tag:blogger.com,1999:blog-33584152.post6386216163618691094..comments2023-10-10T08:54:22.676+01:00Comments on တွေးမိတွေးရာ...ရေးမိရေးရာ: အပိန် အပဲ့ ...နောက်ဆက်တွဲမေဓာဝီhttp://www.blogger.com/profile/04072251427102449939noreply@blogger.comBlogger58125tag:blogger.com,1999:blog-33584152.post-13076324499968209462010-04-17T05:10:18.569+01:002010-04-17T05:10:18.569+01:00မမေရေ.......
မမေရဲ့ ဒီပို့စ်အဟောင်းလေးကို ဖတ်ရတာရေ...မမေရေ.......
မမေရဲ့ ဒီပို့စ်အဟောင်းလေးကို ဖတ်ရတာရော ဆွေးနွေးသွားကြတာတွေကို ဖတ်ရတာရော.... အားကြီးဗဟုသုတရတယ်ဗျာ....။
ခင်မင်တဲ့
ဏီလင်းညိုဏီလင်းညိုnoreply@blogger.comtag:blogger.com,1999:blog-33584152.post-72163640697735810582007-05-27T17:53:00.000+01:002007-05-27T17:53:00.000+01:00နည်းနည်းတော့ပြောချင်တယ်ဗျာ။ မြန်မာစာသက်ပုံအကြောင်း...နည်းနည်းတော့ပြောချင်တယ်ဗျာ။ မြန်မာစာသက်ပုံအကြောင်းတောမဟုတ်ပါဘူး။
မြန်မာစာသတ်ပုံအကြောင်းကျွန်တော်ကောင်းကောင်းမသိဘူး။ဒီတော့အဲဒီအကြောင်းမပြောဘူး။
ပထမဆုံး..အမမေဒါဝီပါ။ သူပြန်လည်ဖြေရှင်းတာတွေကို ဖက်ရင်းနဲ့  သူဟာ စေတနာနဲ့ ပြောနေတာ
လို့ ခံစားရပါတယ်။ သူ့ ဖြေရှင်းတာမှားတာမှန်တာကိုတော ကျွန်တော်မပြောလိုပါဘူး။ သူကပညာရှင်
မဟုတ်ပါလို့ လည်းပြောထားပါတယ်။ ပညာရှင်မဟုတ်ပေမယ် သူသိသလောက်ကို
သူ့ မှာပြောခွင့်ရှိတယ်၊ ပြောသင့်ပါတယ်။ကျန်တာက ကိုယ့်ခေါင်းနဲ့ စဉ်းစား၊ အချက်အလက်ရှာပြီး ကိုယ်ဘာသာအဖြေညှိကြည်ပေါ့။
ကိုပိစိ..:) သူကတောဘာရယ်မဟုတ် တွေးမိတာမေးလိုက်တာပါပဲ။
တီ(tee) လည်းသူ့ အမြင်ကို ပြောရုံသက်သက်ပါပဲ။
s0wha1 ကတော အမမေဒါဝီရဲ့  သေခံတိုက်ခိုက်သူလိုပါပဲ။ ဒီအငြင်းအခုံမှာ သူရဲ့ ပုံစံကို ကျွန်တော်
ခံစားရသလိုပြောတာပါ။ သူကိုတော ဟုတ်ဟုတ် မဟုတ်ဟုတ်.. အမမေဒါဝီဘက်ကနေခံပြောမယ့်ပုံစံ
ရှိပါတယ်။(ဟုတ်လား s0wha1) :) ။
ကိုဖြိုး..အကိုကတော့ .. သူများတွေထက်သိတဲ့ ပုံစံရှိပါတယ်။အကိုစိတ်ထဲမှာ ပိုပြီးသိနေတယ်လိုလည်း
ထင်မိတယ်။လေ့လာမှတ်သားခြင်း နဲ့ ပညာနဲ့ ကွဲပြားတယ်လို့ ကျွန်တော်သိပါတယ်။ ကိုဖြိုးဝင်ပြီးပြောတဲ့
"သြော် မြန်မာစာ အကြောင်းဆွေးနွေးနေကြတာပဲ ပညာရှင်တွေထင်ပါရဲ့".. ဆိုတဲ့စကားကိုတွေ့ တော..
ဒီလူ မထေ့တထေ့ နဲ လို့ ခံစားမိတယ်။ ကိုဖြိုးကို တက်သိသူ လို ပြောတာတွေကြည့်ပြီး တွေးမိတယ်။
ဒါပေမယ့် ဆွေးနွေးငြင်းခုံတဲ့ အခါမှာ တဘက်လူရဲ့ စေတနာ၊ သူဘာကို အဓိကပြောချင်တာလည်းဆိုတာ
အသက်ပါပဲ။ အဲလိုမဟုတ်ရင်တော့ ဆွေးနွေးငြင်းခုံတာ မဟုတ်ပဲနဲ့  ငြင်းခုံခြင်းသက်သက်ဖြစ်သွားပါတယ်။
ဖွင့်ထားသောစိတ်ဟာလိုအပ်ပါတယ်။ ကိုဖြိုးတစ်ယောက်ထဲတော မဟုတ်ပါဘူး။
ဒါပေမယ့် ကိုဖြိုးပြောပုံဆိုပုံကဆွေးနွေးခြင်းထက်၊ ငြင်းခုံခြင်းဘက်ကိုပိုအားသန်နေတယ်လို့  အပြင်လူတစ်ယောက်အနေနဲ့ ခံစားမိတယ်။

မမေဓာဝီကို Blog မှာကြားဖူးတာ ခဏခဏပါပဲ။
ဒီနေ့ ပထမဆုံးလာလည်တာ၊ လူတွေတော်တော်စည်ကားတာပဲ။
ကျွန်တော်တို့ နဲ့ များကွာပါ့။ အဟဲ။။

ပျော်ရွင်ကြပါစေ။
တေးမွန်(တေးမွန်)https://www.blogger.com/profile/02577409815247761359noreply@blogger.comtag:blogger.com,1999:blog-33584152.post-33599649524966002982007-05-19T05:56:00.000+01:002007-05-19T05:56:00.000+01:00အစ်မရေ မှတ်ချက်တိုင်းကိုတော့ လိုက်ဖြေရှင်းမနေပါနဲ့...အစ်မရေ မှတ်ချက်တိုင်းကိုတော့ လိုက်ဖြေရှင်းမနေပါနဲ့။ အချိန်ကုန်ပါတယ်။ တချို့က ဘာရယ်မဟုတ်ပါဘူး၊ ဘောင်ဘင်ခတ်တာပါ။NAhttps://www.blogger.com/profile/09777932313328454215noreply@blogger.comtag:blogger.com,1999:blog-33584152.post-84677250365436393102007-05-18T07:07:00.000+01:002007-05-18T07:07:00.000+01:00Ok No fighiting here, be peace. To tell frankly, I...Ok No fighiting here, be peace. To tell frankly, I has gone through the poor education set by the government, because the country has become poor since the military coup take over. So most of the student born after 1980 including me became quite dumb due to the poor learning material and resources in general.

So this is just the begining of the era, which lead to more spelling mistake because of the poor system in the education. I think we should not blame on each other, instead we should provide more information like Ma May Dar Wii do to establish more knowledge resources for the youngster. And i am asure that Ma May Da Wii has comitted herself that real spelling is ကျွန်မ , so she knew what is the truth, and she has let the readers know not to make such mistake.

Yes, Burmese is a language which infact very difficult. To those who think, Burmese is difficult, I suggest all of you take up french language. My french teacher taught me once that, object can differentiated into Male & Female.Come on, how can i differentiate Book and Clock which is male & female. I started fighting with the lecturer, yet he just told me to follow with the rules and memorize in the brain. Then you will know every language has its own way of system and difficulties.

The main point here is, we the youngster of Burma has no link to knowlege resources. Tell me how many school in Burma has its own library, stocking up with Dicitionary of Burmese spelling. ??
So instead of blaming each other what is right and wrong, pls write more knowledable blog like Ma May Dar Wii do.I will go there to visit and gain more knowlegable information which i didnt have.

If you wana read more spelling mistake and would have time to (correct , blame me, or what ever the reason you wanna do) and give comments on it like you did here, i invite you to visit

www.hteinkmin.blogspot.com

Where you will find lots of information on how an uneducated youngster do mistake when writing in Burmese.Peace out!Hteink Minhttps://www.blogger.com/profile/14136497448733371486noreply@blogger.comtag:blogger.com,1999:blog-33584152.post-72646895451130584432007-05-17T23:09:00.000+01:002007-05-17T23:09:00.000+01:00အေးဗျာ။ ကျုပ်လည်းဝင်ပြောလိုက်ဦးမယ်။ အခုဟာက မေးတဲ့...အေးဗျာ။ ကျုပ်လည်းဝင်ပြောလိုက်ဦးမယ်။ အခုဟာက မေးတဲ့လူရှိလို့ ဖြေတဲ့လူက စနစ်တကျနဲ့ စေတနာပါပါလေး ဖြေပေးတယ်။ ခင်ဗျားတို့တတွေက တစ်ယောက်က ပြောတော့ သတ်ပုံက အဓိကမဟုတ်ဘူး၊ ဒီလောက်မလိုဘူး။ ပေးချင်တဲ့မက်ဆေ့က အဓိကလိုလိုပြောတယ်။ ဟော၊ တဖက်မှာကျတော့လည်း ကျွန်တော်၊ ကျွန်မ မရေးရကောင်းလားလို့ အုပ်စုဖွဲ့ပြီး ပယ်ပယ်နယ်နယ် ၀ိုင်းတွယ်ပြန်တယ်။ ကျွန်တော်သာ ဒီဘလော့ပိုင်ရှင်ဆိုရင် ဘယ်သူ့ကို ဦးစားပေးပြီး ကျေနပ်အောင်လိုက်လုပ်ပေးရမလဲ မသိဘူး။ ခင်ဗျားတို့ဗျာ၊ တစ်ခုတော့ လွန်လွန်းတယ်လို့ မြင်တယ်။ ဟိုးရှေ့ကစာတွေမှာ ခင်ဗျားတို့ ကွန်မန့် တစ်ခုတစ်လေမှ မတွေ့ခဲ့ဘူး။ အခုအချိန်ကျမှ တအုပ်တမကြီး ၀ိုင်းဆော်နေကြတာ ကဲ ခင်ဗျားတို့ မေဓာဝီနေရာမှာ ၀င်ခံစားကြည့်စမ်းပါ။ ခင်ဗျားတို့ မကြိုက်သပဆိုလည်း လာမဖတ်နဲ့ပေါ့။ အခုဟာက ခင်ဗျားတို့က ကောင်းစေချင်တဲ့ စိတ်စေတနာ တစ်စိုးတစ်စိမှ မပါဘဲနဲ့ ဒါမျိုးတော့ လာမလုပ်နဲ့၊ ဒီလိုပြောပစ်လိုက်မယ် ဆိုတဲ့ အဖျက်သဘောက များနေတယ်လို့ မြင်တယ်ဗျာ။ ဖွချက်ကလည်း ပက်စက်ပါပေ့၊ ကိုယ်ပိုင်ဘလော့ပေါ်ကနေ တောင် ရေးလိုက်သေး။ ဘယ်မလဲ ခင်ဗျားတို့ရဲ့ အပြုသဘော။ ခင်ဗျားတို့ အချိန်တွေ သိပ်ပိုနေလို့ ရန်ဖြစ်ချင်သပ ရန်ရှာချင်သပဆိုရင်လဲ တခြားမှာ၊ ဖြစ်ကြပါ။ စေတနာကောင်းကောင်းနဲ့ ရေးနေတဲ့ ဘလော့ကာတွေကိုတော့ စိတ်ဓာတ်ကျအောင် ဟိုတစ်လှည့် ဒီတစ်လှည့် နာမည်ပေါင်းစုံနဲ့ ပြဿနာရှာတာ ရပ်ကြပါတော့။ ကျုပ်တို့က စာကောင်းကောင်းဖတ်ရမလား ခင်ဗျားတို့ တိုက်ခိုက်တာကို လိုက်ဖတ်ရမလား။ စာဖတ်တဲ့လူတွေဘက်ကိုလည်း ထည့်စဉ်းစားကြဦးဗျာ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-7759406026806234952007-05-17T17:30:00.000+01:002007-05-17T17:30:00.000+01:00ဒီလို ဆူဆူညံညံဖြစ်နေတဲ့ ပို့စ်တစ်ခုမှာ ကျွန်တော် ၀...ဒီလို ဆူဆူညံညံဖြစ်နေတဲ့ ပို့စ်တစ်ခုမှာ ကျွန်တော် ၀င်ပြီး မရေးဘူးလို့ ထားတာပဲ။ လေ့လာသူအနေနဲ့ပဲ ကျွန်တော်ကြည့်နေခဲ့ရုံသက်သက်ပါ။ ပြီးတော့ ပါဝင်ပြီး ဆွေးနွေးရအောင်လည်း ကျွန်တော်က ပညာရှင်မဟုတ် ဘာမဟုတ်တဲ့ ပါမွှားကလေး မဟုတ်လား။ ဒါပေမယ့် စိတ်တိုင်းမကျစရာလေးတွေ တွေ့ရတော့ ကျွန်တော်လည်း တိတ်တိတ်ကလေး မနေနိုင်တော့ဘူးဗျ။

