Friday, September 07, 2007

အဖေပြောတဲ့ ကဗျာပုံပြင် (၃)

လောလောဆယ် စာအသစ်မရေးဖြစ်တာက တကြောင်း၊ အဖေ့ကဗျာလေးတွေ မတင်ရတာကြာပြီက တကြောင်းကြောင့် ဒီနေ့တော့ အဖေပြောတဲ့ ကဗျာပုံပြင် လေးကို တင်လိုက်ပါတယ်။ မေလ ၂၁-ရက်နေ့က ကဗျာပုံပြင် (၁) ဖြစ်တဲ့ “လူမိုက် ကျေးဇူးမသိဘူး” ကို တင်ခဲ့ပါတယ်။ ဇွန်လ ၁၇-ရက်မှာတော့ ကဗျာပုံပြင် (၂) ဖြစ်တဲ့ “တလမ်းသွား” ကိုတင်ခဲ့တယ်။ ဒီကနေ့ တော့ ကျန်နေသေးတဲ့ “အရေအတွက်မဟုတ် အရည်အချင်း” ဆိုတဲ့ ကဗျာ ပုံပြင်ကလေးရဲ့ အလှည့်ဆိုပါတော့။ စာအုပ်မှာ အဖေရေးထိုးထားတဲ့ ရက်စွဲအရ ၁၉၇၅-ခုနှစ် အောက်တိုဘာလက ရေးခဲ့တဲ့စာမို့ ဒီစာအုပ်ရဲ့ သက်တမ်းက အနည်းဆုံးတော့ နှစ်ပေါင်း ၃၂-နှစ် လောက် ရှိနေပါပြီ။ ဒါပေမဲ့ စာအုပ်ကလေး ဟာ ကျမလက်ထဲမှာ အကောင်းပကတိ ရှိနေဆဲပါပဲ။

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ စာအုပ်ကလေး လည်း အနိစ္စသဘောနဲ့ ကိစ္စချောနိုင်တာမို့ စာအုပ်ကလေး မပျောက်ပျက်မီ အဖေ့လက်ရေးနဲ့ ရေးသားထားတဲ့ ဒီစာအုပ်ပါ စာမျက်နှာတချို့ကို အမှတ်တရ အနေနဲ့ စကန်ဖတ်ပြီး ဘလော့မှာ သိမ်းထားလိုက်ပါတယ်။
***

အရေအတွက်မဟုတ်/ အရည်အချင်း

*ပုံပြင်*
တခါက ခြင်္သေ့မကြီး သားမွေးနေတယ်ကြားလို့ မာကြောင်းသာကြောင်း သတင်း မေးဖို့ မြေခွေးတကောင် ရောက်လာတယ်။

“ခြင်္သေ့မကြီးနှယ် .. လပေါင်းများစွာ ကိုယ်ဝန်ကို ပင်ပင်ပန်းပန်း လွယ်ထား လိုက်ရတာ … မွေးလာတော့လဲ တကောင်ထဲ …” လို့ မြေခွေးက ကဲ့ရဲ့လိုက် သတဲ့။

“ဟုတ်တယ် … တကောင်ထဲဘဲ … ဒါပေမဲ့ … ခြင်္သေ့လေး… လေ …” လို့ ခြင်္သေ့ မကြီးက ပြန်ဖြေလိုက်တယ်။
***
ပုံပြင်ကတော့ ဒါပါပဲ။ ကဗျာကို ဖတ်ကြည့်ပါဦး။
***
အရေအတွက်မဟုတ်/ အရည်အချင်း

*ကဗျာ*
တခါတုန်းက တောထဲမှာ၊
ခြင်္သေ့မကြီး သားမွေးရှာ။
ရောက်လာသူက ကိုမြေခွေး၊
မာကြောင်း သာကြောင်း သတင်းမေး။

ကလေးမြင်တဲ့ မြေခွေးလျှင်၊
တကောင်ထဲမို့ အံ့စိတ်ဝင်။
ပြစ်တင်ဖွဲ့နွဲ့ ဋီကာချဲ့၊
တကောင်ထဲမို့ သူကဲ့ရဲ့။

