Monday, December 25, 2006

ခရစ်စမတ်ဆုတောင်း …


မြန်မာဘလော့လေးတွေဆီ အလည်သွားရင်း ခရစ်စမတ်အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။
အားလုံးဆီတော့ မရောက်ခဲ့ဘူး .. တချို့ဘလော့တွေထဲ ၀င်လို့မရ၊ တချို့က အိမ်ပြောင်းသွား၊ တချို့ဘလော့တွေကျတော့လဲ အိပ်ပျော်နေကြတယ်။
ဝင်လို့ရသလောက် လျှောက်သွားပြီး သီချင်းတွေနားထောင် … စာလေးတွေဖတ် .. အရုပ်လေးတွေကြည့် .. မုန့်လေးတွေစား .. ပျော်စရာကောင်းလိုက်ပုံများ ….
အလုပ်မလုပ်ဘဲ အမြဲ အဲဒီလို လျှောက်သွား နေရရင် သိပ်ကောင်းမယ် …
အလုပ်ဆိုတဲ့ နှောင်ကြိုးကြီး တန်းလန်း တန်းလန်းနဲ့ဆိုတော့… လျှောက်သွားရတာလဲ နောက်ဆံက တငင်ငင်နဲ့မို့ သိပ်တော့ မပျော်ရပါဘူး။
ဒါပေမဲ့လည်း ဘလော့တော်တော်များများတော့ ရောက်ဖြစ်သွားတယ် ….
ရောက်ပြီး ဆုမတောင်းခဲ့ရတဲ့ ဘလော့တွေလဲ ရှိပါတယ် …
စီဘောက်စ် ရှိတဲ့ဘလော့တွေက ရေးဖို့လွယ်ပြီး စီဘောက်စ်မပါတဲ့ ဘလော့တွေကျတော့ ကွန်မန့်ထဲ တခါဝင်ဖို့ သိပ်မလွယ်လှလို့ပါ။
အားလုံးကို ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ် …
မြန်မာဘလော့ဂါများ အားလုံး …ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့လေးဖြစ်ပါစေ … စည်းလုံးညီညွတ်စွာနဲ့ ချစ်ကြည် ရင်းနှီးနိုင်ကြပါစေ …
မြန်မာပြည်မှာရှိနေသော/မြန်မာပြည်နှင့် ခွဲခွါနေရသော မြန်မာပြည်သူပြည်သား အားလုံး …ပျော်ရွှင် ချမ်းမြေ့ကြ ပါစေ …
ကမ္ဘာသူကမ္ဘာသား အားလုံး ငြိမ်းချမ်းကြပါစေ …
***
မေတ္တာဖြင့်
မေဓာဝီ
၂၅.၁၂.၀၆
ညနေ ၄ နာရီတိတိ

9 comments:

Anonymous said...

Merry Christmas & Happy New Year to you too!!

Ei said...

ဟေးရုံးနှစ်ရက်ပိတ်တာ ဖတ်စရာတွေအများကြီးပဲ အကုန်လျှောက်ဖတ်လိုက်ဦးမယ် အရင် ကျေးဇူးပဲမမေ X'ms Wish အတွက်။အိကတော့ နောက်ကျနေပြီ Merry X'mas & Happy New Year Ma May

sisain said...

မမေ- ခရစ်စမတ်ဆုတောင်းလေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ။
မမေ-ဘလော့ခ်ကလေးမှာက စီဘောက်စ်မရှိတော့ ရှေ့ရက်တွေကရောက်ပြီး ဘာမှမပြောခဲ့ရတာပါ။
ခုဒီပို့စ်လေးကိုတွေ့တော့ ဒီမှာကော့မက်ရေးရင်း နှုတ်ဆက်သွားလို့ရတာပေါ့-
ကျနော့်စီဘောက်စ်မှာ ခရစ်စမတ်နှုတ်ဆက်သွားတဲ့အတွက်လည်း နောက်ထပ်တစ်ခါကျေးဇူးပါ။
ကောင်းသောနေ့ရက်များနဲ့ နှစ်သစ်မင်္ဂလာ မမေ-အတွက် ဖြစ်ပါစေဗျာ။

Anonymous said...

ခရစ်စမတ်နေ့ကို ဆုတောင်း ပြီး

ကဆုန်လပြည့်နေ့ကို တော့ မေ့မထားနဲ့....

မြန်မာတော်တော်များများက အဲဒါကိုမေ့နေကြတယ်။

အဲဒါမကောင်ူးး..

မေဓာဝီ said...

မမေ့ပါဘူးရှင် …
ဗုဒ္ဓဘာသာရဲ့ အခါတော်နေ့အားလုံးကို သိနေသလို သတိလည်းအမြဲရနေပါတယ်။
ကျမ ဒီဇင်ဘာ ၂၂ ရက်နေ့က ရေးခဲ့တဲ့ မေတ္တာအခါတော်နေ့ အကြိုဆုတောင်းဆိုတဲ့ ပို့စ်ကို ပြန်ဖတ်ကြည့်လိုက်ပါ။
ခရစ်ယာန်မဟုတ်သော်လည်း မေတ္တာရှင် ခရစ်တော်မွေးဖွားတဲ့နေ့ကို ဆုတောင်းပေးတာ အပြစ်တော့မဖြစ်လောက်ဘူး ထင်ပါရဲ့။
ကျမရဲ့ သဘောကတော့ မည်သည့်ဘာသာဝင်မဆို မေတ္တာထားကာ ဆုတောင်းပေးခြင်းသည် ကောင်းသောအလုပ်လို့ ယူဆတဲ့အတွက် ခုလိုဆုတောင်း လိုက်ရခြင်းပါ။
မည်သို့ပင်ဖြစ်စေ …..
ခုလို သတိပေးခြင်းကို ကျေးဇူးတင်ပါ၏။

generation96 said...

ဆုတောင်းတွေ အတွက် ကျေးဇူးပါ မမေဓာ။ ပျော်ရွှင်ဖွယ်အားလပ်ရက်များ ဖြစ်ပါစေ။

generation96 said...
This comment has been removed by a blog administrator.
မေ said...

အစ်မရေ
ဆုတောင်းအတွက်ကျေးဇူးပါ။ အစ်မလဲ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး စာများများရေးနိုင်ပါစေနော်။

ကလိုစေးထူး said...

အပေါ်ကလူတွေ အားလုံးထက် ကျနော်က စောစီးစွာ ဆုတောင်းထားတာ ကြာပြီ။ သီချင်းတောင် ရေးလိုက်သေး။ (ရန်စမှပဲ.. :P) ။
မေတ္တာရှင် ခရစ်တော်ရဲ့ မွေးနေ့မှာ ခြားထားတဲ့ စည်းတခုကို မမြင်ချင်ယောင်ဆောင်ပြီး မေတ္တာရှေ့ထား ဆုတောင်းကြတာပေါ့။ အားလုံး ပျော်ရွှင်သော ခရစ်စမတ် ဖြစ်ပါစေ။