ဒီတော့ နည်းနည်းလောက် ၀င်ပြောပါရစေ။

( s0wha1 said
ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး... )

ဒါကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံး ရမ်းလိုက်တာပဲလို့များ ကျွန်တော်ပြောရင် မလွန်လောက်ဘူးထင်ပါရဲ့ဗျာ။ ၂၅နှစ် ၀န်းကျင်ပဲရှိတာနဲ့ အဲဒီလောက် လူသိထင်ရှားဖြစ်ခဲ့တဲ့ ကိစ္စတစ်ရပ်ကို မသိရတော့ဘူးဆိုရင်တော့ သီပေါမင်းပါတော်မူတဲ့ကိစ္စကို ခင်ဗျား အသက်အရွယ်နဲ့ ဘယ်လိုဘယ်ပုံများ သိခဲ့သလဲလို့ ပြန်မေးရမလို ဖြစ်နေပြီ ထင်ပါတယ်။

( s0wha1 said
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ... )

မ s0what1 က ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းရတာ အတော် ၀ါသနာပါပုံ ရတယ် ထင်တယ်ဗျ။ ၁၉၈၀ နောက်ပိုင်းမွေးတဲ့သူတချို့မသိတာနဲ့ အားလုံးကို မသိဘူးလို့ စွတ်ထင်ပစ်လိုက်တာ မသင့်တော်ဘူးဗျ။ ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတွေ မသိတိုင်း ကျန်တဲ့သူ အားလုံး မသိဘူးလို့ ပြောမယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့ဘူးဗျာ။ စလုံးနဲ့ ဆလိမ်အသံထွက် မတူဘူးဆိုတာကို ဒီစကားလုံးလေးကို အသံထွက် ရွတ်ကြည့်ပါ... “ဆက်စပ်ပြီးတွေး” .. အဲ... “ဆက်ဆက်ပြီးတွေး” .. ဒါမှ မဟုတ် “စပ်စပ်ပြီးတွေး” လို့တော့ မရွတ်နဲ့ပေါ့ဗျာ။

နောက်ဆက်တွဲ ....

ကျွန်မကို ကျမ၊ ကျွန်တော်ကို ကျတော်(ကျနော်) ဆိုပြီး ရေးရေးနေကြတဲ့ အသုံးအနှုန်းတွေကို ဘလော့ဂ်တွေထဲ တွေ့တွေ့နေရတော့ အထက်တန်းကျောင်းသားဘ၀တုန်းက ကျောင်းတချို့က ထုတ်တဲ့ လက်ရေးကဗျာ စာအုပ်လေးတွေမှာ “ချစ်တရ် လွမ်းတရ်” ဆိုပြီး “ယ” အစား “ရ” နဲ့ ရေးကြတာကို သွားသတိရတယ်ဗျ။ အဲဒီလို အဆန်းထွင် ရေးခဲ့ကြပေမယ့် ကျွန်တော်တို့ မြန်မာစာအရေးအသားမှာ “ယ” အစား “ရ” တွေ ပြောင်းသွားခဲ့တာမဟုတ်ပါဘူး။

၁၀တန်းကျောင်းသားဘ၀မှာတုန်းက ကျွန်တော်က အဆန်းထွင်ပြီး “်” လေးကို ကော့နေအောင် ရေးတယ်ဗျ။ ပြီးတော့ “ ၀ ”ဆွဲကို တြိဂံလေးဆွဲတယ်။ အဲဒီမှာ မြန်မာစာဦးရဲဝေက ကျွန်တော့်ကို ဆော်တော့တာပဲဗျ။ “အဲဒီလို မရေးရဘူး။ ငါတို့ မြန်မာစာမှာ ဒါမျိုးမရှိဘူး” တဲ့။ ဟုတ်တယ်။ ကျွန်တော်မှားသွားတယ်။ ကျွန်တော် မှားသွားတယ်ဆိုတာ သိသိချင်းမှာ ပြန်ပြင်ခဲ့တယ်ဗျ။ အဲဒီကတည်းက စာဖတ်တိုင်း ဂရုတစိုက် ဖတ်တယ်။ စာလုံးပေါင်းသတ်ပုံမမှားအောင်၊ ရေးပုံသားပုံ အမှားနည်းအောင်လို့ပါ။ ကျွန်တော်တို့ဟာ ကိုယ့်စာပေကို ပိုမိုတိုးတက်အောင်၊ ပိုမိုပြည့်စုံအောင် လုပ်ဖို့ တာဝန်ရှိတယ်။ ပိုမိုရှုပ်ထွေးအောင် လူငယ်တွေ ထင်ယောင်ထင်မှားနဲ့ ဟိုဟာမှန်နိုး ဒီဟာ မှန်နိုးဖြစ်အောင် မလုပ်သင့်ဘူး ထင်ပါတယ်။ ကျတော်(ကျနော်)၊ ကျမ ဆိုပြီး ရေးသားနေကြတာတွေဟာ မသင့်လျော်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်၊ကျွန်မ ဆိုတာ “ကျွန်” ဆိုတဲ့ အနက်ကို သက်ရောက်စေတယ်ဆိုရင် “ကျတော်(ကျနော်)၊ကျမ” ဆိုတာကရော “ကျဆုံးခြင်း” ဆိုတဲ့ အနက်ကို မသက်ရောက်စေနိုင်ဘူးလားဗျာ။

လူဆိုတာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်။ ကျမရေးရေး ကျွန်မရေးရေး ကိုယ်ကြိုက်သလိုရေးချင်ရာ ရေးနိုင်တယ်လို့ တစ်ယောက်ယောက်ကများ ပြောလာမယ် ဆိုရင် ငယ်ငယ်ကလို ၀ဆွဲကို ၀မဆွဲဘဲ စတန့်ထွင်ပြီး တြိဂံလေးတွေဆွဲမိတဲ့ ကျွန်တော့် အဖြစ်အပျက်လေးကို သတိရကြပါဗျာ။ညီညီ(သံလွင်)https://www.blogger.com/profile/04328207837549034910noreply@blogger.comtag:blogger.com,1999:blog-33584152.post-4879625033520489302007-05-17T11:11:00.000+01:002007-05-17T11:11:00.000+01:00ကိုအမည်မသိရေ...ရှင့်မှာလည်း မမောနိုင်ဘူးလား...သူမျ...ကိုအမည်မသိရေ...ရှင့်မှာလည်း မမောနိုင်ဘူးလား...
သူများ ပြောရမယ်ဆို နာမည်မျိုးစုံနဲ့ကို ၀င်ပြောနေတော့တာပဲ...

ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...
ဆာယေးသူ...
ဆာယေး သူ ကျ တော် ကျမ...
ဆာယေး သူ ကျ တော်...
မနေတတ် မထိုင်တတ်...
ချီးကျူးတာပဲ ခံလိုသော...
ဤကို ကျွဲဟု ဖတ်သော...
မျိုးစေ့မမှန် ပင်မသန်သော...

ကျမ သိသလောက်တော့ ရှင်နာမည် ပြောင်းတာ ၇ ခုရှိပြီ...
ခုကျ ဘာနာမည် ပေးရမှန်း မသိလို့ အမည်မသိနဲ့ ၀င်ရေးတာ ထင်တယ်...
ဒါနဲ့ စကားမစပ် ကျမကို အကြားအမြင်ရနေတယ် မထင်ပါနဲ့ဦးနော်...
မမေပြောလို့ ရှင့် အိုင်ပီ ကို ချက်ခ် မိရာက လူတယောက်ထဲ အမည် အမျိုးမျိုးနဲ့ ရေးနေမှန်း သိရတာရှင့်...
ဒီလိုပြောလို့ နောက်အိုင်ပီ တမျိုး ပြောင်းတော့ မရေးနဲ့နော်...
အော်စီကဆိုရင် ရှင်လို့ပဲ တန်းသတ်မှတ်လိုက်မှာ...
အဲ့လိုမှ မဟုတ်ရင် တခြားတိုင်းပြည်က ရှင့်သူငယ်ချင်းတွေကို လာရေးခိုင်းပါရှင်...

