Saturday, January 01, 2011

၂၀၁၁ သို့ ခွန်းဆက်ခြင်း

မင်္ဂလာပါ နှစ်ထောင့်ဆယ့်တစ်!

နံနက်ခင်းအသစ်နဲ့
နှစ်ထောင့်ဆယ့်တစ်ကို ဖွင့်လှစ်
အားလုံးက သစ်လွင်
ချစ်ခင်စရာတွေ အပြည့်
ပကတိ လှပ
မှောင်သောည ကုန်အဆုံး
ကောင်းခြင်းတွေ စုရုံးလျက်
မြင့်မြတ်တဲ့ အစဉ်အလာ
ညင်သာစွာ ခွန်းလှစ်
မင်္ဂလာပါ နှစ်ထောင့်ဆယ့်တစ် … ။

နှစ်ထောင့်ဆယ့်တစ်ရဲ့ အခန်းသစ်မှာ
နေမင်းလဲ အသစ် .. လေညှင်းလဲ အသစ်
လမင်းလဲ အသစ် .. ညခင်းလဲ အသစ်
စမ်းရေလဲ အသစ် .. ပန်းတွေလဲ အသစ်
စိမ်းလန်းခြင်း အသစ် .. ငြိမ်းချမ်းခြင်း အသစ်
အိပ်မက် အသစ် .. စိတ်ကူး အသစ်
မျှော်လင့်ချက် အသစ်တွေနဲ့ …
အသက်ရှူသံတွေတောင် သစ် … လို့ …
ဝတ်စုံအသစ်နဲ့ … နှစ်ထောင့်ဆယ့်တစ် အပျိုမ
ရှက်သွေးကြွ … လှနေခဲ့ … ။

နှစ်တခု အပြောင်းဟာ
စနစ်တခု ပြောင်းတာလား
အဖြစ်တခု ဟောင်းတာလား …
ဘယ်လိုပဲ ပြောင်းပြောင်း
ဘယ်လိုပဲ ဟောင်းဟောင်း
လူသားအပေါင်းအတွက်
ကောင်းမြတ်ခြင်းတွေ ခြံရံ
အန္တရာယ်တွေ ဖယ်ရှား
အမှားတွေ ကင်းပ
ဒုက္ခတွေ သိမ်းချုပ်စေဖို့
ငြိမ်းချမ်းရေး တေးတပုဒ်ကို
သီဆိုကာ ဟစ်ကျူး
(နှစ်ထောင့် ဆယ့်တစ်ရဲ့)
မင်္ဂလာ နှစ်ကူး ဖြစ်ပါစေ … ။ … ။
***
မေဓာဝီ
၁၊ ၁၊ ၁၁
၀၀း၀၁ နာရီ

(အားလုံးပဲ သာယာ ပျော်ရွှင် ငြိမ်းချမ်း၍ မင်္ဂလာရှိသော နေ့ရက်များစွာ ၂၀၁၁ မှာ ပိုင်ဆိုင်ကြပါစေ ...)

နှစ်သစ်အတွက် ရေးခဲ့ဖူးသော ကဗျာတချို့
နိဒါန်း (၂၀၀၈)
အစ (၂၀၁၀)

11 comments:

ရွှေရတုမှတ်တမ်း said...

ခု ဘိုလို Happy New Year နှုတ်ဆက်လိုက်..
နောက်လကြ..ဂေါင်းဆီဖက်ကိုင် ဆိုလား..တရုတ်လိုအော်လိုက်..
တူးပို့..တူးပို့ နဲ့ ဗမာလို ဆိုလိုက်နဲ့ ..ခနခန သစ်နေရတော့တာပဲနော်..

. said...

မင်္ဂလာပါ..အစ်မ.. :)။

PAUK said...

မမေဓါဝီ..
မင်္ဂလာနှစ်ကူးပါ..။

ညိမ်းနိုင် said...

ပျော်ရွင်ကြည်နူးဖွယ် မင်္ဂလာနှစ်သစ် ၂၀၁၁ ဖြစ်ပါစေကြောင်း......

မြစ်ကျိုးအင်း said...

မင်းသမီးအတွက် ပျော်ရွှင်စရာ စိတ်ချမ်းသာခြင်းများနဲ့ ပြည့်စုံမယ့် နှစ်သစ်ဖြစ်ပါစေဗျာ။

ပုံ/
ဇာတ်ဆရာမြစ်

ကိုအောင် said...

ကျနော်တို့က ဘိုကူးလည်း လိုက်ကူးတယ်၊
တရုတ်ကူးလည်း လိုက်ကူးတယ်၊ ကုလား ကူးလည်း လိုက်ကူးတယ်၊ ကိုယ့်ဘာသာလည်း ကူးတယ်၊ ၃၆၅ ရက်မှာ ကျနော်တို့လောက် ကူးနိုင်တာမျိုး ရှိပါ့မလား .... :P

SHWE ZIN U said...

မမေ ရေ

မြန်မာပြည် အတွက် ဖြစ်မလာမဲ့ မင်္ဂလာ နှစ်ကူး ဖြစ်စေချင်တယ်

အင်း မမေဓါဝီ အတွက် မင်္ဂလာ နှစ်ကူး ဖြစ်ပါစေလို့ ဆုတောင်းပေး ပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေးတဲ့ အသစ်တွေထဲမှာ
နေမင်းတွေ လေမင်းတွေ အသစ်ပါပေမဲ့
အချစ်ကျတော့ အသစ်မပါဘူးနော်
အချစ်ရော အသစ်ဆိုရင် မကောင်းဘူးလား
ခိခိ
မမေရေ.. နှစ်သစ်မှာ အရာရာအဆင်ပြေပါစေ
ဘ၀ရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်နိုင်ပါစေ..
နေ့ရက်တိုင်းပျော်စရာရက်တွေ ဖြစ်ပါစေ..
အငြိမ့်လဲ များများကနိုင်ပါစေနော်း)

သူကြီးမင်း (တုံးဖလား) said...

နှစ်ဟောင်းကိုကျော်
နှစ်သစ်မှာ ပျော်ပြီထင့်
ရွက်ရင့်တွေ ချွေကာချ
ဖြေကာရလေရော့သလား
မေသနားပါလှဲ့
ဒီက(နှစ်ဟောင်းကလေး) ခပ်ယဲ့ယဲ့ရယ်လေ။းဝ)

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Maung Myo said...

ဆော်ဝါင်္ဒီပါ 2011 ရေ ။

Anonymous said...

ကြီးမေရေ
ကဗျာလေးထပ်ဖတ်သွားတယ် မချောပြောသလို အသစ်ကလေးတစ်ယောက်နဲ့
ပျော်ရင်ကောင်းဘူးလားဗျ
ကောင်းခြင်းမင်္ဂလာအပေါင်း နှင့်ပြည့်စုံသော ၂၀၁၁ ဖြစ်ပါစေ။


ခင်မင်တဲ့
seesein