Thursday, December 28, 2006

နောက်ပူညစ်ရှုပ် အမြဲသေရလတ္တံ့ ဖြစ်ပါသော အကျွန်ုပ်သည် …

တောင်းပန်ခြင်း
***
စိတ်ညစ်တယ် … ။
လူတိုင်း ခဏခဏ ပြောဖူးကြတဲ့ စကားပါ။ ကျမဆိုလည်း မကြာခဏ ပြောနေကျပေါ့။
တစုံတခု အလိုမကျရင် … အလိုမပြည့်ရင်၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ပယောဂကြောင့် ကျမတို့ဟာ စိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်ပြီဆိုရင်ဖြင့် ကျမတို့ရဲ့ စိတ်တွေဟာ ကြည်လင်သန့်ရှင်းမနေတော့ဘူး၊ ညစ်နွမ်းလို့ပေါ့။
စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ် ပြောတဲ့စကားတွေဟာ ဂျစ်တစ်တစ် ညစ်တစ်တစ်တွေ ဖြစ်နေတတ်သလို လုပ်မိတာတွေဟာလည်း အမှားမှား အယွင်းယွင်းတွေ ဖြစ်တတ်ပါတယ်။
စိတ်ညစ်တော့ အမှားပြောမိ၊ အမှားလုပ်မိ၊ အဲဒီလို အမှားတွေ ပြောမိ လုပ်မိတော့ ပိုစိတ်ညစ်ရ၊ ဒီလိုနဲ့ ကျမတို့စိတ်တွေလည်း ပြန်လည်ကြည်လင်လာဖို့ ဝေးစွ၊ ပိုပိုပြီး ညစ်ထေးလာပါရောလား။

မနေ့က တနေ့လုံး ကျမ စိတ်ညစ်နေပါတယ်။
များလွန်းနဲ့ အလုပ်နဲ့ …နှေးလွန်းတဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့်ပါ။ တနေ့ကလည်း ဘလော့မှာ ပို့စ်အသစ် မတင်ဖြစ်ဘူး။ မနေ့ကလည်း ကွန်နက်ရှင်နှေးနေတာကြောင့် ဘလော့ဝက်ဘ်ဆိုက်ထဲ တော်တော်နဲ့ဝင်မရဘူး။ ၀င်လို့ရပြန်တော့လည်း ပို့စ်အသစ်တင်တဲ့နေရာရောက်အောင် မနည်းသွားရတယ်။ publish post လုပ်ပြီးတော့လဲ တက်သွားသလား မတက်သွားသလား ပေါ်မလာဘူး၊ ကြာလာတော့ စိတ်က မရှည်တော့ပါဘူး၊ စောင့်ရလို့ကြာတဲ့ အချိန်တွေကို စိတ်တိုလာတာနဲ့ ဟိုလုပ် ဒီလုပ်လျှောက်လုပ်လိုက်တာ ပို့စ် ၂ ခု တက်သွားပါလေရော၊ ပြန်ဖျက်ဖို့ ပြန်ဝင်ပြန်တော့ နှေးနေပြန်ရော … ။
ကဲ … စိတ်ညစ်ပြီပေါ့။

အလုပ်များရတဲ့ကြားထဲ ကွန်နက်ရှင်နှေးလို့ စိတ်ရှုပ်နေချိန်မှာ စကားပြောနေတဲ့သူတယောက်ကို အကောင်းမပြောမိတော့ဘူး၊ သူပြောတဲ့ စကားကို နားထောင်တဲ့ ကိုယ့်ရဲ့ ခံယူချက်ကလည်း မကောင်းတော့ဘူး။ ညစ်တစ်တစ်ဖြစ်လာတော့ ဂျစ်တစ်တစ်တွေ ပြောမိရော …။ သူအကောင်းပြောလည်း ကိုယ်က နားလည်မှုမရှိစွာ စိတ်ဆိုးနေမိတယ်၊ ဆန့်ကျင်ဘက် အတွေးတွေသာ တွေးမိပြီး ရန်စကားတွေသာ ပြောမိနေတော့တယ်။
နောက် …သွေးအေးသွားတဲ့အချိန်ကျမှ ကိုယ်ပြောမိတာတွေ မှားသွားပါလား လို့ ဆိုပြီး စိတ်မကောင်း ဖြစ်ရပြန်ရော … ။

