Saturday, October 03, 2009

ဒီအချိန်ဆို ... (၃)

ဒီအချိန်ဆို ...
တိမ်ညိုကိုခွင်း
ဖိုးလမင်းလျှင်
ထိန်လင်းထွန်းပ
ကိုယ်ထင်ပြလျက်
ပွဲတော်ရက်ကို
အကြိုထွက်ကာပင် ရှိစေချင်သည်။

ဒီအချိန်ဆို ...
ရောင်ရှိန်လျှံညီး
ထွန်းဆီမီးဖြင့်
မြို့ကြီးရွာငယ်
အသွယ်သွယ်မှာ
တကယ်ဖြာဝင်း
လင်းလင်းထင်ထင် မြင်စေချင်သည်။

ဒီအချိန်ဆို ...
ရွှေအိုရောင်လွှမ်း
စေတီနန်းမှာ
ရဟန်းသံဃာ
ပို့မေတ္တာဖြင့်
သာယာဝေဖြာ
မင်္ဂလာပြည့် ကြားစေ့ချင်သည်။

ဒီအချိန်ဆို ...
မြို့တော်အိုမှာ
ရန်ပြိုကွယ်ပ
ဘေးမခဘဲ
သောကခပ်သိမ်း
ချုပ်ပျောက်ငြိမ်းကာ
ချမ်းသာပျော်ရွှင် ဖြစ်စေချင်သည်။

ဒီအချိန်ဆို ...
ပွဲတော်ကိုလွမ်း
အိမ်ကိုတမ်းတ
မျှော်မှန်းဆရင်း
မိဘဆွေမျိုး
လက်စုံမိုးလျက်
ရှိခိုးကန်တော့
အပြစ်လျော့ကြောင်း
ကျွန်ဆုတောင်းကာ
ဌာနေဟောင်းကို အောက်မေ့သည် … ။ … ။
***
မေဓာဝီ
၃၊ အောက်တိုဘာ၊ ၂၀၀၉
သီတင်းကျွတ်လပြည့်နေ့
၀၈း၁၉ နာရီ

ဒီအချိန်ဆို (၁)
ဒီအချိန်ဆို (၂)

22 comments:

pandora said...

ဒီအချိန်ဆို ဒီအချိန်ဆို
ဒီအချိန်ရောက်တိုင်း မမေ ကဗျာလေးတစ်ပုဒ် စပ်တော့မယ်လို့ ထင်မိသားလေ။
အတူတူလိုက်လွမ်းသွားတယ်။
ဟိုကလူတွေလည်း ဒီအချိန်ဆို ငယ်ငယ်တုန်းက ကာလတွေလို ပျော်ရွှင်ပေါ့ပါးနိုင်ကြသေးရဲ့လားလို့တော့ တွေးမိတယ်။

ကိုပေါ said...

မီးထွန်းပွဲတော်..ပျော်စရာပေါ့။

ဒီနေ့က အင်္ဂလိပ်လို ကျနော့်ရဲ့ တကယ့်မွေးနေ့ဗျ...း-)
ဗမာလိုကတော့ သီတင်းကျွတ်လဆန်း ၁၄ ရက်ပေါ့။ အလင်းရောင်ရဲ့ ရှေ့ပြေးအနေနဲ့ မွေးခဲ့သူပီပီ ကိုယ်ရောင်ကိုယ်ဝါကတော့ ဓါတ်ပုံထဲမှာ မြင်တဲ့အတိုင်းပါပဲ...ဟဲဟဲ။

Ko Min Htet said...

မေဓာဝီတို့ကတော့လုပ်ပီ၊ အိမ်လွမ်းနေရတဲ့အထဲ အိမ်တမ်းကဗျာတွေ သီနေပြန်ပြီ။

ကိုလူထွေး said...

သူရေးတာဖတ်မိတော့မှ
လွမ်းသလိုလို
ဆွေးသလိုလို
အကြွေးတွေကိုတွေးမိရင်း
အတွေးတွေလည်းပိုရပေါ့...

yangonthar said...

အစ်မမေရေ
မွေးရာဌာနဟောင်းကို တကယ် လွမ်းနေမိတယ်
ကဗျာလေး ဖတ်ရတော့ ပိုလွမ်း သွားသလိုပဲ
ကဗျာလေး လှပုံက နူးညံ့လိုက်တာ
လေးစားလျှက်
ရန်ကုန်သား :)))
မင်္ဂလာ အပေါင်းနဲ့ ပြည်စုံတဲ့ သီတင်းကျွတ် အခါသမယပါ အစ်မမေ ....

Nge Naing said...

ကဗျာလေးကို ဖတ်ပြီး မွေးရပ်မြေကို တကယ်ပဲ လွမ်းမိတယ်။ မြင်ယောင်မိတယ်။

ကိုအောင် said...

ကဗျာ လာဖတ်သွားတယ် မမေဓါဝီ၊ ကဗျာထဲက
အတွေးတွေကောင်းတယ်ဗျာ၊ ဆုတောင်းတာတွေလည်း
ကောင်းပါတယ်၊ အားပေးလျက်ပါ။

Anonymous said...

မြင်စေ့ ကြားစေ့ ဖြစ်စေ့ချင်ပါတယ်..

