Thursday, May 28, 2020

ကံ့ကော်ရွက်လေးတွေ ငယ်ငယ်တုန်းက


Oh lovely tiny leaves!
they are dancing in the breeze.
When I woke up from the dream
I saw red, yellow and green.
I'm thinking whose painting …
The nature is amazing.

28 May 2014



ပုရစ်ဖူးသစ်
နုမျစ်ရွက်ငယ်
ချစ်စဖွယ်
လေဝယ်နွဲ့တိမ်း
က လို့ ယိမ်း။

အိပ်မောကျကာ
အိပ်မက်ရာမှ
နိုးခါစတွင်
မြင်ရခဲ့သည်
ဝါ စိမ်း နီ။

မည်သူဆေးခြယ်
အတွေးနယ်ချဲ့
စဉ်းစားခဲ့သော် ...
သြော် ... သဘာဝ
အံ့ပေစွ။ ... ။
***
Translated by မေဓာဝီ
28 May 2020

2014 က ရေးခဲ့တဲ့ ကိုယ့်ကဗျာကိုယ် ဘာသာပြန်ထားတာပါ။

2 comments:

Breeze Spring's Blog said...

unicodeပြောင်းသုံးရင် blogထဲကစာတွေ convertပြန်လုပ်ရမှာ အများကြီးဘဲ

လူရိုင်းလေး said...

ဘလော့ခ်လေးကို active ဖြစ်အောင် ပြန်လုပ်ပါလားဗျ။ ကျွန်တော်လည်း ၁၁ နှစ်ကြာ ပစ်ပယ်ထားခဲ့တဲ့ ဘလော့ခ်လေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေလို့ပါ။