အဓိက ပြောချင်တာတောင် မေ့နေတယ်...
တစ်၊ နှစ်၊ သုံး ဆိုတာ ဟိုအရင် သတ်ပုံကျမ်းမှာထဲက သတ်မှတ်ပြီးသားပါရှင်...
ခု ကျမတို့ပြောနေတာက တယူသန်မှာ တစ်ယူသန်လို့ ရေးခြင်း၊ တစုံတခု မှာ တစ်စုံတစ်ခုလို့ ရေးခြင်း၊ တခြား ကို တစ်ခြားလို့ရေးခြင်းများကိုသာ ဆိုလိုပါတယ်...Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-84051074907290285292007-05-17T10:44:00.000+01:002007-05-17T10:44:00.000+01:00ဒေါ်မေငြိမ်း ရေ..းညလေး တို့ ကိုဂြီး တို့ ဆိုတာ သတ်ပ...ဒေါ်မေငြိမ်း ရေ..း
ညလေး တို့ ကိုဂြီး တို့ ဆိုတာ သတ်ပုံ မဟုတ်ပါ ဘူး .နာမည် ကို အမြန် ခေါ်တဲ့ လေသံ သာဖြစ်ကြောင်းပါ..သူငယ်ချင်း ကို တယ်ရင်း လို့ အငြိမ့်  လူ ပျက်တွေ ပျက် ကြသလိုပေါ့..
မေငြိမ်း ရဲ့ ၀တ္ထုထဲ ထဲ့ရေးရင်တော့ ရယ်စရာ ကြီး ဖြစ်နေပါလိမ့်မယ်..ယုံကြည်သလို ရေးကြပါ..
အရေအတွက် မှာ (စ်) သတ်ပုံရေး နည်း ကမှားနေ ပါလား..
မရှင်း လို့ ပါ..
တစ်..နှစ်..သုံး.လေး..လို့ သင်ခဲ့ ဖတ်ခဲ့ တာလား
တ..နှ..သုံး..လေး…လို့  သင်ခဲ့ ဖတ်ခဲ့ ကြ သလား
တစ်ခု ကို တခု လို့  ရေး ချင်ရေး နေတာပေမယ့်
နှစ်ခု ကို ကျ တော့ နှခု လို့ ဘယ်သူကမှ မကန့် ကွက်ဘူးမရေးဘူးနော်..
မြန်မာစာလုံးပေါင်းသတ်ပုံ ကျမ်းက အဲဒိ အချိန်တုန်း က ရဟန်း ရှင် လူ အများကြီး က အကြံဥာဏ်တွေ ပေး ကြတဲ့ အထဲ က ခေတ်နဲ့ အညီ ပြုပြင်ထား တာ ပါ..
နောက်တစ်ခါ edition အသစ်ထုတ်ရင် ခင်ဗျားတို့  အကြံဥာဏ် ပေး ကြပါလား..မေဓာဝီ ရော ပေါ့..အခု ထဲ က မြန်မာစာ အဖွဲ့ ကို ဆက်သွယ်လို့ ရပါတယ်..သူတို့ ဖိတ်ခေါ်ထားသားပဲ..
မေငြိမ်း ရော ကျန်တဲ့ သူတွေပါ ဒီ မှာ ကျမ ကျ မ..နဲ့ ကျနော် ကျဏော် တွေ လိုက်ဖြစ် ကုန် ပြီ..မေဓာဝီ တွေးသလို ကျွန် လို့ အထင် ခံ ရမှာ စိုးကြတယ်ထင်ပါ့.. ရေးတော့အမှန်ဖတ်တော့အသံဆိုတာ သဘောမပေါက် ကြသေးကိုး..
တ..နှ..သုံး..လို့ ရေး ဆို ကြည့် ပါ ဦး..Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-91832275060914637612007-05-17T10:01:00.000+01:002007-05-17T10:01:00.000+01:00(လူတစ်ယောက်ကို အသက်ငယ်သည်ကြီးသည်နဲ့ ဆုံးဖြတ်တတ်တဲ့...(လူတစ်ယောက်ကို အသက်ငယ်သည်ကြီးသည်နဲ့ ဆုံးဖြတ်တတ်တဲ့ ခင်ဗျားကိုတော့ ကျွန်တော်လက်ပိုက်ပြီး ခပ်ပြုံးပြုံးလေးကြည့်နေပါရစေ။ ခင်ဗျားမသိလိုက်သည့်အချိန်မှာ နယူတန်ဟာ သူ့ရဲ့ကမ္ဘာကျော် (အသုံးသိပ်မ၀င်တော့တဲ့ ) နိယာမကို ရှာဖွေတွေ့ရှိခဲ့ပုံပဲ။)

ထူးချွန်ထက်မြက်လှတဲ့ ပို့စ်မော်ဒန်သစ်ပင်လေးတွင် အိပ်ပျော်နေသူ ကိုဖြိုးရှင့်...
ရှင်ဆိုလိုချင်တာကို ကျမ သိပ်နားမလည်ဘူးရှင်...
လူတယောက်ရဲ့ အရည်အချင်းကို အသက်အရွယ်နဲ့ တိုင်းတာလို့မရဘူးဆိုပေမဲ့ တချို့ကိစ္စတွေမှာ စာတွေ့ထက် လက်တွေ့ခံစားခဲ့ရတဲ့ အသက်အရွယ်ကြီးသူတွေလောက် ပိုမသိနိုင်တာတွေ ရှိပါတယ်...
ကျမ နားလည်သလို ပြန်ပြောပြီးသကာလ ရှင်လည်း လက်ပိုက်ပြီး ကြည့်လိုက ဆက်ကြည့်ပါရှင်...

(ခင်ဗျားကိုယ်တိုင်ပြောတဲ့ (ကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့) ဆိုတဲ့ စကားရပ်အရ ခင်ဗျားအနေနဲ့ ကိုယ့်အနေအထားကို ကိုယ်ပြန်လည် ဝေဖန်ဆန်းစစ်သင့်ပါပြီ။ ယနေ့ခေတ် အသက်၂၀ ၀န်းကျင်လူငယ်လူရွယ်များတွင် ပညာရပ်နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက်သူတွေ မြောက်များစွာ ပေါ်ထွက်နေတာသိသာထင်ရှားပါတယ်။ ကိုယ်ဘယ်မှာ အိပ်ပျော်နေခဲ့လဲဆိုတာ ကိုယ်သိမှာပါ။ ကျွန်တော်ကတော့ မော်ဒန်ပို့စ်မော်ဒန်သစ်ပင်ကလေးအောက်တွင် အိပ်ပျော်နေခဲ့ပါပြီ။)

ကျမ ပြောချင်တာက စလုံး၊ ဆလိမ် အသံထွက်မတူမှုကို မသိကြခြင်းကို ဆိုလိုပါတယ်...
ဒါဆိုရင်တော့ ရှင်က အစောထဲက အသံကွာခြားပုံကို သိပုံရတယ်...
ဟုတ်ကဲ့ရှင်...ရှင်တို့လို လူတော်လူတတ်တွေ မဟုတ်လေတော့ မြန်မာနိုင်ငံက ကျောင်းမှာ ဆရာ၊ ဆရာမတွေ သင်သလောက်ပဲ သိတဲ့ ကျမတို့တွေ ဒီလို ညံ့ဖျင်းတာကို အပြစ်မဆိုသာပါရှင်..
ကျမ စထဲက ပြောထားသားပဲ ပညာရှင်အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့...
ဟုတ်ကဲ့..ကျမက ဘယ်နေရာမှာ အိပ်ပျော်ကျန်ခဲ့မှန်း မသိတဲ့ လူနုံ၊ လူညံ့လေးပါရှင်...

(ဟုတ်ကဲ့ ခင်ဗျားပြောတာက အမြီးတွေတန်းစီနေတဲ့ ပညာရှင်နာမည်ခံလူတန်းစားတွေအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဆူးစူး၍လျှင် အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သလဲဟု ရေးသားမိသဖြင့် ထောင်နန်းစံခဲ့ရသော ဆရာမောင်သာရတို့လိုလူမျိုးတွေ အများကြီးကျန်ရစ်နေသေးကြောင်း သတိပြုစေချင်ပါသည်။)

မြန်မာစာကျမ်းပြုအဖွဲ့မှာ အာဏာရှင်ကို မှားရင် အမှားထောက်ပြရဲတဲ့ ဒီလိုဆရာကြီးတွေ မပါဘူးဆိုတာ လူတော်လူတတ် ကိုဖြိုးတယောက် မသိလေရော့သလားလို့ တွေးမိပါတယ်...

(ကျွန်တော်ပြောချင်တာကလည်း ဒါပဲဖြစ်ပါတယ်။ သူ့ကလေး သူ့ဟာသူနာမည်ပေးတာ ကိုယ်ကဘာဆိုင်လို့ ၀င်မေးငေါ့နေလဲလို့ မေးချင်တာပါ။)

ဒီနာမည်ကိစ္စကလည်း မပြောချင်တော့ပါဘူး...
ဟုတ်ပါတယ်...သူ့ဟာသူ
ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...
ဆာယေးသူ...
ဆာယေး သူ ကျ တော် ကျမ...
ဆာယေး သူ ကျ တော်...
မနေတတ် မထိုင်တတ်...
ချီးကျူးတာပဲ ခံလိုသော...
ဤကို ကျွဲဟု ဖတ်သော...
မျိုးစေ့မမှန် ပင်မသန်သော...
စသည်ဖြင့် ပေးချင်တဲ့ နာမည်ပေးပါ...
ကျမတို့ကလည်း ယူဆချင်သလို ယူဆပိုင်ခွင့်၊ နားလည်ချင်သလို နားလည်ပိုင်ခွင့် ရှိပါတယ်...

(ဟုတ်ကဲ့ တဲ့ကို တယ့်လို့ပဲရေးရေး၊ ရဲ့ကို ရယ့်လို့ပဲရေးရေး ခင်ဗျားတို့က ဘာလို့(မျက်လုံးထဲ အချိုးမပြေတာတောင်) ဘာလို့နားလည်နေသေးလဲဗျာ။ သူဘာကိုဆိုလိုတာနားလည်နေသေးတာလဲ။)

ကျမ နားလည်တယ်လို့ မပြောမိပါလားရှင်...
ခုချိန်ထိ အဲ့ဒီအစ်ကိုရဲ့ ကွန်မန့်တွေက ဘာကိုဆိုလိုချင်လို့ ဘာရေးမှန်း ကျမ နားမလည်သေးပါ...
ရှင်နားလည်လို့ ရှင်းပြနိုင်က ရှင်းပြစေလိုပါတယ် ကိုပညာတတ်ကြီးရှင့်...

