Wednesday, September 05, 2007

ဗိုလ်လုပ်လိုသလား (၅)

သြဂုတ်လ ၂-ရက်နေ့က “ဗိုလ်လုပ်လိုသလား အမှတ် (၄)” ကိုတင်ပြီး ဆက်မတင် ဖြစ်ခဲ့တာ တလတောင် ကျော်သွားပြီမို့ ဒီတပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဗိုလ်လုပ်လို သလား အမှတ် (၅) ကို ဆက်လက် ဖော်ပြလိုက်ပါတယ်။ အမှတ် (၄) မှာ ၀ီရိယ ဗိုလ်ကို ဖော်ပြခဲ့ပါတယ်။ အခု အမှတ် (၅) မှာကတော့ တတိယမြောက် ဗိုလ် ဖြစ်တဲ့ သတိဗိုလ် အကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

၃။ သတိဗိုလ်

သတိဗိုလ်ဆိုတာ သတိ + ဗလ ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ သတိဆိုတာ မမေ့လျော့ခြင်း၊ အောက်မေ့ခြင်းကို ဆိုလိုပါတယ်။ ဗလဆိုတဲ့ အားကြီးခြင်း အားကောင်းခြင်း အဓိပ္ပါယ်နဲ့ ပေါင်းစပ်လိုက်တော့ အားကောင်း သော အားကြီးသော မမေ့လျော့ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

မမေ့လျော့ခြင်းမှာ ကောင်းသောအမှု၌ မမေ့ခြင်းကို သမ္မာသတိလို့ ဆိုပါတယ်။ မကောင်းသော အမှု၌ မမေ့ခြင်းကိုတော့ မိစ္ဆာသတိလို့ ဆိုပါတယ်။ တနည်း အားဖြင့် ပကတိသတိ၊ ဘာဝနာသတိ ရယ်လို့ နှစ်မျိုးကွဲပြားပါတယ်။ လောကီ ကုသိုလ်နဲ့ ယှဉ်တဲ့ သတိစေတသိက်ကို ပကတိသတိလို့ ဆိုပြီး ကာယဂတာ သတိ စတဲ့ ပွားများမှုကြောင့်ဖြစ်တဲ့ လောကုတ္တရာစိတ်နဲ့ ယှဉ်တဲ့ သတိ စေတသိက်ကိုတော့ ဘာဝနာသတိလို့ ဆိုပါတယ်။ ဘာဝနာသတိကသာ ဗိုလ် ထိုက်တဲ့ သတိဖြစ်တာကြောင့် သတိဗိုလ်လို့ အမည်ရပါတယ်။

ဒီနေရာမှာ သတိနဲ့ သညာနဲ့ ကွဲလွဲပုံကို သိထားသင့်ပါတယ်။ သညာ ဆိုတာ မှတ်သားတဲ့ သဘောဖြစ်ပါတယ်။ မှတ်တဲ့သဘောကို မပျောက်မပျက်အောင် အဖန်ဖန် အောက်မေ့ခြင်းကို သတိလို့ ဆိုပါတယ်။ သညာဟာ သတိရဲ့ ရှေ့ပြေး ဖြစ်ပါတယ်။ သတိဟာလည်း သညာရဲ့ အကူအညီကို ယူရပါသေးတယ်။ မမှတ် ရသေးတဲ့ အာရုံကို သတိမဖြစ်နိုင်ပါဘူး။ မှတ်ပြီးသား အာရုံကိုသာ သတိဖြစ်နိုင် ပါတယ်။ သတိဟာ မမေ့မပျောက်ဖို့အတွက် ပညာရဲ့ အကူအညီကို ယူရပါသေး တယ်။ ဒါကြောင့် သတိသမ္ပဇဉ်ဆိုတဲ့ အမည် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

မမေ့မလျော့မှု သတိရှိဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။ များသောအားဖြင့် ဖြစ်တတ်တဲ့စိတ် (ဗရမ်းဗတာစိတ်) မျိုးဟာ မေ့ဖို့ကိုသာအားသန်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ မြှော်မြင်တတ်တဲ့ ပညာကင်းမဲ့လို့ ဖြစ်ပါတယ်။ ဆင်ခြင် နှိုင်းချိန်နိုင်တဲ့ ပညာမရှိရင် သတိလည်း ကင်းဝေးပါတော့တယ်။ ဒါကြောင့် သတိနဲ့ ပညာ ထပ်ချပ်မကွာရှိပြီး သတိသမ္ပဇဉ်ကို လက်ကိုင်ထားရပါမယ်။ အသက်ကြီးလို့ မေ့တာမျိုး၊ ရောဂါကြီးလို့ မေ့တာမျိုးကိုတော့ ဒီနေရာမှာ အပြစ် မဆိုပါဘူး။ အဲဒီလိုမဟုတ်ဘဲ သတိကင်းကွာ မေ့လျော့ခြင်းကိုသာ အပြစ်ဆို သင့်တယ်လို့ ဆိုထားပါတယ်။

