Thursday, September 14, 2006

မီးမရှိတဲ့နေ့ရက်များ

ခုတလော မီး ခဏခဏပျက်နေပြန်တယ်။ ခဏလာလိုက် ပြန်ပြတ်သွားလိုက်။
လာပြန်ရင်လည်း မီးအား အပြည့်မရလို့ အဲကွန်းဆေ့ဖ်ဂတ်က နီသွားလိုက် ..
ကွန်ပျူတာ ယူပီအက်စ်က ထ အော်လိုက် ..
ဒါနဲ့ပဲ .. မနေ့က ဘာစာမှတောင် မတင်ဖြစ်လိုက်ဘူး။
ရာသီဥတုကလည်း ခုတလောပူတယ်။
နေလို့ ထိုင်လို့ တယ်မကောင်းလှဘူး။
ဒီရက်ပိုင်း လှုပ်ရှားမှုနည်းနေလို့ မနက်စောစော လမ်းထလျှောက်မယ် စိတ်ကူးပြီး စောစော အိပ်ရာဝင်ပေမဲ့ မနက်စောစော မထဖြစ်ဘူး။ မိုးတဖြောက်ဖြောက်သံကြောင့် ဒီနေ့တော့ မလျှောက်သေးပါဘူးလေ ဆိုပြီး ပြန်အိပ်ပစ်လိုက်တယ်။
စိတ်ကူးသမျှ ဖြစ်မလာ ..ပြောသမျှ အလကား … လုပ်သမျှ တလွဲ .. .. ရေးသမျှ အသုံးမ၀င် ..
ကိုယ်ကိုယ်တိုင် ဘာလုပ်ချင်လို့ လုပ်ချင်မှန်းတောင် မသိတော့ဘူး .. ။
ဒါနဲ့ပဲ … ဘာမှ မလုပ်တော့ဘဲ ..
မီးမရှိတဲ့ အမှောင်ခန်းလေးထဲ ငုတ်တုတ်ထိုင်ရင်း သီချင်းတွေသာ ဆိုနေမိတော့တယ်။

2 comments:

NLS said...

အမကြီးက ဒီမှာ တိတ်တိတ်လေး ပုန်းနေတာကိုး။ ဟဲဟဲ။

မေဓာဝီ said...

ဘယ်လိုလုပ် သိသွားပါလိမ့် ..
တော်လိုက်တဲ့ မောင်လင်းဆက် ..