(ကျွန်တော်ထပ်ပြောခဲ့ပါမယ်။ ဘာစာရေးရေး ဘာတွေရေးရေး ရေးချင်သလိုရေးကြပါ။ ရေးချင်ရာကို မရေးပါနဲ့။ ရေးရမည့်အရာကိုသာ ရေးကြပါလို့။ နှုတ်ဆက်လိုက်ပါတယ်။)

last comment ဆိုပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်...
ကျမကလည်း ရန်ဖြစ်ရမယ့်သူ တယောက်လျော့သွားလို့ ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်လိုက်ပါတယ်...Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-69030161863362133292007-05-17T08:49:00.000+01:002007-05-17T08:49:00.000+01:00OK here is my lest commentကလိုစေးထူး said... ကိုဖြ...OK here is my lest comment

ကလိုစေးထူး said...
ကိုဖြိုးကို ပထမဦးဆုံး မေတ္တာရပ်ခံချင်တာကတော့ မယဉ်ကျေးချင်နေပါဗျာ။ သိပ်တော့ မရိုင်းစေချင်ဘူး။ မမေဓာဝီရဲ့ ရပ်တည်ချက်ကို သူ့စာတွေ ဟိုးအစကနေ အခုအချိန်အထိ တောက်လျှောက် ဖတ်လာတဲ့ ကျနော် အသိဆုံးပါ။ သူ့မှာ ခင်ဗျားပြောသလို ၀ါသနာရှင် လူငယ်၊ လူရွယ်လေးတွေကို `မ´ လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်သဘောမရှိဘူးဆိုတာ ခင်ဗျားကိုယ်တိုင်လည်း သူရေးတဲ့ စာတွေကို တောက်လျှောက်ဖတ်ဖူးဖြစ်ခဲ့ရင် သတိထားမိလာမှာပါ။ `မ´ တယ်ဆိုရင်တောင် စိတ်ရင်းစေတနာ ကောင်းကောင်းနဲ့ `မ´ တာဖြစ်ပါလိမ့်မယ်။ သူ့စာထဲမှာ နားလည်မှု လွဲစေတဲ့ တချို့သော အသုံးအနှုံးရှိခဲ့တယ် ထားအုံး။ မောင်နဲ့နှမ စိတ်အပြန်အလှန်ထားလို့ `အစ်မကြီးရေ၊ ဒါလေးကတော့ဖြင့် ဒီလိုမရေးသင့်ဘူး၊ ဒီလိုသဘောဖြစ်နေတယ်´ လို့ အေးအေးဆေးဆေး ပြောလိုက်မယ်ဆိုရင် မမေဓာဝီအတွက်တင်သာမက ဒီဘလော့ဂ်ကို လာဖတ်ကြတဲ့ တခြားသောသူတွေအားလုံး အတွက်ပါ ပိုပြီး အကျိုး မရှိပေဘူးလားဗျာ။
(အင်းဗျာ ခင်ဗျားက ရန်လိုနေတယ်ထင်တော့လည်း ထင်ပေါ့ဗျာ။ ဘယ်တတ်နိုင်မှာတုန်း။)

အခုဟာက ခင်ဗျားက ဆွေးနွေးချက် မဆန်ဘဲနဲ့ ရင့်သီးတယ်လို့ မြင်မိတယ်။ မပြောစေချင်ဘူးဗျာ။ ကျနော်တို့တွေ ဘလော့ဂ်ရေးနေတာ ရန်ဖြစ်ဖို့မှ မဟုတ်ဘဲ။ တယောက်နဲ့ တယောက်အမြင်မတူတာတွေ ရှိကြရင်တောင် ကိုယ့်အမြင်ကို တဖက်သား နားဝင်အောင် သိမ်မွေ့တဲ့ နည်းနဲ့ ချဉ်းကပ်ဆွေးနွေးတော့ ပိုမကောင်းပေဘူးလားဗျာ။ ဒီလို ပြောလိုက်လို့ ကျနော့်ကိုလည်း `မ´ နေတယ်လို့ ပြောချင်သေးသပ ဆိုလည်း ပြောနိုင်ပါတယ်။

(ရင့်သီးတယ်ဆိုရအောင် ကျွန်တော်က အော်ဆဲနေတာမှ မဟုတ်တာဗျာ။ ကိုမင်းခိုက်စိုးစံဆိုရင် သေချင်းဆိုးမလေးဆိုပြီးတော့ကို ပြောဖူးတယ်။)

စာသံပေသံ ဆိုတာကို ကျနော်နည်းနည်းဆွေးနွေးပါမယ်။ စာရေးတဲ့လူက စာသံပေသံ ပြောတာ ဆန်းသလားဗျာ။ ငါးစိမ်းရောင်းနေကြတာမှ မဟုတ်တာဘဲ။ လိုအပ်တဲ့ အကိုးအကား အထောက်အထား စာအုပ်စာတမ်းတွေကို မှီငြမ်းလို့ ကိုယ့်ဘလာ့ဂ်ကို လာလည်သူတွေ ဖတ်ချင်စဖွယ်ဖြစ်အောင် တန်ဆာဆင် ရေးသားတာကို စာသံပေသံနဲ့ `မ´ နေတယ် လို့ ပုတ်ခတ်ပစ်လိုက်တာကလည်း အတော်စိတ်မကောင်းဖြစ်စရာပါပဲ။ ကိုဖြိုးကိုယ်တိုင်တောင်မှ အခုလို ကျနော်တို့နဲ့ ဆွေးနွေးဖို့ကို ဆရာဇော်ဇော်အောင်ရဲ့ စာကို ကိုးကားလို့ စာသံပေသံနဲ့ ပြောရသေးတာပဲဗျာ။
(အင်းဗျ ခင်ဗျားတို့နဲ့ စိမ်းနေတဲ့ လူတစ်ယောက်ရဲ့ စာနဲ့ တင်ပြမိတယ်ထင်ပါရဲ့။ မမွှေးကြူလေးကိုလေ စားချင်လိုက်တာ ငပိလေးရဲ့။)
ကိုဖြိုးရေ..

မြန်မာနိုင်ငံမှာ အာဏာရှင်ကို ပညာရှင်က လွန်ဆန်နိုင်ခြင်း ရှိမရှိဆိုတာကတော့ ဦးနေ၀င်းက အပြောင်းခိုင်းခဲ့တဲ့ `တစ်´ သတ်ပုံက သက်သေပါ။ ကျနော်လဲ ကျနော့်ဘလော့ဂ်မှာ အဲဒီသတ်ပုံအကြောင်း တစွန်းတစ ရေးဖူးပါတယ်။ ပညာရှင် ဆရာကြီး ဦးတင်မိုးက ဒါနဲ့ပတ်သက်လို့ ပြောဖူးတာ ရှိပါတယ်။ ကိုဖြိုးနားထောင်ချင်တယ်ဆိုရင် ကျနော်ပြန်ရှာပေးပါမယ်။

ကဲ.. ရေးတာ နည်းနည်းရှည်ပြီဗျာ။ မနေ့ကပဲ ကျနော့်ဘလော့ဂ်က ပို့စ်တခုမှာ စာတကြောင်း ထည့်ရေးမိသေးတယ်။ `ဒီနေ့ ဆွေးနွေးတာဟာ မနက်ဖြန် ငြင်းဖို့ မဟုတ်ဘူး´ လို့။ ကျနော် အခုရေးခဲ့တဲ့ ကွန်မန့်မှာ စာလုံး အကျအပေါက်လေးတွေ ရှိရင်လည်း ထောက်ပြပါဦး။

(ဒါတော့ခွင့်လွှတ်ဗျာ ခင်ဗျားတို့ကို ကျွန်တော်ထောက်ပြရတာ အချိန်ကုန်တယ်။ (အမှန်အတိုင်းပြောတာဗျို့ … စာရိုက်ကတာလည်း လက်ညောင်းသေးတယ်။) ဒါကြောင့်ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ပါတယ်။ တစ်ခုပြောခဲ့ချင်တာက ပညာရှင်အစစ်နဲ့ ပညာရှင်ယောင်ဆောင်ထားတဲ့ လူနဲ့ ကွဲပြားခြားနားပါစေလို့။ စာဖတ်ပြီး စာရေးဆရာရဲ့ လေမိလို့ မတိုးတက်နိုင် ဖောက်ထွက်မတွေးနိုင်တော့ တဲ့ဦးနှောက်တွေ ဘယ်လောက်များနေပြီလဲဆိုတာကို ခင်ဗျားတို့တော့ သိနိုင်မယ်မထင်ဘူးဗျာ။ ဟူး ပြောရမယ်ဆိုရင် အများကြီးပဲ။ အဲဒီတော့ ဒီနေရာမှာ ခင်ဗျားတို့လို သတ်ပုံ ဂျိုးကြီးတွေ၊ သဒ္ဒါဘိုးအေကြီးတွေ အတွက် မေတ္တာလက်ဆောင်တစ်ခုနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ဝါကျ (၀က်ကျ) လေးတစ်ကြောင်းပါ။
အရောင်မဲ့ စိမ်းလန်းသော စိတ်ကူးများ ဒေါသတကြီး အိပ်စက်နေကြသည်။
Colourless green ldeas sleep furiously.
တဲ့ NOAM CHOMSKY ရဲ့ ကမ္ဘာကျော် ၀ါကျလေးပေါ့ဗျာ။)
Anonymous said...
ကိုဖြိုး ရေး -
ထိုမျှဆိုလျှင် မူရင်းနဂိုကပင်အားနည်းနေသော ဘာသာစကားအကြောင်းစိုးစဉ်းမျှမဟပဲ သူကမွေးမှ သူ့သားလောက်ရှိသော သတ်ပုံသတ်ညွှန်း အကြောင်းပြောနေကြသည်မှာ အနည်းငယ်ထူးဆန်းလှပေသည်ဟု မှတ်ချက်ပြုလိုက်ရပါသည်။

ထိုသို့ပြောခြင်းကို သဘောမတူနိုင်ပါ။
(သူကမွေးမှ သူ့သားလောက်) ပင် ဖြစ်စေကာမှု ပြောရန်လိုအပ်ပါက ပြောရမည်ပင်ဖြစ်သည်။
5/17/2007 7:02 AM

(ဟုတ်ကဲ့ Anonymous ရေ … ဘာကြောင့်ပြောရန်လိုကြောင်း သိခွင့်ရှိက သိပါရစေ။ လူသားအားလုံး ငတုံးဟု ထင်မြင်ယူဆနေခြင်းတော့ မဟုတ်နိုင်ဟု ခံစားမိပါသည်။)

s0wha1 said...
ဝင်မပြောချင်ပေမဲ့လည်း ပြောလိုက်ဦးမယ်...
ဒါပေမဲ့ ကျမကတော့ စာသံ၊ ပေသံ၊ အကိုးအကားတွေနဲ့ ပြောနိုင်မှာ မဟုတ်ဘူး...
ပြောရလောက်အောင်လည်း ပညာရှင်မဟုတ်ပေဘူး...

ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး...
(လူတစ်ယောက်ကို အသက်ငယ်သည်ကြီးသည်နဲ့ ဆုံးဖြတ်တတ်တဲ့ ခင်ဗျားကိုတော့ ကျွန်တော်လက်ပိုက်ပြီး ခပ်ပြုံးပြုံးလေးကြည့်နေပါရစေ။ ခင်ဗျားမသိလိုက်သည့်အချိန်မှာ နယူတန်ဟာ သူ့ရဲ့ကမ္ဘာကျော် (အသုံးသိပ်မ၀င်တော့တဲ့ ) နိယာမကို ရှာဖွေတွေ့ရှိခဲ့ပုံပဲ။)

ဒါကြောင့်လည်း " ကျွန်တော်သိထားတဲ့ ပညာရှင်တွေကတော့ အာဏာရှင်မကလို့ သူ့ဘကြီးပဲလာလာ ကိုယ့်ပညာအတွက် အသက်တောင်အသေခံခဲ့ကြတာချည်းပဲဗျ။ မယုံရင် ဆိုကရေးတီးဆီလိုက်မေးကြည့်။ (အင်း … သူက အဆိပ်ဆိုလား ဘာဆိုလား သောက်သေသွားတာဆိုတော့) ဘားနတ်ရှောဆီလိုက်မေးကြည့်။ အချုပ်တန်းက မောင်ဖေဆီလိုက်မေးကြည့်။ " လို့ ပြောခဲ့တာ ဖြစ်မယ်...
ဟုတ်ကဲ့...ရှင် ပြောတဲ့လူတွေက အတိတ်မှာ ကျန်ခဲ့ပြီ ဆိုတာ သတိပြုပါဦး...
ခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ကြည့်ခြင်းအားဖြင့် ပညာရှင်ဟာ အာဏာရှင်အလိုကို မလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီး တွေ့နိုင်ပါလိမ့်မယ်...ရှင် မြင်အောင် ကြည့်တတ်ရင်ပေါ့...