သတိရှိသူတွေကို ဘုရားကိုယ်တော်တိုင် ချီးမွမ်းတော်မူပါတယ်။ မေ့လျော့သူ တွေကို မမေ့ရန်အတွက် “အပ္ပမာဒေန သမ္ပာဒေထ” လို့ အထူး တိုက်တွန်း တော်မူခဲ့ပါတယ်။ လောကီပညာရပ်မှာဆိုရင်လည်း မေ့လျော့တတ်သူများဟာ လက်တွေ့အကျိုးယုတ်တတ်ပါတယ်။ လောကုတ္တရာရေးမှာလည်း မေ့လျော့ပါ ရင် ချမ်းသာသုခမရနိုင်ဘဲ အပါယ်လေးပါးကိုသာ ကျရောက်နိုင်ပါတယ်။

မဂ္ဂင် ၈-ပါးမှာ သတိဟာ အဓိစိတ္တအပိုင်းမှာ ပါရှိပါတယ်။ ရုပ်နာမ်ဓမ္မ-သင်္ခါရ အစရှိသည်တို့ကို အောက်မေ့နိုင်ခြင်းဟာ သတိတရားပဲဖြစ်ပါတယ်။ အဲဒီ သတိ ကို သမ္မာသတိလို့ ဆိုပါတယ်။ သတိရှိပါရင် နက်နဲတဲ့အမှုကိုပင် သိနိုင်ပြီး သတိ ကင်းမဲ့ရင်တော့ ထင်ရှားတဲ့အမှုကိုပင် ပျောက်ပျက်နိုင်ပါတယ်။ ဒါကြောင့် မြန်မာ စကားပုံမှာ “သတိမမူ-ဂူမမြင်၊ သတိမူက မြူကိုမြင်” လို့ ပြောစမှတ်ရှိပါတယ်။

လောကမှာ သတိရှိသူ၊ သတိကိုလေးစားသူဟာ လောကအကျိုးအားလုံးမှာ လွယ်ကူစွာစံစားရနိုင်ပါတယ်။ လောကုတ္တရာအဖို့မှာလည်း သတိဟာ အဖော် တယောက်အနေနဲ့ နိဗ္ဗာန်ကို ပို့ဆောင်ပါတယ်။ နိဗ္ဗာန်ကိုရောက်အောင် ပို့ဆောင်တဲ့ သတိကို သမ္မာသတိလို့လည်း ဆိုပါတယ်။ အဲဒီသတိဟာ အားကြီး တဲ့ မမေ့မလျော့ခြင်း ဖြစ်တာကြောင့် သတိဗိုလ် လို့ ဆိုရပါတယ်။ ဗိုလ်ထိုက်တဲ့ သတိကို အပိုင်ရအောင် ယူတဲ့သူဟာ ဗိုလ်စိတ်ရှိသူဖြစ်ပါတယ်။ ဗိုလ်စိတ်နဲ့ ဗိုလ် အလုပ်ကို ဆက်လက်လုပ်ကိုင်တဲ့သူကို ဗိုလ်တယောက်လို့ ခေါ်နိုင်ပါတယ်။ ဗိုလ်အပြစ်နဲ့ ဗိုလ်ရဲ့ ချမ်းသာကို အလိုရှိတဲ့သူတွေဟာ ဗိုလ်စိတ်မွေးပြီး ဗိုလ် အလုပ်ကို ပြုလုပ်ပါရင် ဗိုလ်အဖြစ်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဥပဒေသ
မမေ့မလျော့မှုဆိုတဲ့ သတိကို မွေးမြူပါ၊ ဖြစ်ပေါ်လာသော သတိကို ဖျောက်မပစ် ပါနှင့်။ သတိကိုလက်ခံထားလျှင် ၎င်းသတိသည် ကြီးထွား၍လာသဖြင့် ဗိုလ်ထိုက်သော သတိဖြစ်လာပေမည်။ ထိုသတိနှင့် ဗိုလ်လုပ်ငန်းကိုလုပ်၍ ဗိုလ် အဖြစ် ရောက်အောင် ယူပါ။
***
ကိုးကား။ … ။
အရှင်ကေလာသဖ ၏ ဗိုလ်လုပ်လိုသလား
***
နောက်ဆက်တွဲ …

