...
အညာကလူတွေရဲ့ စကားပြော လေယူလေသိမ်းအတိုင်း ရေးထားတာရှင့်...
မသိလို့မှားတာ မဟုတ်သလို၊ တမင်မှားတာလည်း မဟုတ်ဘူးရှင့်...
ဒီလို ရေးမှ ဖတ်ရတဲ့သူမှာ အညာကလူတွေ ကိုယ့်ကို လာပြောနေသလို ခံစားနိုင်မှာပေါ့...
သေချာတာက စကားပြောပိုဒ်တွေမှာသာ ဒီလိုရေးထားတာ...
သူ့စိတ်ထဲက အကြောင်းအရာတွေရေးရင် အဲ့လိုမပါပေဘူး...(တခြား ၀တ္ထုတွေရေးရင်လည်း အဲ့ဒီလို စကားလုံးအမှားတွေ မသုံးဘူးရှင့်...)
မမေပြောတဲ့ ကဗျာတွေ ကာရံကို ငဲ့ပြီး စာလုံးပေါင်းထားသလိုမျိုး ထင်ပါ့...
ဝတ္ထု၊ ဆောင်းပါး နဲ့ ပညာပေးစာစောင်တွေရေးတာ မတူတဲ့အတွက် ဟိုဝတ္ထုဖတ်ဖူးလား၊ ဒီစာ ဖတ်ဖူးလားဆိုပြီး နှိုင်းယှဉ်လို့ မရဘူးထင်တယ်...
ဒါနဲ့ ကျမကို မပြောခင် ဆရာမ စာတွေ သေချာ တခေါက် ထပ်ဖတ်လိုက်ဦးနော်...

Anonymous said...

အင်းလေ...လက်မခံနိုင်ရင်လည်း နေပေါ့...
ဘယ်သူတွေက ဘာပြောနေကြလို့လဲ...
မမေဓာဝီက မှားနေတာတွေ့တော့ ထောက်ပြမယ်...
လက်မခံနိုင်ရင် လာမဖတ်ကြပါနဲ့လား...
ကိုယ်တို့လို လက်ခံနိုင်တဲ့သူက ဖတ်မယ်...မှတ်သားမယ်...
ကျမ၊ ကျနော် နဲ့ တ ကို (စ်) မပေါင်းဘဲ ရေးတာ မြန်မာစာမှာ အဲ့လောက်လည်း ကြည့်ရမဆိုးပါဘူး...
(စ်) မပေါင်းသင့်တဲ့ တ မှာ (စ်) ပေါင်းထားရင်သာ ကြည့်ရ၊ ဖတ်ရ ဆိုးတာကလား...
ဒါကလည်း ကိုယ့်အမြင်ပါလေ...
လွတ်လပ်စွာ အမြင်မတူနိုင်ခွင့်ရှိပါတယ်...
အကြောင်းအကျိုးနဲ့အညီ ဘာကြောင့် သုံးတယ်လို့လည်း သူတို့က ပြောထားပါတယ်...
မသိလို့ မှားနေတာမှ မဟုတ်ဘဲလေ...
ပြီးတော့ ဖျက်ဆီးချင်စိတ်နဲ့ မှားနေကြတာလည်း မဟုတ်ဘဲနဲ့...
လက်မခံနိုင်လို့ ကိုယ့်အယူအဆနဲ့ကိုယ် သုံးကြတာပဲ...
မသိလို့ မှားကြသူများထက်တော့ သာတာပေါ့...
အဲ့ဒါကိုမှ ကိုယ့်ကို စောင်းမြောင်းပြောနေတယ် ထင်ပြီး ဆတ်ဆတ်ထိမခံနိုင် ကွန်မန့်တွေ လာရေးနေကြတယ်ထင်တယ်...

ကိုဖြိုး said...

OK here is my lest comment

ကလိုစေးထူး said...
ကိုဖြိုးကို ပထမဦးဆုံး မေတ္တာရပ်ခံချင်တာကတော့ မယဉ်ကျေးချင်နေပါဗျာ။ သိပ်တော့ မရိုင်းစေချင်ဘူး။ မမေဓာဝီရဲ့ ရပ်တည်ချက်ကို သူ့စာတွေ ဟိုးအစကနေ အခုအချိန်အထိ တောက်လျှောက် ဖတ်လာတဲ့ ကျနော် အသိဆုံးပါ။ သူ့မှာ ခင်ဗျားပြောသလို ၀ါသနာရှင် လူငယ်၊ လူရွယ်လေးတွေကို `မ´ လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်သဘောမရှိဘူးဆိုတာ ခင်ဗျားကိုယ်တိုင်လည်း သူရေးတဲ့ စာတွေကို တောက်လျှောက်ဖတ်ဖူးဖြစ်ခဲ့ရင် သတိထားမိလာမှာပါ။ `မ´ တယ်ဆိုရင်တောင် စိတ်ရင်းစေတနာ ကောင်းကောင်းနဲ့ `မ´ တာဖြစ်ပါလိမ့်မယ်။ သူ့စာထဲမှာ နားလည်မှု လွဲစေတဲ့ တချို့သော အသုံးအနှုံးရှိခဲ့တယ် ထားအုံး။ မောင်နဲ့နှမ စိတ်အပြန်အလှန်ထားလို့ `အစ်မကြီးရေ၊ ဒါလေးကတော့ဖြင့် ဒီလိုမရေးသင့်ဘူး၊ ဒီလိုသဘောဖြစ်နေတယ်´ လို့ အေးအေးဆေးဆေး ပြောလိုက်မယ်ဆိုရင် မမေဓာဝီအတွက်တင်သာမက ဒီဘလော့ဂ်ကို လာဖတ်ကြတဲ့ တခြားသောသူတွေအားလုံး အတွက်ပါ ပိုပြီး အကျိုး မရှိပေဘူးလားဗျာ။
(အင်းဗျာ ခင်ဗျားက ရန်လိုနေတယ်ထင်တော့လည်း ထင်ပေါ့ဗျာ။ ဘယ်တတ်နိုင်မှာတုန်း။)

အခုဟာက ခင်ဗျားက ဆွေးနွေးချက် မဆန်ဘဲနဲ့ ရင့်သီးတယ်လို့ မြင်မိတယ်။ မပြောစေချင်ဘူးဗျာ။ ကျနော်တို့တွေ ဘလော့ဂ်ရေးနေတာ ရန်ဖြစ်ဖို့မှ မဟုတ်ဘဲ။ တယောက်နဲ့ တယောက်အမြင်မတူတာတွေ ရှိကြရင်တောင် ကိုယ့်အမြင်ကို တဖက်သား နားဝင်အောင် သိမ်မွေ့တဲ့ နည်းနဲ့ ချဉ်းကပ်ဆွေးနွေးတော့ ပိုမကောင်းပေဘူးလားဗျာ။ ဒီလို ပြောလိုက်လို့ ကျနော့်ကိုလည်း `မ´ နေတယ်လို့ ပြောချင်သေးသပ ဆိုလည်း ပြောနိုင်ပါတယ်။