(ဟုတ်ကဲ့ ခင်ဗျားပြောတာက အမြီးတွေတန်းစီနေတဲ့ ပညာရှင်နာမည်ခံလူတန်းစားတွေအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဆူးစူး၍လျှင် အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သလဲဟု ရေးသားမိသဖြင့် ထောင်နန်းစံခဲ့ရသော ဆရာမောင်သာရတို့လိုလူမျိုးတွေ အများကြီးကျန်ရစ်နေသေးကြောင်း သတိပြုစေချင်ပါသည်။)

ဦးနေ၀င်းဟာ အဓိပ္ပါယ်မရှိ တခု၊ တကောင်၊ တယောက် ဆိုတဲ့ အရေအတွက်ပြတွေမှာ စ် ထည့်သင့်တယ် ဆိုတာနဲ့ သတ်ပုံကျမ်းမှာပါ ပြဋ္ဌာန်းပြီး အကုန်လုံး စ် တွေလိုက်ထည့်လိုက်တာ...
တယူသန်မှာတောင် တစ်ယူသန်တွေဖြစ်လို့...တစ်ယူဇနာ သန်သောလို့များ အဓိပ္ပါယ် ဖွင့်ဆိုထားသလားတော့ မပြောတတ်ဘူး...
တချို့တွေများ တခါတရံမှာတောင် တစ်ခါတစ်ရံတွေ ထည့်ပေါင်းလို့ပေါင်းနဲ့...

ထားပါတော့လေ...ကျမက ပညာရှင် မဟုတ်တော့ ဒါတွေ ပြောခွင့်မရှိပါဘူး...
ဒါပေမဲ့ ကျမပတ်ဝန်းကျင်ကလူတွေကိုတော့ ပြောလို့ရတယ်မဟုတ်လား...
ဒီလိုပဲပေါ့ မမေကလည်း သူ့ဘလော့ဂ်မှာ သူ့စာဖတ်တဲ့သူတွေကို အမြင်မတော်တဲ့ စာလုံးပေါင်းသတ်ပုံတွေအကြောင်း၊ အသံထွက်တွေ အကြောင်း ပြောပြချင်ရင် ပြောပြခွင့်ရှိတယ်လို့ ကျမ ယူဆပါတယ်...
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ...
ကကြီး၊ ခကွေး အကြောင်းလည်း ဒီလိုပါပဲ...ကျမတို့ ညံ့လို့ပဲပြောပြော၊ လေ့လာမှုအားနည်းတယ်ပဲဆိုဆို မမေရဲ့ကျေးဇူးကြောင့် ဒီလိုမျိုးတွေ သိရတယ်...
ဒီအတွက် ကျေးဇူးတင်တယ်...ရှင်တို့ကရော ဘာလို့ ဒီလိုမမြင်နိုင်တာပါလိမ့်လို့ အံ့ဩမိပါတယ်...
(ကျွန်တော်မေးခဲ့ပြီးပါပြီ။ မြန်မာစာဌာနက ထုတ်ဝေသော စာလုံးပေါင်းသတ်ပုံကျမ်းက မလုံလောက်လို့လားလို့။ မမေဆိုတာ ဘာလဲသိဖို့လိုလာပါပြီ။ ကျမ်းပြုလား၊ လေ့လာသူလား၊ တင်ပြသူလား၊ ဆရာကြီးလုပ်သူလား၊ ခင်ဗျားကိုယ်တိုင်ပြောတဲ့ (ကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့) ဆိုတဲ့ စကားရပ်အရ ခင်ဗျားအနေနဲ့ ကိုယ့်အနေအထားကို ကိုယ်ပြန်လည် ဝေဖန်ဆန်းစစ်သင့်ပါပြီ။ ယနေ့ခေတ် အသက်၂၀ ၀န်းကျင်လူငယ်လူရွယ်များတွင် ပညာရပ်နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက်သူတွေ မြောက်များစွာ ပေါ်ထွက်နေတာသိသာထင်ရှားပါတယ်။ ကိုယ်ဘယ်မှာ အိပ်ပျော်နေခဲ့လဲဆိုတာ ကိုယ်သိမှာပါ။ ကျွန်တော်ကတော့ မော်ဒန်ပို့စ်မော်ဒန်သစ်ပင်ကလေးအောက်တွင် အိပ်ပျော်နေခဲ့ပါပြီ။)
ခုဟာက ရှင်တို့က အပြုသဘောဝေဖန်နေတာထက်စာရင် ပွဲဆူအောင်လုပ်ပြီး ရန်ဖြစ်နေချင်ကြပုံပေါ်ပါတယ်...
ဘာလို့ ဒီလိုပြောရလည်းဆိုတော့ မမေရေးထားတဲ့ပို့စ်ကောင်းလေးတွေမှာဆို ရှင်တို့ရဲ့ ချီးကျူးအားပေးတဲ့ ကွန်မန့်တခုမှ တက်မလာဘဲ ခုလို မမေရဲ့ အမှားလေးနည်းနည်းတွေ့ပြီဆိုတော့မှ အလုံးအရင်းနဲ့ ၀ိုင်းဖဲ့ကြမယ့် ကွန်မန့်တွေအများအပြား တက်လာကြလို့ပါပဲ...
ကျမ အယူအဆမမှားဘူးဆိုတာ ယုံကြည်လို့ ဒီစကားကို ပြောပေမဲ့ ရှင်တို့ကတော့ ကျမပြောတာ မှားတယ်လို့ ပြောခွင့်ရှိပါတယ်...
ကိုကလိုစေးထူးက ကိုဆာယေးသူရဲ့နာမည်ကို ထောက်ပြသလိုပေါ့...ဆာယေးသူဆိုတာ စာရေးသူ ဆိုတဲ့ နာမည်ကို ပေးထားတယ် ထင်လို့ ဒီလိုသတ်ပုံမျိုးမရှိဘူးလို့ သူကပြောခဲ့တာပဲ...ရိုးရိုးနာမည်သက်သက်သာဆိုရင်တော့ ဘာမှ ပြောစရာမရှိပါရှင်...
ကိုဆာယေးသူက သူ့နာမည်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ပေးထားတယ်ဆိုတာ သူသာအသိဆုံးဖြစ်ပါလိမ့်မယ်...

(ကျွန်တော်ပြောချင်တာကလည်း ဒါပဲဖြစ်ပါတယ်။ သူ့ကလေး သူ့ဟာသူနာမည်ပေးတာ ကိုယ်ကဘာဆိုင်လို့ ၀င်မေးငေါ့နေလဲလို့ မေးချင်တာပါ။)
ကိုတီးရှင့် မမေက အမြင်မတော်တာလေးတွေ၊ သူသိတာတွှေကို မျှဝေပေးချင်တာတွေကို သူ့ဘလော့ဂ်မှာ ရေးနေတာပါ...
ဘယ်သူ့ကိုမှ စောင်းမြောင်းလိုခြင်းမရှိပါရှင်...
မြန်မာစာ သတ်ပုံမမှန်လည်း စာရေးလို့ဖြစ်တယ်ဆိုရင် ခု ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက်ဖတ်ချင်စိတ်ဖြစ်လဲဆိုတာ ကျမတို့ မဲ ကောက်ကြည့်ရင် မကောင်းဘူးလား...
တဲ့ကို တယ့်လို့ ရေးခြင်း၊ ရဲ့ကို ရယ့်လို့ရေးခြင်း၊ ကြုံကို ကြုံလို့ရေးထားတာတွေကို ဘယ်လို မျက်လုံးနဲ့မှ ဖတ်လို့ အချိုးမပြေနိုင်ပါရှင်...
ဖတ်လို့မကောင်းတော့ စာထဲမှာ ဘာရေးထားမှန်း ဘယ်သူမှ စိတ်မ၀င်စား၊ စိတ်မ၀င်စားတော့ ဘာတွေရေးထားမှန်း နားမလည်နိုင်အောင်ဖြစ်ရပါတယ်...
ဟုတ်ကဲ့...ကျမ ညံ့လို့လည်း ဖြစ်နိုင်ပါတယ်...

