Thursday, May 05, 2016

သို့ ... / မှ ... ချစ်သူ


သတိရရင်
ကောင်းကင်ကို မော့ကြည့်
တိမ်တွေလို ရှိနေမှာ။
.
နီးတခါ ဝေးတလှည့်
အတူရှိခဲ့တဲ့ နေ့များ
အားတဲ့အခါ လွမ်းနေပါ။
.

 ပြက္ခဒိန်တခုဟောင်း
ရက်မှ နှစ် ပြောင်းသွား  
အမှတ်တရနေ့များကို သတိရပါ။
.
အလုပ်ခွင်မှာ ဂရုစိုက်
အိပ်ငိုက်ရင် သီချင်းဆို
စိတ်ကို ပျော်အောင်ထားပါ။
.

ပြန်ဆုံဆည်းမယ့်ရက်
လက်ချိုးရေတွက်ကာ
စိတ်ကူးနဲ့ ကြည်နူးပါ။
.
သတိရရင် ... 
မြေပြင်ကို ငုံ့ကြည့်
အရိပ်ကလေးလို ရှိနေမှာ။
***
မေဓာဝီ
၀၅၊ ၀၅၊ ၂၀၁၆

6 comments:

Aunty Tint said...

ဖတ်ရင်းလွမ်းသွားပြီ ....

T T T ^_^

မောင်သီဟ said...

အလွမ်းကဗျာလေးက သူနဲ့ကိုယ် နီးနီးကပ်ကပ်ရှိနေသလို ခံစားရပါလားဗျာာ


မောင်ဘကြိုင်

linthuriyanwe said...

ကဗျာလေးနဲ့  မှာတဲ့ အတိုင်းရှိနေမှာ....။

linthuriyanwe said...


မေရေ...

ကဗျာလေးနဲ့  မှာတဲ့ အတိုင်း အမြဲရှိနေမှာ....

linthuriyanwe said...

မေရေ..

ကဗျာလေးနဲ့  မှာတဲ့ အတိုင်း အမြဲရှိနေမှာ.....။

အသည်းကွဲလိပ်ပြာ said...

မမမေဓာဝီရေ ကဗျာလေးလာဖတ်သွားပါတယ်