Friday, January 01, 2010

အစ

ဆုံးခဲ့သည်၏ နောက်
အစရောက်ပြန်ပြီ၊
အစကောင်းပါမှ
အနှောင်းက သေချာမည်။

နှစ်အသစ်ရဲ့ အစချီ
ညီစေပေါ့ မင်္ဂလာတရား၊
သဗ္ဗေသတ္တာတို့
အ-ဝေရာ ဘေးရန်ကင်းစေကြောင်း
တောင်းဆုချွေသား … ။
***
မေဓာဝီ
၀၁၊ ၀၁၊ ၁၀
၀၀း၀၁ နာရီ

ကြည်ကြည်ဌေးရဲ့ ၃၈ ဖြာ မင်္ဂလာ သီချင်းလေးနားထောင် သွားကြပါဦး။
၂၀၁၀ နှစ်အသစ်မှ စပြီး နေ့ရက်တိုင်း မင်္ဂလာရှိကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

11 comments:

ကိုလူထွေး said...

အနှောင်းဘယ်သို့ရှိမည်
မသိပေမယ့်
အစကောင်းစေကြောင်း
ဆုမွန်တောင်းပါ၏...

းဝ)

ကိုပေါ said...

မင်္ဂလာနှစ်သစ်ပါဗျိုး။ ကျန်းမာပြီး စိတ်ချမ်းမြေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကလူသစ် said...

Happy New Year !!!!!!!!!!!!!!!!!!!

ကိုချစ်ဖေ said...

နှစ်များရှိနေသရွေ့ ငါ့နှမ ပျော်ရွှင်ချမ်းမြေ့ပါစေ.
လင့်ကူးသွားပါတယ်..

သစ်သစ် said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ မမရေ....

ရွှေရတုမှတ်တမ်း said...

မင်္ဂလာနှစ်သစ်မှာ မင်္ဂလာသီချင်းလေးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...

သက်ဝေ said...

လာလည်ပြီး ဆုတောင်းပေးသွားတာ ကျေးဇူးပါ ညီမရေ... Comment မရေးဖြစ်ပေမယ့် ညီမဆီ မကြာ မကြာ ရောက်ဖြစ်ပါတယ်... ဒီတခါတော့ Link လေးပါ ယူသွားတယ်နော်...
ဘလော့ဂ်လေး အရောင်ပြောင်းထားတာ လှတယ်...။

ပျော်စရာ နှစ်သစ် ၂၀၁၀ ဖြစ်ပါစေ...

ကိုပေါက်စ said...

သာဓု..သာဓု..သာဓု

yangonthar said...

ပျော်ရွှင်ဖွယ် နှစ်သစ်ကူး အခါသမယပါ အစ်မ မေရေ ..... ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့  ပြည်စုံပြီး လိုအင်တောင့်တ ဆန္ဒမှန်သမျှ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်
လေးစားခင်မက်လျှက်
ရန်ကုန်သား

KoKoHarry said...

မင်္ဂလာရှိသော လေးဆစ်လေးနဲ့ နှစ်သစ်မင်္ဂလာကို ကြိုလိုက်ပြီပေါ့

Nge Naing said...

မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်မှု အပေါင်းနဲ့ ပြည့်စုံပါစေ။