Sunday, September 18, 2011

အသုံးမ၀င်တော့သော ...

အသုံးမ၀င်တော့သော ...


ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့ အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် … ။

အရိပ်ရတယ်တဲ့လား
ငါလည်း မပေးမိဘဲနဲ့
တကယ်ဆို ငါလည်း လိုချင်တာပေါ့
ငါကျတော့ ဘာလို့မရပါလိမ့် … ။

ငါရဲ့ ထူပိန်းပိန်း အခေါက်တွေနဲ့
ဒီပင်စည်ဟာ
တော်ရုံမုန်တိုင်းကြမ်းလောက်တော့
ကျင့်သားရနေပေါ့ … ။

ရေလောင်းစရာမလို
အလိုလိုရှင်သန်လာတဲ့
ငါ့တကိုယ်လုံးဟာ
ဘာမဆို အံတုနိုင်လောက်အောင်
ရပ်ကြည့်နေလေရဲ့။

ဒါပေမဲ့
ရာဇ၀င်တခုကို ဘေးတိုက်မြင်နေရတဲ့
ငါ့အဖို့ …
.… .… .…
.… .… .…
.… .… .…

ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် ။ … ။
(ပဏ္ဍိ - ၁၉၉၆)
***
မောင်လေးရေးခဲ့တဲ့ ကဗျာလေးပါ။ နေသိပ်မကောင်းလို့ စာမရေးနိုင်သေးတာကြောင့် လတ်တလော ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ဒီကဗျာလေးကိုပဲ တင်လိုက်ပါတယ်။ လာရောက်လည်ပတ် ဖတ်ရှုကြသူများ မှတ်ချက်လေးတွေ ချီးမြှင့်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၁၈၊ စက်တင်ဘာ၊ ၂၀၁၁
၁၁း၄၇ နာရီ

8 comments:

seesein said...

ကြီးမေ
နေမကောင်းဘူးလား ကျန်းမာရေး ဂရုစိုက်ပါဗျို့
ဧရာ မြစ်ကမ်းနဘေးကနေ စောင့်မျှော်နေမယ်
ကြီးမေ ........
မလဲပြိုဖို့ အားတင်းထားပါ.......
ရာဇ၀င်သစ်တခုအတွက် အံတုရအုံးမှာလေ။။။။။။။

ကဗျာလေး ကြိုက်တယ်။


ခင်မင်တဲ့
စစ

မင်းဧရာ said...

အမကြီး.....
ကဗျာ လေးကိုခံးစားခဲ့သလို
ဟိုအရင် တုန်းက အမကြီး ရေးထားတဲ့ ကဗျာ တွေကိုလည်း ကျွန်တော် လိုက်ဖတ်နေဆဲပါ ခင်ဗျာ့
ပီသ တဲ့ကဗျာလေးတွေကို ဖတ်ရလို့ ကျေးဇူးပါ။
ကျန်းမာရေး မကောင်းဘူးဆိုရင် ဂရုစိုက်စေချင်တယ်
အမြန်နေကောင်း ပါစေခင်ဗျာ။

sosegado said...

ဖတ်သွားပါတယ်
သစ်ပင်တွေဟာ ရာဇဝင်တွေက်ုပြောနိုင်တယ်လို့ ဖတ်ဘူးပါတယ်၊
နေကောင်းပါစေ။

မအိမ်သူ said...

ရာသီအကူးအပြောင်းမို့ နေမကောင်းတာလားမမေ။ မြန်မြန်နေကောင်းအောင်ဆုတောင်းပေးသွားပါတယ်။ ကဗျာလေးကိုတော့ ရင်ဘတ်ထဲသိမ်းသွားတယ်။

တောက်ပကြယ်စင် said...

ဟယ် ကြီးမေနေမကောင်းဘူးလားဗျာ။ သိတောင် မသိဘူး။ ကျန်းမာရေးဂရုစိုက်ပါဦး။ ဆေးလေးဘာလေးသောက်။ ကဲ ကဲ မြန်မြန်လေး နေကောင်းပါစေဗျာ။ ကဗျာလေးဖတ်သွားတယ်။ ကျန်းမာပျော်ရွှင်ပါစေအစား မြန်မြန်ကျန်းမာပါစေကွာ...

San San Htun said...

ကြီးကြီးမေ နေမကောင်းဆို..ကျန်းမာရေးကို ဂရုစိုက်...ဒီမှာလည်း အေးလို့  စီဗစ်သောက်နေရတယ်...အမြန်နေကောင်းပါစေရှင်...

Anonymous said...

မမေဓါ ရေ

ကျမ်းမာရေးဂရုစိုက်ဗျို့ ရောက်ရာ အရပ်မှာ ပျော်အောင်နေ

မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့အချိန်ကိုပဲ .. ဆိုတာ ဒင်းတို့ တွေ လေ ပြည်သူ ကအမြဲပျိုနေမှာ

စောင့်ကြည့်ကြတာပေါ့
ရွှေစင်ဦး

မဒမ်ကိုး said...

နေလဲမြန်မြန်ပြန်ကောင်းပါစေ
စာတွေလဲမြန်မြန်ပြန်ရေးနိုင်ပါစေ ...
မမရေ

ခင်မင်လျှက်
မဒိုးကန်