(ရင့်သီးတယ်ဆိုရအောင် ကျွန်တော်က အော်ဆဲနေတာမှ မဟုတ်တာဗျာ။ ကိုမင်းခိုက်စိုးစံဆိုရင် သေချင်းဆိုးမလေးဆိုပြီးတော့ကို ပြောဖူးတယ်။)

စာသံပေသံ ဆိုတာကို ကျနော်နည်းနည်းဆွေးနွေးပါမယ်။ စာရေးတဲ့လူက စာသံပေသံ ပြောတာ ဆန်းသလားဗျာ။ ငါးစိမ်းရောင်းနေကြတာမှ မဟုတ်တာဘဲ။ လိုအပ်တဲ့ အကိုးအကား အထောက်အထား စာအုပ်စာတမ်းတွေကို မှီငြမ်းလို့ ကိုယ့်ဘလာ့ဂ်ကို လာလည်သူတွေ ဖတ်ချင်စဖွယ်ဖြစ်အောင် တန်ဆာဆင် ရေးသားတာကို စာသံပေသံနဲ့ `မ´ နေတယ် လို့ ပုတ်ခတ်ပစ်လိုက်တာကလည်း အတော်စိတ်မကောင်းဖြစ်စရာပါပဲ။ ကိုဖြိုးကိုယ်တိုင်တောင်မှ အခုလို ကျနော်တို့နဲ့ ဆွေးနွေးဖို့ကို ဆရာဇော်ဇော်အောင်ရဲ့ စာကို ကိုးကားလို့ စာသံပေသံနဲ့ ပြောရသေးတာပဲဗျာ။
(အင်းဗျ ခင်ဗျားတို့နဲ့ စိမ်းနေတဲ့ လူတစ်ယောက်ရဲ့ စာနဲ့ တင်ပြမိတယ်ထင်ပါရဲ့။ မမွှေးကြူလေးကိုလေ စားချင်လိုက်တာ ငပိလေးရဲ့။)
ကိုဖြိုးရေ..

မြန်မာနိုင်ငံမှာ အာဏာရှင်ကို ပညာရှင်က လွန်ဆန်နိုင်ခြင်း ရှိမရှိဆိုတာကတော့ ဦးနေ၀င်းက အပြောင်းခိုင်းခဲ့တဲ့ `တစ်´ သတ်ပုံက သက်သေပါ။ ကျနော်လဲ ကျနော့်ဘလော့ဂ်မှာ အဲဒီသတ်ပုံအကြောင်း တစွန်းတစ ရေးဖူးပါတယ်။ ပညာရှင် ဆရာကြီး ဦးတင်မိုးက ဒါနဲ့ပတ်သက်လို့ ပြောဖူးတာ ရှိပါတယ်။ ကိုဖြိုးနားထောင်ချင်တယ်ဆိုရင် ကျနော်ပြန်ရှာပေးပါမယ်။

ကဲ.. ရေးတာ နည်းနည်းရှည်ပြီဗျာ။ မနေ့ကပဲ ကျနော့်ဘလော့ဂ်က ပို့စ်တခုမှာ စာတကြောင်း ထည့်ရေးမိသေးတယ်။ `ဒီနေ့ ဆွေးနွေးတာဟာ မနက်ဖြန် ငြင်းဖို့ မဟုတ်ဘူး´ လို့။ ကျနော် အခုရေးခဲ့တဲ့ ကွန်မန့်မှာ စာလုံး အကျအပေါက်လေးတွေ ရှိရင်လည်း ထောက်ပြပါဦး။

(ဒါတော့ခွင့်လွှတ်ဗျာ ခင်ဗျားတို့ကို ကျွန်တော်ထောက်ပြရတာ အချိန်ကုန်တယ်။ (အမှန်အတိုင်းပြောတာဗျို့ … စာရိုက်ကတာလည်း လက်ညောင်းသေးတယ်။) ဒါကြောင့်ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ပါတယ်။ တစ်ခုပြောခဲ့ချင်တာက ပညာရှင်အစစ်နဲ့ ပညာရှင်ယောင်ဆောင်ထားတဲ့ လူနဲ့ ကွဲပြားခြားနားပါစေလို့။ စာဖတ်ပြီး စာရေးဆရာရဲ့ လေမိလို့ မတိုးတက်နိုင် ဖောက်ထွက်မတွေးနိုင်တော့ တဲ့ဦးနှောက်တွေ ဘယ်လောက်များနေပြီလဲဆိုတာကို ခင်ဗျားတို့တော့ သိနိုင်မယ်မထင်ဘူးဗျာ။ ဟူး ပြောရမယ်ဆိုရင် အများကြီးပဲ။ အဲဒီတော့ ဒီနေရာမှာ ခင်ဗျားတို့လို သတ်ပုံ ဂျိုးကြီးတွေ၊ သဒ္ဒါဘိုးအေကြီးတွေ အတွက် မေတ္တာလက်ဆောင်တစ်ခုနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ဝါကျ (၀က်ကျ) လေးတစ်ကြောင်းပါ။
အရောင်မဲ့ စိမ်းလန်းသော စိတ်ကူးများ ဒေါသတကြီး အိပ်စက်နေကြသည်။
Colourless green ldeas sleep furiously.
တဲ့ NOAM CHOMSKY ရဲ့ ကမ္ဘာကျော် ၀ါကျလေးပေါ့ဗျာ။)
Anonymous said...
ကိုဖြိုး ရေး -
ထိုမျှဆိုလျှင် မူရင်းနဂိုကပင်အားနည်းနေသော ဘာသာစကားအကြောင်းစိုးစဉ်းမျှမဟပဲ သူကမွေးမှ သူ့သားလောက်ရှိသော သတ်ပုံသတ်ညွှန်း အကြောင်းပြောနေကြသည်မှာ အနည်းငယ်ထူးဆန်းလှပေသည်ဟု မှတ်ချက်ပြုလိုက်ရပါသည်။

ထိုသို့ပြောခြင်းကို သဘောမတူနိုင်ပါ။
(သူကမွေးမှ သူ့သားလောက်) ပင် ဖြစ်စေကာမှု ပြောရန်လိုအပ်ပါက ပြောရမည်ပင်ဖြစ်သည်။
5/17/2007 7:02 AM

(ဟုတ်ကဲ့ Anonymous ရေ … ဘာကြောင့်ပြောရန်လိုကြောင်း သိခွင့်ရှိက သိပါရစေ။ လူသားအားလုံး ငတုံးဟု ထင်မြင်ယူဆနေခြင်းတော့ မဟုတ်နိုင်ဟု ခံစားမိပါသည်။)

s0wha1 said...
ဝင်မပြောချင်ပေမဲ့လည်း ပြောလိုက်ဦးမယ်...
ဒါပေမဲ့ ကျမကတော့ စာသံ၊ ပေသံ၊ အကိုးအကားတွေနဲ့ ပြောနိုင်မှာ မဟုတ်ဘူး...
ပြောရလောက်အောင်လည်း ပညာရှင်မဟုတ်ပေဘူး...

ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး...
(လူတစ်ယောက်ကို အသက်ငယ်သည်ကြီးသည်နဲ့ ဆုံးဖြတ်တတ်တဲ့ ခင်ဗျားကိုတော့ ကျွန်တော်လက်ပိုက်ပြီး ခပ်ပြုံးပြုံးလေးကြည့်နေပါရစေ။ ခင်ဗျားမသိလိုက်သည့်အချိန်မှာ နယူတန်ဟာ သူ့ရဲ့ကမ္ဘာကျော် (အသုံးသိပ်မ၀င်တော့တဲ့ ) နိယာမကို ရှာဖွေတွေ့ရှိခဲ့ပုံပဲ။)

ဒါကြောင့်လည်း " ကျွန်တော်သိထားတဲ့ ပညာရှင်တွေကတော့ အာဏာရှင်မကလို့ သူ့ဘကြီးပဲလာလာ ကိုယ့်ပညာအတွက် အသက်တောင်အသေခံခဲ့ကြတာချည်းပဲဗျ။ မယုံရင် ဆိုကရေးတီးဆီလိုက်မေးကြည့်။ (အင်း … သူက အဆိပ်ဆိုလား ဘာဆိုလား သောက်သေသွားတာဆိုတော့) ဘားနတ်ရှောဆီလိုက်မေးကြည့်။ အချုပ်တန်းက မောင်ဖေဆီလိုက်မေးကြည့်။ " လို့ ပြောခဲ့တာ ဖြစ်မယ်...
ဟုတ်ကဲ့...ရှင် ပြောတဲ့လူတွေက အတိတ်မှာ ကျန်ခဲ့ပြီ ဆိုတာ သတိပြုပါဦး...
ခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ကြည့်ခြင်းအားဖြင့် ပညာရှင်ဟာ အာဏာရှင်အလိုကို မလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီး တွေ့နိုင်ပါလိမ့်မယ်...ရှင် မြင်အောင် ကြည့်တတ်ရင်ပေါ့...

(ဟုတ်ကဲ့ ခင်ဗျားပြောတာက အမြီးတွေတန်းစီနေတဲ့ ပညာရှင်နာမည်ခံလူတန်းစားတွေအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဆူးစူး၍လျှင် အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သလဲဟု ရေးသားမိသဖြင့် ထောင်နန်းစံခဲ့ရသော ဆရာမောင်သာရတို့လိုလူမျိုးတွေ အများကြီးကျန်ရစ်နေသေးကြောင်း သတိပြုစေချင်ပါသည်။)

ဦးနေ၀င်းဟာ အဓိပ္ပါယ်မရှိ တခု၊ တကောင်၊ တယောက် ဆိုတဲ့ အရေအတွက်ပြတွေမှာ စ် ထည့်သင့်တယ် ဆိုတာနဲ့ သတ်ပုံကျမ်းမှာပါ ပြဋ္ဌာန်းပြီး အကုန်လုံး စ် တွေလိုက်ထည့်လိုက်တာ...
တယူသန်မှာတောင် တစ်ယူသန်တွေဖြစ်လို့...တစ်ယူဇနာ သန်သောလို့များ အဓိပ္ပါယ် ဖွင့်ဆိုထားသလားတော့ မပြောတတ်ဘူး...
တချို့တွေများ တခါတရံမှာတောင် တစ်ခါတစ်ရံတွေ ထည့်ပေါင်းလို့ပေါင်းနဲ့...

ထားပါတော့လေ...ကျမက ပညာရှင် မဟုတ်တော့ ဒါတွေ ပြောခွင့်မရှိပါဘူး...
ဒါပေမဲ့ ကျမပတ်ဝန်းကျင်ကလူတွေကိုတော့ ပြောလို့ရတယ်မဟုတ်လား...
ဒီလိုပဲပေါ့ မမေကလည်း သူ့ဘလော့ဂ်မှာ သူ့စာဖတ်တဲ့သူတွေကို အမြင်မတော်တဲ့ စာလုံးပေါင်းသတ်ပုံတွေအကြောင်း၊ အသံထွက်တွေ အကြောင်း ပြောပြချင်ရင် ပြောပြခွင့်ရှိတယ်လို့ ကျမ ယူဆပါတယ်...
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ...
ကကြီး၊ ခကွေး အကြောင်းလည်း ဒီလိုပါပဲ...ကျမတို့ ညံ့လို့ပဲပြောပြော၊ လေ့လာမှုအားနည်းတယ်ပဲဆိုဆို မမေရဲ့ကျေးဇူးကြောင့် ဒီလိုမျိုးတွေ သိရတယ်...
ဒီအတွက် ကျေးဇူးတင်တယ်...ရှင်တို့ကရော ဘာလို့ ဒီလိုမမြင်နိုင်တာပါလိမ့်လို့ အံ့ဩမိပါတယ်...
(ကျွန်တော်မေးခဲ့ပြီးပါပြီ။ မြန်မာစာဌာနက ထုတ်ဝေသော စာလုံးပေါင်းသတ်ပုံကျမ်းက မလုံလောက်လို့လားလို့။ မမေဆိုတာ ဘာလဲသိဖို့လိုလာပါပြီ။ ကျမ်းပြုလား၊ လေ့လာသူလား၊ တင်ပြသူလား၊ ဆရာကြီးလုပ်သူလား၊ ခင်ဗျားကိုယ်တိုင်ပြောတဲ့ (ကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့) ဆိုတဲ့ စကားရပ်အရ ခင်ဗျားအနေနဲ့ ကိုယ့်အနေအထားကို ကိုယ်ပြန်လည် ဝေဖန်ဆန်းစစ်သင့်ပါပြီ။ ယနေ့ခေတ် အသက်၂၀ ၀န်းကျင်လူငယ်လူရွယ်များတွင် ပညာရပ်နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက်သူတွေ မြောက်များစွာ ပေါ်ထွက်နေတာသိသာထင်ရှားပါတယ်။ ကိုယ်ဘယ်မှာ အိပ်ပျော်နေခဲ့လဲဆိုတာ ကိုယ်သိမှာပါ။ ကျွန်တော်ကတော့ မော်ဒန်ပို့စ်မော်ဒန်သစ်ပင်ကလေးအောက်တွင် အိပ်ပျော်နေခဲ့ပါပြီ။)
ခုဟာက ရှင်တို့က အပြုသဘောဝေဖန်နေတာထက်စာရင် ပွဲဆူအောင်လုပ်ပြီး ရန်ဖြစ်နေချင်ကြပုံပေါ်ပါတယ်...
ဘာလို့ ဒီလိုပြောရလည်းဆိုတော့ မမေရေးထားတဲ့ပို့စ်ကောင်းလေးတွေမှာဆို ရှင်တို့ရဲ့ ချီးကျူးအားပေးတဲ့ ကွန်မန့်တခုမှ တက်မလာဘဲ ခုလို မမေရဲ့ အမှားလေးနည်းနည်းတွေ့ပြီဆိုတော့မှ အလုံးအရင်းနဲ့ ၀ိုင်းဖဲ့ကြမယ့် ကွန်မန့်တွေအများအပြား တက်လာကြလို့ပါပဲ...
ကျမ အယူအဆမမှားဘူးဆိုတာ ယုံကြည်လို့ ဒီစကားကို ပြောပေမဲ့ ရှင်တို့ကတော့ ကျမပြောတာ မှားတယ်လို့ ပြောခွင့်ရှိပါတယ်...
ကိုကလိုစေးထူးက ကိုဆာယေးသူရဲ့နာမည်ကို ထောက်ပြသလိုပေါ့...ဆာယေးသူဆိုတာ စာရေးသူ ဆိုတဲ့ နာမည်ကို ပေးထားတယ် ထင်လို့ ဒီလိုသတ်ပုံမျိုးမရှိဘူးလို့ သူကပြောခဲ့တာပဲ...ရိုးရိုးနာမည်သက်သက်သာဆိုရင်တော့ ဘာမှ ပြောစရာမရှိပါရှင်...
ကိုဆာယေးသူက သူ့နာမည်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ပေးထားတယ်ဆိုတာ သူသာအသိဆုံးဖြစ်ပါလိမ့်မယ်...

