Sunday, August 02, 2009

သျှင်ဥတ္တမကျော် တောလား (၂)

သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၂)
စကြ၀ဠာ၊ အာဏာဇာတိ၊ ခေတ်ဝိသယ၊ နှိုင်းမမျှသား၊ အနန္တဂုဏ်၊ သဗ္ဗညုံ၏၊ ဘုံဘ၀ဂ်ဖျား၊ ဘုန်းတော်အားလည်း၊ ပျံ့ရှားကြိုင်သင်း၊ ထိန်ထိန်လင်းလျက်၊ ထုတ်ချင်းခတ်လျှို၊ တန်ခိုးမိုသော်၊ ဗဟိုမဇ္စျေ၊ ၀ီထိချွေ၍၊ ရွှေဖလ်ရ၀ိန်၊ လယ်လမ်းနှိမ်လျက်၊ နာဂိန္ဒရာ၊ ဗျိုင်းတာရာနှင့်၊ မဟာကက္ကဋ၊ ရွှေကာကတို့၊ သည်လသင်းကြန်၊ ချိန်ဝသန်ကို၊ အားသွန်မလို၊ တန်ခိုးသိုခဲ့၊ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့၊ မဏ္ဍိုင်မူလ၊ ပြိဿတွင်ရာ၊ ၀ိသာခါနှင့်၊ စကားဝါထုံ၊ ရနံ့လှုံသည်၊ မေထုန်လက်ဖျား၊ စမ္ပာယ်နားလျက်၊ ပျံ့ရှားဧလှိုင်၊ ပုန်းညက်ခိုင်လည်း၊ နံ့ကြိုင်ကြကဋ်၊ ထုံရည်ဆွတ်၍၊ နက္ခတ်အာသဠ်၊ တပါဒ်ကျန်ဝယ်၊ လမ္ဗရာမွန်၊ ဗုဇွန်ကျာကျာ၊ ဒိန္ဒိမာနှင့်၊ မဟာဝိဇယ၊ သံစုံခ၍၊ မြူးကြွပစ္စုန်၊ ထောင်အားသုန်သည်၊ လွှမ်းခြုံသင်တိုင်း၊ တိမ်အလှိုင်းဖြင့်၊ တိုင်းအမ္ဗုန်ဆီ၊ မိုးမေဃီလျှင်၊ ဘေဒနီကျင်း၊ ဗျူဟာခင်း၍၊ နတ်မင်းဝလာ၊ ဒေ၀ရာမူ၊ စွေရွာကြူးခေါက်၊ ရေရူးမောက်၍၊ ထုံးပေါက်အင်းအိုင်၊ ဂနိုင်စိမ့်စမ်း၊ တင်းကျမ်းသုန်သုန်၊ စီးသွယ်ခြုံသည်၊ ယမုံဂင်္ဂါ၊ ရေညီလာနှင့်၊ သီဒါသဘင်၊ ရှုအင်မခန်း၊ အဆန်းဆန်းလျှင်၊ မကရ်းလိပ်ငါး၊ ရွှင်မြူးစားလျက်၊ ပျော်ပါးစံပ၊ ရွှေမျာ့းတသင်း၊ တွင်းရွှေဂူဟာ၊ လိုဏ်နန်းသာက၊ ကက္ကဋာမွန်၊ ရွှေဗုဇွန်လည်း၊ အားသွန်ညွတ်ခ၊ သုံးလူ့ဘကို၊ ဖူးကြသောဟန်၊ ရေနန်းစံခဲ့၊ ၀သန်ကာလ၊ ရာသီစ၀ယ်၊ ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း၊ ဘာသာဓလေ့၊ ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို၊ အားကြိုးလုံ့လ၊ ဂုဏ်စွမ်းပြလျက်၊ မြေခထန်းညှာ၊ သည်ချိန်ခါဝယ်၊ အာဋာနာဋ၊ ကုဝေရနှင့်၊ ယက္ခတွင်ဘိ၊ မဟဒ္ဓိတာနော၊ ကုမ္ဘောဂန္ဓဗ္ဗ၊ ဒေ၀ယက္ခာ၊ သာတာဂီရိ၊ မည်ရှိစိုးမှူး၊ နတ်ဘီလူးတို့၊ သုံးဦးပရမေ၊ ဂုဏ်မြုတေကို၊ ဖူးလေတုံမြောက်၊ လက်ပမ်းပေါက်ဖြင့်၊ ၀မ်းမြောက်ဝမ်းသာ၊ စေတနာနှင့်၊ သဒ္ဓါရွှင်မြူး၊ ကြည်ညွတ်နူးသည်။ ။ ဘီလူးသွားကို လ,ဖြဲတည်း။
***
In the three-fold region of Time and Place, the all-wise Sage stands without a peer. His endless glory reaches even the ringing rafters of the firmament. The blaze of majesty flashes free and cleaves clean the boundless space. The raying sun traces its path along the middle way. In this season of Thingyan showers, there is a rapture in the skies. Behold, the elephant, the egret, the crab and the crow conserve their lustrous rays against of cloudland close and stand on Yugan’s brow in motley-coloured livery. The rainbow of the changeful clouds is tinted with sable and azure and purple and yellow and varied kindred hues. Pile upon pile of drifting columns vault in their tricksome courses and clash together as the roe and the dragon net in a fierce contest. In Kason, Withakha appears and sheds its lucent beams. The fresh flame of the young new year quickens the scented sagawa from leaf to flower. The Nayone sun strikes the sweet jasmine branch into bloom. The ponnyet bursts in flower and loads Wazo airs with a grateful odour. A gay-hearted noise announces the advent of the rains. In the bosom of Jove joy is lord. Celestial drums send forth a mighty roll and the fairy conch swells the pealing note. The luster of the lusty sun is quenched in wreaths of cloud and the jocund sound rings thro’ the azured vault like the thunderous rattle of arms. The god of the sky sends sheets of swift rain. Pools and lakes and woods, marshes and streams and springs brim over and form countless rivulets. Rivers and streams look ravishing in a thousand charms. In bold joyance, schools of magans, crowds of turtles, shoals of fishes hold festival and join the crabs that crouch at the mouths of their cozy holes in adoration before the man of men. With the fall of rain the gleesome Hillman drives full hard his wonted harrow and sows his seed. When the palmyra casts its fleshy fruit, Atanada, Kuwera, Thatagiri and other fairy ogres duly bow before the Overman and clap their arms and show their snowy teeth with a liberal laugh.
***
စာလုံးပေါင်း သတ်ပုံတွေကို မူရင်းစာအုပ်ပါအတိုင်း ရိုက်ထားပါတယ်။ စာအပေါက်အကျ အမှားအယွင်းများ ပါရှိပါက ကျမရဲ့ တာဝန်သာ ဖြစ်ပါကြောင်း။

