Thursday, November 02, 2006

ဆုတောင်းမှားခဲ့လေသလား ...

ကျမ ငယ်ငယ်က ဦးသော်ဇင်ရဲ့ စာတွေဖတ်ပြီး ဦးသော်ဇင်ရဲ့ ဆုတောင်းကို သဘောကျခဲ့ဖူးပါတယ်။
အဲဒီဆုတောင်းတွေကို အရင်ကတော့မှတ်စုစာအုပ်ထဲ ကူးရေးထားခဲ့ပေမဲ့ အခုမှတ်စုစာအုပ်လဲ မရှိတော့တာကြောင့် အတိအကျ မမှတ်မိတော့ပါဘူး။
ဆိုလိုတဲ့သဘောလောက်ပဲ သတိရတော့တယ်။
မှတ်မိသလောက်ပြောရရင်တော့ …
သံသရာမှ လွတ်မြောက်ရကြောင်း ဆုမတောင်းလိုပါ ....
သံသရာမှာ ကျင်လည်နေသမျှ သူတပါးအလိုကို ဖြည့်ဆည်းပေးရသူသာ ဖြစ်ရပါစေ .. ။
တပါးသူရဲ့ ချစ်ခြင်းမေတ္တာကို ရရှိစေကြောင်း ဆုမတောင်းလိုပါ ....
ကိုယ်က မေတ္တာပေးနိုင်သူသာ ဖြစ်ရပါစေ .. ။
မိမိကိုယ်တိုင်စိတ်ချမ်းသာစေကြောင်း ဆုမတောင်းလိုပါ ....
သူတပါး စိတ်ချမ်းသာအောင် ရွက်ဆောင်ပေးနိုင်သူသာ ဖြစ်ရပါစေ…။
ကိုယ်က ရယူခြင်းထက် ..ပေးဆပ်နိုင်သူသာ ဖြစ်ရပါစေ ..
စသဖြင့် ရေးထားတာတွေကတော့ အများကြီးပါပဲ .. အတိအကျမမှတ်မိတဲ့အတွက် သဘောလောက်ပဲ ရေးလိုက်ပါတယ်။ အဲဒီ ဆုတောင်းတွေကို ဖတ်ပြီးတော့ ကျမအရမ်းသဘောကျသွားတယ်။
များသောအားဖြင့် ဆုတောင်းကြတယ်ဆိုရင် ကိုယ့်အတွက်ကိုယ်ပဲ တောင်းကြတာများပါတယ်။
သူများအတွက် တောင်းတယ်ဆိုတာ နည်းပါတယ်။
ဦးသော်ဇင်ကတော့ သူ့အတွက် မတောင်းပါဘူး။ အတ္တမပါတဲ့ ဆုတောင်းနဲ့ သူတပါးရဲ့လိုအပ်ချက်တွေကိုသာ ဖြည့်ဆည်းလိုတဲ့စိတ်နဲ့ တောင်းထားတဲ့ ဆုတောင်းမျိုးမို့ .. ကျမ တော်တော်နှစ်ခြိုက်မိတာပါ။
ကိုယ်ကသဘောကျမိပြီဆိုမှဖြင့် အဲဒီလိုဆုတောင်းမျိုး အတုခိုးပြီး ဆုတောင်းတော့တာပဲပေါ့။
ဒီလိုဆုတောင်းနေရတာကိုပဲ ကျမမှာ …ပျော်မွေ့လို့ … … …
***
ဒါပေမဲ့ .. တဖြည်းဖြည်းနဲ့
ကျမရဲ့ ဘ၀တလျှောက်မှာ ..
ရယူခြင်းထက် ..ပေးဆပ်နေရတာတွေက ပိုများလာတဲ့အခါ ..
မေတ္တာပေးလို့ မေတ္တာ ပြန်မရတဲ့အခါ ..
တပါးသူ စိတ်ချမ်းသာစေဖို့ .. ကိုယ်က စိတ်ဆင်းရဲရတဲ့အခါ …
.. .. .. .. .. .. .. ..
.. .. .. .. .. .. .. ..
.. .. .. .. .. .. .. ..
အဲဒီလိုတွေ ကြုံရဖန်များလာတော့
ပါရမီကံနည်းခဲ့လို့လားတော့မသိ …ရေရှည်မှာ ခံနိုင်ရည်မရှိတော့ပါဘူး။
အရင်က … အပေးအယူ သဘောမျိုးတခါမှ မစဉ်းစားခဲ့မိပေမဲ့ …
နောက်ပိုင်း စဉ်းစားမိလာတယ်။
ကိုယ်ဟာ .. အဖြည့်ခံလား ..
ကိုယ့်ရဲ့ နေရာဟာ .. ဘာလဲ ..တွေးမိလာတယ်။
ကိုယ်က ပေးဆပ်ရသလောက် ပြန်မရနိုင်ရင်တောင် ပေးဆပ်ခဲ့တယ်ဆိုတာကိုတော့ ပုထုဇဉ်လူသားပီပီ အသိအမှတ်ပြုခံချင်မိပါတယ်။
ဒီလိုတောင် အသိအမှတ်ပြု မခံရတဲ့အခါ …
ဝမ်းနည်း အားငယ်စွာနဲ့ တွေးမိတယ် .. ။
ကျမ .. တကယ်ပဲ .. .. ..
ဆုတောင်းမှားခဲ့လေသလား … လို့ ..။
***
၂.၁၁.၀၆
နံနက် ၁း၂၀ နာရီ

3 comments:

Anonymous said...

I got it, ma may.
Now I can post comment! wow!
Thanks for writings which make us thinking.

Anonymous said...

Hi Ma May,

I would say no , you are not doing wrong wish, you make the right thing so as U Thaw Zin.

Sometime hard life happens, please don't take an account on that.

That is great opportunity and not every one can do it.

But at the end of the day, after the cruel storm, even the little tiny jasmine, pure and absolutely white, blossoms bravely.

You will see the beautiful world with blue sky , sun shine.The birds will sing sweet songs.

Our Buddha preached what you made in the past it will reflect one day.

Prince

ကလိုစေးထူး said...

စိတ်အတော် ညစ်နေပုံပဲ.