Tuesday, November 14, 2006

အမျိုးသားအောင်ပွဲနေ့ ...

၈၆ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့
***
ဒီနေ့ဟာ ၈၆ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ပါ။ ၁၉၂၀ ကျောင်းသားသပိတ်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အမျိုးသားအောင်ပွဲနေ့ဟာ ကျောင်းသားတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ လွတ်လပ်ရေး .. အမျိုးသားရေး .. လူ့အခွင့်အရေး … … … စသည် စသည်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လက်ရှိလဲ တိုက်ပွဲဝင်နေကြပါတယ်။ ဆက်လက်ပြီးတော့လဲ တိုက်ပွဲဝင်နေအုံးမှာပါ။
မြန်မာပြည်နဲ့အဝေးမှာရောက်နေကြသူတွေအဖို့ … အမျိုးသားအောင်ပွဲနေ့ကို မေ့နေကြမှာစိုးလို့ …
အမျိုးသားအောင်ပွဲနေ့နဲ့ပတ်သက်ပြီး ဖတ်ခဲ့ဖူးတဲ့စာလေးတပိုဒ်ကို ဝေမျှ လိုက်ပါတယ်။

***
နေရှင်နယ်ဒေးသည် ၁၉၂၀ပြည့်၊ ကောလိပ်သပိတ်နေ့ကို န၀မအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က သတ်မှတ်ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျီစီဘီအေကြီး အကြိမ်ကြိမ် အစိတ်စိတ်ကွဲသွားသောအခါ နေရှင်နယ်ကျောင်းများကသာ ဆက်လက်ကျင်းပနေခဲ့လေသည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ပေါ်ခဲ့သည့်နောက်များတွင် ကျောင်းသားပေါင်းစုံ အင်အားပြပွဲ ဖြစ်လာခဲ့လေသည်။ ထိုအတွင်း တို့ဗမာအစည်းအရုံးလည်း နေရှင်နယ်ဒေး ကျင်းပရေးတွင် တစတစ၀င်ခဲ့၏။ ယခုနှစ်မှာမူ အမျိုးသားနေ့သည် ကျောင်းသားများအင်အားပြပွဲသာ မကတော့ဘဲ အမျိုးသားရေးစိတ်ဓာတ် တက်ကြွလာသော တမျိုးသားလုံး၏ လွတ်လပ်ရေးဆန္ဒပြပွဲကြီး ဖြစ်လာတော့၏ ။ ဆိုက်ကားသမား၊ ဈေးသည်များလည်း ပါလာ၏၊ အလုပ်သမားများလည်း ပါလာ၏၊ စာရေးဆရာများလည်း ပါလာ၏၊ အမျိုးသမီး အများလည်း ပါလာ၏။
***
သားချင်းအပေါင်းတို့ …
ရှုံး နိုင် နှစ်တန်၊ ခုခံ တိုက်ခိုက်၊
ကျော၌ဒဏ်ရာ၊ မထိရာ…
ရင်မှာ ထိမှ မြတ်ရာ၏ … ။
(သခင် ထိပ်တင်ကိုယ်တော်ကြီး)
***
တန်းလျားနံပါတ် (၇)
ရန်ကုန်ထောင်ကြီး
၃၀.၁.၃၉

ရဲဘော်တို့ …
ကျောင်းသား အလုပ်သမား နှင့် တောင်သူလယ်သမားတို့ သွေးစည်းကြလော့ဟူသော ကြွေးကြော်သံဖြင့် ငါတို့သည် အရေးတော်ပုံကြီးအတွင်းသို့ဝင်ခဲ့ကြ၏။ ထိုကြွေးကြော်သံကိုလိုက်နာပြီး လုပ်ဆောင်မှုကြောင့် သင်ရဲဘော်တို့သည် အရိုက်ခံရပြီ။ ထောင်တန်း အချခံရပြီ။ ညှဉ်းပမ်းခြင်းအမျိုးမျိုးခံရပြီ။ သို့သော် ရဲဘော်တို့သည် ထိုကြွေးကြော်သံကို ဟစ်ကြွေး၍ နောက်မတွန့်ဘဲ ချီတက်လျှင် ငါတို့၏ အရေးတော်ပုံ အောင်မြင်မည်ကို တွေ့လိုက်ရမည် ဖြစ်သတည်း။
(ထောင်တွင်းရဲဘော်များ)

သိန်းဖေမြင့် (အရှေ့ကနေ၀န်းထွက်သည့်ပမာ.. မှ)
***
ပထမစာပိုဒ်ကသာ အမျိုးသားအောင်ပွဲနေ့နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ နောက်စာပိုဒ်တွေကတော့ အဲဒီစာအုပ်ဖတ်ရင်းနဲ့ သဘောကျတဲ့ စာပိုဒ်လေးတွေမို့ တင်လိုက်ရခြင်းဖြစ်ပါကြောင်း … ။
***

7 comments:

generation96 said...

ကျေးဇူးပါဗျာ မမေဓာ။ ကျနော်တော့ တကယ်ပဲ အမျိုးသားနေ့မှန်း သိကို မသိလိုက်ဘူး။ မြန်မာပြက္ခဒိန်လေးတော့ ၀ယ်အုံးမှ။

Thiha Kyaw Zaw said...

I won't forget that day,ah mha. I have just uploaded the students' union song to fileden. If u want it, u can download it at http://www.fileden.com/files/2006/8/22/180478/Students-Union-song.mp3

ကလိုစေးထူး said...

ဖတ်ဖူးသမျှတွေကို အခုလို ဝေမျှပေးတာ အထူးကျေးဇူးပါ အမ

Ei said...

မနေ့ကမမေဓာဝီ (သတ်ပုံမှန်ရဲ့လားမသိ ဟီး ဟီး) ရဲ့ဘလော့ဂ်မှာ postတွေတစ်ခုပြီးတစ်ခုလိုက်ဖတ်တာ

ကောင်းမှကောင်း။ အမရေအမစာတွေဖတ်ပြီး ကိုယ့်ဘာသာကိုယ်စာရေးရမှာတောင်ရှက်တယ်ဗျာ။

စာရေးတကယ်ကောင်းတယ်။ အရင်တုန်းက ဘာလို့မဖတ်မိပါလိမ့်နော်။ အားကျတယ်ဗျာ။
C box မတွေ့လို့ ဒီကပဲအော်လိုက်တယ်

မေဓာဝီ said...

gen’96 - ဒီလိုပဲ အမှတ်တမဲ့ ဖြစ်နေသူတွေအများကြီးပါ။ မြန်မာပြည်ကလူတချို့တောင် ရုံးပိတ်ရက် ကျောင်းပိတ်ရက်မို့ အမျိုးသားနေ့မှန်းသိကြတာ။ မပိတ်ရင် သိမှာတောင်မဟုတ်ဘူး။ အမျိုးသားနေ့ရဲ့ သမိုင်းသိဖို့ဆို ဝေးရော။
ကိုသီဟ - သီချင်းမျှဝေပေးတာ ကျေးဇူးပါ။
ကိုသံလွင်, kgyg ei - ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။ ဆက်လက်အားပေးကြပါအုံး။

Ka Daung Nyin Thar said...

ma may darr wii

good tel byar.. shar shar par par ko shar yay htar dar.. kyay zuu ayan tin bar del..

tay za or ka daung nyin thar

Anonymous said...

ဟုတ်တယ် ဟုတ်တယ် မမေ ရေ အခု လေ ညီမ တို့ က အမျိုးသားနေ့တောင် မပိတ်တော့ သူများတွေပြောမှ အော် ဟုတ်သာပဲ ဆိုပြီး ဖြစ်ကြရတာ
အားလုံး သတိရအောင် အခုလိုရေးပေးတာကိုကျေးဇူးနော် မမေ

မေလေး