(ကျွန်တော်ပြောချင်တာကလည်း ဒါပဲဖြစ်ပါတယ်။ သူ့ကလေး သူ့ဟာသူနာမည်ပေးတာ ကိုယ်ကဘာဆိုင်လို့ ၀င်မေးငေါ့နေလဲလို့ မေးချင်တာပါ။)
ကိုတီးရှင့် မမေက အမြင်မတော်တာလေးတွေ၊ သူသိတာတွှေကို မျှဝေပေးချင်တာတွေကို သူ့ဘလော့ဂ်မှာ ရေးနေတာပါ...
ဘယ်သူ့ကိုမှ စောင်းမြောင်းလိုခြင်းမရှိပါရှင်...
မြန်မာစာ သတ်ပုံမမှန်လည်း စာရေးလို့ဖြစ်တယ်ဆိုရင် ခု ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက်ဖတ်ချင်စိတ်ဖြစ်လဲဆိုတာ ကျမတို့ မဲ ကောက်ကြည့်ရင် မကောင်းဘူးလား...
တဲ့ကို တယ့်လို့ ရေးခြင်း၊ ရဲ့ကို ရယ့်လို့ရေးခြင်း၊ ကြုံကို ကြုံလို့ရေးထားတာတွေကို ဘယ်လို မျက်လုံးနဲ့မှ ဖတ်လို့ အချိုးမပြေနိုင်ပါရှင်...
ဖတ်လို့မကောင်းတော့ စာထဲမှာ ဘာရေးထားမှန်း ဘယ်သူမှ စိတ်မ၀င်စား၊ စိတ်မ၀င်စားတော့ ဘာတွေရေးထားမှန်း နားမလည်နိုင်အောင်ဖြစ်ရပါတယ်...
ဟုတ်ကဲ့...ကျမ ညံ့လို့လည်း ဖြစ်နိုင်ပါတယ်...

(ဟုတ်ကဲ့ တဲ့ကို တယ့်လို့ပဲရေးရေး၊ ရဲ့ကို ရယ့်လို့ပဲရေးရေး ခင်ဗျားတို့က ဘာလို့(မျက်လုံးထဲ အချိုးမပြေတာတောင်) ဘာလို့နားလည်နေသေးလဲဗျာ။ သူဘာကိုဆိုလိုတာနားလည်နေသေးတာလဲ။)
အချုပ်ဆိုရရင် ဒီလောက်တောင်ရန်ဖြစ်ချင်နေတဲ့ ရှင်တို့နဲ့ ကျမက ဒိုင်ခံ ရန်ဖြစ်ပေးပါ့မယ်...
မမေနဲ့ ကိုကလိုစေးထူးတို့ကတော့ ကျမတို့ စာဖတ်သူများကို အားနာသောအားဖြင့် စာများဆက်လက်ရေးပြီး ပို့စ်အသစ်တွေ တင်မြဲတင်ပါ...
ဒီကိစ္စကို ခေါင်းထဲထည့်ပြီး အချိန်ကုန် မခံကြပါနဲ့လို့ ညီမက တောင်းဆိုပါတယ်...
(ကျွန်တော်ထပ်ပြောခဲ့ပါမယ်။ ဘာစာရေးရေး ဘာတွေရေးရေး ရေးချင်သလိုရေးကြပါ။ ရေးချင်ရာကို မရေးပါနဲ့။ ရေးရမည့်အရာကိုသာ ရေးကြပါလို့။ နှုတ်ဆက်လိုက်ပါတယ်။)

Anonymous said...

(လူတစ်ယောက်ကို အသက်ငယ်သည်ကြီးသည်နဲ့ ဆုံးဖြတ်တတ်တဲ့ ခင်ဗျားကိုတော့ ကျွန်တော်လက်ပိုက်ပြီး ခပ်ပြုံးပြုံးလေးကြည့်နေပါရစေ။ ခင်ဗျားမသိလိုက်သည့်အချိန်မှာ နယူတန်ဟာ သူ့ရဲ့ကမ္ဘာကျော် (အသုံးသိပ်မ၀င်တော့တဲ့ ) နိယာမကို ရှာဖွေတွေ့ရှိခဲ့ပုံပဲ။)

ထူးချွန်ထက်မြက်လှတဲ့ ပို့စ်မော်ဒန်သစ်ပင်လေးတွင် အိပ်ပျော်နေသူ ကိုဖြိုးရှင့်...
ရှင်ဆိုလိုချင်တာကို ကျမ သိပ်နားမလည်ဘူးရှင်...
လူတယောက်ရဲ့ အရည်အချင်းကို အသက်အရွယ်နဲ့ တိုင်းတာလို့မရဘူးဆိုပေမဲ့ တချို့ကိစ္စတွေမှာ စာတွေ့ထက် လက်တွေ့ခံစားခဲ့ရတဲ့ အသက်အရွယ်ကြီးသူတွေလောက် ပိုမသိနိုင်တာတွေ ရှိပါတယ်...
ကျမ နားလည်သလို ပြန်ပြောပြီးသကာလ ရှင်လည်း လက်ပိုက်ပြီး ကြည့်လိုက ဆက်ကြည့်ပါရှင်...

