Thursday, December 31, 2009

အဆုံး

စခဲ့သမျှ နောက်ဆုံး
အဆုံးသတ်ရပြီ၊
အရှုံးမဖက် အမုန်းမစွက်
ပြုံးလျက်သာ အဆုံးသတ်ချင်သည်။

နေ့ညများအလီလီ
ရာသီတွေ အခါခါပြောင်း၊
အသစ်အဟောင်းရယ်နဲ့
အဖြစ်ပေါင်း ကုဋေကုဋာကြုံလို့
မရေမရာ သံသရာတကျောမှာ
မျောပါလို့ညောင်း။ … ။
***
မေဓာဝီ
၂၀၀၉၊ ဒီဇင်ဘာ၊ ၃၁
၁၃း၀၀ နာရီ

မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး မင်္ဂလာရှိသော နှစ်သစ် အကူးအပြောင်း ဖြစ်ပါစေ ... ။

6 comments:

ကိုအောင် said...

အားလုံး ငြိမ်းချမ်းကြပါစေ ...။

ကိုလူထွေး said...

MDW နှင့်ထပ်တူ ငြိမ်းအေး လွတ်မြောက်ကြပါစေ...

းဝ)

pandora said...

အတူတူ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
မမေလည်းစာတွေ အများကြီးဆက်ရေးနိုင်ပါစေ..

Unknown said...

Hello May,
I wish you happy healthy prosperity new year.
Ma Khine
canada

ကိုပေါက်စ said...

သံသရာတကြောမှာတော့... ပျော်ပျော်ကြီးကိုမျောပြီး၊မျှောလိုက်နေကြတာပါပဲ....

KoKoHarry said...

နှစ်ဟောင်းကို လေးဆစ်လေးနဲ့ နှုတ်ဆက်တယ်ပေါ့လေ ...
ချမ်းမြေ့ပါစေ မမေ