:P said...

လွမ်းမိပါတယ်.. မနက်က ဖုန်းဆက်ကတည်းက လွမ်းနေတာ ..အိမ်ကို

ရေတမာ said...

မနေ့က မိုးရွှာနေတာ ငွေလ၀န်းကြီးမမြင်ရပေမယ့် ဒီနေ့ မကြီးကဗျာတွေ့တော့ ငွေလမင်းကြီးလိုပါပဲ။
အိမ်ကို ပြန်တောင်လွမ်းသွားပြီ။ ငယ်ငယ်က ဘ၀တွေကို သတိရသွားတယ်။ ကဗျာကို တော်တော် သဘောကျတယ်။

အစစအရာရာအဆင်ပြေပါစေ အမမေဓါဝီရေ

ရွက်လွင့်ခြင်း said...

အခုမှ လာဖတ်ဖြစ်တာပါ
အလုပ်တွေ ရှုပ်နေလို့ လေ
ဖတ်ပြီးတော့ လွမ်းသွားပါသည်

မေ့သမီး said...

ဘယ်လိုပဲ ကိုယ့်မြေကိုဝေဖန်ကြပါဆို။ အဲဒီလိုမျိုး ဒီအချိန်ဆို ဆိုတာတွေကိုတွေးမိရင်ပဲ အပြေးပြန်ချင်မိတယ်။

Kelvin said...

Hi Ma Maydar Wii,

May I ask your permission to access http://ahbidhamma.blogspot.com/? I'm interested to learn ahbidhamma from basic. I'm really interested and kindly let me join that blog. My email is kelvin1517@gmail.com

Thanks and regards
Kelvin

ကလူသစ် said...

လွမ်းနေသလား။ အလည်မပြန်ဘူးလားဗျ။

တန်ခူး said...

ခံစားချက်တွေ ထပ်တူမို့  မေ့ကဗျာလေးဖတ်ပြီး ရင်ထဲဆို့ နင့်နင့်ကြီး… မေရေ… ဒီအချိန်မှာ ဒီမေဒီဖေဒီဆွေဒီမျိုးတွေနဲ့  ဒီနိုင်ငံမှာ အပျော်တွေ လွှမ်းလို့  အလွမ်းတွေ အမြန်ဝေးပါစေလို့ …

ကိုလူထွေး said...

ပြတင်းပေါက်က မိုးစက်တွေက မျက်ရည်စက်တွေဆိုတာ အခုမှသိတော့တယ်...

အလွမ်းတလှည့် ရာသီဘွဲ့
ပြီးဆုံးတဲ့အခါ လူပျိုကညာ
တွေ့စေလေ့ ... တွေ့စေလေး။

းဝ)

အိမ့်ချမ်းမြေ့ said...

မမေ........

မလေး တက်ဂ်ထားတယ်...

အိမ့်ချမ်းမြေ့ said...

မမေရေ...
အချိန်မရှိတဲ့ ကြားက သီချင်းလေး တင်ပေးထားတာ ကျေးဇူးပါ..

ကြယ်တွေစုံတဲ့ ည ကတော့ ငိုတောင် ငိုချင်သွားတယ်။ ခံစားနားလည်ပေးပါတယ်မမေ.. မလေး ဒီရောက်ခါစကလည်း အဲသလိုပဲ။ အနေကြာတော့ နည်းနည်းသက်သာလာပေမယ့် သီချင်းကြားတော့ အရင်တုန်းက ရက်တွေကို ပြန်သတိရသွားတယ်။

သဘာဝရဲ့ ရင်သွေးငယ်ကတော့ အရင်က မကြာမကြာဆိုဖြစ်တယ်။ လမ်းအဆုံးကိုလည်း အရမ်းကြိုက်ပါတယ်။

လွမ်းတယ်.. မြန်မာပြည်ကို...

AZURE said...

မဖတ်ဖြစ်တာကြာလို့..အခုမှ ပဲပြန် လာဖတ်ဖြစ် တယ်အစ်မရာ..။ကဗျာလေး.အရမ်းသဘောကျပါတယ်။လွမ်းဆွတ်ခြင်းမှ ကင်းဝေးပါစေအစ်မရေ..။

လေးစားစွာဖြင့်..

ကိုလူထွေး said...

သရဲကဗျာ အခုမှတွေ့လို့ ဖတ်ရတယ်...
ဘာလို့များ ပိုစ့်အသစ်တပုဒ်အဖြစ် မတင်တာပါလိမ့်...

"တလွလွလွင့်" ဆိုတဲ့ အသုံးလေးက တယ်နုတာပဲ...

"ကုန်ခဲလွန်းလှ
သန်းခေါင်ည၀ယ်
ကြယ်ရိပ်မလင်း
လမင်းမရှိ"

"အိုဘယ့် ငွေလမင်း
ရေလွှာပေါ်မှာလင်း
ပင်လယ်ရေသောက်ဆင်း"

းဝ)

မြစ်ကျိုးအင်း said...

ဓလေ့ရိုးရာပွဲတော်လေးတွေရောက်တိုင်း လွမ်းဆွတ် သတိရမိပါတယ်

ဇော် said...

ဒီအချိန်ဆို ....
ကြိုက်လိုက်တာ ..