(ခင်ဗျားကိုယ်တိုင်ပြောတဲ့ (ကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့) ဆိုတဲ့ စကားရပ်အရ ခင်ဗျားအနေနဲ့ ကိုယ့်အနေအထားကို ကိုယ်ပြန်လည် ဝေဖန်ဆန်းစစ်သင့်ပါပြီ။ ယနေ့ခေတ် အသက်၂၀ ၀န်းကျင်လူငယ်လူရွယ်များတွင် ပညာရပ်နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက်သူတွေ မြောက်များစွာ ပေါ်ထွက်နေတာသိသာထင်ရှားပါတယ်။ ကိုယ်ဘယ်မှာ အိပ်ပျော်နေခဲ့လဲဆိုတာ ကိုယ်သိမှာပါ။ ကျွန်တော်ကတော့ မော်ဒန်ပို့စ်မော်ဒန်သစ်ပင်ကလေးအောက်တွင် အိပ်ပျော်နေခဲ့ပါပြီ။)

ကျမ ပြောချင်တာက စလုံး၊ ဆလိမ် အသံထွက်မတူမှုကို မသိကြခြင်းကို ဆိုလိုပါတယ်...
ဒါဆိုရင်တော့ ရှင်က အစောထဲက အသံကွာခြားပုံကို သိပုံရတယ်...
ဟုတ်ကဲ့ရှင်...ရှင်တို့လို လူတော်လူတတ်တွေ မဟုတ်လေတော့ မြန်မာနိုင်ငံက ကျောင်းမှာ ဆရာ၊ ဆရာမတွေ သင်သလောက်ပဲ သိတဲ့ ကျမတို့တွေ ဒီလို ညံ့ဖျင်းတာကို အပြစ်မဆိုသာပါရှင်..
ကျမ စထဲက ပြောထားသားပဲ ပညာရှင်အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့...
ဟုတ်ကဲ့..ကျမက ဘယ်နေရာမှာ အိပ်ပျော်ကျန်ခဲ့မှန်း မသိတဲ့ လူနုံ၊ လူညံ့လေးပါရှင်...

(ဟုတ်ကဲ့ ခင်ဗျားပြောတာက အမြီးတွေတန်းစီနေတဲ့ ပညာရှင်နာမည်ခံလူတန်းစားတွေအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဆူးစူး၍လျှင် အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သလဲဟု ရေးသားမိသဖြင့် ထောင်နန်းစံခဲ့ရသော ဆရာမောင်သာရတို့လိုလူမျိုးတွေ အများကြီးကျန်ရစ်နေသေးကြောင်း သတိပြုစေချင်ပါသည်။)

မြန်မာစာကျမ်းပြုအဖွဲ့မှာ အာဏာရှင်ကို မှားရင် အမှားထောက်ပြရဲတဲ့ ဒီလိုဆရာကြီးတွေ မပါဘူးဆိုတာ လူတော်လူတတ် ကိုဖြိုးတယောက် မသိလေရော့သလားလို့ တွေးမိပါတယ်...

(ကျွန်တော်ပြောချင်တာကလည်း ဒါပဲဖြစ်ပါတယ်။ သူ့ကလေး သူ့ဟာသူနာမည်ပေးတာ ကိုယ်ကဘာဆိုင်လို့ ၀င်မေးငေါ့နေလဲလို့ မေးချင်တာပါ။)

ဒီနာမည်ကိစ္စကလည်း မပြောချင်တော့ပါဘူး...
ဟုတ်ပါတယ်...သူ့ဟာသူ
ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...
ဆာယေးသူ...
ဆာယေး သူ ကျ တော် ကျမ...
ဆာယေး သူ ကျ တော်...
မနေတတ် မထိုင်တတ်...
ချီးကျူးတာပဲ ခံလိုသော...
ဤကို ကျွဲဟု ဖတ်သော...
မျိုးစေ့မမှန် ပင်မသန်သော...
စသည်ဖြင့် ပေးချင်တဲ့ နာမည်ပေးပါ...
ကျမတို့ကလည်း ယူဆချင်သလို ယူဆပိုင်ခွင့်၊ နားလည်ချင်သလို နားလည်ပိုင်ခွင့် ရှိပါတယ်...

(ဟုတ်ကဲ့ တဲ့ကို တယ့်လို့ပဲရေးရေး၊ ရဲ့ကို ရယ့်လို့ပဲရေးရေး ခင်ဗျားတို့က ဘာလို့(မျက်လုံးထဲ အချိုးမပြေတာတောင်) ဘာလို့နားလည်နေသေးလဲဗျာ။ သူဘာကိုဆိုလိုတာနားလည်နေသေးတာလဲ။)

ကျမ နားလည်တယ်လို့ မပြောမိပါလားရှင်...
ခုချိန်ထိ အဲ့ဒီအစ်ကိုရဲ့ ကွန်မန့်တွေက ဘာကိုဆိုလိုချင်လို့ ဘာရေးမှန်း ကျမ နားမလည်သေးပါ...
ရှင်နားလည်လို့ ရှင်းပြနိုင်က ရှင်းပြစေလိုပါတယ် ကိုပညာတတ်ကြီးရှင့်...

(ကျွန်တော်ထပ်ပြောခဲ့ပါမယ်။ ဘာစာရေးရေး ဘာတွေရေးရေး ရေးချင်သလိုရေးကြပါ။ ရေးချင်ရာကို မရေးပါနဲ့။ ရေးရမည့်အရာကိုသာ ရေးကြပါလို့။ နှုတ်ဆက်လိုက်ပါတယ်။)

last comment ဆိုပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်...
ကျမကလည်း ရန်ဖြစ်ရမယ့်သူ တယောက်လျော့သွားလို့ ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်လိုက်ပါတယ်...

Anonymous said...

ဒေါ်မေငြိမ်း ရေ..း
ညလေး တို့ ကိုဂြီး တို့ ဆိုတာ သတ်ပုံ မဟုတ်ပါ ဘူး .နာမည် ကို အမြန် ခေါ်တဲ့ လေသံ သာဖြစ်ကြောင်းပါ..သူငယ်ချင်း ကို တယ်ရင်း လို့ အငြိမ့်  လူ ပျက်တွေ ပျက် ကြသလိုပေါ့..
မေငြိမ်း ရဲ့ ၀တ္ထုထဲ ထဲ့ရေးရင်တော့ ရယ်စရာ ကြီး ဖြစ်နေပါလိမ့်မယ်..ယုံကြည်သလို ရေးကြပါ..
အရေအတွက် မှာ (စ်) သတ်ပုံရေး နည်း ကမှားနေ ပါလား..
မရှင်း လို့ ပါ..
တစ်..နှစ်..သုံး.လေး..လို့ သင်ခဲ့ ဖတ်ခဲ့ တာလား
တ..နှ..သုံး..လေး…လို့  သင်ခဲ့ ဖတ်ခဲ့ ကြ သလား
တစ်ခု ကို တခု လို့  ရေး ချင်ရေး နေတာပေမယ့်
နှစ်ခု ကို ကျ တော့ နှခု လို့ ဘယ်သူကမှ မကန့် ကွက်ဘူးမရေးဘူးနော်..
မြန်မာစာလုံးပေါင်းသတ်ပုံ ကျမ်းက အဲဒိ အချိန်တုန်း က ရဟန်း ရှင် လူ အများကြီး က အကြံဥာဏ်တွေ ပေး ကြတဲ့ အထဲ က ခေတ်နဲ့ အညီ ပြုပြင်ထား တာ ပါ..
နောက်တစ်ခါ edition အသစ်ထုတ်ရင် ခင်ဗျားတို့  အကြံဥာဏ် ပေး ကြပါလား..မေဓာဝီ ရော ပေါ့..အခု ထဲ က မြန်မာစာ အဖွဲ့ ကို ဆက်သွယ်လို့ ရပါတယ်..သူတို့ ဖိတ်ခေါ်ထားသားပဲ..
မေငြိမ်း ရော ကျန်တဲ့ သူတွေပါ ဒီ မှာ ကျမ ကျ မ..နဲ့ ကျနော် ကျဏော် တွေ လိုက်ဖြစ် ကုန် ပြီ..မေဓာဝီ တွေးသလို ကျွန် လို့ အထင် ခံ ရမှာ စိုးကြတယ်ထင်ပါ့.. ရေးတော့အမှန်ဖတ်တော့အသံဆိုတာ သဘောမပေါက် ကြသေးကိုး..
တ..နှ..သုံး..လို့ ရေး ဆို ကြည့် ပါ ဦး..

