
လူတို့သည် တရားကင်းမဲ့ကြကုန်၏။
မင်းတို့သည် တရားသဖြင့် အုပ်ချုပ်ခြင်း မရှိကြကုန်။
သတ္တ၀ါတို့သည် အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ကြကုန်၏။
စစ်လက်နက်တို့ တိုးတက်ဖြစ်ထွန်း၍ ခိုက်ရန် စစ်မက် အချင်းချင်း သတ်ဖြတ် ကြကုန်၏။
ထိုကာလ၌ …
မိုးတို့သည် အခါမဟုတ် သည်းထန်စွာ ရွာသွန်းကုန်၏။
ရွာချိန်သင့်ရာ အခါကာလ၌ မရွာသွန်းလတ် မိုးခေါင်တတ်ကုန်၏။
မြေတို့သည် အဆီအနှစ် မဖြစ်မထွန်း ခမ်းခြောက်လွန်းကာ သီးနှံရိက္ခာ ရှားပါးကြကုန်၏။
သတ္တ၀ါများမှာ ရောဂါဘယ ထူပြောလှလျက် သက်တမ်းမစေ့မီ ကြွေလွင့်ကြကုန်၏။
ထိုကာလ၌ …
သူတော်ကောင်းတို့ တိမ်မြုပ် သူယုတ်တို့သာ ထင်ပေါ်ကြကုန်၏။
မကောင်းသူပယ် ကောင်းသူကယ်သော လောကပါလာ ဒေ၀တာတို့ ဥပေက္ခာပြု လစ်လျူရှုကြကုန်၏။
…. … …. …. …. …. ….
…. … …. …. …. …. ….
…. … …. …. …. …. ….
ထိုသောအခါ ...
ဝသုနြေ္ဒ ကမ္ဘာမြေကြီးသည် နာကျည်းငိုရှိုက် သည်းခိုက်စွာ တုန်လှုပ် လေကုန်တော့ သတည်း။
7 comments:
ကမ္ဘာမြေက သစ္စာမရှိတော့ဘူးဗျ၊ ဒေ၀ဒတ်ကျတော့ မြေ
မျိုပြီးတော့ ... မောင်သန်းရွှေကျတော့ ဒီအတိုင်းထား
တယ်၊ မမေဓါဝီရဲ့ ကဗျာက ကောင်းပါတယ်၊ အားပေး လျက်ပါ။
အဲဒါကြောင့် ဖြစ်မယ်။ ဒီနေ့ ရန်ကုန်မှာ ငလျင်လှုပ်သွားသဗျ။ မင်းကောင်းမင်းမြတ်တွေ အုပ်စိုးနေလို့ ထင်ပါ့။
မြတ်စွာဘုရားက ပထဝီမြေကြီးကို တိုင်တည်ပြီး သစ္စာပြုအပ်သောအခါဝယ် မာန်နတ်သည် ရှိုက်ကြီးတငင် ငိုကျွေး ဝေးရာသို့ ထွက်ပြေးခဲ့ရလေအိ။
မာန်နတ်အစ အောင်ခြင်း ၈ ပါးကို အောင်နိုင်တော်မူခဲ့သော ဗုဒ္ဓမြတ်ဘုရားသည် ထိုကာလ၌ ထိုအရပ်သို့ရောက်သောအခါ အကျယ်ချုပ်ဟုဆိုအပ်သော အကျဉ်းထောင်တွင် အချိန်အကန့်အသတ်မရှိ သီတင်းသုံး စံမြန်းရလေတော့သတည်း...
မမေကလုပ်ပြီ
ကိုအောင် ... ၀သုနြေ္ဒနတ်မင်းက စောင့်ကြည့်နေပါတယ်။ မကြာပါဘူး။ အလှည့်ကျတော့မှာပါ။ :)
ကိုပေါ ... အဲဒီမနက်က ကြားရတဲ့ သတင်း ၂ ပုဒ်ကြောင့် ဒီစာကို ရေးဖြစ်ခဲ့တာပါ။
ကိုလူထွေး ... ၀ဋ်ကြွေးပါလာရင် ဘုရားတောင်မှ ရှောင်လွှဲ မရပါဘူး။ အတိတ်ကံဆိုတာ ကိုယ်မြင်ရတာမှ မဟုတ်ဘဲလေ။
အမည်မဲ့ ... မမေ ဘာမှ မလုပ်ပါဘူး။ :)
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီပို့စ်လေးနဲ့ ဒီပုံလေးနဲ့ အရမ်းလိုက်တယ် အမ။ ဒင်းတို့က အ၀ီစိသွားမယ့်လူမိုက်တွေဆိုတော့ ငလျင်လှုပ်ပြလည်း ကြောက်တတ်ပါ့မလားတောင် မသိဘူး။
အင်းးးးးးးးးးးးးး
Post a Comment