ဒီကနေ့ ဥပုသ်နေ့မို့ ထုံးစံအတိုင်း န၀င်္ဂသီလ ဆောက်တည်ထားပါတယ်။ မနက်က မြန်မာ့ရုပ်/သံမှာ ဆရာတော်တပါးက သီလပေးပါတယ်။ ခါတိုင်း ဘုရားရှေ့မှာ သီလယူနေကျပေမဲ့ ဒီနေ့တော့ ဆရာတော့်ထံမှာ သီလယူခဲ့တယ်။ ပါဠိ အနက်နဲ့တကွ ရှည်ရှည်လျားလျား ရွတ်ဆိုခဲ့ရတာမို့ စိတ်ထဲပိုပြီး ကြည်နူး ပီတိဖြစ်နေမိပါတယ်။ မေတ္တာနှင့်တကွဖြစ်သော သီလကို ဆောက်တည်ထား တာမို့ မေတ္တသုတ်ကို အနက်နဲ့တကွ ပြန်ပြီး ဖတ်မိပါတယ်။ အထူးသဖြင့် ကျမ အနှစ်သက်ဆုံး အပိုဒ်ရေ ၆ က ပါဠိနဲ့ အနက်ကို အထပ်ထပ်ပြန်လည် ရွတ်ဖတ် သရဇ္ဈာယ်နေမိပါတော့တယ်။

န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။

တယောက်နှင့်တယောက် အမျက်ဒေါသ ကင်းကြပါစေ။
တယောက်နှင့်တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
တယောက်နှင့်တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းဝေးကြပါစေ။
တယောက်နှင့်တယောက် (အချင်းချင်း) ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။

***
မေတ္တာဖြင့် …

မေဓာဝီ
စက်တင်ဘာ ၅၊ ၂၀၀၇
နံနက် ၉ နာရီ ၅၀ မိနစ်

22 comments:

Anonymous said...

Thank you very much , Ma May.:D

Anonymous said...

အမ ရေ လာလည်သွားပါတယ်။ အမ post လုပ်ထားသည်များအတွက်ကျေးဇူးတင်ပါတယ်။ အမည်မဲ့များရ့ဲ အောက် တန်းကျ သော comment များကိုအထူးပဲရှုပ်ချပါတယ်။

ရွက်ဝါ said...

မမေ စာတွေဖတ်ရတာ အကြားအမြင်များကြီး တိုးပါတယ်။ တစ်ခုတော့မေးပါရစေ။ ကလောင် နာမည် နဲ့ ပတ်သက်ပြီးတော့ပေါ့။ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရဲ့ ပညာ၏သဘောထဲမှာ မေဒါဝီ ကို ပညာရှိလို့ အနက်ပြန်ထားပါတယ်။ ခုမမေရဲ့ နာမည်က မေဓာဝီ သမင်မကို ညွှန်းလိုတာလား။ ရည်ရွယ်ချက် နာမည်မှာ ရှိနေပါသလား။ အဲဒါလေး သိလိုပါတယ်။

Anonymous said...

ဟုတ်ပါတယ်…
မေဒါဝီရဲ့ အဓိပ္ပါယ်ဟာ ပညာရှိပါ…
သမင်ဖြစ်ရင်တောင်မှ…
တွေးခေါ်..ဆင်ခြင်ဥာဏ်အပြည့်ရှိတဲ့…
ပညာရှိသမင်မပေါ့…
ဟို… စစ်ခွေး..သူတောင်းစားတွေလို…
ဝရမ်းပြေးနဲ့ ဖာသည်မနဲ့… လမ်းဟောင်းက တံတားပျက်အောက်မှာ…
တိတ်တိတ်ပုန်းညားပြီး… လူမသိသူမသိမွေးထားတဲ့…
ပေါက်လွတ်ပဲစား… အုတ်ကြားမြက်ပေါက်…
ခွေးဝဲစား… ကလေကချေ အမျိုးအစားတွေလောက်တော့…
အောက်တန်းမကျပါဘူး….