Anonymous said...

ကိုအမည်မသိရေ...ရှင့်မှာလည်း မမောနိုင်ဘူးလား...
သူများ ပြောရမယ်ဆို နာမည်မျိုးစုံနဲ့ကို ၀င်ပြောနေတော့တာပဲ...

ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...
ဆာယေးသူ...
ဆာယေး သူ ကျ တော် ကျမ...
ဆာယေး သူ ကျ တော်...
မနေတတ် မထိုင်တတ်...
ချီးကျူးတာပဲ ခံလိုသော...
ဤကို ကျွဲဟု ဖတ်သော...
မျိုးစေ့မမှန် ပင်မသန်သော...

ကျမ သိသလောက်တော့ ရှင်နာမည် ပြောင်းတာ ၇ ခုရှိပြီ...
ခုကျ ဘာနာမည် ပေးရမှန်း မသိလို့ အမည်မသိနဲ့ ၀င်ရေးတာ ထင်တယ်...
ဒါနဲ့ စကားမစပ် ကျမကို အကြားအမြင်ရနေတယ် မထင်ပါနဲ့ဦးနော်...
မမေပြောလို့ ရှင့် အိုင်ပီ ကို ချက်ခ် မိရာက လူတယောက်ထဲ အမည် အမျိုးမျိုးနဲ့ ရေးနေမှန်း သိရတာရှင့်...
ဒီလိုပြောလို့ နောက်အိုင်ပီ တမျိုး ပြောင်းတော့ မရေးနဲ့နော်...
အော်စီကဆိုရင် ရှင်လို့ပဲ တန်းသတ်မှတ်လိုက်မှာ...
အဲ့လိုမှ မဟုတ်ရင် တခြားတိုင်းပြည်က ရှင့်သူငယ်ချင်းတွေကို လာရေးခိုင်းပါရှင်...

အဓိက ပြောချင်တာတောင် မေ့နေတယ်...
တစ်၊ နှစ်၊ သုံး ဆိုတာ ဟိုအရင် သတ်ပုံကျမ်းမှာထဲက သတ်မှတ်ပြီးသားပါရှင်...
ခု ကျမတို့ပြောနေတာက တယူသန်မှာ တစ်ယူသန်လို့ ရေးခြင်း၊ တစုံတခု မှာ တစ်စုံတစ်ခုလို့ ရေးခြင်း၊ တခြား ကို တစ်ခြားလို့ရေးခြင်းများကိုသာ ဆိုလိုပါတယ်...

ညီညီ(သံလွင်) said...

ဒီလို ဆူဆူညံညံဖြစ်နေတဲ့ ပို့စ်တစ်ခုမှာ ကျွန်တော် ၀င်ပြီး မရေးဘူးလို့ ထားတာပဲ။ လေ့လာသူအနေနဲ့ပဲ ကျွန်တော်ကြည့်နေခဲ့ရုံသက်သက်ပါ။ ပြီးတော့ ပါဝင်ပြီး ဆွေးနွေးရအောင်လည်း ကျွန်တော်က ပညာရှင်မဟုတ် ဘာမဟုတ်တဲ့ ပါမွှားကလေး မဟုတ်လား။ ဒါပေမယ့် စိတ်တိုင်းမကျစရာလေးတွေ တွေ့ရတော့ ကျွန်တော်လည်း တိတ်တိတ်ကလေး မနေနိုင်တော့ဘူးဗျ။

ဒီတော့ နည်းနည်းလောက် ၀င်ပြောပါရစေ။

( s0wha1 said
ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး... )

ဒါကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံး ရမ်းလိုက်တာပဲလို့များ ကျွန်တော်ပြောရင် မလွန်လောက်ဘူးထင်ပါရဲ့ဗျာ။ ၂၅နှစ် ၀န်းကျင်ပဲရှိတာနဲ့ အဲဒီလောက် လူသိထင်ရှားဖြစ်ခဲ့တဲ့ ကိစ္စတစ်ရပ်ကို မသိရတော့ဘူးဆိုရင်တော့ သီပေါမင်းပါတော်မူတဲ့ကိစ္စကို ခင်ဗျား အသက်အရွယ်နဲ့ ဘယ်လိုဘယ်ပုံများ သိခဲ့သလဲလို့ ပြန်မေးရမလို ဖြစ်နေပြီ ထင်ပါတယ်။


( s0wha1 said
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ... )

မ s0what1 က ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းရတာ အတော် ၀ါသနာပါပုံ ရတယ် ထင်တယ်ဗျ။ ၁၉၈၀ နောက်ပိုင်းမွေးတဲ့သူတချို့မသိတာနဲ့ အားလုံးကို မသိဘူးလို့ စွတ်ထင်ပစ်လိုက်တာ မသင့်တော်ဘူးဗျ။ ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတွေ မသိတိုင်း ကျန်တဲ့သူ အားလုံး မသိဘူးလို့ ပြောမယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့ဘူးဗျာ။ စလုံးနဲ့ ဆလိမ်အသံထွက် မတူဘူးဆိုတာကို ဒီစကားလုံးလေးကို အသံထွက် ရွတ်ကြည့်ပါ... “ဆက်စပ်ပြီးတွေး” .. အဲ... “ဆက်ဆက်ပြီးတွေး” .. ဒါမှ မဟုတ် “စပ်စပ်ပြီးတွေး” လို့တော့ မရွတ်နဲ့ပေါ့ဗျာ။

နောက်ဆက်တွဲ ....