(ဟုတ်ကဲ့ တဲ့ကို တယ့်လို့ပဲရေးရေး၊ ရဲ့ကို ရယ့်လို့ပဲရေးရေး ခင်ဗျားတို့က ဘာလို့(မျက်လုံးထဲ အချိုးမပြေတာတောင်) ဘာလို့နားလည်နေသေးလဲဗျာ။ သူဘာကိုဆိုလိုတာနားလည်နေသေးတာလဲ။)
အချုပ်ဆိုရရင် ဒီလောက်တောင်ရန်ဖြစ်ချင်နေတဲ့ ရှင်တို့နဲ့ ကျမက ဒိုင်ခံ ရန်ဖြစ်ပေးပါ့မယ်...
မမေနဲ့ ကိုကလိုစေးထူးတို့ကတော့ ကျမတို့ စာဖတ်သူများကို အားနာသောအားဖြင့် စာများဆက်လက်ရေးပြီး ပို့စ်အသစ်တွေ တင်မြဲတင်ပါ...
ဒီကိစ္စကို ခေါင်းထဲထည့်ပြီး အချိန်ကုန် မခံကြပါနဲ့လို့ ညီမက တောင်းဆိုပါတယ်...
(ကျွန်တော်ထပ်ပြောခဲ့ပါမယ်။ ဘာစာရေးရေး ဘာတွေရေးရေး ရေးချင်သလိုရေးကြပါ။ ရေးချင်ရာကို မရေးပါနဲ့။ ရေးရမည့်အရာကိုသာ ရေးကြပါလို့။ နှုတ်ဆက်လိုက်ပါတယ်။)ကိုဖြိုးhttps://www.blogger.com/profile/04300874456250882967noreply@blogger.comtag:blogger.com,1999:blog-33584152.post-27444588690848062622007-05-17T08:13:00.000+01:002007-05-17T08:13:00.000+01:00အင်းလေ...လက်မခံနိုင်ရင်လည်း နေပေါ့...ဘယ်သူတွေက ဘာေ...အင်းလေ...လက်မခံနိုင်ရင်လည်း နေပေါ့...
ဘယ်သူတွေက ဘာပြောနေကြလို့လဲ...
မမေဓာဝီက မှားနေတာတွေ့တော့ ထောက်ပြမယ်...
လက်မခံနိုင်ရင် လာမဖတ်ကြပါနဲ့လား...
ကိုယ်တို့လို လက်ခံနိုင်တဲ့သူက ဖတ်မယ်...မှတ်သားမယ်...
ကျမ၊ ကျနော် နဲ့ တ ကို (စ်) မပေါင်းဘဲ ရေးတာ မြန်မာစာမှာ အဲ့လောက်လည်း ကြည့်ရမဆိုးပါဘူး...
(စ်) မပေါင်းသင့်တဲ့ တ မှာ (စ်) ပေါင်းထားရင်သာ ကြည့်ရ၊ ဖတ်ရ ဆိုးတာကလား...
ဒါကလည်း ကိုယ့်အမြင်ပါလေ...
လွတ်လပ်စွာ အမြင်မတူနိုင်ခွင့်ရှိပါတယ်...
အကြောင်းအကျိုးနဲ့အညီ ဘာကြောင့် သုံးတယ်လို့လည်း သူတို့က ပြောထားပါတယ်...
မသိလို့ မှားနေတာမှ မဟုတ်ဘဲလေ...
ပြီးတော့ ဖျက်ဆီးချင်စိတ်နဲ့ မှားနေကြတာလည်း မဟုတ်ဘဲနဲ့...
လက်မခံနိုင်လို့ ကိုယ့်အယူအဆနဲ့ကိုယ် သုံးကြတာပဲ...
မသိလို့ မှားကြသူများထက်တော့ သာတာပေါ့...
အဲ့ဒါကိုမှ ကိုယ့်ကို စောင်းမြောင်းပြောနေတယ် ထင်ပြီး ဆတ်ဆတ်ထိမခံနိုင် ကွန်မန့်တွေ လာရေးနေကြတယ်ထင်တယ်...Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-85093111085959870982007-05-17T07:50:00.000+01:002007-05-17T07:50:00.000+01:00ကို/မ အမည်မသိရေ...ဖတ်ဖူးပါ့ရှင်...ဆရာမ ခင်ခင်ထူးက ...ကို/မ အမည်မသိရေ...ဖတ်ဖူးပါ့ရှင်...ဆရာမ ခင်ခင်ထူးက အကြိုက်ဆုံးစာရေးဆရာထဲမှာတောင် ပါသေးတာပဲ...
သူရေးထားတာ သေချာဖတ်ပါလေ...
အညာကလူတွေရဲ့ စကားပြော လေယူလေသိမ်းအတိုင်း ရေးထားတာရှင့်...
မသိလို့မှားတာ မဟုတ်သလို၊ တမင်မှားတာလည်း မဟုတ်ဘူးရှင့်...
ဒီလို ရေးမှ ဖတ်ရတဲ့သူမှာ အညာကလူတွေ ကိုယ့်ကို လာပြောနေသလို ခံစားနိုင်မှာပေါ့...
သေချာတာက စကားပြောပိုဒ်တွေမှာသာ ဒီလိုရေးထားတာ...
သူ့စိတ်ထဲက အကြောင်းအရာတွေရေးရင် အဲ့လိုမပါပေဘူး...(တခြား ၀တ္ထုတွေရေးရင်လည်း အဲ့ဒီလို စကားလုံးအမှားတွေ မသုံးဘူးရှင့်...)
မမေပြောတဲ့ ကဗျာတွေ ကာရံကို ငဲ့ပြီး စာလုံးပေါင်းထားသလိုမျိုး ထင်ပါ့...
ဝတ္ထု၊ ဆောင်းပါး နဲ့ ပညာပေးစာစောင်တွေရေးတာ မတူတဲ့အတွက် ဟိုဝတ္ထုဖတ်ဖူးလား၊ ဒီစာ ဖတ်ဖူးလားဆိုပြီး နှိုင်းယှဉ်လို့ မရဘူးထင်တယ်...
ဒါနဲ့ ကျမကို မပြောခင် ဆရာမ စာတွေ သေချာ တခေါက် ထပ်ဖတ်လိုက်ဦးနော်...Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-1943196829010600882007-05-17T07:30:00.000+01:002007-05-17T07:30:00.000+01:00မ s0wha1 ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက...မ s0wha1

ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက်ဖတ်ချင်စိတ်ဖြစ်လဲဆိုတာ ကျမတို့ မဲ ကောက်ကြည့်ရင် မကောင်းဘူးလား...
တဲ့ကို တယ့်လို့ ရေးခြင်း၊ ရဲ့ကို ရယ့်လို့ရေးခြင်း၊ ကြုံကို ကြုံလို့ရေးထားတာတွေကို ဘယ်လို မျက်လုံးနဲ့မှ ဖတ်လို့ အချိုးမပြေနိုင်ပါရှင်...

ဆရာမ ခင်ခင်ထူးရေးထားတဲ့ “အညာသူ အညာသား ကျွန်မဆွေမျိုးများ” စာအုပ်ကို ဖတ်ဖူးပါသလားAnonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-36792566139548459892007-05-17T07:18:00.000+01:002007-05-17T07:18:00.000+01:00အမှားပြဿနာတွေ အများကြီးရှိတဲ့ထဲက တချို့ကို ရေးပြပါ...အမှားပြဿနာတွေ အများကြီးရှိတဲ့ထဲက တချို့ကို ရေးပြပါရစေ။
သွားရည်ကျ - သရေကျ
ဆုံဆည်းရာ - စုံစီးရာ
စေ့စေ့စပ်စပ် - စိစိစတ်စတ်
ဆီးစစ်ရန် - စီးဆစ်ရန်
စုံစမ်းပါ - ဆုံဆမ်းပါ
စုပေါင်း - ဆုပေါင်း
ပုံတိုပတ်စ - ပုံဒိုပတ်ဆ
ချစ်ရေး ချစ်ရာ - ခြစ်ရေးခြစ်ရာ
တို့စရာ - တို့ဆရာ

၃တန်းကလေးတောင် ဒီလိုမမှားနိုင်ဘူးလို့ထင်ပါတယ်။ ဒါကတော့ ချဲ့ထွင်လွန်းတယ်။
အခုဘလော့ခ်ဂါအများ မှားတဲ့စာလုံးပေါင်းတွေဟာလည်း ဒီလိုအသံထွက်တွေနဲ့ မှားကြတာမဟုတ်ပါဘူး။
အပြင်မှာပြောတဲ့စကားသာ မပီရင်နေမယ် ရေးတဲ့အချိန်မှာ လူတိုင်းကတော့ အတတ်နိုင်ဆုံး အမှန်ဖြစ်
အောင်ရေးနေကြတာပဲ။ ဘယ်သူကမှ အမှားကိုများသထက်များအောင် လုပ်ချင်ကြမှာမဟုတ်ဘူး။
ကျမ ကျနော် တ(စ်) ဒါတွေကို ဦးနေ၀င်းက အဓိပ္ပါယ်မဲ့ ပြောခဲ့တာမို့ ဂရုမစိုက်ချင်ပါဘူးဆိုပြီး ကိုယ့်အယူ
အဆနဲ့ကိုယ်သုံးသလို တစ်ခြားလူတွေကလည်း သူ့အယူအဆနဲ့သူသုံးနိုင်တယ်လို့ထင်ပါတယ်Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-18998320993014999342007-05-17T07:14:00.000+01:002007-05-17T07:14:00.000+01:00ချိုကို့ကိုယ်တွေ့ဆိုတာက ဂုဏ်ထူးကိစ္စကိုပြောတာပါ။ ကေ...ချိုကို့ကိုယ်တွေ့ဆိုတာက ဂုဏ်ထူးကိစ္စကိုပြောတာပါ။ ကျောင်းတွေရဲ့ အမှတ်ပေးပုံစံတော့ တူမယ်ထင်ပါတယ်။ ဂုဏ်ထူးကို ကျောင်းသားအားလုံးရဲ့ Top5%ကိုပဲပေးတာပါ။ Reportမှာ ချိုကို့ Grammer,Spellingမှားလို့ အဲဒါအတွက်ထားတဲ့ 10%(ထင်ပါတယ်)အပြည့်မရပါဘူး။ ဒါကြောင့် Top5%မပါလို့ ဂုဏ်ထူးပြုတ်ပါတယ်။ ဒီတသက်အဲဒီကိစ္စကိုတော့ လုံးဝမမေ့ပါဘူး။ Meritကတော့ သူငယ်ချင်းတယောက်ဖြစ်တာပါ။ ချိုကိုမဟုတ်ပါဘူး။ သေချာတာကတော့ အဲဒီအမှားက Top5% honor rollနဲ့လွဲခဲ့ပါတယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-10333417377557954482007-05-17T07:07:00.000+01:002007-05-17T07:07:00.000+01:00တွေးမိတွေးရာကို ရေးမိရေးရာ ရေးပြီး (ဘလော့ပိုင်ရှင်...တွေးမိတွေးရာကို ရေးမိရေးရာ ရေးပြီး (ဘလော့ပိုင်ရှင်ကို) မေးမိမေးရာ မေးမိတာ ပါ...

အမြင်ချင်းဖလှယ်ချင်ရင် ဖိုရမ်တွေရှိပါတယ်..

ကျေးဇူးတင်ပါတယ်..Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-60354590745978142752007-05-17T06:52:00.000+01:002007-05-17T06:52:00.000+01:00ချိုကို ရဲ့  term paper က သတ်မှတ်တဲ့ စံမမီ လို့ နေ...ချိုကို ရဲ့  term paper က သတ်မှတ်တဲ့ စံမမီ လို့ နေမှာ ပါ..
များသော အားဖြင့် Merit က report တစ်ခု ထဲ မကြည့် ပဲ စာမေးပွဲ မှာ ဖြေဆို မှူ က ၅၀-၆၀% အမှတ် ပေးပါတယ်..စာမေးပွဲမှာ မဖြေနိုင်ရင် Merit လဲ မရ ပါ ဘူး
ကျွန်တော်စင်္ကာပူမှာ ME ယူတုံး က report subject ကောင်းလွန်း တဲ့ အတွက် English သတ်ပုံ မှား တာသီးခံ ပြီး professor တွေက Meritယ, credit, A++ ပေးခဲ့ကြောင်း ပါ..Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-60911148136129964952007-05-17T06:28:00.000+01:002007-05-17T06:28:00.000+01:00ကိုတီး (ကျွန်တော်ခုကျောင်းတက်တော့ အင်္ဂလိပ်ဘာသာစကား ...ကိုတီး (ကျွန်တော်ခုကျောင်းတက်တော့ အင်္ဂလိပ်ဘာသာစကား စာပေမဟုတ်ပဲ တစ်ခြားဘာသာရပ်တစ်ခု ဥပမာ ဗိသုကာပညာရပ်လို ဘာသာရပ်တစ်ခုကိုရေးတယ့်အခါ paper လိုဟာမျိုးရေးတယ့်အခါ ဆရာတွေ ဆရာမတွေက ကိုယ့်ရေးသားချက် စားလုံးသတ်ပုံ အနဲအကျဉ်းလွဲမှားမှု သဒ္ဒါ လွဲမှားမှုလေးတွေကို ခွင့်လွတ်ပေးကြပါတယ်။ ဘာလို့ဆိုတော့ အဲ့တာတွေက လိုရင်းမဟုတ်လို့ပါ ( အရေးမပါဘူးဆို လိုတာမဟုတ်ပါ သဘောသ၀ကိုက အလိုလိုနေရင်း ဒုတိယဦးစားပေး အနေအထားကို သက်လျောသွားလို့ပါ )။ ကျွန်တော်တော်က မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးကို မသင်ခဲ့တော့ မသိပါ။ )

