Wednesday, December 28, 2016

ဧည့်သည်ကြီး၏ အိမ်အပြန် …

***
ဆေးလိပ်အတို
နေအညိုမှာ
အိမ်ပြန်လိုသည့် သူ့ဆန္ဒ။...
.
နေရောင်မပျောက်
ရွှေရောင်တောက်ပ
ဤကာလမှာ
သူက အိမ်ပြန်ရလေပြီ။
.
အိမ်အပြန်လမ်း
ကိုရင်ဂျမ်းအား
ဝမ်းနည်းဝမ်းသာ ကြိုကြသည်။
.
သူသာမြင်သော်
ပျော်ရွှင်မဆုံး ပီတိဖုံးလို့
ပြုံးတုံ့မျက်နှာ သာလိမ့်မည်။
.
သြော် …
ဆေးလိပ်မတို
နေမညိုမီ
မြန်မာပြည်သို့
သူ့ကို ပြန်ပို့ခဲ့လေပြီ။
***
 
ဆရာကြီး ဦးတင်မိုးအား ဦးညွှတ်လျက် - 

မေဓာဝီ
28.12.16

No comments: