ကျမတို့ငယ်ငယ်တုန်းက ညနေတိုင်း ဘုရားဝတ်တက်ကြရင် အဒေါ်တယောက်က တိုင်ပေးပြီး ကလေးတွေ အားလုံး နောက်က လိုက်ဆိုကြရတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အလွတ်ရသွားတဲ့အခါ ပြိုင်တူ ဆိုကြတယ်။ စာကောင်းကောင်း ဖတ်တတ်လာတဲ့ အချိန်မှာတော့ ဘုရားစာအုပ်ထဲက ပါဠိတွေကို မတတ်တတတ် မ၀ံ့မရဲနဲ့ပဲ ရွတ်ဖတ်ခဲ့ရတယ်။ ပရိတ်၊ ပဋ္ဌာန်းတို့လို အိမ်မှာ အမြဲဖွင့်နေကျ ဘုရားစာမျိုးကိုတော့ နားယဉ်နေတဲ့ အသံထွက်တွေနဲ့ မှန်းပြီးတော့သာ ရွတ်ခဲ့ရတယ် ပါဠိဖတ်နည်းရယ်လို့ သေချာ မသိခဲ့ပါဘူး။
ဆယ်တန်းအောင်ပြီး ကျောင်းပိတ်ထားချိန် ဗိုလ်တထောင်ဘုရားက မြတ်ရတနာ ဆရာကြီး ဦးမြသောင်းထံမှာ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးမှုက စပြီး ဘာသာရေး သင်တန်းတွေ တက်တော့မှ ဆရာကြီးသင်ပေးလို့ ပါဠိဖတ်နည်းကို သေချာဂဏ သိခဲ့ရတယ်။ ဒီ့နောက်မှာတော့ အဖေက ဆရာကြီး သင်ပေးတဲ့နည်းကို အခြေပြုပြီး အနည်းငယ် ထပ်ဖြည့်ကာ အခြေခံ ပါဠိဖတ်နည်း အကျဉ်းကို သူစီစဉ် ထုတ်ဝေတဲ့ “ပရိတ်ကြီး (၁၁) သုတ် အသံထွက် ရွတ်ဖတ်နည်း” စာအုပ်ရဲ့ ရှေ့ဆုံးမှာ ထည့်သွင်း ရေးသား ဖော်ပြခဲ့ပါတယ်။

တကယ်တော့ ပါဠိဆိုရင် ဘုရားစာထဲမှာသာပါပြီး ဗုဒ္ဓဘာသာနဲ့သာ ဆိုင်တာ မဟုတ်ပါဘူး။ မြန်မာက မွေးစားပြီး မြန်မာစကားအဖြစ် နေ့စဉ် အသုံးပြုနေတဲ့ ပါဠိ ဝေါဟာရတွေ အများကြီးပါ။ ဒီအခြေခံ ပါဠိဖတ်နည်းကို သိထားရင် ပါဠိ အသံ ထွက်ရာမှာရော စာရေး/ စာရိုက် ရာမှာပါ အသုံးဝင်တာမို့ အဖေ့စာအုပ်ထဲက အခြေခံပါဠိ ဖတ်နည်းကို စကန်တင်ပြီး ဖော်ပြလိုက်ပါတယ်။ ပါဠိ ဖတ်ရာ ရေးရာမှာ အခက်အခဲ ရှိသူများ အတွက်သာလျှင် ဖြစ်ပါတယ်။ တတ်သိကျွမ်းကျင် နားလည်ပြီး သူများအတွက် မဟုတ်ပါရှင်။

မေဓာဝီ
၁၀၊ သြဂုတ်၊ ၂၀၀၉
၁၁း၃၀ နာရီ
ကိုးကား။ ။
ပရိတ်ကြီး (၁၁) သုတ် အသံထွက် ရွတ်ဖတ်နည်း - ဦးမောင်မောင် (ဟံသာဝတီ)
6 comments:
နောက်ဆုံး ဇယားရဲ့ အိ,အု အသံထွက်ကို ပြရာမှာ ( -ိတ်/-ုတ် ) ( -ိန်/-ုန် ) လို့ ဆိုရင် ပိုရှင်းမယ်လို့ ထင်မိတာပဲ။ ၀ီရိယစိုက် တင်ပြပေးတာ တန်ဖိုးရှိပါတယ်။
Thanks for great information.
ကူးသွားပြီနော် ...
တတ်သိကျွမ်းကျင် နားလည်ပြီး သူများအတွက် မဟုတ်ပါရှင်... ဆိုပြီးတော့
လူပြိန်းနားလည်အောင် ဆရာမကြီးက သင်ပေးမှာလား အောက်မေ့ပါတယ်...
အခုတော့ အတန်းထဲမှာ ဆရာစာသင်နေတုန်း အိပ်ငိုက်တဲ့ ကျောင်းသားလို ဖြစ်ပြီး ပြန်သွားရပြီ။
းဝ)
တန်ဖိုးရှိတဲ့ ပိုစ့်တစ်ပုဒ်ပါ
တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ကျေးဇူးကြီးလှပါတယ်
Post a Comment