ကျွန်မကို ကျမ၊ ကျွန်တော်ကို ကျတော်(ကျနော်) ဆိုပြီး ရေးရေးနေကြတဲ့ အသုံးအနှုန်းတွေကို ဘလော့ဂ်တွေထဲ တွေ့တွေ့နေရတော့ အထက်တန်းကျောင်းသားဘ၀တုန်းက ကျောင်းတချို့က ထုတ်တဲ့ လက်ရေးကဗျာ စာအုပ်လေးတွေမှာ “ချစ်တရ် လွမ်းတရ်” ဆိုပြီး “ယ” အစား “ရ” နဲ့ ရေးကြတာကို သွားသတိရတယ်ဗျ။ အဲဒီလို အဆန်းထွင် ရေးခဲ့ကြပေမယ့် ကျွန်တော်တို့ မြန်မာစာအရေးအသားမှာ “ယ” အစား “ရ” တွေ ပြောင်းသွားခဲ့တာမဟုတ်ပါဘူး။

၁၀တန်းကျောင်းသားဘ၀မှာတုန်းက ကျွန်တော်က အဆန်းထွင်ပြီး “်” လေးကို ကော့နေအောင် ရေးတယ်ဗျ။ ပြီးတော့ “ ၀ ”ဆွဲကို တြိဂံလေးဆွဲတယ်။ အဲဒီမှာ မြန်မာစာဦးရဲဝေက ကျွန်တော့်ကို ဆော်တော့တာပဲဗျ။ “အဲဒီလို မရေးရဘူး။ ငါတို့ မြန်မာစာမှာ ဒါမျိုးမရှိဘူး” တဲ့။ ဟုတ်တယ်။ ကျွန်တော်မှားသွားတယ်။ ကျွန်တော် မှားသွားတယ်ဆိုတာ သိသိချင်းမှာ ပြန်ပြင်ခဲ့တယ်ဗျ။ အဲဒီကတည်းက စာဖတ်တိုင်း ဂရုတစိုက် ဖတ်တယ်။ စာလုံးပေါင်းသတ်ပုံမမှားအောင်၊ ရေးပုံသားပုံ အမှားနည်းအောင်လို့ပါ။ ကျွန်တော်တို့ဟာ ကိုယ့်စာပေကို ပိုမိုတိုးတက်အောင်၊ ပိုမိုပြည့်စုံအောင် လုပ်ဖို့ တာဝန်ရှိတယ်။ ပိုမိုရှုပ်ထွေးအောင် လူငယ်တွေ ထင်ယောင်ထင်မှားနဲ့ ဟိုဟာမှန်နိုး ဒီဟာ မှန်နိုးဖြစ်အောင် မလုပ်သင့်ဘူး ထင်ပါတယ်။ ကျတော်(ကျနော်)၊ ကျမ ဆိုပြီး ရေးသားနေကြတာတွေဟာ မသင့်လျော်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်၊ကျွန်မ ဆိုတာ “ကျွန်” ဆိုတဲ့ အနက်ကို သက်ရောက်စေတယ်ဆိုရင် “ကျတော်(ကျနော်)၊ကျမ” ဆိုတာကရော “ကျဆုံးခြင်း” ဆိုတဲ့ အနက်ကို မသက်ရောက်စေနိုင်ဘူးလားဗျာ။

လူဆိုတာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်။ ကျမရေးရေး ကျွန်မရေးရေး ကိုယ်ကြိုက်သလိုရေးချင်ရာ ရေးနိုင်တယ်လို့ တစ်ယောက်ယောက်ကများ ပြောလာမယ် ဆိုရင် ငယ်ငယ်ကလို ၀ဆွဲကို ၀မဆွဲဘဲ စတန့်ထွင်ပြီး တြိဂံလေးတွေဆွဲမိတဲ့ ကျွန်တော့် အဖြစ်အပျက်လေးကို သတိရကြပါဗျာ။

Anonymous said...

အေးဗျာ။ ကျုပ်လည်းဝင်ပြောလိုက်ဦးမယ်။ အခုဟာက မေးတဲ့လူရှိလို့ ဖြေတဲ့လူက စနစ်တကျနဲ့ စေတနာပါပါလေး ဖြေပေးတယ်။ ခင်ဗျားတို့တတွေက တစ်ယောက်က ပြောတော့ သတ်ပုံက အဓိကမဟုတ်ဘူး၊ ဒီလောက်မလိုဘူး။ ပေးချင်တဲ့မက်ဆေ့က အဓိကလိုလိုပြောတယ်။ ဟော၊ တဖက်မှာကျတော့လည်း ကျွန်တော်၊ ကျွန်မ မရေးရကောင်းလားလို့ အုပ်စုဖွဲ့ပြီး ပယ်ပယ်နယ်နယ် ၀ိုင်းတွယ်ပြန်တယ်။ ကျွန်တော်သာ ဒီဘလော့ပိုင်ရှင်ဆိုရင် ဘယ်သူ့ကို ဦးစားပေးပြီး ကျေနပ်အောင်လိုက်လုပ်ပေးရမလဲ မသိဘူး။ ခင်ဗျားတို့ဗျာ၊ တစ်ခုတော့ လွန်လွန်းတယ်လို့ မြင်တယ်။ ဟိုးရှေ့ကစာတွေမှာ ခင်ဗျားတို့ ကွန်မန့် တစ်ခုတစ်လေမှ မတွေ့ခဲ့ဘူး။ အခုအချိန်ကျမှ တအုပ်တမကြီး ၀ိုင်းဆော်နေကြတာ ကဲ ခင်ဗျားတို့ မေဓာဝီနေရာမှာ ၀င်ခံစားကြည့်စမ်းပါ။ ခင်ဗျားတို့ မကြိုက်သပဆိုလည်း လာမဖတ်နဲ့ပေါ့။ အခုဟာက ခင်ဗျားတို့က ကောင်းစေချင်တဲ့ စိတ်စေတနာ တစ်စိုးတစ်စိမှ မပါဘဲနဲ့ ဒါမျိုးတော့ လာမလုပ်နဲ့၊ ဒီလိုပြောပစ်လိုက်မယ် ဆိုတဲ့ အဖျက်သဘောက များနေတယ်လို့ မြင်တယ်ဗျာ။ ဖွချက်ကလည်း ပက်စက်ပါပေ့၊ ကိုယ်ပိုင်ဘလော့ပေါ်ကနေ တောင် ရေးလိုက်သေး။ ဘယ်မလဲ ခင်ဗျားတို့ရဲ့ အပြုသဘော။ ခင်ဗျားတို့ အချိန်တွေ သိပ်ပိုနေလို့ ရန်ဖြစ်ချင်သပ ရန်ရှာချင်သပဆိုရင်လဲ တခြားမှာ၊ ဖြစ်ကြပါ။ စေတနာကောင်းကောင်းနဲ့ ရေးနေတဲ့ ဘလော့ကာတွေကိုတော့ စိတ်ဓာတ်ကျအောင် ဟိုတစ်လှည့် ဒီတစ်လှည့် နာမည်ပေါင်းစုံနဲ့ ပြဿနာရှာတာ ရပ်ကြပါတော့။ ကျုပ်တို့က စာကောင်းကောင်းဖတ်ရမလား ခင်ဗျားတို့ တိုက်ခိုက်တာကို လိုက်ဖတ်ရမလား။ စာဖတ်တဲ့လူတွေဘက်ကိုလည်း ထည့်စဉ်းစားကြဦးဗျာ။

Hteink Min said...