မေဓာဝီ
၂၊ သြဂုတ်၊ ၂၀၀၉
၆း၅၀ နာရီ

8 comments:

pandora said...

အဲဂလောက် တစ်နေ့တစ်ပုဒ် မှန်မှန်တင်တော့လည်း စာမလိုက်နိုင်တဲ့ကျောင်းသားလိုပဲ စာကျေအောင် မနည်း လာလာဖတ်ရပါတယ်။ ;P

(စကြာဝဠာကို ပြန်ပြင်လိုက်ပြီ။ စကြာဝဠာကြီးကို အမှန်ပြင်ပေးနိုင်တာ ဂုဏ်ယူလိုက်ပါ။)

ကိုလူထွေး said...

နားလည်အောင် မနည်းဖတ်ယူရတယ်... ဒါတောင်မှ အဓိပ္ပာယ်က ခပ်ရေးရေးပဲ...

လူတွေသာတယောက်နဲ့ တယောက် အဲလိုစကားပြောကြရင် ခက်ရချည့်...

အကိုလူထွေး၊ နံနက်တေးဆို
Tea ချိုချိုနဲ့၊ အိုကွယ်စုံရာ
ဒီမှာပေါင်မုန့်၊ ယိုသုတ်လို့ထား
ဒါကားကြက်ဥ၊ salad နုနဲ့
ခရမ်းချဉ်သီး၊ ပါးပါးလှီး၍
ကောင်းပေ့ဒိန်ခဲ၊ မုန့်ပေါ်ကျဲကာ
လာစားပါလေ၊ စေတနာဖြင့်
သဒ္ဓါရွှင်မြူး၊ ကြည်ညွတ်နူးသည်
ဘီလူးသွားကို လ,ဖြဲတည်း။

ဟီးးးး ဟီးးးးးး

းဝ)

Ko Min Htet said...

ဘီလူသွားကို လာဖြဲသွားနော်။

NLS said...

