Thursday, August 13, 2009

ငါက ... လူ

လွန်ခဲ့တဲ့ ၃ နှစ်နီးနီး ဘလော့ရေးခါစက တင်ခဲ့ဖူးတဲ့ အဖေ့ကဗျာလေးတပုဒ်ပါ။ အခုအချိန်မှာ အဲဒီကဗျာလေး သတိရမိတာနဲ့ ရှာပြီး ပြန်တင်လိုက်ပါတယ်။ တရုတ်စာရေးဆရာ လူရွှန်းရဲ့ ကဗျာကို ဘာသာပြန်ပြီး ရေးတဲ့ကဗျာလို့ အဖေပြောပြဖူးပါတယ်။ ဒီနေရာမှာ တင်ခဲ့ဖူးတယ်။
***
ငါက လူ

လူဝင်ပေါက်များ၊ ပိတ်ဆို့ထားသည်
ခွေးများဝင်ပေါက်၊ ဒိုးယိုပေါက်။

လွတ်လမ်းမျှော်လျက်၊ ငါ့အတွက်မူ
ဝင်ထွက်စရာ၊ မမြင်ပါသော် …
ဟစ်ခေါ်မိန့်မြွက်၊ အသံနက်က
“လေးဘက်ကုန်းထောက်၊ ခွေးတိုးပေါက်မှ
တောက်လျှောက်ဝင်ခဲ့၊ လွတ်လမ်း” တဲ့ ။

အို .. အသံနက်၊ သင့်စေချက်ကို
ငါလက်မခံ၊ အဓိဋ္ဌာန်သံမဏ်
ငါ့တွင်ရှိသည်၊ သတ္တိစိုက်ထူ
ငါက .. လူ။

ဤမြေပထ၀ီ၊ ချော်ရည်ဆူပွက်
ပက်ကြားအက်၍၊ ငါအိပ်စက်ရာ
မသာခေါင်းထက်၊ လောင်မီးဆက်၍
ဟက်တက်ကွဲပေါက်၊ အချိန်ရောက်က
ဝင်ပေါက် လူ့လမ်း ပွင့်လိမ့်တကား .. .. ..
ထွန်းတောက် နေမင်း လင်းလိမ့်တကား .. .. .. ။ ။

4 comments:

ကိုလူထွေး said...

အဖေ့ဆီက ပညာကုန်ရတာ ကောင်းပါ့ဗျာ...
ကဗျာတွေ အများကြီး သွားရှာတွေ့တယ်...
ကောင်း၏... ကောင်း၏

းဝ)

မေ့သမီး said...

ကောင်းလိုက်တဲ့ကဗျာ အမ။ အဖေ့ကဗျာကိုဝေမျှပေးလို့ ကျေးဇူးနော်။

တန်ခူး said...

မေရေ… ထားသင့်တဲ့ လူ့ မာနလေးကို ရေးပြသွားတာ ကောင်းလိုက်တာနော်…အဖေတူသမီးမေပါပဲ…

pandora said...

အလွတ်ကျက်ထားရမယ့် ကဗျာတစ်ပုဒ်ပါ
လေးစားစွာဖြင့်..။