Anonymous said...

how to comment in myanmar font?what font was used in there comments.

Anonymous said...

how to comment in myanmar font?what font was used in there comments?

Anonymous said...

အပြန်အလှန် ရိုင်းစိုင်းနေလိုက်ကြတာနော်... ငါးစိမ်းသည်တွေလိုဘဲ ... ဘလောက်မှတ်လို့  ၀င်ဖတ်မိပါတယ်.. အင်တာနက်ပေါ်ကငါးစိမ်းသည်တန်း
ကြီးဖြစ်မှန်းမသိဖြစ်နေတာကိုး ... အကျိုးမရှိလိုက်တာ ဘာလို့  သတ်နေကြတာလဲ.. တယောက်နဲ့ တယောက်မြင်၇တာလဲမဟုတ် ....

philtre said...

စိတ်ညစ်သူအတွက်…
အကောင်းဆုံးအကြံပေးချင်တာက…
အဲ့ဒီလိုခံစားရတယ်ဆိုရင်…
စာကိုပဲဖတ်ပါ… comments … တွေဝင်မဖတ်ပါနဲ့…
ကျနော်တို့က ရိုင်းချင်လို့ရိုင်းတာမဟုတ်ဘူး…
သည်းခံမှန်းသိရင်… အကဲပိုလာလို့… ပြန်ဆော်ပေးတာ…
သူတောင်းစားကို… ဘောဂဗေဒ ဝေါဟာရတွေသွားပြောနေရင်…
နားမလည်နိုင်သလို… သူ့တို့အဆင့်နဲ့တန်တဲ့ စကားလုံးတွေ…
ရွေးချယ်သုံးနှုန်းပေးလိုက်တာ… အဲ့ဒါမှ.. ရှင်းကနဲ.. လင်းကနဲ
သူတို့နားလည်နိုင်မယ်…

philtre said...

တယောက်နဲ့တယောက် မမြင်ရပေမဲ့..
မီဒီယာကို… မီဒီယာနဲ့ တိုက်ပါတယ်…

Anonymous said...

character of philtre=character of kyaw san

Anonymous said...

မင်းတို့ပထွေး.. ကျော်ဆန်းပြောတဲ့စကားနဲ့..
မင်းတို့ကိုပြန်ပြောတာ… နားလည်လား???
ငါ့ကို မင်းတို့ပထွေး.. စရိုက်နဲ့လာမနှိုင်းနဲ့….
မင်းတို့အမေတွေ အလှူပေးနေပေမဲ့…
ငါအလှူမခံနိုင်ဘူး… ဒဒွေး… သနတယ်…

Anonymous said...

philre!ရှင့်ကိုနဲနဲတောင်မှ သံသယ၀င်ချင်လာပြီနော်.. စိတ်မှမှန်ရဲ့ လား???? ရှိသမျှလူ ကိုဒိုင်ခံ၇န်ဖြစ်နေတော့တာဘဲ ...ရှင့်ကိုပြောသွားတဲ့လူကသူ.ပထွေးကိုကျော်ဆန်းလို့ တော့ခေါ်မယ်မထင်ပေါင် ရှင်တို့ မိထွေးကိုအောင်ဆန်းစုကြည်လို့ ရှင်တို့ မခေါ်သလိုပေါ့ .. အကောင်းမြင်တတ်ပါစေ... မဲမဲမြင်တိုင်း ၇န်သူထင်နေ၇င်တော့ ရှင့်မှာ insecurity complex ၀င်နေပြီထင်တယ် ၊ ဦးသုတ ဆီသွားသင့်တယ်၊

Anonymous said...

Philtre,
Are you from Army?or the association with the name of "swan arr shin". coz you are fighting with anyone.I think it reflects to your parent.Think about it.

Anonymous said...

philtre
ဒီတခါတော့ ငါးစိမ်းသည် ကနေ ခွေးရူးဘွဲ့ ပေးလိုက်ပါကြောင်း....

Anonymous said...

philtre
ဒီတခါတော့ ငါးစိမ်းသည် ကနေ ခွေးရူးဘွဲ့ ပေးလိုက်ပါကြောင်း....

Anonymous said...