ကြည့်ပါဦး … ။
ပထမ စိတ်ညစ်တယ် .. ။
ပြီးတော့ .. စိတ်ဆိုးတယ် .. ။
နောက် .. စိတ်မကောင်းဖြစ်တယ် .. ။
ဘယ်မှာများ ကောင်းကွက်ရှိပါသလဲ။

ညစ်ဆိုး မကောင်းတဲ့ ကိုယ့်ရဲ့ စိတ်ကို ကိုယ်ပြန်ကြည့်မိရာက အဖေ အမြဲရွတ်ဆို နေကျ ဘုရားရှိခိုးထဲက စာသားတခုကို သွားသတိရမိပါတယ်။
အရှင်ဇနကာဘိဝံသရဲ့ ဘုရားရှိခိုးပါ။ အစအဆုံးကိုတော့ မမှတ်မိပါဘူး။
“အဟံ၊ နောက်ပူ ညစ်ရှုပ် အမြဲသေရလတ္တံ့ ဖြစ်ပါသော အကျွန်ုပ်သည်။ ၀န္ဒေ၊ လင်းလို ရှင်းလို ကိစ္စပြီး အေးကြီး အေးလိုသောအား … ၀ပ်တွားရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား” … ဆိုတဲ့ အဆုံးပိုဒ်က စာသားလေးတော့ မှတ်မိနေပါတယ်။
မှန်လိုက်တာ … ။
ကိုယ့်ရဲ့ စိတ်ကို ဒီစကားနဲ့ ပြန်ချိန်ထိုး ဆင်ခြင်ကြည့်မိတော့ ….
နောက် ပူ ညစ် ရှုပ် ဆိုတဲ့ စာလုံးလေးလုံးဟာ …
ကြည်လင်ခြင်းမရှိတဲ့ စိတ် …
အေးချမ်းခြင်းမရှိတဲ့ စိတ် …
ဖြူစင်ခြင်းမရှိတဲ့ စိတ် …
ရှင်းသန့်ခြင်းမရှိတဲ့ စိတ် … ကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်။
ဒီစာလုံးလေးလုံးဟာ တကယ့်ကို ကိုယ့်စိတ်နဲ့ တိုက်ဆိုင်နေပါတယ်။

ကျမတို့ရဲ့ စိတ်တွေဟာ အမြဲတမ်း နောက်ကျိ ပူလောင် ညစ်ထေး ရှုပ်ထွေး နေပါတယ်။
ဒီလိုအချိန် အခိုက်အတန့်မှာ ကိုယ့်ဟာနဲ့ကိုယ် အလိုမကျလို့ စိတ်ညစ် စိတ်ရှုပ်နေတာနဲ့ပဲ သူတပါးကို ဂျစ်ကန်ကန် ညစ်ထန်ထန်တွေပြောမိတာ မကောင်းဘူးလို့ တွေးမိပါတယ်။
ဒီလိုအချိန်မှာ တွေးမိမှား ပြောမိမှား ပြုမိမှားခဲ့တာတွေ ရှိကောင်း ရှိနိုင်ပါတယ်။
မဆင်မခြင်နဲ့ ပြောမိ ပြုမိမှားခဲ့တာတွေကို undo လုပ်လို့လည်းမရတဲ့ ကျမတို့ဘ၀မှာ … တောင်းပန်ရုံကလွဲပြီး ဘာရှိဦးမှာလဲ။ ကျမကတော့ ကိုယ်မှားတယ်ဆိုရင် တောင်းပန်ဖို့ ၀န်မလေးပါဘူး။
ကျမ စိတ်ထဲ နောက်ပူညစ်ရှုပ်နေတဲ့အတွက် … ခုလို မှားမိပါတယ် … လို့ ကြုံတဲ့အခါ ကျမ သူ့ကို တောင်းပန်ရပါအုံးမယ်။
***
မေဓာဝီ
29.12.06
4:25 am

အမှားပြင်ဆင်ချက်။ ။ ဒီမနက် အဖေ့ကိုမေးတော့ အဲဒီဘုရားရှိခိုးက အရှင်ဇနကာဘိဝံသရဲ့ ဘုရားရှိခိုး မဟုတ်ဘူးတဲ့။ ဒီပဲယင်းဆရာတော်ရဲ့ ဘုရားရှိခိုးလို့ပြောပါတယ်။ ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်ရှင့်။

9 comments:

Steve Evergreen said...

After reading your post about nasty internet service reflecting terrible Burma, I have a question for you. My question may be too personal or instusive.Why are you there?

Ei said...

