Sunday, August 22, 2010

မွေးနေ့ အလှူ ...

၂၁၊ သြဂုတ်၊ ၂၀၁၀ စနေနေ့။
ဘာမင်ဂန် ဘုန်းကြီးကျောင်းမှာ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ဖြစ်ခဲ့တဲ့ အလှူ မှတ်တမ်း။

မွေးနေ့ မွေးရက် တိုက်ဆိုင်တဲ့နှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် အလှူပြုဖြစ်ခဲ့တယ်။

ဆွမ်းဟင်းစုံလင် မစားခင်

ချိုချဉ်ရသာ စားစရာ ...

သံဃာတော်မြတ် ဆွမ်းဆက်ကပ်

ပရိတ်တရား ချီးမြှင့်ပွါး


ဧည့်ပရိသတ် စုံလင်လျက်

စားမည် သောက်မည် တန်းလို့စီ

ထ ထမင်းပွဲ လက်ဆုံနွှဲ

ဘိုးဘိုး ဘွားဘွား ဖြည်းဖြည်းစား

သားသား မီးမီး တအားတီး

တရားရေအေး အမြိုက်ဆေး
အလှူပွဲအတွက် တပတ်လောက်ကြိုတင် အလုပ်များခဲ့တယ်။ တယောက်ထဲ ဖြည်းဖြည်းချင်း ချက်ပြုတ် လုပ်ကိုင်ခဲ့ရပေမဲ့ တကယ့်အလှူနေ့မှာတော့ တယောက်တလက် ကူညီလုပ်ကိုင်ပေးကြတဲ့အပြင် လှူဖွယ်စားဖွယ် အမျိုးမျိုး ယူလာကြတာကြောင့် အလှူပွဲကလေး ပိုပြီးမြိုင်ဆိုင်စည်ကားခဲ့ပါတယ်။

ဘာမင်ဂန် ဆရာတော် ဦးဥတ္တရဉာဏက ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တဲ့ "အနှစ်လေးပါး တရားတော်" နဲ့ ဓမ္မစကြာထဲက သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့ကို ဟောကြားခဲ့ပါတယ်။

အားလုံးဝိုင်းဝန်းကူညီကြလို့ အဆင်ပြေပြေ ပြုလုပ်နိုင်ခဲ့တဲ့ မနေ့က အလှူပွဲရဲ့ ကုသိုလ်ကောင်းမှု အဖို့ဘာဂကို ဘလော့ဖတ်သူများအား အမျှပေးဝေငှပါတယ်။

အမေနဲ့ အဖေကို အဝေးကနေ ရည်မှန်းကန်တော့ရင်း ... အလှူပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ဦးရီးတော်၊ အလုပ်က ခွင့်ယူပြီး လာကူလုပ်ပေးတဲ့ ချစ်လှစွာသော အမ၊ ဘာမင်ဂန်ကျောင်းမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ ကြွရောက်လာတဲ့ ဧည့်သည်များ အားလုံးနဲ့ မွေးနေ့အတွက် ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။
***
မေဓာဝီ
၂၂၊ သြဂုတ်၊ ၂၀၁၀
နံနက် ၅း၅၅ နာရီ

29 comments:

Anonymous said...

မွေးနေ့ မင်္ဂလာ ငြိမ်းအေးပါစေဗျာ...။

ညိမ်းနိုင် said...

သာဓု၊သာဓု၊သာဓု ပါ မမေဓာဝီ....။
မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းနဲ့
ပြည့်စုံ၍ ဘဝမှာကျေနပ်ပျော်ရွင်နိုင်ပါစေ...လို့ ထပ်မံ
ဆုတောင်းပေးလိုက်ပါတယ်

pandora said...

မမေရေ xx နှစ်မြောက်မွေးနေ့မှသည် အခုလို စာတွေ အများကြီးဆက်ရေးနိုင်ပြီး ငြိမ်းချမ်းပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

စန္ဒကူး said...

မမမွေးနေ့ပွဲလေးကြည့်ရတာ စိတ်ချမ်းသာ ကြည့်နူးလိုက်တာ.. နောင်နှစ်ပေါင်းများစွာ ကျမ်းမာ ချမ်းသာ ကိုယ်စိတ်နှစ်ပါးကြည်နူးချမ်းမြေ့ပါစေဆုတောင်း ပေးပါတယ်နော်။

ကိုအောင် said...

နောင်ကြုံရင် အလှူပွဲအမှီ လာလည်အုံးမှပဲ
....း)

SHWE ZIN U said...

