ကိုအောင် (ပျူနိုင်ငံ) တက်ဂ်လို့ ရေးပါတယ်။
***
ပစ္စုပ္ပန်မှာ ... ***
တွေးနေမိတာက
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာကဆင်ခြင်တုံတရား မရှိသူကျန်းမာရေး(၁)
မျက်စိတွေေ၀၀ါး (ညဘက် ဦးရီးတော်နဲ့ စာသင်ချိန်ဆို မျက်စိတွေက ၀ိုးတိုးဝါးတားဖြစ်ပြီး စာတွေကို မမြင်ရတော့ဘူး။)
(၂)
နှာရည်ယိုရွှဲ (စာသင်ရင်း တ၀ှါးဝှါး သမ်းရလွန်းလို့ နှာရည်တွေ တရွှတ်ရွှတ်နဲ့)
(၃)
အသံဝင် သလိပ်ကပ် (စာကို အသံထွက်ဖတ်ရတော့မယ်ဆိုရင် သလိပ်ကပ်သလိုလိုဖြစ်ပြီး အသံက မထွက်တော့ဘူး။)
အဲဒါကလွဲရင် ကျန်တာတွေ အကုန်ကောင်းပါတယ်။ဖတ်ဖြစ်တဲ့ စာအုပ်တွေက
(၁)
The path of purification (ဆရာတော်ခိုင်းထားတာကြောင့် မဖတ်မဖြစ် ဖတ်နေရပါတယ်။)
(၂)
ကဗျာသင်္ဂဟမေဒနီ (ဘလော့မှာတင်မှာမို့ ရိုက်ရင်းဖတ်နေမိတယ်။)
(၃)
ဟံသာဝတီ ၀တ်ရွတ်စဉ် (မနက်တိုင်း ဘုရားရှိခိုးရင် ရွတ်ဖတ် သရဇ္ဈာယ်ဖြစ်တယ်။)
ရောက်ဖြစ်နေတာကတော်ရာရေးဖြစ်နေတာက
နားထောင်ဖြစ်နေတာက(၁) မနက်ခင်းမှာ သီချင်းတွေ ……. (အထူးသဖြင့် … ဒီသီချင်း)
13 comments:
ဘလော့ဂါတွေက တက်စာတွေ အတော်စားနေကြပါလား။ ပူရတဲ့အထဲ တက်စာတွေနဲ့ ခေါင်းပိုပူပါပေရဲ့...
မေရေးထားတာလေးက သပ်သပ်ရပ်ရပ်လေးနဲ့  ပုံလေးတွေတောင် ပါတော့ ဖတ်လို့ ကောင်းလိုက်တာလို့  တွေးနေတုန်း တက်ဂ်တဲ့အထဲ ကိုယ့်နာမည်ပါသွားတော့ ဟိုက် ကနဲ ဖြစ်သွားတယ်… ခုတလော အင်ဂျင်က တော်တော်နဲ့ မနိုးတာနဲ့ အတော်ပါပဲမေရေ… တက်ဂ်ဖို့ သတိရတာ ကျေးဇူးပါ… ကျန်းမာရေးကို ဖတ်ပြီး ပြုံးမိတယ်… လွမ်းတာလေးဖတ်ရတော့ ကိုယ်ချင်းစာမိတယ်…တမ်းတမိတဲ့နေရာလေးမှာ လွမ်းရတဲ့သူတွေနဲ့ အမြန်တွေ့ ရပါစေလို့ …
မမေရယ်..အချက်တိုတိုလေးတွေဖတ်ပြီးသွားပေမဲ့..ကြည်ကြည်ဌေး အသံ လေးလေးပင်ပင် လေးကို..ဆက် နားထောင်နေမိသေးတယ်။ (ကောင်းလိုက်တာ..) ၂
ရေးထားတာ အရမ်းကောင်းတယ်၊ အခုလို တဂ်အဖြစ်
ရေးပေးတာ ကျေးဇူးအရမ်းတင်ပါတယ် မမေဓါဝီ။
အမ..ဝိမုတ္တက ဘာလဲဟင်..
ချီးကျူးပါတယ် မမေဓါဝီ။ အဆင်ပြေပါစေ..
