Tuesday, January 01, 2008

နိဒါန်း

နေခြည်ဖြာယှက်ဝင်း
နံနက်ခင်းအသစ်
ဖွင့်လှစ်လိုက်ပြီ
ကြိုဆိုပါသည် ... ဇန်န၀ါရီ ... ။


ဇန်န၀ါရီရဲ့ စာမျက်နှာမှာ
ညင်သာစွာ ကမ္ပည်းထိုး
အဆိုးတွေ ကုန်ဆုံး
အမုန်းတွေ ကင်းကွာ
မင်္ဂလာ ပြည့်လျှမ်း
၂၀၀၈ ရဲ့ နိဒါန်း ဖြစ်ပါစေ... ။

ပျော်ရွှင်ခြင်းများ စတင်စေ
မျက်ရည်တွေ ခြောက်ခမ်း
မျှော်လင့်ခြင်းရဲ့ နိဒါန်း ... ။


နှောင်ဖွဲ့ခြင်းများ ကင်းစေ
မွန်းကျပ်မှုတွေ ကုန်ခမ်း
လွတ်လပ်ခြင်းရဲ့ နိဒါန်း ... ။

နားလည်ခြင်းများ ဖြန့်ဝေ
အကြင်နာတွေ ပြည့်လွှမ်း
မေတ္တာတရားရဲ့ နိဒါန်း ... ။

တောင့်တချက်များ ရစေ
နှစ်သက် ၀မ်းသာ ရွှင်လန်း
ပြည့်စုံခြင်းရဲ့ နိဒါန်း ... ။

ယုံကြည်ချက်များ ခိုင်မာစေ
ရဲရင့်သွေးတွေ နီမြန်း
သူရဲကောင်းတို့ နိဒါန်း ... ။

မှားယွင်းမှုများ ကုန်ဆုံးစေ
မှန်ကန်ခြင်းတွေ ထုံလွှမ်း
သစ္စာတရားရဲ့ နိဒါန်း ... ။

ကမ္ဘာကြီး သာယာစေ
စမ်းရေတွေ မခြောက်ခမ်း
အေးမြခြင်းရဲ့ နိဒါန်း ... ။

အဆိုးတွေ အားလုံး နိဂုံးချုပ်
ကောင်းတာလုပ်သူများ အတွက်
အခက်အခဲတွေ ကျော်ဖြတ်သန်း
ငါတို့ရဲ့ နိဒါန်းမှာ ...
အပြာရောင်ပန်းတွေ ပွင့်လန်း
ငြိမ်းချမ်းခြင်းအတိ
ဖြစ်ရပါလို၏ .... ။ ... ။
***
မေဓာဝီ
၁၊ ဇန်န၀ါရီ၊ ၂၀၀၈
၀၀း၀၁ နာရီ

(ကမ္ဘာသူ ကမ္ဘာသား အားလုံး ... ငြိမ်းချမ်းသာယာ မင်္ဂလာ ရှိသော နှစ်သစ် ဖြစ်ကြပါစေ ... ။)

11 comments:

hana san said...

Same to you, Ma May.
Wishing you A Very Happy New Year!
Thank you for this poem.
Let me keep it in my heart.:D

ကလူသစ် said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ မမမေဒါဝိန်ခင်ဗျား

ရွှေဂျမ်း said...

မင်္ဂလာနှစ်သစ်ပါ မမေရေ။ အစစအရာရာ အဆင်ပြေပါစေနော်။ မမေရဲ့ ကဗျာလေးထဲကလိုပဲ ကောင်းတဲ့နိဒါန်းတွေနဲ့ အတိပြီးတဲ့ ၂၀၀၈ခုနှစ် ဖြစ်ပါစေလို့ ဆုတောင်းနေပါတယ်။

Ka Daung Nyin Thar said...

မင်္ဂလာ နှစ်သစ် ၂၀၀၈ ပါ ခင်ဗျာ

မြရွက်ဝေ said...

မမေလိုဘဲ နှစ်သစ်ကို ငြိမ်းချမ်းသာယာပြီး မင်္ဂလာ ရှိသော နှစ်သစ်ဖြစ်စေချင်ပါတယ်။

ကိုပေါ said...

ကဗျာလေးက လှလိုက်တာ။
နှစ်သစ်က စလို့ ကျန်းမာရွှင်လန်းပါစေ.....

မေပျို said...

မမေရေ ကဗျာလေးက အရမ်းကောင်းတာပဲ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်။ လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ။

မေပျို said...

ကဗျာလေးက ကောင်းတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်။ မမေ လိုချင်တာ မှန်သမျှလည်း ပြည့်ဝပါစေ။

Anonymous said...

မမေဓာဝီ.... ပျော်ရွှင်နှစ်လိုဖွယ်ရာကောင်းသော အခိုက် အတန့်နေ့ရက်များဖြင့် ပြည့်စုံမင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ် ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ...။

thamudayanwe said...

မမေရေ..ကောင်းလိုက်တဲ့ ကဗျာတွေ..
ကောင်းလိုက်တဲ့ အတွေးနဲ့ အရေး..
မမေကဗျာလေးထဲက လို ၂၀၀၈မှာ မမေအပါအ၀င် အားလုံးပျော်ရွှင်ကြပါစေ..
မျှော်လင့်ချက် အသစ်တွေနဲ့ အားမာန်တွေ ၂၀၀၈ မှာဆက်လက် မွေးဖွားနိုင်ကြပါစေ..။

တန်ခူး said...

WOW...ဘာလို့ဒီလောက်ရေးတတ်ရတာလဲ
မေရေ...အပြာရောင်နိဒါန်းနဲ့ငြိမ်းချမ်းသောနှစ်သစ်ဖြစ်ပါစေ