Sunday, April 01, 2007

ဧပြီဦး .. ဧပြီထူး .. ဧပြီ အရူး …


ဧပြီဦး …
ဒီနေ့ဟာ ဧပြီလရဲ့ ပထမဦးဆုံး နေ့…
သစ်လွင်ခြင်း လန်းဆန်းခြင်းတွေနဲ့အတူ …
ပြက္ခဒိန်တရွက် လှပ်လိုက်တော့ …
ကျန်ခဲ့တဲ့လ အတွက် … စိတ်မကောင်း ဖြစ်မိတယ် …
နေခဲ့တော့ကွယ် … ။


ဧပြီထူး …
ထူးခြားစွာပဲ … ဧပြီ ၁ ရက်ဟာ တန်ခူးလပြည့် ဖြစ်လို့နေတယ်။
ထူးခြားစွာပဲ … ဧပြီလ တလထဲမှာ လပြည့် နှစ်ခါ ကြုံတယ်။
အမြဲမသာနိုင်တဲ့ လမင်းလည်း …
ဒီတလမှာတော့ လမင်း ၂ ခါ သာအုံးမယ် …
နေမင်း အလင်းရောင်နဲ့မှ လင်းရရှာတဲ့ …
လမင်းငယ်ငယ် … ။

ဧပြီရူး …
ဧပြီ ၁ ရက်နေ့ဟာ April Foolနေ့တဲ့ …
သူ့သမိုင်း ဘယ်လိုရှိသလဲ မတွေးချင် … မသိချင် …
ဒီနေ့အဖို့မှာတော့ …
ကိုယ်တိုင် တယောက်ထဲ
ရူးသွပ်သွားခဲ့တယ် … ။
***
1st April, 2007
11:30 am

1 comment:

နတ္ထိ said...

“ ဦး ထူး ရူး” ကောင်းပါတယ်ဗျာ။