ဒီအေ့ကြာင်းကိုနဲနဲဝင်ပြောပါရစေ။ ကိုတီးတက်နေတဲ့ ကျောင်းတော့မသိပါဘူး။ ချိုကိုအခုနေတဲ့နိုင်ငံကကျောင်းတွေမှာတော့ ပထမနှစ်ကတည်းက Reportတွေ၊ Projectတွေ တင်တဲ့အခါဘယ်လိုရေးရမယ်။ ဘာအချက်တွေလိုတယ်ဆိုတာကို ဘာသာတရပ်အနေနဲ့ သင်ပါတယ်။ ကျောင်းတိုင်းပါ။ ဒါဟာသူတို့စာပေအရေးအသားကို အလေးထားတယ်ဆိုတာပြတာပါ။ ကိုတီးပြောသလိုပါပဲ။ တကယ် Reportတင်တဲ့အခါတော့ ဆရာတွေက အမှတ်သိပ်မလျှော့ကြပါဘူး။ ကျောင်းသားကိုညှာတဲ့သဘောပါ။ ဒါပေမယ့်အဲဒီကျောင်းသား ဂုဏ်ထူးမထွက်ပါဘူး။ Meritမရပါဘူး။ ဒါချိုကို့ ကိုယ်တွေ့ပါ။ ကိုယ်တိုင်ဖြစ်ခဲ့တာပါ။

သူများနိုင်ငံတွေမှာ ငယ်ငယ်ကတည်းက အခြေခံကို ခိုင်အောင်သင်ပေးကြတာပါ။ ချိုကိုတို့နိုင်ငံမှာက အခြေခံဆိုတာရှိခဲ့ရဲ့လားတောင် မသေချာပါဘူး။ ကိုယ်ကမှမထိန်းသိမ်းရင် နောက်ဆိုမြန်မာစာဆိုတာ ဘာလဲဟ လို့ သမိုင်းပြတိုက်သွားကြည့်ရမလိုဖြစ်သွားမှာပေါ့။ ဘာကြောင့်များ မမေဓာဝီရဲ့ စေတနာကို မမြင်ကြပဲ ငါတို့ကိုအပြစ်ပြောနေတယ်လို့ မြင်နေကြလဲမစဉ်းတတ်နိုင်အောင်ပါပဲ။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-22240052073069020112007-05-17T06:27:00.000+01:002007-05-17T06:27:00.000+01:00သူဒို့  ယုံကျီ သလို ယေးဒေါ့ ပညာရှင် ရဲ့ ခံယူချက် သ...သူဒို့  ယုံကျီ သလို ယေးဒေါ့ ပညာရှင် ရဲ့ ခံယူချက် သတ်ပုံ ယုံကြည်ချက် တဲ့..
ဓီ က လည်း ကျဏော် ရုံကျီ သလို ကျဏော် သတ်ပုံ ကျဏော်ပေါင်းယေးဒေါ့ မျိုးစေ့မမှန်ဘူး တဲ့..မေငြိမ်း ကလဲ ညလေး..ကိုဂြီး လို့ ရေးလို့ ယပါဒယ်စိုဏေမှ..အဏော် လဲ ဦးနေ၀င်း ကြီး လုပ်ခိုင်းထားတဲ့ သတ်ပုံ ကျမ်း ကြီး မရုံ ကျီ လို့  ဓီလို ယေးမိ ခါမှပြောဒါ တယား သလားလို့ ..ကျဏော် လို့ ယေး ဒါယော မှန်ယဲ့လား..သုံးလို့ ယသလား..ပျောကျပါအုံး..ဏဂို ကမှ မျန်မာ ဆာ သိပ်မတတ် ယ ဒဲ့ ဂျားထဲ..Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-32034480841762850892007-05-17T06:16:00.000+01:002007-05-17T06:16:00.000+01:00မမေရဲ့ဘလော့ဂ်ကို မ၀င်မိတာ နှစ်ရက်သုံးရက်ပဲရှိသေး။ ...မမေရဲ့ဘလော့ဂ်ကို မ၀င်မိတာ နှစ်ရက်သုံးရက်ပဲရှိသေး။ အယ်.... ဒီလိုတွေ ဆွေးနွေး နေကြသကိုး။ စိတ်ဝင်စားစွာ စောင့်ဖတ်လိုက်ဦးမယ်။pandorahttps://www.blogger.com/profile/00573264081870253548noreply@blogger.comtag:blogger.com,1999:blog-33584152.post-38834138977001665732007-05-17T05:58:00.000+01:002007-05-17T05:58:00.000+01:00ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...ဆာယေးသူ...ဆာယေး သူ ကျ တော်...ပြင်ညာ ယှိ ဆစ်ဆစ်ကျီး...
ဆာယေးသူ...
ဆာယေး သူ ကျ တော် ကျမ...
ဆာယေး သူ ကျ တော်...
မနေတတ် မထိုင်တတ်...
ချီးကျူးတာပဲ ခံလိုသော...
ဤကို ကျွဲဟု ဖတ်သော...
မျိုးစေ့မမှန် ပင်မသန်သော...
နောက်ဘာကျန်သေးလဲ မသိဘူး...Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-71773968256720578482007-05-17T05:37:00.000+01:002007-05-17T05:37:00.000+01:00ဗာဒွေ ပျောဏေ ကျဓါ ဒုံးကျဏော် (ကျွန်တော် လို့ ရေးရ...ဗာဒွေ ပျောဏေ ကျဓါ ဒုံး
ကျဏော် (ကျွန်တော် လို့ ရေးရမှာ ကျွန်စော်နံ လိပ်ပြာမလုံတော့လို ကျေးဇူး မမေ ရေ့) ကဒေါ့ ဦးနေ၀င်း လည်းဂယု မဆိုက် ဖူး…သတ်ပုံကြမ်း ဆာအုပ် လည်း မယှိ ဖူး …
ပညာယှင်ဒွေ ကို အဏိုင် ကြင့် ဒါးမိုး ပျုဆု ထား ဒဲ့ အဲဒိ သတ်ပုံကြမ်း လဲ မရုံ ကြည်ဖူး..
မေငြိမ်း ယော ..မေဓါဝီ ယော ..ထောက်ခံဒယ်..ကျဏော် ရုံ ကျည် သ လို ယေးထား ဒဲ့ ဓီ ဆာ ကို ဆယာ မ ကျီး ဆယာ ကျီး မြား လဲ ဖတ် လို့  နား လည် မှာ ပါ..လက် လဲ လက် ခံ မယ် လို့ ရူစ ပါ ဒယ်..လေးဆားလရက်..တော်ကြတော့နော်..Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-9151157251249012612007-05-17T05:35:00.000+01:002007-05-17T05:35:00.000+01:00ဟုတ်ကဲ့ ကိုတီးရှင့်...ကျမကတော့ ဘယ်လို သဘောနဲ့မှ ရေ...ဟုတ်ကဲ့ ကိုတီးရှင့်...ကျမကတော့ ဘယ်လို သဘောနဲ့မှ ရေးလိုက်တာ မဟုတ်ပါဘူး...
ကျမပြောတာ တစုံတရာ လွန်ကြုးသွားရင် တောင်းပန်ပါတယ်...
ဒါပေမဲ့ ကိုတီးသိအောင် တခုတော့ ပြောချင်ပါတယ်...
ကျမက စာရေးသူမဟုတ်ပါရှင်...ဘယ်တော့မှလည်း ရေးဖို့မရည်ရွယ်ပါ...
ကျမက စာဖတ်သူသာဖြစ်ပါတယ်...
ယုတ်စွအဆုံး ကွန်မန့် ရေးသူတောင်မဟုတ်ပါရှင်...
ခုဒီမှာ ပြောနေဆိုနေကြတာတွေကို လက်မခံနိုင်လို့သာ ၀င်ရေးနေတာ...
တော်ရုံတန်ရုံနဲ့တောင် ကျမ ကွန်မန့်ဝင်မရေးတတ်ပါဘူး...
နောက်ပြီး ကျမ ကွန်မန့်ရေးတာ သတ်ပုံကျမ်းကို မကိုးကားပါရှင်...
ကျမ ယုံကြည်ချက်က မြန်မာမှန်ရင် ကိုယ့်မြန်မာစာကိုတော့ သတ်ပုံမှန်အောင် ရေးနိုင်ရမယ်လို့ ငယ်ငယ်ထဲက လက်ခံထားပါတယ်...
အဲ့ဒီအတိုင်းလည်း အတတ်နိုင်ဆုံး ကျမ လိုက်နာ ကျင့်သုံးပါတယ်...
အမှန်အတိုင်းပြောရရင် မြန်မာသတ်ပုံကျမ်းကို ကျမ တခါမှ မဖတ်ဘူးပါရှင်...
သူများပြောတာ၊ ရေးတာတွေကိုသာ လိုက်နာ၊ မှတ်သားရင်း စာလုံးပေါင်း သတ်ပုံမှန်အောင် ကြိုးစားနေရသူ တယောက်သာဖြစ်ပါတယ်...
အင်း...ကိုတီးကတော့ နောက်ဆုံးပိတ်ကွန်မန့်ကိုတင်ပြီး တာ့တာ လုပ်သွားနိုင်ပေမဲ့ ကျမကတော့ နောက်တက်လာမယ့် ကွန်မန့်တွေကို စောင့်ပြီး ရီပလိုင်းလုပ်ဖို့ရှိသေးလို့ ဒီကွန်မန့်က နောက်ဆုံးပါပဲလို့ မပြောနိုင်သေးဘူးရှင်...Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-50868680831406507272007-05-17T05:07:00.000+01:002007-05-17T05:07:00.000+01:00ရန်ဖြစ်ချင်လို့ ပြသနာတက်ချင်လို့ လာတယ်ထင်ရင်တော့ မ...ရန်ဖြစ်ချင်လို့ ပြသနာတက်ချင်လို့ လာတယ်ထင်ရင်တော့ မs0wha1 လုံးဝမှားနေပါပြီ။ မမေကို မနေ့တစ်နေ့ကမှ သိတယ့်လူလဲ မဟုတ်ပါဘူး။ ကိုယ့်အစ်မအရွယ်တစ်ယောက်ဖြစ်တယ့် မမေကို မs0wha1 မသိခင်ကတည်းက ခင်မင်ရင်းနှီးတယ်လို့ ယူဆလို့ C&C လာတင်တာသာဖြစ်ပါတယ်။ ကျွန်တော် သိပ်မရင်းနှီးတယ့် ဘလော့ခ်တွေမှာ တကူးတစ်ကန့် လာပြီး ကွန့်နေမယ်မဟုတ်ပါဘူး။ ဟုတ်ကဲ့ ကျွန်တော်ရေးတယ့် ပို့စ်တွေမှာ လူတွေ ဘယ်နှစ်ယောက်ဖတ်ဖို့ဆိုပြီး ပစ်မှတ်မထားခဲ့ပါဘူး။ မs0wha1 က ဒီလို ပြစ်မှတ်ထားပြီးရေးတယ့် စာရေးသူတစ်ဦးဆိုရင်တော့ ပြောစရာမရှိပါဘူးဗျာ။ စာလုံးပေါင်း သတ်ပုံအလုံးတိုင်းကို တိတိကျကျ တစ်ရာနှုန်းပြည့် မှန်ကန်အောင် ရေးနိုင်တယ့် မs0wha1လိုလူမျိုး တွေ အတွက်တော့ ကျွန်တော့်စာက ဖတ်လို့မကောင်းပါဘူး သေချာပါတယ်။ စကတည်းက ပြောပြီးသားပါ။ မှားယွင်းစွာရေးတတ်တယ့် ဘလော့ခ်ရေးသူတစ်ဦးပါဆိုတာ။ စာလုံးပေါင်း သိပ်မသေသပ်တယ့် လူတွေထဲက တစ်ယောက်အနေနဲ့ပဲ လာပြောတာပါ မs0wha1ရေ။
နောက်ဆိုရင်တော့ ရာနှုန်းပြည့်မှန်ကန်အောင်ရေးတတ်တယ့် မs0wha1 လိုလူတွေအတွက်လဲ စာမရေးခင် သတ်ပုံကျမ်းအကိုးအကား ခိုင်ခိုင်နဲ့ ရေးပြီးတင်လိုက်ပါ့မယ်။
မမေရေ ဒီပို့စ်နဲ့ပဲ ဒီမှာ အဆုံးသတ်လိုက်ပါတယ်။ မမေလဲ စိတ်အနှောင့်အယှက်မဖြစ်ဖူးလို့ ထင်ပါတယ်။ ဖြစ်ခဲ့ရင်လဲ တီးကပဲ ၀မ်းနည်းတယ့်အကြောင်းပြောပရစေတော့။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-80083532558706615852007-05-17T04:47:00.000+01:002007-05-17T04:47:00.000+01:00၀င်မပြောချင်ပေမဲ့လည်း ပြောလိုက်ဦးမယ်...ဒါပေမဲ့ ကျ...၀င်မပြောချင်ပေမဲ့လည်း ပြောလိုက်ဦးမယ်...
ဒါပေမဲ့ ကျမကတော့ စာသံ၊ ပေသံ၊ အကိုးအကားတွေနဲ့ ပြောနိုင်မှာ မဟုတ်ဘူး...
ပြောရလောက်အောင်လည်း ပညာရှင်မဟုတ်ပေဘူး...

ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး...
ဒါကြောင့်လည်း " ကျွန်တော်သိထားတဲ့ ပညာရှင်တွေကတော့ အာဏာရှင်မကလို့ သူ့ဘကြီးပဲလာလာ ကိုယ့်ပညာအတွက် အသက်တောင်အသေခံခဲ့ကြတာချည်းပဲဗျ။ မယုံရင် ဆိုကရေးတီးဆီလိုက်မေးကြည့်။ (အင်း … သူက အဆိပ်ဆိုလား ဘာဆိုလား သောက်သေသွားတာဆိုတော့) ဘားနတ်ရှောဆီလိုက်မေးကြည့်။ အချုပ်တန်းက မောင်ဖေဆီလိုက်မေးကြည့်။ " လို့ ပြောခဲ့တာ ဖြစ်မယ်...
ဟုတ်ကဲ့...ရှင် ပြောတဲ့လူတွေက အတိတ်မှာ ကျန်ခဲ့ပြီ ဆိုတာ သတိပြုပါဦး...
ခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ကြည့်ခြင်းအားဖြင့် ပညာရှင်ဟာ အာဏာရှင်အလိုကို မလွန်ဆန်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီး တွေ့နိုင်ပါလိမ့်မယ်...ရှင် မြင်အောင် ကြည့်တတ်ရင်ပေါ့...

ဦးနေ၀င်းဟာ အဓိပ္ပါယ်မရှိ တခု၊ တကောင်၊ တယောက် ဆိုတဲ့ အရေအတွက်ပြတွေမှာ စ် ထည့်သင့်တယ် ဆိုတာနဲ့ သတ်ပုံကျမ်းမှာပါ ပြဋ္ဌာန်းပြီး အကုန်လုံး စ် တွေလိုက်ထည့်လိုက်တာ...
တယူသန်မှာတောင် တစ်ယူသန်တွေဖြစ်လို့...တစ်ယူဇနာ သန်သောလို့များ အဓိပ္ပါယ် ဖွင့်ဆိုထားသလားတော့ မပြောတတ်ဘူး...
တချို့တွေများ တခါတရံမှာတောင် တစ်ခါတစ်ရံတွေ ထည့်ပေါင်းလို့ပေါင်းနဲ့...

ထားပါတော့လေ...ကျမက ပညာရှင် မဟုတ်တော့ ဒါတွေ ပြောခွင့်မရှိပါဘူး...
ဒါပေမဲ့ ကျမပတ်ဝန်းကျင်ကလူတွေကိုတော့ ပြောလို့ရတယ်မဟုတ်လား...
ဒီလိုပဲပေါ့ မမေကလည်း သူ့ဘလော့ဂ်မှာ သူ့စာဖတ်တဲ့သူတွေကို အမြင်မတော်တဲ့ စာလုံးပေါင်းသတ်ပုံတွေအကြောင်း၊ အသံထွက်တွေ အကြောင်း ပြောပြချင်ရင် ပြောပြခွင့်ရှိတယ်လို့ ကျမ ယူဆပါတယ်...
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ...
ကကြီး၊ ခကွေး အကြောင်းလည်း ဒီလိုပါပဲ...ကျမတို့ ညံ့လို့ပဲပြောပြော၊ လေ့လာမှုအားနည်းတယ်ပဲဆိုဆို မမေရဲ့ကျေးဇူးကြောင့် ဒီလိုမျိုးတွေ သိရတယ်...
ဒီအတွက် ကျေးဇူးတင်တယ်...ရှင်တို့ကရော ဘာလို့ ဒီလိုမမြင်နိုင်တာပါလိမ့်လို့ အံ့ဩမိပါတယ်...

ခုဟာက ရှင်တို့က အပြုသဘောဝေဖန်နေတာထက်စာရင် ပွဲဆူအောင်လုပ်ပြီး ရန်ဖြစ်နေချင်ကြပုံပေါ်ပါတယ်...
ဘာလို့ ဒီလိုပြောရလည်းဆိုတော့ မမေရေးထားတဲ့ပို့စ်ကောင်းလေးတွေမှာဆို ရှင်တို့ရဲ့ ချီးကျူးအားပေးတဲ့ ကွန်မန့်တခုမှ တက်မလာဘဲ ခုလို မမေရဲ့ အမှားလေးနည်းနည်းတွေ့ပြီဆိုတော့မှ အလုံးအရင်းနဲ့ ၀ိုင်းဖဲ့ကြမယ့် ကွန်မန့်တွေအများအပြား တက်လာကြလို့ပါပဲ...
ကျမ အယူအဆမမှားဘူးဆိုတာ ယုံကြည်လို့ ဒီစကားကို ပြောပေမဲ့ ရှင်တို့ကတော့ ကျမပြောတာ မှားတယ်လို့ ပြောခွင့်ရှိပါတယ်...
ကိုကလိုစေးထူးက ကိုဆာယေးသူရဲ့နာမည်ကို ထောက်ပြသလိုပေါ့...ဆာယေးသူဆိုတာ စာရေးသူ ဆိုတဲ့ နာမည်ကို ပေးထားတယ် ထင်လို့ ဒီလိုသတ်ပုံမျိုးမရှိဘူးလို့ သူကပြောခဲ့တာပဲ...ရိုးရိုးနာမည်သက်သက်သာဆိုရင်တော့ ဘာမှ ပြောစရာမရှိပါရှင်...
ကိုဆာယေးသူက သူ့နာမည်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ပေးထားတယ်ဆိုတာ သူသာအသိဆုံးဖြစ်ပါလိမ့်မယ်...

ကိုတီးရှင့် မမေက အမြင်မတော်တာလေးတွေ၊ သူသိတာတွှေကို မျှဝေပေးချင်တာတွေကို သူ့ဘလော့ဂ်မှာ ရေးနေတာပါ...
ဘယ်သူ့ကိုမှ စောင်းမြောင်းလိုခြင်းမရှိပါရှင်...
မြန်မာစာ သတ်ပုံမမှန်လည်း စာရေးလို့ဖြစ်တယ်ဆိုရင် ခု ကိုတီးရေးထားတဲ့ပို့စ်တွေကို လူဘယ်နှစ်ယောက်ဖတ်ချင်စိတ်ဖြစ်လဲဆိုတာ ကျမတို့ မဲ ကောက်ကြည့်ရင် မကောင်းဘူးလား...
တဲ့ကို တယ့်လို့ ရေးခြင်း၊ ရဲ့ကို ရယ့်လို့ရေးခြင်း၊ ကြုံကို ကြုံလို့ရေးထားတာတွေကို ဘယ်လို မျက်လုံးနဲ့မှ ဖတ်လို့ အချိုးမပြေနိုင်ပါရှင်...
ဖတ်လို့မကောင်းတော့ စာထဲမှာ ဘာရေးထားမှန်း ဘယ်သူမှ စိတ်မ၀င်စား၊ စိတ်မ၀င်စားတော့ ဘာတွေရေးထားမှန်း နားမလည်နိုင်အောင်ဖြစ်ရပါတယ်...
ဟုတ်ကဲ့...ကျမ ညံ့လို့လည်း ဖြစ်နိုင်ပါတယ်...

အချုပ်ဆိုရရင် ဒီလောက်တောင်ရန်ဖြစ်ချင်နေတဲ့ ရှင်တို့နဲ့ ကျမက ဒိုင်ခံ ရန်ဖြစ်ပေးပါ့မယ်...
မမေနဲ့ ကိုကလိုစေးထူးတို့ကတော့ ကျမတို့ စာဖတ်သူများကို အားနာသောအားဖြင့် စာများဆက်လက်ရေးပြီး ပို့စ်အသစ်တွေ တင်မြဲတင်ပါ...
ဒီကိစ္စကို ခေါင်းထဲထည့်ပြီး အချိန်ကုန် မခံကြပါနဲ့လို့ ညီမက တောင်းဆိုပါတယ်...Anonymousnoreply@blogger.com