Saturday, March 23, 2013

ဝေးရာ ...

*
တခါတခါ
ဝေးရာကို
ပြေးခွါသွားချင်ပြီ ... ။

လှောင်ရယ်ခြင်းများနဲ့ ဝေးရာ ...
နှောင်တွယ်ခြင်းများရဲ့ ဝေးရာ ... ။

အားငယ်ခြင်းများနဲ့ ဝေးရာ ...
နားမလည်ခြင်းများရဲ့ ဝေးရာ ... ။

အရှုံးများနဲ့ ဝေးရာ ...
အမုန်းများရဲ့ ဝေးရာ ... ။

အပြစ်များနဲ့ ဝေးရာ ...
အချစ်များရဲ့ ဝေးရာ ... ။
.... .... .... .... ...
.... .... .... .... ...
ဝေးရာ ... ဝေးရာ
အားလုံးနဲ့ ဝေးရာ
သီးခြားကမ္ဘာတခုဆီ
ပြေးခွါသွားချင်ပြီ ... ။
***
မေဓာဝီ
၂၃၊ ၀၃၊ ၂၀၁၃
၁၉း၄၈ နာရီ

15 comments:

ဘုန်းတောက် said...

ဘုန်းတောက်လည်း ထိုနည်းတူ...

Sonata Cantata said...

တွေးမိတွေးရာနဲ့
ရေးမိရေးရာရဲ့
ဝေးရာ...ကို
မပြေးခွာသွားရင်
တော်ပြီ ...။
း)

ညီလင်းသစ် said...

ဟုတ်တယ်မမေ..၊ တခါတခါမှာ နိစ္စဓူဝ လည်ပတ်မှုကနေ ရပ်တန့်ပြီး အဝေးကြီးဆီကို ထွက်ပြေးသွားချင်စိတ်တွေ ဖြစ်မိတယ်၊ လူဟာ မရပ်မနား လည်ပတ်ဖို့ လုပ်ထားတဲ့ စက်ပစ္စည်းတစ်ခု မဟုတ်လို့ အနားယူတာ၊ ခရီးထွက်တာတွေ လိုအပ်တာ ထင်တယ်နော်...၊

အလုပ်နဲ့လက် မပြတ်ဘဲ နေ့စဉ်ဝတ္တရားတွေကြားမှာ မောနေသူ တစ်ယောက်ကို ကဗျာလေးထဲမှာ တွေ့လိုက်ရတယ်...။

ရွှေအိမ်စည် said...

တူတူပါပဲ မမရယ်..............

ညိမ်းနိုင် said...

ဒီလိုပါပဲမမေရယ်....၊တစ်ခါတစ်ခါကျ အားလုံးနဲ့ဝေးရာပြေး
ချင်မိကြတာပါပဲ....၊

မြသွေးနီ said...

ကိုယ်တိုင်ကတော့ မပြေးခွာနိုင်သေးပဲ ဒီ ၀ဲကတော့ သံသရာကြီးထဲ ကျင်လည်ရင်း ပျော်မွေ့နေဆဲပါဘဲ မမေရေ...

Anonymous said...

ကျနော်လည်း အဲ့လို ဝေးရာ ကိုတစ်ခါတရံ တောင့်တတယ် ။

မောင်မျိုး

Aunty Tint said...

အကြောင်းကြီးငယ်တို့ကြောင့် သီးခြားကမ္ဘာတစ်တည်ရာ ဝေးရာဆီကိုပြေးခွာချင်တဲ့ စိတ်ကလေး ခဏလေးသိမ်းဆည်းခေါက်ထားလိုက်ပါ...
ရက် လ နှစ်တွေပြောင်းသွားတဲ့ တစ်နေ့ အခက်အခဲအားလုံး ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ် မမေရေ...ကဗျာလေးဖတ်ရင်း ရင်ထဲကစကားတွေ အံထွက်လာတား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

အားလုံးရဲ့ ဝေးရာ..တခါတလေ အဲဒီလို တွေးမိတယ်..မမမေ အစစ အဆင်ပြေပါစေ...

ဟန်ကြည် said...

အင်း မိတ်ဆွေတစ်ယောက်ပြောတဲ့စကားကို ပြန်သတိရတယ်...လူတွေကြားထဲမှာ နေရတာ များလို့လားမသိဘူး...အခုတလော ခွေးတွေနဲ့ပဲ နေချင်တော့တယ်တဲ့...

လောလောဆယ်တော့ ဝေးရာကို မပြေးနိုင်သေးလို့ အရှုပ်ထဲမှာ ရှင်းအောင်နေဖို့ပဲ အားသန်နေရတယ် မမေရေ...

rita said...

အဲ့လိုပြေးချင်တဲ့စိတ် ဝေးရာ ဝေးရာဆီသို့ဆိုတဲ့စိတ် ခနခနဖြစ်နေတတ်တာ.. ခုဒီကဗျာလေးဖတ်မိတော့လည်း မပြေးနိုင်သေးတဲ့ ဘယ်ဆီမှန်းမသိတဲ့ ဝေးရာကို ပြေးချင်လာပြန်ပေါ့ ...

တန်ခူး said...

ပင်ပန်းနေပြီလားမေ. Pls take a break

Toe Yee Yee said...

ကျမလဲလိုက်ချင်တယ်

Thu said...

You find the way step by step, interesting thing is ring of solomon and star on Jupiter mount in your hand that indicates loving wisdoom, a good sign.

Thu said...

Make it step forwarding, interesting on Solomon ring and star in your hand indicates loving the wisdom.