Friday, August 27, 2010

အပြောင်း vs. အလဲ

အကြောင်းရှိလို့
ပြောင်းကြည့်တယ်။
မြဲမြံအောင်
လဲပြန်တယ်။
မပြောင်းရင် မလဲ
ပြောင်းမှ လဲတော့
လဲရင်း ပြောင်း
လောင်းရင်း ပြဲ
အလဲလဲ အပြိုပြို
အလိုလို ပြုတ်ပြီး
အလုပ်တွေ ပြို
နေညိုချိန် တိမ်တောက်
နောက်ဆုံးအချိန်ရောက်မှ
ခပ်ကြောက်ကြောက်နဲ့
အောက်ကိုငုံ့ကြည့်
အ၀ီစိပါလား
ဘုရား … ဘုရား … ။
***
ရေးသူ - အမည်မသိ
၂၇၊ သြဂုတ်၊ ၂၀၁၀
၂၀း၃၅ နာရီ

11 comments:

ကိုအောင် said...

တရားသဘောတွေပါလား၊ ကောင်း၏ ကောင်း၏။

သူကြီးမင်း (တုံးဖလား) said...

အကောင်းတွေ့လို့
အဟောင်းမေ့တယ်။

အသဲမကျန်အောင်
ကွဲပြန်တယ်။

မကောင်းရင် အလွဲ
ကောင်းမှ ကဲတော့
ကဲရင်း ကောင်း
ကောင်းရင်း ကဲ
အကဲကဲ အပိုပို
အပြိုပြို အကွဲကွဲ
အသဲမီးတွေ ထတောက်
နောက်ဆုံး အရောက်မှာ
မကြောက်တရားနဲ့
ယောက်ျားမာန်ကိုဖြည့်
ငါ အားရှိနေဆဲပါလား။
ဟား... ဟား...။
****

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုပေါ said...

ကဗျာလေးက ကောင်းတယ်။ ဘယ်လိုအကြောင်းက စေ့ဆော်လို့ ရေးသလဲတော့မသိ။ ရေးတဲ့အချိန်ကတော့ တချို့ဖြစ်ရပ်တွေနဲ့ ကွက်တိပါပဲ။း-)

Anonymous said...

ကြိုက်လို့ ကော်ပီလုပ်သွားပါတယ်

SHWE ZIN U said...

မမေဓါဝီ ရေ

ရေးသူက အမည်မသိ ပါလား
အောက်ကို ငုံ့ကြည့် အဝီစိ ကိုတော့ ကြောက်တယ် ဒါကြောင့် အပေါ်ဘဲ ကြည့်တော့မယ်နော် နတ်ပြည် များတွေ့မလားလို့ ရေးတေးတေး လေး တွေးမိတယ်

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

အကြောင်းရှိလို့
ပြောင်းကြည့်ရင်လဲ
ကြည့်ပြောင်းပေါ့ဗျာ
တော်နေကြာမှ
သေချင်တဲ့ကျားတောပြောင်းဆိုသလို
မြဲမြံအောင်လဲပြန်မှ လန်ပြဲကုန်ရင်
ပြောင်းပြောင်း မပြောင်းပြောင်း လဲမှာက လဲမှာဘဲ
လောင်းချင်ရင်လဲ လောင်းပေါ့
ကုန်မှာတော့သေချာတယ်
လဲမှတော့ ပြိုပြီပေါ့ ပြိုမှတော့ ကျမှာ အမှန်
အဲဒီအခါကျမှာတော့ ခွေးကျ မကျစေဖို့
ဖေးမစေတဲ့ ကံကြမ္မာ အလှည့်အပြောင်း
ကောင်းမှ ကောင်းပါစေ
ဆုတွေတသီကြီး တောင်းမနေပါနဲ့
ကိုယ်လုပ်တဲ့ကံ ကိုယ်ထံ ပြန်ရောက်ပေါ့ ။


ခင်မင်စွာဖြင့်
seesein

ချစ်ကြည်အေး said...

မဟုတ်တာတွေ လုပ်နေတဲ့သူတွေဟာ အောက်ငုံ့ကြည့်မှဖြင့် အဝီစိပဲ တွေ့သတဲ့...

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေတို့ ရွာက ဘဘကြီးတွေအတွက်တင်ထားတာလား..
အောက်ကိုကြည့် အဝီစိဆိုလို့...

ညိမ်းနိုင် said...

အောက်ကိုတောင်ကြည့်မိပုံမရ....(ဘာသာပြောတာပါ)

ချော(အစိမ်းရောင်လွင်ပြင်) said...

အောက်ကိုငုံ့ကြည့်ပြီး အ၀ီစိတွေ့လို့ ကြောက်ကန်ကန်နေသလားမသိ...
ပိုပိုဆိုးလာသလားလို့..
ကျွန်မနဲ့သိတဲ့ လူတစ်ယောက်အကြောင်းပြောပါတယ်..း)

Unknown said...

ကောင်းလိုက်တဲ့ ကဗျာ....
လှလိုက်တဲ့ အတွေး....
ကြိုက်တယ်ဗျာ...