အင်း ဟုတ်တယ် မမေ စိတ်ညစ်တုန်း ဂျစ်ကန်ကန် လျှောက်လုပ်မိတာတွေက ပြီးလို့ နောင်တရတဲ့ အခါ ပိုပင်ပန်းတယ်။ Undo ကလည်း လုပ်လို့ရတာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် ဒေါသမထွက်တတ်တဲ့သူ စိတ်မညစ်တတ်တဲ့သူ ဖြစ်ချင်တယ်။ လက်တွေ့မှာတော့ အမှားတွေနဲ့ လုံးခြာလိုက်ရင်း နောင်တတွေနဲ့ နပန်းသတ်နေရတာပါပဲဗျာ။ မမေက မှားမှန်းသိရင် တောင်းပန်ဖို့ ၀န်မလေးဘူး။ အိကတော့ အဲဒိအကျင့်ကို မနည်းလုပ်ယူနေရတယ်။ အိကလေ အသုံးမကျရတဲ့ ကြားထဲ တလွဲမာနက ကြီးသေးတာ။

နိုင်းနိုင်းစနေ said...

Can i answer your question Steve Evergreen>>> coz' we are Burma. ^_^

Anonymous said...

Why we are at there?

We all should know the real situation. Eventhough we know that Burma is the terrible pace now, we can't run away from Burma.
When we are in oversea, we can't say we are free from that problem.
If there is the place without your people, your family, and your land, can you be happy or free all your life?
Nowaday alot burmese are changing their citizenship for avoiding this government, but not for disappointing the country and people...
We can do as we can and we can help those poor people as we can.
that's our duty..

Ei said...

ဟုတ်တယ် ပြောတာကောင်းတယ် ထောက်ခံတယ် We are Burmese မှန်တယ်

ကလိုစေးထူး said...

အမရေ.. ပထဆုံးအနေနဲ့ကတော့ နှစ်သစ်ကူးအတွက် ဆုတောင်းချင်ပါတယ်..ပျော်ရွှင်ဖွယ် နှစ်သစ်မှာ စိတ်ချမ်းသာမှု အပေါင်း ရရှိနိုင်ပါစေ...
စာတွေလဲ ဒီထက်ပိုလို့ ရေးနိုင်ပါစေ...
ဖြစ်ချင်သမျှ အရာခပ်သိမ်း ဖြစ်နိုင်ပါစေ..
တပါးသူအတွက် စိတ်သောက ရောက်ရခြင်းမျိုး မရပါစေ၊ မရှိပါစေနဲ့...
အခုကွန်မန့်က ပို့စ်နဲ့ သိပ်မဆိုင်ရင်လဲ .ဆောဒီးနော်.. :P
စီဘောက်စ်မရှိလို့.. ဒီမှာ ၀င်ပြောရတာပါ
ပျော်ရွှင်ပါစေ
သံလွင်

မေဓာဝီ said...

ကွန်မန့်ရေးပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။
အကြောင်းကြောင်းကြောင့် အင်တာနက် အဆင်မပြေတဲ့အတွက် ဒီရက်ပိုင်း အသစ်မတင်ဖြစ်တာပါ။
ရေးတော့ရေးဖြစ်ပါတယ်။
ကိုအမြဲစိမ်းစတိဗ်ရဲ့ မေးခွန်းအတွက် ကျမ ပို့စ်သတ်သတ်ရေးတင်ပါ့မယ်.
ကျေးဇူးပါ။

Anonymous said...

မမေဒါဝီ တော်တော်ရေးဖြစ်တယ်နော်။ ကျနော်လည်း အမြဲဝင်ဖတ်ပါတယ်။ ကောင်းတယ်ဗျာ။ ဆက်ရေးပါ။ ပျော်စရာ၊ မင်္ဂလာရှိတဲ့ နှစ်သစ် ၂၀၀၇ ပါလို့ ဆုတောင်းလိုက်ပါတယ်။

Anonymous said...

Ya that is true , these days the network connection is very slow indeed.Some said that earth quake in Taiwan must have caused the problem and the fiber link was damage.

So please be patient...

Regarding to Mr Steve Evergreen 's comment, I would say we love our country and people that's why we are here.

As saying goes " Home sweet home"

You can live either east or west upon your choice, depend on what your personal speculation but Home is the best.

I have no doubt that where ever a Burmese on the earth will be , he is eager to hear about Burma's news, how the people live, may be he can't help too much or may be beyond his reach. However, he will not scorned to Burma.

Prince.