မဲ့ရွဲ့ပြောဆို မြေခွေးကို၊
ခြင်္သေ့မကြီး နှုတ်သံချို။
“မပိုမလို တကောင်ထဲ
သူကလေးက ခြင်္သေ့ပဲ …”
အရည်အချင်းသာ ခေါင်ထိပ်စွဲ၊
မှတ်ပါအမြဲ … မှတ်အမြဲ … ။
***
ကဗျာပုံပြင်ကလေးကတော့ ဒါပါပဲရှင်။ အဖေ့ရဲ့ ဒီမှတ်စုလေးထဲမှာ ကျမဘလော့ အတွက် ယူစရာတွေ ကျန်ပါသေးတယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ။
***
7th Sep, 2007
8:45 am

18 comments:

ကလိုစေးထူး said...

ဟိုတုန်းက လူကြီးတွေ လက်ရေးက အခုခေတ်လူငယ်တွေလို မဟုတ်ဘူးနော်။ အရပ်ရှည်ရှည်လူနဲ့ တူတယ်။ :D မမေလက်ရေးကတော့ ပုပုညှက်ညှက်လူနဲ့ တူတယ်။ :P ဦးပြောတဲ့ ကဗျာပုံပြင်ပြီးရင် ဘုန်းဘုန်းပြောသော ပုံပြင်လဲ တင်အုံးနော်။ :)

Anonymous said...

ေ၇းချင်တာသာေ၇းပါ... သက်သေတွေထူမနေနဲ့  ..
မူယာမာယာ ပိုတာ လူသိသာပါတယ်...
အဖေဘဲေ၇းေ၇း ... အမေဘဲေ၇းေ၇း ... ၇ည်းစားဘဲေ၇းေ၇း .... ဦးတည်၇ာ က တမျိုးတည်းမို့ သိပ်မထုးပါ ...၃၂နှစ်စာအုပ်အေ၇ာင်ကဒိထက်ဝါကျင်နေသင့်တယ်....

nyohtetnyo said...

Dear Ma Maydar wii,

Can you do me a favour?Plz mention 'Shin thar Rakhine tasaung law ' by Shin Tayzaw Thar Ra if you have.I mean 'Chote nyi ye twin phyote chee myin thee..Shin thar Rakhine tasaung law'...I hope you can understand my burglish...thankx and carry on your blog for your numerous readers....regards...Zar Ni Ko

Anonymous said...

Thanks for this story (pone pyin) ma may.:D

philtre said...

သာကီနွယ် အငယ်မ
ဘယ်နားမှ အကောင်းမမြင်။ ။
လင်တော်မောင် ရှေ့ရေးအတွက်
ခွေးလိုကိုက်ချင်။ ။
မြေခွေးကျင့် အမြဲမြင်
ဆဲချင်ပေါ့ နင့်စိတ်ထား။ ။
ကြာလေလေ
သာကီဆွေ အငယ်ဘ၀နဲ့
တယ်ထ..နေလား။ ။

Anonymous said...

ဟဲ့အောင်ဆန်းစုကြည်၇ဲ့  လင်ငယ်အကောင်
နင်သာ ထောက်ပံကြေးတွေမျော်ကိုးပြီး
သခင်အား၇ကျွန်ပါးဝနေတာ..
အခုလည်းသူများနိင်ငံမှာသွားပြီးကျွန်လုပ်နေတာ မဟုတ်လား ၀ါးဟားဟား

philtre said...

