ဒီကဗျာလေးက တရုတ်စာရေးဆရာကြီးလူရွှန်းရဲ့ ကဗျာကို ဘာသာပြန်ထားတာလို့ အဖေ ပြောပြပါတယ်။
ဒီကဗျာကို အဖေဟာ ၁၉၇၃ ခုနှစ်လောက်က ရေးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၇၃ ခုနှစ်က အဖေ၀ယ်ထားတဲ့ ယောနသန်ဇင်ယော် စာအုပ်လေးမှာ ဒီကဗျာလေးကို အဖေ့လက်ရေးနဲ့ ရေးထားတာ တွေ့ရလို့ပါပဲ။ အဖေ့ရဲ့ ကဗျာတွေထဲမှာ ဒီကဗျာကို အနှစ်သက်ဆုံးမို့ .. .. .. တင်လိုက်ပါတယ်။
***
ငါက လူ
လူဝင်ပေါက်များ၊ ပိတ်ဆို့ထားသည်
ခွေးများဝင်ပေါက်၊ ဒိုးယိုပေါက်။
လွတ်လမ်းမျှော်လျက်၊ ငါ့အတွက်မူ
ဝင်ထွက်စရာ၊ မမြင်ပါသော် …
ဟစ်ခေါ်မိန့်မြွက်၊ အသံနက်က
“လေးဘက်ကုန်းထောက်၊ ခွေးတိုးပေါက်မှ
တောက်လျှောက်ဝင်ခဲ့၊ လွတ်လမ်း” တဲ့ ။
အို .. အသံနက်၊ သင့်စေချက်ကို
ငါလက်မခံ၊ အဓိဋ္ဌာန်သံမဏ်
ငါ့တွင်ရှိသည်၊ သတ္တိစိုက်ထူ
ငါက .. လူ။
ဤမြေပထ၀ီ၊ ချော်ရည်ဆူပွက်
ပက်ကြားအက်၍၊ ငါအိပ်စက်ရာ
မသာခေါင်းထက်၊ လောင်မီးဆက်၍
ဟက်တက်ကွဲပေါက်၊ အချိန်ရောက်က
ဝင်ပေါက် လူ့လမ်း ပွင့်လိမ့်တကား .. .. ..
ထွန်းတောက် နေမင်း လင်းလိမ့်တကား .. .. .. ။ ။
Subscribe to:
Post Comments (Atom)
1 comment:
Excellent! That's what everyone who's under oppressions like Burmese Ludu should feel. May we know the name or pen name of the poet (your Father), please?
Can we post it at a website?
Post a Comment