Ok No fighiting here, be peace. To tell frankly, I has gone through the poor education set by the government, because the country has become poor since the military coup take over. So most of the student born after 1980 including me became quite dumb due to the poor learning material and resources in general.

So this is just the begining of the era, which lead to more spelling mistake because of the poor system in the education. I think we should not blame on each other, instead we should provide more information like Ma May Dar Wii do to establish more knowledge resources for the youngster. And i am asure that Ma May Da Wii has comitted herself that real spelling is ကျွန်မ , so she knew what is the truth, and she has let the readers know not to make such mistake.

Yes, Burmese is a language which infact very difficult. To those who think, Burmese is difficult, I suggest all of you take up french language. My french teacher taught me once that, object can differentiated into Male & Female.Come on, how can i differentiate Book and Clock which is male & female. I started fighting with the lecturer, yet he just told me to follow with the rules and memorize in the brain. Then you will know every language has its own way of system and difficulties.

The main point here is, we the youngster of Burma has no link to knowlege resources. Tell me how many school in Burma has its own library, stocking up with Dicitionary of Burmese spelling. ??
So instead of blaming each other what is right and wrong, pls write more knowledable blog like Ma May Dar Wii do.I will go there to visit and gain more knowlegable information which i didnt have.

If you wana read more spelling mistake and would have time to (correct , blame me, or what ever the reason you wanna do) and give comments on it like you did here, i invite you to visit

www.hteinkmin.blogspot.com

Where you will find lots of information on how an uneducated youngster do mistake when writing in Burmese.Peace out!

NA said...

အစ်မရေ မှတ်ချက်တိုင်းကိုတော့ လိုက်ဖြေရှင်းမနေပါနဲ့။ အချိန်ကုန်ပါတယ်။ တချို့က ဘာရယ်မဟုတ်ပါဘူး၊ ဘောင်ဘင်ခတ်တာပါ။

(တေးမွန်) said...

နည်းနည်းတော့ပြောချင်တယ်ဗျာ။ မြန်မာစာသက်ပုံအကြောင်းတောမဟုတ်ပါဘူး။
မြန်မာစာသတ်ပုံအကြောင်းကျွန်တော်ကောင်းကောင်းမသိဘူး။ဒီတော့အဲဒီအကြောင်းမပြောဘူး။
ပထမဆုံး..အမမေဒါဝီပါ။ သူပြန်လည်ဖြေရှင်းတာတွေကို ဖက်ရင်းနဲ့  သူဟာ စေတနာနဲ့ ပြောနေတာ
လို့ ခံစားရပါတယ်။ သူ့ ဖြေရှင်းတာမှားတာမှန်တာကိုတော ကျွန်တော်မပြောလိုပါဘူး။ သူကပညာရှင်
မဟုတ်ပါလို့ လည်းပြောထားပါတယ်။ ပညာရှင်မဟုတ်ပေမယ် သူသိသလောက်ကို
သူ့ မှာပြောခွင့်ရှိတယ်၊ ပြောသင့်ပါတယ်။ကျန်တာက ကိုယ့်ခေါင်းနဲ့ စဉ်းစား၊ အချက်အလက်ရှာပြီး ကိုယ်ဘာသာအဖြေညှိကြည်ပေါ့။
ကိုပိစိ..:) သူကတောဘာရယ်မဟုတ် တွေးမိတာမေးလိုက်တာပါပဲ။
တီ(tee) လည်းသူ့ အမြင်ကို ပြောရုံသက်သက်ပါပဲ။
s0wha1 ကတော အမမေဒါဝီရဲ့  သေခံတိုက်ခိုက်သူလိုပါပဲ။ ဒီအငြင်းအခုံမှာ သူရဲ့ ပုံစံကို ကျွန်တော်
ခံစားရသလိုပြောတာပါ။ သူကိုတော ဟုတ်ဟုတ် မဟုတ်ဟုတ်.. အမမေဒါဝီဘက်ကနေခံပြောမယ့်ပုံစံ
ရှိပါတယ်။(ဟုတ်လား s0wha1) :) ။
ကိုဖြိုး..အကိုကတော့ .. သူများတွေထက်သိတဲ့ ပုံစံရှိပါတယ်။အကိုစိတ်ထဲမှာ ပိုပြီးသိနေတယ်လိုလည်း
ထင်မိတယ်။လေ့လာမှတ်သားခြင်း နဲ့ ပညာနဲ့ ကွဲပြားတယ်လို့ ကျွန်တော်သိပါတယ်။ ကိုဖြိုးဝင်ပြီးပြောတဲ့
"သြော် မြန်မာစာ အကြောင်းဆွေးနွေးနေကြတာပဲ ပညာရှင်တွေထင်ပါရဲ့".. ဆိုတဲ့စကားကိုတွေ့ တော..
ဒီလူ မထေ့တထေ့ နဲ လို့ ခံစားမိတယ်။ ကိုဖြိုးကို တက်သိသူ လို ပြောတာတွေကြည့်ပြီး တွေးမိတယ်။
ဒါပေမယ့် ဆွေးနွေးငြင်းခုံတဲ့ အခါမှာ တဘက်လူရဲ့ စေတနာ၊ သူဘာကို အဓိကပြောချင်တာလည်းဆိုတာ
အသက်ပါပဲ။ အဲလိုမဟုတ်ရင်တော့ ဆွေးနွေးငြင်းခုံတာ မဟုတ်ပဲနဲ့  ငြင်းခုံခြင်းသက်သက်ဖြစ်သွားပါတယ်။
ဖွင့်ထားသောစိတ်ဟာလိုအပ်ပါတယ်။ ကိုဖြိုးတစ်ယောက်ထဲတော မဟုတ်ပါဘူး။
ဒါပေမယ့် ကိုဖြိုးပြောပုံဆိုပုံကဆွေးနွေးခြင်းထက်၊ ငြင်းခုံခြင်းဘက်ကိုပိုအားသန်နေတယ်လို့  အပြင်လူတစ်ယောက်အနေနဲ့ ခံစားမိတယ်။
----------------------------
မမေဓာဝီကို Blog မှာကြားဖူးတာ ခဏခဏပါပဲ။
ဒီနေ့ ပထမဆုံးလာလည်တာ၊ လူတွေတော်တော်စည်ကားတာပဲ။
ကျွန်တော်တို့ နဲ့ များကွာပါ့။ အဟဲ။။

ပျော်ရွင်ကြပါစေ။
တေးမွန်

ဏီလင်းညို said...

မမေရေ.......
မမေရဲ့ ဒီပို့စ်အဟောင်းလေးကို ဖတ်ရတာရော ဆွေးနွေးသွားကြတာတွေကို ဖတ်ရတာရော.... အားကြီးဗဟုသုတရတယ်ဗျာ....။
ခင်မင်တဲ့
ဏီလင်းညို