သူခိုးက လူလိုဟစ်
မြသားစစ် အသက်ရာ။ ။
မလေးမှာ အသက်မွေးရင်ဖြင့်
ကြေးကြီးမရပါ။ ။
ဘ၀ရင်းလို့ ၀င်ငွေရှာ
နင်နေတာက ကုလားပြည်ထဲ။ ။
မခြိုးမခြံ
တိုးခံကာ ဘ၀ပြောင်းလိုရင်ဖြင့်
နှမစောင်း စစ်ခွေးတွေနဲ့
လှစ်ပြေးကာ လမ်းခွဲလို့
မမွဲတဲ့ ဒီအိပ်ယာမှာ
အီဆိမ့်စွာလှဲ။ ။

လော်စပီကာ said...

philtre!
why u are accusing me.. i didnt say a word to u.. not even a word and comment either. i'm just sick of it. so please saying bad word to me. i dont want to fight with you. if i want to fight i will send emial to u as u gave. behave your self.. you become psychopath.

philtre said...

ပုဇွန်ဦးနှောက်နဲ့ ငါ့ကိုအကွက်လာမဆင်နဲ့
သာကီနွယ်နဲ့ပေးစားခံရတဲ့ ရှားရှားပါးပါး
တဦးတည်းသော အမျိုးယုတ် သစ္စာဖောက်မဟာ
မြသားစစ်ဆိုတဲ့ နင်တယောက်ထဲကိုပဲ ငါပြောခဲ့တာ
အဲ့ဒါကို ချက်ချင်းတုန့်ပြန်တာဟာ…
နင့်သဘောထားမဟုတ်ရင် ဘယ် ကလေကချေမ
ဟုတ်ရမှာလဲ… မင်းနုပါသေးတယ်… ကြိုးစားလိုက်အုံး

လော်စပီကာ said...
This comment has been removed by the author.
လော်စပီကာ said...

philtre!
if u are not dare just send mail to me. sitthamee@gmail.com

philtre said...

စစ်သမီးကို အချစ်မကြီးလိုပေမဲ့..
ညစ်တီးညစ်ပတ် ပြောလိုတာကြောင့်…
ဟောဟိုက gmail ကို ကိုယ့် gtalk မှာ..
Add ထားပါကြောင်း…
အသဲအရမ်းကောင်းလို့ ရဲစွမ်းကြောင်း…
ပြလိုရင်ဖြင့်… နှမအလိုကျ… ဟ အကိုက
ကြိုလင့်နေပါတယ်ဗျာ…..

Anonymous said...

ဟဟဟဟ
ရီရတယ်။ မမေကဗျာတောင် လယ်ရော၈က်သွားမှန်းမသိဘူး။

Anonymous said...

Philtre

How poor you are!!
Are you happy? Arn't you?
Keep enjoy yourself and your job!!

Good luck for your future..

Khin Myanmar

Anonymous said...

Philtre
Please read it!http://klosayhtoo.blogspot.com/2007/09/blog-post_05.html

philtre said...

ခင်မြန်မာ…
အကြင်နာ ဗရပွနဲ့
ဆန္ဒမွန်ပေး။ ။
သမုဒယခင်…
တခုမှ မဆင်ခြင်လို့
သည်လင်မှာ မျက်မာန်ရှရတယ်
ထ..ရိုက်ချင်သေး။ ။

philtre said...

ဆရာကလို ဇရာအိုမှာ
ကညာပျို ခမဲတောင်းပါသဖြင့်
အလွှဲအပြောင်း ကိုင်ချင်လှသော်ကြောင့်
အသဲတသောင်း ပိုင်ရှင်မ တောင်မှ
လိုင်စင်ရ အခန်းမလို…
ကြမ်းဆိုသမျှ ထိပ်ခေါင်မှူး။ ။
မင်းသစ်ခမျာ..
အရင်းစစ် အမြစ်ပါမသိလေတော့
အနှစ်အကာမရှိ
အချစ်ညာမိတဲ့ သူ့နှမကို
အယုယပိုကာ အလှူပေးတာကြောင့်
အနုသယ ကလိုမှာ တမူကျွေးမှာမို့
အူသေးအူသိမ်မကျန် ဒဏ်ရာရရှာလိမ့်
ကံကြမ္မာ စန်းတက်တဲ့ ကလိုမှာဖြင့်
လမ်းထွက်လို့မြူး။ ။

Anonymous said...

Philtre


Ha...ha...ha..
You are so funny.

Khin Myanmar