အသားထဲက လောက်ကောင်တွေ။ ။
ပထွေးကို အဖေထင်လို့
အမေ့လင် ဆိုရုံမျှနဲ့
ကြိုကြတဲ့ဟာတွေ။ ။
တွင်းထဲက ဖားငယ်တွေ
ကျယ်တယ်လို့ ထင်နေဆဲ။ ။
ပထွေးခြေရာကိုမှ
သေချာစွာ နင်းချင်သူတို့
မင်းတို့မို့ဆဲ။ ။

Anonymous said...

Philtre,
Don't use nonsense and rude words.It is not suitable for Ma May's blog.If you want,go away from this blog.

လော်စပီကာ said...

နောက်ဆုံးတော့philtre ဆိုတာက မမေ... မမေဆိုတာ philtre ....တသွေးတည်း တသားတည်းကိုး.....ကာ၇န်နဘေထပ်ပြီးစာတွေချိုးနေ
တာဆိုတော့ကာ... နာမည်ခွဲလေးများလား

Anonymous said...

နင်တို့ သာ အဖေမျက်နှာကိုမှမထောက် ကိုယ်တိုင်းပြည်ကို ကျွန်လုပ်ခဲ့တဲ့လူမျိုးကို လင်တော်ထားတဲ့  မိန်းမကြီးကို အမေ အမေ နဲ့ ခေါ်ပြီး
ထိုင်ကန်တော့နေကြဟေ. ... ကျွန်လုပ်ချင်နေကြတယ်ပေါ့ ...နင်တို့ မိထွေးက တိုင်းပြည်ကိုဘဲ ကယ်မလား ..ချောက်ထဲဘဲချမလား စောင့်ကြည့်အုံးမယ်.....

Anonymous said...

ပျင်းလို့  ၀င်ဖတ်မိတိုင်းသွေးတိုး၇တယ်..တော်ပြီ လုံးဝမဖတ်တော့ဘူး

Anonymous said...

မလေးရှားမှာနေရလို့…
ဘ၀တပါးဖြစ်သလိုခံစားနေရတဲ့…
မြသားစစ်ရေ….
မင်းကို ဆက်သွယ်ဖို့ကိုယ့်လိပ်စာပေးထားပီးသားပါ…
ကိုယ် အင်္ဂလန်မှာနေပါတယ်…
ဗမာပြည်က မြန်မာစာအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်…
မြန်မာကဗျာအားလုံးကို ကိုယ်စပ်တတ်ပါတယ်..
မေဒါဝီရဲ့ဘလော့ဟာ ကိုယ်ဝါသနာပါတဲ့…
မြန်မာမှုစာပေတွေ ဖြန့်ဝေနေတဲ့ ဘလော့မို့
ကိုယ်မွေ့လျော်မိတဲ့ ရပ်ဝန်းလေးတခုပါ…
ငြိမ်းချမ်းတဲ့… စာပေအေးရိပ်မွန်လေးသဖွယ်..
ကိုယ်ခံစားမွေ့လျော်နေတဲ့ နယ်မြေမှာ
မင်းတို့လို မိစ္ဆာဆိုးတွေ ချယ်လှယ်သောင်းကျန်းနေကြလို့
ကိုယ်စွမ်းသမျှခုခံပေးတာပါ…
ဘလော့ရှင်ဘယ်သူမှန်း ကိုယ်မသိပါဘူး…
ရန်ကုန်မှာနေတယ်လောက်ပဲ ကိုယ်သိပါတယ်…
မင်းကိုသိစေချင်တာက…
ဒီဘလော့ရှင်နဲ့… ကိုယ်ဟာ ကမ္ဘာကြီးခြားနေပါတယ်…
ကိုယ်ရိုင်းချင်လို့ရိုင်းတာမဟုတ်ပါဘူး…
ပုဂံခေတ်သုံးဝေါဟာရကနေ… ဒီကနေ့ ဗန်းစကားတွေအထိ..
ဗမာစကားကို ကြွယ်ဝစွာပြောတတ်ပါတယ်…
ဒါပေမဲ့ သူ့အိုးနဲ့သူ့ဆန် တန်ရုံမျှ ဝေါဟာရတွေ
ရွေးချယ်သုံးနှုန်းပေးနိုင်တာကိုက စွမ်းရည်တရပ်ပါ…

Anonymous said...

philtre,
I only meant that you can express your view freely and can write everything you want.But you should avoid using nonsense words in order to respect Ma May and others reader.I also don't aggree with anyone who use nonsense words.I realize that you are using nonsense words meaninglessly.