မွေးနေ့ အလှူလေး အတွက် သာဓု ပါဗျာ

ဒါနဲ့ မမေဓါဝီ ဘာကျွေးတာလဲ ဗျ ဒန်ပေါက်လား

ဝေးနေတော့ မစားရတော့ဘူး

ခင်တဲ့
ရွှေစင်ဦး

သက်ဝေ said...

ညီမ မေ...
မွေးနေ့ကို မသိလို့ နောက်ကျသွားတယ်...
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ... ပျော်စရာမွေးနေ့များ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းသွားပါတယ်... မွေးနေ့ အလှုအတွက်လဲ သာဓု သုံးကြိမ် ခေါ်သွားပါတယ်...

စုချစ် said...

မမေရေ...
မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ...
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ တထပ်ထဲ ကျပါစေလို့...
း-)
ချစ်ခင်စွာ...

khin oo may said...

:D

khin oo may said...

happy birthday!

ကိုပေါ said...

ပျော်ရွှင်သောမွေးနေ့ပါ။

Anonymous said...

မွေးနေ့ရှင်ကြီးရေ
ပုံတွေထဲကို ကြည့်ပြီး သရေတယိုယိုနဲ့ပြန်သွားပါတယ်
မွေးနေ့မှာပျော်နေတာတွေ့ရလို့ ပျော်တယ်ဗျ
ပုံအကြီးကြီးချဲ့ပြီး ကြည့်သွားပါကြောင်း ကြီးမေ ငယ်ငယ်လေးရှိသေးတာကိုး ရှေ့ပို့စ်က ပုံတွေကြည့်ပြီးတော့ အမကြီးရွှေစင်လို ပူတူးတူးတုန်းက ပုံတွေတင်ထားတာ နေမှာလို့တွက်တာဗျ အခုတော့ အဟုတ်ကို ငယ်နေတာကိုး ဘာဖြစ်ဖြစ် မွေးနေ့ပြီးတရက်တော့ကြီးလာပြီဗျ
ပျော်ရွှင်သော နေ့များစွာကိုသာ ပိုင်ဆိုင်ပါစေဗျာ


ခင်မင်စွာဖြင့်
seesein

မင်းထက် said...

မွေးနေ့မှာ အလှူပေး
အပူအေးဖို့ သူကြံ
မြတ်နိဗ္ဗူစိတ်ရည်မှန်း
လှူဒါန်းလေပြန်
သာဓုရယ်ညံ
ခေါ်သံကွဲ့ လူထု
အပြုံးတရွှင်ရွှင်နဲ့
သုခမိန် မေဓာပွဲ
နွှဲလို့ ပျော်စု။

နောက်တစ်ခါ မွေးနေ့ပွဲ
ဒို့လည်းပဲ လိုက်မယ်
မိမေဓာ သေချာမှတ်
ဖိတ်လိုက်ပါကွယ်
ကျွေးသမျှရယ်
မညှာဘု အကုန်လွှေး
ကြက်ဝက်ဘဲကင်နှင့်
ချိုချဉ်ကြော်မကျန်ဗျာ့
စားရချည်သေး။
(အဟဲ---ငတ်ပုံပြောပါတယ်။)

ချော(အစိမ်းရောင်လွင်ပြင်) said...

အလှူမှာကျွေးတဲ့ အစားအသောက်တွေကြည့်ပြီး အရင်ဆုံး သွားရေကျသွားမိတယ်း)
နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စရာမွေးနေ့ကို ပိုင်ဆိုင်ရပါစေ
ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ
မွေးနေ့အလှူအတွက် သာဓုခေါ်ပါရစေ။

သူကြီးမင်း (တုံးဖလား) said...

တရားနာယူ
လာသူ ကျွေးမွေး
ကလေး မကျန်
မချန် လူကြီး
တူရီး နှစ်ယောက်
လွန်ဝမ်းမြောက်၏။

ပုဗ္ဗ မုဉ္ဇ
အပရဟု
သုံးဝ စေတနာ
ဖြူစင်စွာဖြင့်
ဝမ်းသာအားရ
လှူဒါန်းကြသည့်
မေဓာ့မွေးနေ့
လွန်ပျော်မွေ့၏။

ဝေယျာဝေစ္စ
ကုသလနှင့်
ဒါန သီလ
ဖို့ဘာဂအား
ရကြပါစေ
များဝေနေသို့
ပေးဝေသမှု
ကုသိုလ်စုကို
သာဓု သာဓု
ခေါ်ဆိုပြု၏။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မေဓာဝီ said...

ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
နောင်ကြုံရင်လဲ ဘလော့မှာ ရင်းနှီးခင်မင်ရတဲ့ အကို အမ မောင်နှမတွေအားလုံးကို ဖိတ်ချင်ပါသေးတယ်။

နေ၀သန် said...

သာဓုသာဓုသာဓု ပါမမေဓါဝီ... ပြီးတော့ ဟက်ပီးဘတ်ဒေးပါနော်...း))

ခင်မင်တဲ့
နေ၀သန်

Anonymous said...

အလှူရှင်က ဘယ်တယောက်ပါလိမ့် ရေစက်ချနေတာ မေဓါဝီထင်ပါ့ ရမ်းတုတ်လိုက်သည်

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ...
စားစရာတွေကြည့်ပြီးစားချင်လိုက်တာ..
ဆေးရုံစာတွေစားနေရတာ စိတ်ညစ်လှပြီ..း((
Happy Birthday ဗျာ..ဘယ်နှနှစ်မှန်းတော့မသိဘူး..
၁၆နှစ်ပဲဖြစ်ရမယ်.....

~ဏီလင်းညို~ said...

မမေ......

ပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့ရက်များစွာပိုင်ဆိုင်သွားနိုင်ပါစေဗျာ.....။
အစစ အဆင်ပြေပျော်ရွှင်ပါစေကြောင်း ခင်မင်စွာနဲ့ ဆုတောင်းပေးသွားပါတယ်...။
မွေးနေ့အလှူအတွက် သာဓုခေါ်မိတယ်.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ချမ်းမြေ့ရင် said...

မွေးနေ့မွေးရက် တူတယ်ဆိုတော့ ၇၆ဖွားဘဲထင်တယ်၊၇၆ ၊ ၇၁ နဲ့ ၆၅ဖွားတွေက မွေးနေ့မွေးရက်တူတယ်၊ဟက်ပီးဘတ်ဒေးပါ။

ရေတမာ said...

ကြည်နှုးပျော်ရွင်စရာ မွေးနေ့လေးဖြစ်ပါစေ။

kay said...

မမေ.. မွေးနေ့ အလှူ အကျိုး နဲ့ ဘ၀ မှာ ဆထက်ထမ်းပိုး... ( ကြိုက်တာ ထဲ့ )း))

မြစ်ကျိုးအင်း said...

နောက်ကျမှ ရောက်လာဖြစ်တာ ခွင့်လွှတ်ပါဗျာ
မွေးနေ့လေးက တကယ့်ကို စည်စည်ကားကားနဲ့ ဗုဒ္ဓဘာသာဝင် ပီပီ လုပ်နိင်ခဲ့တာ သိပ်ကောင်းတာပဲ။
မွေးနေ့မှာ ဘုန်းကြီသံဃာတွေနဲ့ မိတ်ဆွေတွေ ကိုအလှူလုပ်ရတဲ့ အကျိုးကြောင့် စိတ်ရဲ့ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။
ပျော်ရွင်ဖွယ်ရာ ဘဝခရီး ဆက်နိင်ပါစေဗျာ။
ကိုယ်မစားရပေမယ့် မြင်ရတာနဲ့ကို ပီတိဖြစ်ရပါတယ်။

အိမ့်ချမ်းမြေ့ said...

မမေ......
ပျော်ရွှင်ဖွယ်သော မွေးနေ့ပေါင်းများစွာကို ကျော်ဖြတ်နိုင်ပါစေ..

မမေလက်ရာစားချင်လိုက်တာ...

Anonymous said...

HAPPY BIRTHDAY

Sonata Cantata said...

မမေဓာဝီရေ
ပျော်ရွှင် ကြည်နူးဖွယ် မွေးနေ့ အမှတ်တရ ပါ။

ချစ်ကြည်အေး said...

နောက်ကျနေပေမဲ့ ဆုတောင်းပေးခဲ့ချင်ပါတယ်... ကျန်းမာပျော်ရွှင် ချမ်းမြေ့၍ သာသနာ့အကျိုး စိတ်ရှိသလောက် ရွက်ဆောင်နိုင်သူ ဖြစ်ပါစေ ညီမရေ...

နောက်ကို နောက်မကျအောင် လင့်ခ်ယူသွားတယ်နော် :)

myitkyeenar said...

မွေးနေ့ကောင်းမှုကုသိုလ် အတွက် သာဓုခေါ်ပါတယ်ဗျား၊ သာဓုသာဓုသာဓု