ဒီရှင်ဥတ္တမကျော်ရဲ့ (လ) ကဗျာဟာ ထင်ရှားပေမယ့် ကဗျာစပ်ပုံနည်းထုံးဥပဒေသတွေနဲ့ မညီလို့ ဟိုးတုန်းက ဆရာကြီးများ ကန့်ကွက်ခဲ့ကြတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ (ကဗျာဗန္ဓသာရ၊ မြန်မာမင်းအုပ်ချုပ်ပုံ) အဲဒါတွေထဲမှာ ဖတ်ဖူးခဲ့တယ် ထင်ပါတယ် အမရေ။ နောက်ပြီး ဒီ (လ)ကဗျာ မူရင်းဟာ ၁၂ပိုဒ်ထဲ မကဘဲ အပိုဒ်ပေါင်းများစွာ ရှိသေးတယ်လို့ ဆရာမောင်ခင်မင်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ အားလုံးရဲ့ အဆုံးပိုဒ်တွေဟာ ဒီ ၁၂ပိုဒ်လိုပဲ လနဲ့ အဆုံးသတ်ထားတာပါ။ အကုန်လုံးတောင် မှတ်တမ်းမှာ မရှိတော့ပါဘူးတဲ့။ ကျွန်တော် စာအုပ်နာမည်လေး ပြန်ရှာကြည့်ဦးမယ်။

ကိုလူထွေး said...

ကိုယ့်ကော်မင့်ကိုကိုယ် ပိုစ့်တပုဒ်လုပ်ပစ်လိုက်ပြီ... ခွင့်ပြုတယ် မဟုတ်လား...

(စာလုံးပေါင်းမှန်အောင် မနည်းလုပ် ကြိုးစားပြီး ရေးရတယ်... ဟူးးးးးးးးးးးးးးးး)

းဝ)

Maydarwii said...

ပန်ပန်ရေ ... ကျောင်းဖွင့်ရင် တင်နိုင်တော့ဘူး။ ကျောင်းပိတ်ထားတုန်းလေး တင်ရတာမို့ တနေ့တပုဒ် မှန်မှန်ကြီး တင်နေတာ။ ရိုက်ထားပြီးသားတွေလဲ အဆင်သင့်မို့လေ။ :)

ကိုလူထွေး ... ကောင်းလိုက်တဲ့ ကဗျာ ...။ ကိုယ့်ကဗျာကိုယ် ပို့စ်လုပ်တာ ခွင့်ပြုပါ၏။ သို့ပေမဲ့ ဘိုစာတော့ မစားချင်ပါ။ ;)

ကိုမင်းထက် ... နောက်တပတ် ... တောကြက်တောင်ပံ ... လာအုံးမယ်။ မျှော် ... ။

လင်းဆက်ရေ ... အဲဒါ အမ မသိဘူး။ စာအုပ်နာမည်လေး သိရရင် ပြောပါအုံး။ အမဆီမှာ ရှိတာက ၁၂ ပိုဒ် မဟုတ်ဘူး။ ၉ ပိုဒ်ပဲ ပါတယ်။

လာရောက်ဖတ်ရှု မှတ်ချက်ပြုသူ/မပြုသူများ အားလုံး ကျေးဇူးတင်ပါတယ်ရှင်။

yangonthar said...

အစ်မ ဒီကဗျာကတော့ ဦးပညာ စာတမ်း လောက် သိပ်နားမလည်ဘူး အင်္ဂလိပ် လိုတော့ ခပ်ဖြည်းဖြည်း ဖတ်ရင် ရမယ်ထင်တယ် သိတဲ့အတိုင်း တော်ချက် ဆိုတော့ :)ကျောင်းတုန်း က စာစီစာကုံး ရေးဖို့ ကျက်ခဲ့ရတဲ့ အပိုက်ကိုတော့ ခုထိအလွတ်ရတုန်းပဲ တိမ်ညိုမိလ္လာတိမ်စူကာ ကနေ .... ခိုးငွေ့ လွှတ်ပြိုင်ဂုဏ်ချင်းဆိုင်ခဲ့အ ထိပါ သျှင်ဥတ္တမကျော် ရေးတယ်ဆိုတာ သိပေမယ့် ဒီ ကဗျာထဲက ဆိုတာတော့ ခုမှပဲသိတော့တယ် ကျေးဇူး အစ်မ.... မိုးတွေညိုတိုင်း သပြေသီးကောက် ကဗျာ နဲ့ အတူ တိုးတိုးရွတ်မြဲပါ .... နားလည်ဖို့ တော့ နည်းနည်းအားထည့်ရဦးမယ် :) ဘီလူးသွား ကိုလ ဖြဲတည်း ဆိုတာကိုတော့ အတော် သဘောကျသွားတယ် အစ်မ ဆက်လိုက်ဦး မယ် အစ်မရေ ကျေးဇူးဗျ :)))))
အဆင်ပြေပါစေ
ရန်ကုန်သား :)

Anonymous said...

ha, I am going to experiment my thought, your post bring me some good ideas, it's really awesome, thanks.

- Norman