အတ္တ ကို ပုံဖော်သွားပုံကြိုက်တယ်ဗျာ။
တဆက်ထဲပြောရရင် ရတုလည်း ဖတ်သွားပါတယ်။ ခုခေတ်မှာ ရတု ရေးတတ်တဲ့သူတောင် တော်တော်ရှားနေလောက်ပြီ။ (ကျွန်တော်လည်း မရေးတတ်ပါ။)
အခုပဲ ကျောင်းကပြန်ရောက်ရောက်ချင်း ချစ်သူလောက်နီးပါး အလွန်သံယောဇဉ်တွယ်တာရတဲ့ ဘလော့ဂ်ပေါ်တက်လိုက်မိတယ်။ အာလား၊ မေဓာဝီတို့ဆီက ဖိတ်စာတွေ့တယ်၊ တက်ရမယ် တဲ့၊ အဲလေ ယောင်လို့ တဂ်ရမယ် တဲ့။
”ဘယ်လိုတဂ်ရပါ့”
အတ္တကိုခါးသီး
နာကျည်းလို့အမုန်းဝင်
အပြုံးဆင်ဖို့သူမေ့
ဓလေ့ဘုံလောကမှာ မနေချင်တော့ပေသမို့
ဟော ကြည့်စမ်း
သတိစခန်းရယ်က
အမှန်ကို မြင်ခဲ့
အသင့်ရဲ့ စည်းစိမ်ဆိုတာ
ရေပွက်ပမာ တစ်သက်လျာ တဲ့။
ဒါကြောင့် ဒါကြောင့်
လွတ်မြောက်ရာ ကြံမိ
အမှန်သိဘို့ အတွက်
ဝိမုတ္တိကို သူရှာ
မပြူငှါတာကတော့ ၃၁-ဘုံတည်းရယ်ပါ။
ဒါပေမဲ့
သံယောဇဉ်ကတော့ မပြတ်သေး
ရပ်ဝေးကို သတိရ
မိဘကို သူလွမ်း
မတမ်းတချင်တာကတော့ အတိတ် ဆိုပါလား။
ဒါ့အပြင်
အချို့လူတွေကို အားကျ
အချို့လူတွေကို အားမရနဲ့
မငှါးရတဲ့ အတ္တကို
ချစ်ခြင်း/မုန်းခြင်းတွေနဲ့ ရောမွှေ
လိုအပ်နေတာက ၀ီရိယလို့ ဆိုပြန်သဗျား။
ကိုင်း မေဓာရေ့
အဖြေရှာ ပြောရရင်တော့
မသေချာသဘောတွေ ပါနေမှာမို့
ငါလေ တစ်ခုတော့ ပြောချင်တယ်။
”အိမ်ပြန်ချင်သဗျာ”
ကိုကြီးပေါ် ... ဒီမှာ မပူဘူး။ ရန်ကုန်ဆောင်းထက် အေးသေးတယ်။ သွေးတိုးမရှိတော့ တက်စာနဲ့လဲ တည့်ပါတယ်။ :)
မတန်ခူး ... ဆုတောင်းပေးတာ ကျေးဇူးပါ။ အလုပ်များတဲ့သူကို တက်ဂ်ရတာ အားတော့နာသား။ :)
မကေ ... ကျမလဲ ကြည်ကြည်ဌေးအသံနဲ့ အဲဒီသီချင်းကို သိပ်ကြိုက်လို့ ခဏခဏ နားထောင်ဖြစ်တယ်။
ကိုအောင် ... တက်ဂ်လို့ ဒီပို့စ်ရေးဖြစ်တာမို့ ကိုအောင်ကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။
ညီမ မြတ်နိုး ... ၀ိမုတ္တိ ဆိုတာ လွတ်မြောက်ရာ (နိဗ္ဗာန်) ကို ပြောတာပါ။
ကိုငြိမ်းချမ်းအောင် ... ချီးကျူးထိုက်သူ မဟုတ်ပါရှင်။ ဆုတောင်းပေးတာ ကျေးဇူးပါ။
ကိုတင်မင်းထက် ... ကျမစာတွေလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ရတုကို ကျမလဲ စမ်းသပ်ရေးကြည့်တာပါရှင်။ သိပ်မရေးတတ်ပါဘူး။
ကိုမင်းထက် ... ကဗျာကို သဘောကျလိုက်တာ။ အကုန်ပါအောင် ရေးနိုင်တယ်။ ဆရာပဲ။ :)
အားလုံးပဲ ... ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
မမေ
လာဖတ်သွားတယ်
အတ္တကတော့ ၀ိမုတ္တိ ရောက်မှပဲ မြုပ်နိုင်မယ်ထင်ပါရဲ့...
အော်..ကျေးဇူးး တုံးချက်က ...
အမ..
ရဲ့ စာတွေဖတ်ဖြစ်ပေမဲ့ ကော်မန့်မပေးဖြစ်တာပါ
စာတွေက မြင့်တယ်လေ.. ရတု ရကန်ဆိုတော့
အမြဲရောက်၏
မြတ်နိုး
လာဖတ်သွားပါတယ် မမေဓါဝီ
ကိုမင်းထက်ကဗျာလေး သဘောကျတယ်။ အမစိတ်ဓါတ်ကိုလေးစားတယ်။
အချိန်တန်ရင် အိမ်ပြန်ကြမယ်လေ။
Post a Comment